← Chapters

အပိုင်း ၁၄၇

Vol. 10 Ch. 147

အပိုင်း ၁၄၇

Vol. 10 Ch. 147

[ဒီလိုမျိုး မဖြစ်သင့်ဘူး! ငါတို့ရဲ့နတ်ဘုရားစုန့်က တိမ်တွေပေါ်မှာပဲ ရပ်နေသင့်တာ။ ဘယ်လိုလုပ် ငါ့နှလုံးသားကို နာကျင်အောင် လုပ်နိုင်ရတာလဲ?]

[ဟုတ်တယ်! လင်ယဲ့ဟုန် ထွက်လာခဲ့၊ ငါ နင့်ကို မသတ်ဘူးလို့ ကတိပေးတယ်၊ စကားကောင်းကောင်းပြောရအောင်!]

[ဒါကိုကြည့်ပြီး ငိုမိတော့မယ်၊ ရွှတ်....]

မှော်သားရဲကတော့ တခြားလူတွေကို မသနားနေနိုင်ပေ။ စုန့်ချင်းစုန့်ရဲ့လက်မောင်းမှာ သွေးတွေကိုမြင်လိုက်ရတော့ သူ့မျက်လုံးတွေက ရုတ်တရက်တောက်ပလာပြီး သူ့ရဲ့တိုက်ခိုက်မှုတွေကလည်း ပိုပြင်းထန်လာသည်။ စုန့်ချင်းစုန့်ကို တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးတောင်မပေးပေ။

စွပ်!

စုန့်ချင်းစုန့်ရဲ့ ခြေထောက်ကထပ်ထိသွားပြီး သွေးတွေ ထွက်လာသည်။ စုန့်ချင်းစုန့်ရဲ့ခြေထောက်က အောက်ကိုညွှတ်သွားပေမယ့် သူက အံကိုကြိတ်ကာ မတ်တတ်ပြန်ရပ်သည်။ သူ့ရဲ့ချောမောသောရုပ်သွင်က ကျောက်ထွင်းရုပ်တုလိုမျိုး ခတ်မတ်မတ်ပင်။

နောက်ကလိုက်လာတဲ့ ကင်မရာမင်းတွေလည်း မခံနိုင်တော့ပေ။ ကင်မရာကိုင်ထားတဲ့သူတို့လက်တွေက နည်းနည်းတုန်နေတော့ မြင်ကွင်းကလည်း နည်းနည်းလှုပ်ခါနေသည်။

သူ တကယ် အော်ပြောလိုက်ချင်သည်။ 'ဒါက ရှိုးရိုက်နေတယ်ဆိုတာကို ဘာလို့မေ့ပစ်လိုက်တာလဲ နတ်ဘုရားစုန့်ရေ?'

သူတို့အဖွဲ့တစ်ဖွဲ့စီတွင် အဆင့် ၈ ကျွမ်းကျင်သူတစ်ဦးရှိသည်။ ချင်ရှန့်က သူ့ကို ဖိတ်ခေါ်ဖို့ ငွေအမြောက်အမြားသုံးစွဲခဲ့ပြီး ဒီလို အခြေအနေမျိုး မကြုံရအောင်ကာကွယ်ထားတာဖြစ်သည်။

သို့ပေမယ့် စုန့်ချင်းစုန့်ရဲ့ စိတ်ဆုံးဖြတ်ထားတဲ့မျက်နှာပေါ်ကိုကြည့်ပြီး သူ့နောက်က ကင်မရာမင်းတွေလည်း အဆုံးမှာ ထုတ်မပြောတော့ပေ။ သူတို့အနေနဲ့သူ့ကို စိတ်ထဲမှာပဲ တိတ်တိတ်လေးအားပေးနိုင်ကြတော့သည်။ ဒါက စုန့်ချင်းစုန့်အတွက်တော့ ရှိုးတစ်ခု မဟုတ်ဘူးဆိုတာ သူတို့ သိနေတာကြောင့်ပင်။ သူအချိန်အတော်ကြာအောင် စောင့်ခဲ့ရတဲ့ တိုက်ပွဲတစ်ခုဖြစ်သည်။

သူဘယ်လောက်ပဲ မျိုသိပ်ထားပါစေ၊ သူ့အရိုးထဲမှာရှိနေတဲ့ သန်မာတဲ့စိတ်ဆန္ဒနဲ့ မာနတွေကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပေ။

“လုပ်ထား၊ နတ်ဘုရားစုန့်!" ဒီအခိုက်အတန့်မှာ လူတိုင်းက စကားပြောနိုင်စွမ်းဆုံးရှုံးသွားသလိုပင်။ သူတို့အနေနဲ့ ဒီစကားလုံးတွေကို တိတ်တိတ်လေးဘဲ ထုတ်ပြောနိုင်သည်။

မတူညီတဲ့ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ မှတ်ချက်တွေက အလွန်လျင်မြန်စွာတက်လာသည်။ တစ်ယောက်ပြီးတစ်ယောက် 'နတ်ဘုရားစုန့်က အကောင်းဆုံးပဲ' ဆိုတဲ့စကားလုံးများကို ပေးပို့ကြသည်။

ဒီလိုတိုတောင်းတဲ့ အပြန်အလှန် တိုက်ခိုက်မှုမှာ စုန့်ချင်းစုန့်တစ်ယောက် ဒဏ်ရာတွေနဲ့ ကျန်ရစ်ခဲ့ရသည်။ သူ့လက်တွေ ခြေထောက်တွေဆီကနေ သွေးတွေစီးကျ‌နေသည်။ အနီရောင်ရဲရဲက အနည်းငယ်မည်းနေတဲ့မြေပြင်နဲ့ သိသိသာသာကို ခြားနားနေသည်။

ဒါတောင် သူက အရှုံးမပေးသေးပေ! သူ့အကြည့်တွေက သူနဲ့ မျက်နှာချင်းဆိုင်ရှိ မှော်သားရဲကို ခဏလောက်တောင် စိတ်မလျှော့ဘဲ စိုက်ကြည့်နေသည်။

အဲ့ဒီအချိန် စုန့်ချင်းစုန့်ဘက်ကနေ အရင်ဆုံးလှုပ်ရှားလာသည်။ သူ့လက်ထဲကနေ ချွန်ထက်နေတဲ့ ရေခဲဆူးချွန်နှစ်ချောင်းက တဟုန်ထိုး ထွက်ပေါ်လာသည်။ မှော်သားရဲက စိတ်ကြီးဝင်နေတဲ့အချိန် ရေခဲဆူးချွန်တွေကသူ့မျက်လုံးနှစ်လုံးဆီ ထိုးဖောက်ဝင်ရောက်သွားသည်။

"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ!" အခုချိန်မှာ၊ စုန့်ချင်းစုန့်ရဲ့ ဖန်ရော ဖန်မဟုတ်တဲ့သူရော ဒီတိုက်ပွဲကြောင့် သူတို့ရဲ့ရင်ကိုလှုပ်ခတ်သွားစေသည်။ သူတို့မသိစိတ်ကနေ အသက်ရှုအောင့်လိုက်မိကြသည်။ မှော်သားရဲရဲ့မျက်လုံးတွေမှာ သွေးတွေထွက်လာတာကို မြင်လိုက်ရမှဘဲ သူတို့တွေမှာ သက်သာရာရစွာသက်ပြင်းချရင်း အားပေးလိုက်ကြသည်!

အဲ့ဒီအချိန် စုန့်ချင်းစုန့်ရဲ့ နှုတ်ခမ်းထောင့်က နည်းနည်းတွန့်ကွေးသွားသည်။ သူ့မျက်လုံးတွေကလည်း တလက်လက်တောက်ပနေသည်။

ကြည့်! သူ့ရဲ့အထူးစွမ်းရည်တွေ ကျဆင်းသွား‌ပေမယ့် သူဟာ 'အဆုံးမရှိတဲ့အသက်နဲ့ အဆက်မပြတ်တိုက်ခိုက်ရေးစိတ်ဓာတ်' ရှိတဲ့စုန့်ချင်းစုန့်ဖြစ်နေဆဲပင်။

လူတိုင်း သက်ပြင်းချမိတဲ့အချိန် မှော်သားရဲကြီးကရုတ်တရက် လှုပ်ရှားသွားသည်။ သူ့သားကောင်ဖြစ်လာတော့မယ့် လူသားက သူ့ကိုတကယ်ဘဲနာကျင်အောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မထင်ထားခဲ့ပါချေ။ ဒီအခိုက်အတန့်မှာ သူဒေါသတွေပေါက်ကွဲထွက်လာသည်။

ကြီးမားပြီး ခိုင်ခံ့တဲ့ပုံရိပ်က စုန့်ချင်းစုန့်ဆီ ပြင်းပြင်းထန်ထန် တရှိန်ထိုးဝင်လာသည်။ မှော်သားရဲက သူ့ရဲ့ထူးခြားတဲ့ တိရစ္ဆာန်စွမ်းအားကို အသုံးပြုကာ သူ့ကိုသတ်ပစ်ဖို့ တကယ် ပြင်ဆင်ထားတာဖြစ်သည်။

စုန့်ချင်းစုန့် အမြန်တုံ့ပြန်လိုက်ပေမယ့် ဒဏ်ရာရနေတဲ့ ခြေထောက်က သူ့ရဲ့သွက်လက်တဲ့ လှုပ်ရှားမှုတွေကို မပံ့ပိုးပေးနိုင်လိုက်‌ပေ။ ဆယ်မီတာ၊ ကိုးမီတာ၊ ရှစ်မီတာ... မှော်သားရဲက သူနဲ့အပြင်းအထန် တိုက်မိတော့မယ့်ပုံပင်။

သူ့ရင်ထဲတင်းကြပ်လာသည်။ ဗီဒီယိုကိုကြည့်နေတဲ့သူတိုင်း နောက်ထပ် သွေးထွက်သံယိုအဖြစ်အပျက်တစ်ခု ထပ်ပေါ်လာမှာကိုစိုးကာ မျက်တောင်တောင်မခတ်ရဲကြပေ။

သို့ပေမယ့်၊ ဗီဒီယိုက ဒီနေရာမှာဘဲ ရုတ်ခြည်းအဆုံးသတ်သွားသည်။ စခရင်ရဲ့ညာဘက်အောက်ခြေတွင် စာပိုဒ်အသေးလေးတစ်ခုရှိနေသည် 'အခြေအနေကိုကြိုတင်ခန့်မှန်းဖို့၊ 'ဘယ်သူကအသန်မာဆုံးလဲ' ကိုနောက်အပတ်မှာ စောင့်မျှော်ကြည့်ရှုပေးကြပါ၊ ကျေးဇူးတင်ပါတယ်!'

F*ck! လူတိုင်း လက်ထဲက ခလုတ်ခုံကို ချေမိလုနီးပါး ဖြစ်သွားကြသည်။ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်မှာမှ ရပ်သွားရတယ်လို့။ တစ်ပတ်လုံး အိပ်မပျော်အောင်လုပ်ဖို့ သူတို့ကြိုးစားနေကြတာလား?

All Chapters