← Chapters

အပိုင်း ၁၅၀

Vol. 10 Ch. 150

အပိုင်း ၁၅၀

Vol. 10 Ch. 150

မော့ယန်က ပန်းကန်ဆေးဖို့ လက်ဦးမှုယူလိုက်ပြီး ချူးလေးကို အခန်းထဲ တွန်းပို့လိုက်သည်။ “ကောင်းပြီ၊ ကျန်တာတွေ အစ်ကိုဘဲ လုပ်လိုက်မယ်။ ညီမလေးက အရင်ဆုံး ကောင်းကောင်းအနားယူသင့်တယ်"

သူမအစ်ကိုကြီးရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ အမူအရာကိုကြည့်ရင်း မော့ချူး မနေနိုင်ဘဲ ရင်ထဲမှာနွေးထွေးသွားသလိုခံစားလိုက်ရသည်။ သူမ ပြုံးပြီးခေါင်းညိတ်သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ အစ်ကိုလည်းသန့်ရှင်းရေးလုပ်ပြီးရင် ကောင်းကောင်းအနားယူသင့်တယ်!"

"ကောင်းပြီ အစ်ကိုသိပြီ" မော့ချူး အခန်းထဲဝင်သွားတာကိုကြည့်ရင်း မော့ယန် ပြုံးကာအောက်လှည့်ဆင်းသွားလိုက်သည်။

သူတို့ No-man's Land မှာနေခဲ့ရတုန်းက အင်တာနက်လိုင်း လုံးဝမရှိခဲ့ပေ။ အခု မော့ချူး ပြန်ရောက်လာတော့ ခလုတ်ခုံကို ဖွင့်ကြည့်လိုက်တဲ့အခါ ဗီဒီယိုမက်ဆေ့ချ်အများကြီးရှိနေတာကို တွေ့လိုက်ရတော့ သူမအံ့သြသွားသည်။

အိုး? ဘယ်သူများလဲ?

မော့ချူး သိချင်စိတ်နဲ့ ဗီဒီယိုကိုဖွင့်ကြည့်လိုက်တော့ ကြည်လင်ပြတ်သားတဲ့ပုံရိပ်က အလင်းဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ နျဉ်ယွိယွမ်ရဲ့ ပြတ်သားပြီးသေသပ်တဲ့မျက်နှာက စခရင်အလယ်မှာပေါ်လာပြီး လှပတဲ့သူ့နှုတ်ခမ်းတွေက အသာ ဟသွားသည်။

“မင်းကို ဆဲရေးထားတဲ့စာတွေကို မကြည့်နဲ့” နျဉ်ယွိယွမ်က စခရင်ပေါ်ကနေမျက်ခုံးပင့်လိုက်သည်။ ဒီစာတွေကို သူ တော်တော် ဒေါသထွက်နေတဲ့ပုံပင်။ "မင်းက ဘယ်လိုလူလဲဆိုတာ သူတို့မသိဘူး၊ ဒါကြောင့် အဲ့ဒါတွေကိုမြင်ရင် ဝမ်းမနည်းနဲ့"

"ကိုယ် မင်းနဲ့ အတူရှိတယ်" နျဉ်ယွိယွမ်ရဲ့ အမူအရာက ရုတ်တရက်နူးညံ့လာပြီး သူ့ရဲ့စူးရှတဲ့မျက်လုံးတွေလည်း အနည်းငယ် ပျော့ပျောင်းသွားသည်။ "မင်းက အမြဲတမ်း အကောင်းဆုံးပဲ!"

သူ့စကားကိုကြားတော့ မော့ချူးရဲ့ မျက်နှာလေးက တဖြည်းဖြည်း နီရဲလာသည်။ ဒီလူက အရင်က ရည်းစားမထားဖူးဘူးလို့ မပြောခဲ့ဘူးလား? ဘာလို့ ဒီလိုရိုမန့်တစ်ဖြစ်စရာကောင်းတဲ့ စကားတွေ ပြောနေတာလဲ?

ဒီအချက်ကြောင့် ယခင်က သူပြောခဲ့သော စကားဟာ ညာနေတယ်လို့တောင် ထင်မိသွားသည်။ စခရင်ပေါ်က လူကိုစိုက်ကြည့်ရင်း မော့ချူးနှုတ်ခမ်းကို ကိုက်ကာအခြားဗီဒီယိုကို နှိပ်လိုက်သည်။

"မင်းNo-Man's Land မှာရှိနေမယ်ထင်တယ် ဟုတ်တယ်မလား?" နျဉ်ယွိယွမ်က သူ့ရုံးခန်းထဲမှာ ထိုင်နေသည်။ သူ့ဘေးကမီးကို ဖွင့်ထားတော့ နောက်ခံကိုနည်းနည်း နွေးထွေးကာ ခပ်မှိုင်းမှိုင်း ဖြစ်နေစေသည်။ သူက မျက်ခုံးကြားရှိ နေရာလွတ်ကို ပွတ်လိုက်ပြီး ရုတ်တရက် ရယ်လိုက်ကာ စခရင်ကို ကူကယ်ရာမဲ့စွာနဲ့ကြည့်လိုက်သည်။

"ကိုယ် ဘာလုပ်သင့်လဲ? ဒီနေ့ မင်းအကြောင်း အကြိမ်တိုင်းတွေးနေမိတာ။ မင်းNo-man's Land မှာ အနာတရတွေဖြစ်နေမလား? သူများတွေဆီကနေ အနိုင်ကျင့်ခံနေရမလား? ကိုယ့်မှာ အိပ်မွေ့ချခံထားရသလိုပဲ! ကြည့်ပါဦး" နျဉ်ယွိယွမ်က သူ့ဘေးနားက စာရွက်စာတန်းတွေကိုပုတ်လိုက်ပြီး "ဒီနေ့ ကိုယ်ဒါကိုပြီးအောင်လုပ်ရမှာ၊ ဒါပေမယ့် မင်းကြောင့် ကိုယ်အခုထိတစ်ဝက်တောင် မပြီးသေးဘူး!"

နျဉ်ယွိယွမ် သက်ပြင်းချလိုက်သည်။ သူရဲ့ နက်ရှိုင်းတဲ့ အကြည့်တွေက မော့ချူးရဲ့မျက်နှာကို စခရင်ကနေတဆင့် မြင်နေရသလိုပင်။ "ကိုယ် မင်းကို အရမ်းလွမ်းတယ်။ မင်းရောအဆင်ပြေရဲ့လား?"

ဒုတိယဗီဒီယိုကိုကြည့်ပြီးတဲ့နောက် မော့ချူးရဲ့မျက်နှာလေးမှာ အနီရောင်ပန်းသီးတစ်လုံးနဲ့တောင် ယှဉ်လို့ရနေပြီဖြစ်သည်။ သူမရဲ့ မျက်လုံးတွေက အရည်ကြည်လဲ့နေပေမယ့် သူမရဲ့နှုတ်ခမ်းထောင့်တွေကတော့ မသိစိတ်ကနေ ကွေးညွတ်နေသည်။

တတိယဗီဒီယိုကို သူမနှိပ်လိုက်သည်။

"reality show ရဲ့ ဒီအပိုင်းကို ကိုယ်ကြည့်ပြီးပြီ" နျဉ်ယွိယွမ်က သူ့လက်ကောက်ဝတ်ပေါ်က ခလုတ်ခုံကို လှုပ်လိုက်ပြီး ပြောလိုက်သည်။ "ကြည့်ပါဦး၊ ကိုယ်သဘောကျတဲ့ကောင်မလေးက တကယ်ကံကောင်းတာဘဲ! အခုအချိန်မှာ မှတ်ချက်အများစုက‌ မင်းကို ချီးကျူးနေကြပေမယ့် ကိုယ်နည်းနည်းတော့ မပျော်ဘူး”

အမ်း၊ ဘာဖြစ်လို့လဲ?

နျဉ်ယွိယွမ်ရဲ့ နောက်ပြောလာတဲ့စ ကားတွေက မော့ချူးရြဲ သံသယတွေကို ဖြေရှင်းပေးလိုက်သည်။ "မင်းက ကိုယ်သဘောကျရတဲ့သူဖြစ်လို့ မင်းကို တခြားလူတွေကပါ သဘောကျနေကြတော့ ကိုယ်ဘယ်လိုလုပ် ဒီတိုင်းနေနေနိုင်ရမှာလဲ? အချိန်ကိုကြည့်လိုက်တော့ မင်းမကြာခင်ပြန်လာရတော့မှာ။ ကိုယ် မင်းကို ချက်ချင်းတွေ့ချင်ပေမယ့် ဒါတွေရိုက်ကူးပြီးသွားရင် မင်းအရမ်းပင်ပန်းနေမှာပဲ။ တစ်ရက်လောက် ကောင်းကောင်း အနားယူလိုက်။ ကိုယ် မနက်ဖြန်ကျမှ မင်းကိုလာရှာမယ်!"

ဖြတ်ခနဲ စခရင်က မည်းသွားသည်။ မော့ချူး အလင်းဖန်သားပြင်ကို တိတ်တဆိတ် ကြည့်နေမိသည်။ သူမ နှလုံးခုန်သံတွေလည်း မြန်လာသည်။ အခုလေးတင် သူမ နည်းနည်းအိပ်ငိုက်နေသေးတာဖြစ်သည်။ နျဉ်ယွိယွမ်ဆီက ဗီဒီယိုမက်ဆေ့ချ်ကို သူမ ကြည့်ပြီးသွားတော့ ဘယ်လိုလုပ် အိပ်နိုင်တော့မှာလဲ?

သူမရဲ့ မျက်လုံးတွေ တောက်ပလာသည်။ သူမ မျက်နှာက ဆိုးဆိုးရွားရွားကို ပူလောင်နေသလို ခံစားလိုက်ရသည်။ သူမ မျက်နှာပေါ်မှာ ကြက်ဥခွဲချလိုက်ရင် အခုချက်ချင်းတောင် ကျက်သွားလောက်မှာ။

ခေါင်းကို ခေါင်းအုံးထဲမြှပ်ထားရင်း မော့ချူး နှုတ်ခမ်းကို အသာကိုက်သည်။ မနက်ဖြန်ကျရင်... နျဉ်ယွိယွမ် သူမကိုလာရှာမှာလား?

All Chapters