အပိုင်း ၁၄၉
Vol. 10 Ch. 149
ပြီးတော့ မီးကိုလျှော့ကာတစ်နာရီလောက် တည်ထားလိုက်သည်။
ဆူမယ့်အချိန်က တော်တော်ကြာနိုင်တာကြောင့် သူမအနေနဲ့ အမဲသားတရုတ်နံနံမွှေကြော်ကိုပြုလုပ်လို့ရသည်။
လုပ်နည်းကတော့ အရမ်းရိုးရှင်းသည်။ မော့ချူးကအရင်ဆုံး ငရုတ်သီးနဲ့ ရေပေါင်းပင်ဆားရည်စိမ်ကို ဆားရည်စိမ်အိုးထဲကနေ ထုတ်လိုက်ပြီး အမြှောင်းမြှောင်းတွေဖြစ်အောင်လှီးလိုက်သည်။
ဒီတရုတ်နံနံကို အရင်က ဝယ်သူတစ်ယောက်ပို့ခဲ့တဲ့ မှော်အပင်တွေထဲမှာ ရှာတွေ့ခဲ့တာဖြစ်သည်။ အဲ့ဒါကိုသန့်စင်အောင် ဆေးကြောပြီးသွားတော့ အမြှောင်မြှောင်းတွေလှီးကာ ဘေးဖယ်ထားလိုက်သည်။
အမဲသားလှီးရမယ့်နည်းကတော့ နည်းနည်းထူးခြားသည်။ အကြောတွေမမြင်ရဘဲ အမဲသားပုံမပြတ်အောင်အလျားလိုက် လှီးလိုက်သည်။ နောက်တော့ လှီးထားတဲ့ အမဲသားထဲကို ဆားအနည်းငယ်ထည့်ကာ ဆယ်မိနစ်ခန့် နှပ်ထားလိုက်သည်။
ဒီအချိန်မှာ အိုးကိုသန့်အောင် ဆေးကြောပြီး အေးနေတဲ့အိုးထဲမှာ ဆီပူကိုထည့်ကာ ရေပေါင်းပင်နဲ့ ငရုတ်သီးတို့ကို မွှေကြော်လိုက်သည်။ အနံ့မွှေးလာတော့ တရုတ်နံနံအပိုင်းတွေကို ထည့်ကာ အနည်းငယ် မွှေပေးလိုက်သည်။ဒီအချိန်မှာ သူမက မီးပြင်းပြင်းမသုံးသလို အချိန်အကြာကြီးလည်း မချက်ပေ။ မဟုတ်ရင် တရုတ်နံနံကနွမ်းသွားလိမ့်မည်ဖြစ်ကာ ထူးခြားကြွပ်ရွတဲ့ ခံစားချက်ကို ဆုံးရှုံးသွားလိမ့်မည်ပင်။
နောက်တော့ အားလုံးကိုခပ်လိုက်ပြီး ပြီးရင်သုံးဖို့ဖယ်ထားလိုက်သည်။ ထပ်ပြီးတော့ သူမက ဇောက်နက်ဒယ်အိုးထဲ ပဲဆီထည့်လိုက်သည်။ ဆီကို ၅၀% အထိ အပူပေးလိုက်ပြီး နှပ်ထားတဲ့အမဲသား အရောင်ပြောင်းတဲ့အထိ မွှေကြော်လိုက်သည်။ နောက်တော့ ခုနက သူမမွှေကြော်ထားတဲ့ တရုတ်နံနံနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ကာ အကြိမ်အနည်းငယ်လောက် မွှေကြော်လိုက်သည်။
အရသာအတွက် ဆားပမာဏကို မှန်မှန်ကန်ကန်ထည့်ပြီးတဲ့နောက် ဒီဟင်းကိုအောင်မြင်စွာနဲ့ ချက်နိုင်လိုက်သည်။ ဒီအခိုက်အတန့်မှာ အမဲရင်ပုံသားက နူးနေပြီဖြစ်သည်။ အသားရဲ့မျက်နှာပြင်က နူးညံ့လာပြီး အစိုဓာတ်တစ်ဝက်လောက်က အငွေ့ပျံသွားသည်။ ကြည့်ရတာ အရမ်းဆွဲဆောင်မှုရှိလှသည်။
နောက်တော့ မော့ချူးက ခုနကလှီးထားတဲ့ အာလူးတွေကို ထည့်ကာ အမဲသားနဲ့အတူ တွဲပြုတ်လိုက်သည်။ ဒါပေမယ့် ဒီတစ်ခါ ပြုတ်ချိန်က အရမ်းကြာဖို့ မလိုပေ။ ဒီလိုမှမဟုတ်ရင် အာလူးက အရမ်းဆိုးဆိုး နူးသွားပြီး အရသာကို လုံးလုံးထိခိုက်သွားစေလိမ့်မည်။
အာလူးနဲ့အမဲသားတွေကို ပြုတ်ပြီးသွားတော့ ဆားနည်းနည်းနဲ့ လှီးထားတဲ့ ရေပေါင်းပင်တချို့ကို ထည့်သည်။
စားဖိုမှူးတစ်ယောက်အနေနဲ့ ဒီဟင်းလျာတွေကို သူမအရင်မြည်းကြည့်ဖို့ အားသာချက်ရှိသည်။
မော့ချူးက အမဲသားတရုတ်နံနံမွှေကြော်ကိုတစ်လုတ် အရင်စားလိုက်သည်။ အိုး၊ ဒီအသားက အရမ်းနူးညံ့တာဘဲ။ လတ်ဆတ်တဲ့ တရုတ်နံနံနဲ့ အစပ်အရသာနည်းနည်းလည်းပါဝင်သည်။ ဒီပေါင်းစပ်မှုက ရိုးရိုးရှင်းရှင်းနဲ့ လက်ဖျားခါရလောက်သည်။
အမဲအာလူးနှပ်ကိုစားလိုက်တော့ အမဲသားရဲ့ အရသာက ပိုပြီးပြည့်ဝနေသည်။ အာလူးတွေက နူးညံ့နေကာ အရသာကို စုပ်ယူထားသည်။ အရင်က ဟင်းတွေနဲ့ လုံးဝမတူပေမယ့် အားလုံးက အရသာရှိသည်။
သူမအနားက ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ကတော့ ကြမ်းပြင် ရွှဲနစ်တဲ့အထိသရေကျနေသည်။ မော့ယန်လည်း အနောက်မှာချန်နေဖို့ စိတ်ကူးမရှိပါချေ။ သူက ပန်းကန်တွေနဲ့တူတွေကို နေရာချထားပြီးပြီဖြစ်ကာ မော့ချူးလာထိုင်မှာကိုစောင့်နေသည်။
"လာ၊ ဒီအရသာက အရင်ကစားဖူးတဲ့ အရသာနဲ့ လုံးဝမတူဘူး!" မော့ချူးက ပန်းကန်နှစ်ချပ်ကို စားပွဲပေါ်တင်လိုက်ရင်း ပြုံးပြုံးလေးပြောလာသည်။
"အာဝူးးး အာဝူးး-" ဒီအသေးလေး၊ ဝိုင်းဝိုင်းကတော့မစောင့်နိုင်တော့ပေ။ သူက အပူလောင်မှာမကြောက်ဘဲ ပူနေတဲ့ အမဲအရင်ပုံသားကိုဖဲ့ကာ ပါးစပ်ထဲတိုက်ရိုက်ထည့်လိုက်သည်။ အကြိမ်အနည်းငယ်လောက် ဝါးပြီးတဲ့နောက် သူ့မျက်လုံးတွေက ချက်ချင်း တောက်ပလာသည်။ အဲ့ဒါပြီးသွားတော့ သူက စိတ်လှုပ်ရှားစွာနဲ့အော်လာသည်။ "အာဝူးးး!"
ဘယ်လိုဖြစ်လို့ ဒီလောက်ထိအရသာရှိရလဲ? သူ့လျှာကိုတောင် မျိုချမိလုနီးပါးပဲ!
ဝိုင်းဝိုင်းအပြင်၊ မြေခွေးပျံလေးကလည်း သဘောတူကြောင်း ခေါင်းညိတ်သည်။ သူစားတဲ့အမြန်နှုန်းက ဝိုင်းဝိုင်းနဲ့ယှဉ်လို့ရလောက်အောင် အံ့ဩစရာကောင်းစွာမြန်လှသည်။
မော့ယန်လည်း စားနေရင်း သူ့မျက်နှာပေါ်မှာ ရွှင်မြူးတဲ့အကြည့်နဲ့ သူ့နှုတ်ခမ်းထောင့်တွေ နည်းနည်း ကွေးညွတ်သွားသည်။
ဒီအတောတွင်း သူဟာမော့ချူးထက်တောင် ပိုနာကျင်ခဲ့ရသည်။ သူ့မှာ သူ့ညီမရဲ့ အရသာရှိတဲ့အစားအသောက်တွေနဲ့ အသားကျနေပြီဖြစ်ကာ အဖွဲ့ချုပ်ရဲ့အစားအသောက်တွေကို မစားနိုင်ဘူးလို့တောင် ခံစားခဲ့ရသည်။ သူ No-man's Land မှာရှိတုန်းကဆို အာဟာရရည်တစ်ငုံကို သောက်လိုက်တဲ့အချိန် အန်မိလုနီးပါးဖြစ်ခဲ့ရသည်။
အရသာက ကြောက်စရာကောင်းတယ်လို့ ပြောလို့ရသည်။ အတိတ်တုန်းက သူဘယ်လိုလုပ် ခံနိုင်ရည်ရှိခဲ့လဲဆိုတာ တွေးမိလိုက်သေးသည်။
အခု မော့ချူး ချက်ပြုတ်တာကို မြည်းကြည့်ရင်း လေးရက်ကြာ အဆိပ်သင့်ခဲ့ရတဲ့ သူ့ရဲ့အစာအိမ်မှာ ကယ်တင်ခံလိုက်ရသလို ချက်ချင်း ခံစားလိုက်ရသည်။ သူကစားစရာတွေ အကုန်လုံးကို စားလိုက်သည်။
ထမင်းပန်းကန်လုံးကြီးတစ်လုံးနဲ့ အမဲသားဟင်းပွဲအကြီးနှစ်ပွဲမှာ မိနစ် ၂၀ အတွင်း သူတို့ဆီကနေ လုစားခံလိုက်ရသည်။ ဒီစားသောက်နှုန်းက ရိုးရိုးရှင်းရှင်းကို အံ့သြဖို့ကောင်းလှသည်။