အပိုင်း ၁၄၆
Vol. 10 Ch. 146
သို့ပေမယ့် မော့ယန်က အထုပ်ထဲရှိစက္ကူစတွေကို မြေပုံတစ်ခုအဖြစ် ဆက်လိုက်တဲ့အခါ ပရိသတ်အားလုံးရဲ့ မျက်နှာမှာ အံ့သြမှုတွေနဲ့ပြည့်နှက်သွားသည်။ ဒီလို လျှို့ဝှက်သဲလွန်စ မျိုးလည်းရှိတယ်လား? ဒါက ငါတို့ရဲ့အကန့်အသတ်ရှိတဲ့ ကမ္ဘာလောကအမြင်ကို ပြန်လည်ဆန်းသစ်လာစေတာပဲ!
သေချာပေါက် လူတိုင်းက လင်ယဲ့ဟုန်ရဲ့ စိတ်ကူးကို သဘောကျကြသည်။ သူ့ရဲ့ပင်မစာမျက်နှာမှာ မှတ်ချက်တွေချန်ခဲ့ကြတဲ့ ပရိသတ်တွေက ချက်ချင်းဆိုသလို ပြေးလာပြီး နောက်ထပ်စာကြောင်းတစ်ခု ထပ်ဖြည့်လိုက်သည်။ [ဝိုး ဒါရိုက်တာလင်ရဲ့ အစီအစဉ်က အရမ်းမိုက်တာပဲ! အဲဒါက အရမ်းမိုက်တယ်။ ကျေးဇူးပြုပြီး ငါတို့ idol ကို ဒီလိုထပ်ပြီး နှိပ်စက်နိုင်ပေးလို့ရမလား? 'ရတယ်' လို့ဖြေရင် မရေမတွက်နိုင်တဲ့ Like တွေပေးမယ်။ ကောင်းကောင်းဆက်လုပ်ပါ!]
ဒါပေါ့၊ မော့ယန်ရဲ့ ရှပ်အဖြူက စိုစွတ်နေပြီး ကြွက်သားခပ်ရေးရေးမြင်နေရတဲ့ပုံကို ပရိသတ်တွေက စခရင်ရှော့တွေအများကြီး ရိုက်ယူခဲ့ကြသည်။ မက်မွန်ပွင့်တွေရဲ့ နှလုံးသားတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
[ဟားဟား၊ ငါ့ခလုတ်ခုံက ရေစိုခံလို့ ဝမ်းသာမိတယ်။ ဒီလိုနည်းနဲ့ ငါ့စခရင်ကို လျက် လျက် လျက်လို့ရတယ်!]
[ဟမ့် နင်တို့တွေက အရမ်းကို အမူအကျင့်ဖောက်ပြားကြတာပဲ! ငါက ဖြူစင်တဲ့ ကောင်မလေးပဲ။ ရွှတ် ရွှတ်၊ ငါ အခုလေးတင် စေ့စေ့ကြည့်မိပြီး စခရင်ရှော့ရိုက်ဖို့ မေ့သွားတယ်။ ဘယ်သူများ ကော်ပီပုံလေးပို့ပေးလို့ရမလဲ? တောင်းဆိုပါတယ်!]
အစပိုင်းမှာ လေသံကရွှင်မြူးပြီး စိတ်ဝင်စားစရာကောင်းနေသေးပေမယ့် အဆုံးမှာတော့ရုတ်ချည်းပြောင်းလဲသွားသည် — နတ်ဘုရားစုန့်က အဆင့် ၈ မှော်သားရဲတစ်ကောင်နဲ့ ရုတ်တရက်တွေ့ဆုံခဲ့သည်။
F*ck! သူ အခု ဘာလုပ်သင့်လဲ?
အကယ်၍ စုန့်ချင်းစုန်သာ သူ့ရဲ့အထွတ်အထိပ်ကိုရောက်နေတဲ့အချိန်သာဆိုရင် အဆင့် ၈ နတ်ဆိုးသားရဲကို မပြောနဲ့ အဆင့် ၉ နတ်ဆိုးသားရဲကိုတောင် တိုက်ခိုက်ဖို့ သူ့မှာခွန်အားရှိသည်။
သို့ပေမယ့် ဗီဇလက္ခဏာပြိုကျတဲ့ရောဂါကို ခံစားရပြီးတဲ့နောက်မှာ သူ့ရဲ့ထူးခြားစွမ်းရည်တွေက တဖြည်းဖြည်း လျော့နည်းလာသည်။ သူဟာ မြင့်မားကာအားကြီးတဲ့ အဆင့် ၉ ကနေ သာမန် အဆင့် ၅ ကို ချက်ခြင်းကျသွားသည်။ သဘာဝအလျောက် သူခံစားခဲ့ရတဲ့ ဝေဒနာတွေကို သက်သေပြဖို့တောင်မလိုပေ။
ဒါပေမယ့် သူဘာလို့ အဆင့် ၈ မှော်သားရဲနဲ့ ရင်ဆိုင်ရတာလဲ?
အားလုံးက သူ့ကိုစိတ်ပူနေကြတုန်းမှာဘဲ စခရင်ကရုတ်တရက် ရွေ့သွားသည်။ အဲ့ဒီအဆင့် ၈ မှော်သားရဲဟာ နတ်ဘုရားစုန့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
စုန့်ချင်းစုန့်က နောက်ပြန်လှည့်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
အဆင့် ၈ မှော်သားရဲက ကျောက်တုံးကြီးတစ်ခုပေါ် ခုန်တက်လိုက်သည်။ သူ့ရဲ့ ချွန်ထက်တဲ့ခြေသည်းတွေက ကျောက်မျက်နှာပြင်ကို ကုတ်ခြစ်လိုက်ကာ နက်ရှိုင်းတဲ့အက်ကွဲကြောင်းတွေ ထွက်ပေါ်လာစေသည်။ ဒါကိုမြင်လိုက်ရတဲ့လူတိုင်း ထိတ်လန့်သွားကြသည်။ တင်းမာပြီး အန္တရာယ်ရှိတဲ့ လေထုက စခရင်ကနေဖြတ်ကာ သူတို့တစ်ဦးချင်းဆီကို ပြန့်နှံ့ဝင်ရောက်လာသလိုပင်။
တိုက်ခိုက်မှုက လွဲချော်သွားသည်။ မှော်သားရဲက စိတ်ပျက်လက်ပျက်နဲ့ သူ့ရဲ့ခြေလက်လေးချောင်းဖြင့်မြေပြင်ကို ကုတ်ခြစ်လိုက်သည်။ မကြာခင်မှာပဲ မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခုကို တူးလိုက်သည်။
"နတ်ဘုရားစုန့်၊ ကျွန်တော်တို့တွေ ဒါကိုအခွင့်ကောင်းယူပြီး ဘာလို့ထွက်မပြေးကြမှာလဲ?" သူ့နောက်ရှိ ကင်မရာမင်းက အနည်းငယ် စိုးရိမ်တကြီးနဲ့ တိုးတိုးလေး မေးလိုက်သည်။
“မဖြစ်နိုင်ဘူး” စုန့်ချင်းစုန့်က အသာပြုံးလိုက်သည်။ သူ့မျက်လုံးထဲမှာ စဉ်းစားနေတာတွေက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်။ အထူးစွမ်းရည်ကို ဆုံးရှုံးခဲ့ရပေမယ့် သူ့မှာ အတွေ့အကြုံတွေ ရှိသေးသည်။ ဒီလိုအဆင့်မြင့် မှော်ပညာသားရဲတစ်ကောင်နဲ့တွေ့ခဲ့ရင်၊ ပုန်းအောင်းခြင်းက မြန်မြန်သေစေမှာဖြစ်သည်။ အခုအချိန်မှာ သူလုပ်နိုင်တာတစ်ခုပဲရှိတော့သည်။ "တိုက်ရမယ်! သေတဲ့အထိ တိုက်ရမယ်!"
စုန့်ချင်းစုန့်က ခေါင်းကိုအသာမော့က ဒီစကားကိုအော်ပြောလိုက်သည်။ သူ့မျက်လုံးတွေက ကြည်ပြီးတောက်ပနေသည်။ ဒီအခိုက်အတန့်မှာ၊ လူတိုင်းက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူရတဲ့သားတော် စုန့်ချင်းစုန့်ကို တစ်ဖန်မြင်လိုက်ရပုံပင်။
စခရင်ပေါ်က အခြေအနေကတော့ နတ်ဘုရားစုန့် ပြောခဲ့တဲ့အတိုင်းပင်။ တိုက်ပွဲက ဆက်ဖြစ်နေသေးပေမယ့် ပြင်းထန်မှုက လူတိုင်းစိတ်ကူးထားတာထက်ကျော်လွန်နေသည်။
သူက အရမ်းအတွေ့အကြုံ ရှိပေမယ့်အဆင့် ၅ ကိုကျသွားတဲ့ စုန့်ချင်းစုန့်အနေနဲ့ ဒီအဆင့် ၈ မှော်သားရဲကိုအနိုင်ယူဖို့ မဖြစ်နိုင်သလောက်ပင်။ အခုသူကကိုယ်ခံပညာ ကျွမ်းကျင်ရုံလောက်သာရှိပေမယ့် အတွင်းခွန်အားမရှိတော့တာကြောင့် သိုင်းပညာရှင်တစ်ဦးလို ဖြစ်နေသည်။ အချိန်သာတိုလို့ရှိရင် သူ့လှုပ်ရှားမှုတွေနဲနိုင်နိုင်သေးသည်။ အချိန်တွေကြာလာရင်တော့ သူရှုံးနိမ့်မှုက သိသာလာမည်ဖြစ်သည်။
မျှော်လင့်ထားတဲ့အတိုင်း မှော်သားရဲထပ်တိုက်ခိုက်တဲ့အခါ၊ စုန့်ချင်းစုန့် အောင်အောင်မြင်မြင်နဲ့ ရှောင်တိမ်းဖို့ နောက်ကျသွားသည်။ သူ့လက်မောင်းမှာ ပြတ်ရှဒဏ်ရာ အရှည်ကြီးရသွားကာ သွေးတွေထွက်လာသည်။ ကြည့်လိုက်ရုံနဲ့ လူတွေကို နာကျင်မိစေသည်။ စခရင်ရှေ့တွင် အာမေဋိတ်သံတွေ တစ်ခုပြီးတစ်ခု ထွက်လာခဲ့သည်။
စုန့်ချင်းစုန့်မှာ လုံးဝကိုခံစားချက်မရှိတဲ့ပုံပင်။ သွေးစွန်းနေတဲ့ အင်္ကျီလက်ကို သူတစ်ချက်ကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်ကို အသာဖိလိုက်သည်။ တည်ငြိမ်ပြီး မတုန်မလှုပ်ဖြစ်နေတဲ့ ချောမောတဲ့မျက်နှာက လူတိုင်းရဲ့နှလုံးသားကို နာကျင်စေခဲ့သည်။