← Chapters

အပိုင်း ၁၄၅

Vol. 10 Ch. 145

အပိုင်း ၁၄၅

Vol. 10 Ch. 145

အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်လာသည်။ နောက်ဆုံးတော့ ဒီအစီအစဉ်ကို တရားဝင်စတင်ဖို့ အချိန်တန်ပြီဖြစ်သည်။

စတားနက်မှာ အစီအစဉ်ကို ကြိုတင်စောင့်ကြည့်နေကြတဲ့သူတွေလည်း ရှိနှင့်ပြီးဖြစ်သည်။ အကြောင်းအရာအချို့ကို လွဲချော်သွားမှာစိုးတာကြောင့် မျက်တောင်တောင်မခတ်ရဲကြပေ။

အစီအစဉ်အစတွင်၊ ခရိုင် ၅ ရှိ No-man's Land ရဲ့ လူသူတိတ်ဆိတ်တဲ့ရှုခင်းကို အပေါ်စီးကနေမြင်ရတဲ့ မြင်ကွင်းတစ်ခုဖြစ်သည်။ နောက်တော့ ကင်မရာက No-man's Land ရဲ့အစွန်အဖျားကို focus ထားလိုက်သည်။ zoom ချဲ့လိုက်တာကြောင့် အနက်ရောင်အစက်လေးတွေကို မသိမသာမြင်နေရသည်။ အဲ့ဒါတွေကတော့ ဒီတစ်ခေါက် အစီအစဉ်မှာ ပါဝင်တဲ့ သူတချို့ဖြစ်သည်။

စည်းမျဥ်းတွေကို ရှင်းပြပြီးတာနဲ့ လင်ယဲ့ဟုန်က လူတိုင်းရဲ့ အစားအသောက်နဲ့ ကိရိယာတွေကို သိမ်းလိုက်သည်။ တစ်ခဏလောက်တော့ နာမည်ကြီးအမျိုးသမီးတွေရဲ့ အမူအရာတွေက အံ့ဩသွားတယ်လို့ပြောနိုင်သည်။ သူတို့က မျက်နှာတွေ ပျက်သွားပြီး၊ သူတို့ရဲ့ပုံမှန် အေးစက်စက် စိတ်ကြီးဝင်နေတဲ့ ပုံရိပ်တွေနဲ့ လုံးဝကို ခြားနားနေသည်။

အဲ့ဒါက ပရိသတ်တွေကို ရယ်မိစေသည်။ [အိုး ငါ့နတ်ဘုရားမ ရှောင်ချီကိုကြည့်ပါဦး၊ သူ့ပုံလေးက ချစ်စရာလေး! ငါ့နှလုံးသားလေးတော့ အရည်ပျော်သွားပြီ!]

[နတ်ဘုရားစုန့်က အတည်ငြိမ်ဆုံးပဲ။ ဟဟ ကြိုက်တယ်!]

စိတ်အားထက်သန်နေကြတဲ့ မှတ်ချက်တွေက စခရင်ကို မျက်နှာပြင်အပြည့် ပိတ်ဆို့ထားတာကြောင့် ဘာအကြောင်းအရာကိုမှ မမြင်ရတော့ပေ။

ချင် Entertainment မှာ ကူကယ်ရာမဲ့စွာနဲ့ အစီအစဉ်ရဲ့အကြောင်းအရာကို လူတိုင်းကြည့်ရှုနိုင်စေဖို့အတွက် စခရင်ပေါ်က မှတ်ချက်လုပ်ဆောင်ချက်ကို ယာယီပိတ်ထားရုံဘဲတတ်နိုင်တော့သည်။

စည်းမျဥ်းတွေကို သိပြီး‌သွားကာ ပစ္စည်းတွေကို သိမ်းပြီးသွားတော့ နောက်တဆင့်က No-man's Land ထဲကို ဝင်ရမှာဖြစ်သည်။ သို့ပေမယ့် No-man's Land ထဲကိုဝင်မယ့်လမ်းက သမားရိုးကျမဟုတ်လောက်ဘူးလို့ ဘယ်သူမှ မထင်ထားပါချေ။ F*ck... လေထီးနဲ့ခုန်ရမှာတဲ့!

မှတ်ချက်စခရင်ကို ယာယီပိတ်ထားတာကြောင့် လူတိုင်းက ဗီဒီယိုအောက်ခြေရှိ မှတ်ချက်ကဏ္ဍကိုပဲ ဦးတည်ကြတော့သည်။ မှတ်ချက်တွေက ချက်ချင်းဘဲ ထိုးတက်လာသည်။

[လေထီးခုန်တာလား? ဘုရားရေ၊ အဲ့ဒါက skydiving ပဲ! အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါကြိုက်တယ်!]

[သွားပါပြီ! ငါ့နတ်ဘုရားမရှောင်‌ချီကို တွေ့လိုက်ရတော့ ငါ့နှလုံးသားလေး နာကျင်ရတယ်!]

[ကျန်းရှောင်ချီက အထူးစွမ်းရည်အသုံးပြုသူတစ်ယောက်လည်းဖြစ်သလို မော့ချူးလို ၁၆ ၊ ၁၇ နှစ်အရွယ်ကောင်မလေးလည်း မဟုတ်ဘူး! ဘယ်လိုတောင် ရှက်စရာကောင်းလိုက်လဲ! ငါ့နှလုံးသားက သူ့အတွက် နာကျင်ရတယ်!]

[မဟုတ်တာတွေလာမပြောနဲ့!]

ကျန်းရှောင်ချီရဲ့ပရိသတ်တွေက သူတို့နတ်ဘုရားမအတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပေမယ့် မ‌တတ်နိုင်ဘဲ သူမကို နည်းနည်းစက်ဆုပ်သွားကြသည်။

အစီအစဉ်ကို ဆက်ထုတ်လွှင့်တဲ့အခါ လူတိုင်းရဲ့သူမအပေါ် ရွံရှာမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

[ ဘုရားရေ၊ သူက မော့ချူးနောက်ကို လိုက်ရဲသေးတယ်။ သူက အရမ်း အ‌ရေထူတာပဲ!]

[သူက ကျန်းရှောင်ချီကိုတောင် အောင်အောင်မြင်မြင်နဲ့ လှည့်စားနိုင်တယ်။ ဒီလို ပုံစံမျိုးနဲ့ဘယ်လိုလုပ် စူပါစတား ဖြစ်လာနိုင်မှာလဲ? ရယ်စရာပဲ!]

[ဒါက အရှက်မရှိတဲ့သူကို ပထမဆုံးအကြိမ်တွေ့ဖူးတာဘဲ!]

[အရင်တုန်းကတော့ ကျန်းရှောင်ချီရဲ့အကျင့်က မကောင်းဘူးလို့ ကောလဟာလတွေ ရှိခဲ့ပေမယ့် မယုံခဲ့မိဘူး။ ငါ တကယ် မျက်စိကန်းခဲ့တာပဲ!]

ဒါပေါ့ အင်တာနက်အသုံးပြုသူတချို့ကလည်း မော့ချူးရဲ့ကံကောင်းမှုကို ချီးကျူးကြသည်။

[ရယ်ရတာကို သဘောကျတဲ့ ကောင်မလေးတစ်ယောက် မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူမရဲ့ ကံကသိပ်မဆိုးဘူး။ ဒီကလေးမလေး မော့ချူးက နေရောင်ခြည်လိုပဲ!]

[ငါ သူ့ကို အရမ်းကြိုက်တယ်။ သူ ဘယ်လိုလုပ် ဒီလောက်ချစ်စရာကောင်းပြီး အရမ်းသဘောကျဖို့ကောင်းနိုင်ရတာလဲ?]

[အမှန်ပဲ။ ကျန်းရှောင်ချီကို ပြတ်ပြတ်သားသား ပယ်တယ်။ မော့ချူးက ကောင်းကောင်းလုပ်တယ်။ ငါ နင့်ကို ထောက်ခံမယ်!]

ရှိုးက တဖြည်းဖြည်း ပျံ့နှံ့လာတာနဲ့အမျှ လူတိုင်းရဲ့စိတ်အားထက်သန်မှုတွေက ပိုပြင်းထန်လာပြီး သူတို့ခံစားရတာတွေကိုလည်း ရှိုးထဲကိုထည့်သွင်းလာကြသည်။

“အိုက်ယား၊ မော့ယန်အပေါ် ရုပ်ဆိုးတဲ့မုဆိုးရဲ့ ရွံရှာနေတဲ့အကြည့်တွေကို ငါတကယ်မြင်လိုက်ရတာပဲ။ ဘုရားရေ၊ ငါပဲ ကယောင်ခြောက်ခြား ဖြစ်နေတာများလား?]

[ငါ့ကိုယုံ၊ နင်တစ်ယောက်တည်းမဟုတ်တာ သေချာတယ်!]

[အမှန်ပဲ မော့ယန်အတွက် စိတ်မကောင်းဖြစ်ရတယ်။ ချောမောတဲ့ လူငယ်လေးက ဒီလောက်ရုပ်ဆိုးတဲ့ မှော်သားရဲကြီးကဆီကနေ မထီမဲ့မြင်ပြုတာကို တကယ်ကြီး ခံခဲ့ရတာပဲ။ ဒါက ရယ်စရာမဟုတ်ဘူး!]

အကြောင်းအရာတွေက ရှေ့ကို တရွေ့ရွေ့ သွားနေသည်။ မော့ယန်မှာ ပူပြင်းတဲ့နေရောင်အောက်တွင် သုံးနာရီလောက်ကြာအောင် လမ်းလျှောက်ခဲ့ရပြီး နောက်ဆုံး အထုပ်တစ်ထုပ်ကို တွေ့ခဲ့ပေမယ့် ဘာမှမရှိတာကို လူတိုင်းတွေ့လိုက်ရသည်။ သူတို့မှာ မနေနိုင်ဘဲ သူ့ကိုသနားသွားရပြီး၊ ဒီပရိုဂရမ်ရဲ့ ထုတ်လုပ်သူ လင်ယဲ့ဟုန်ကို tag တွဲကာ ပြောလာကြသည်။ [ဝိုး ဟေး အရမ်းလွန်တာပဲ။ ငါ့မှာ မော့ယန်အစား စိတ်မကောင်းဖြစ်ရတယ်!]

All Chapters