← Chapters

မြို့တော်မှ ထွက်ခွာခြင်း

Vol. 21 Ch. 301

မြို့တော်မှ ထွက်ခွာခြင်း

Vol. 21 Ch. 301

လိပ်ကို အောင်မြင်စွာသိမ်းသွင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ စူးကု ၏ စိတ်သည် အနည်းငယ် ရှုပ်ထွေးသွားလေသည်။

ကင်းလှည့်နေကြသည့် အစေခံများ ဖြတ်သန်းသွားပြီးသည့် အခါတွင် စူးကု သည် သူသိမ်းသွင်းလိုက်ပြီးသည့် လိပ်ကို ရေထဲသို့ပြန်ထည့်ထား လိုက်သည်။ သူ့အနေဖြင့် ထိုကဲ့သို့သော သတ္တဝါတစ်ကောင်ကို သိမ်းသွင်းနိုင်ခဲ့သည်ကို လူအများ မသိစေလိုသေးပေ။ အကယ်၍ သူ့ညီအကို နှစ်ယောက် သာ သိသွားခဲ့လျှင် သူတို့သည် လူအများသိအောင် ကြေငြာလိမ့်မည် ဖြစ်သည်။ သူသည် အခြားကျွန်ပိုင်ရှင်များ၏ ဟာသလုပ်ခြင်းကို ခံရနိုင်ပေသည်။

ခြုံပြောရလျှင် သူကိုယ်တိုင်ကို သိမ်းသွင်းသည်

ထက် လိပ်ကို သိမ်းသွင်းလိုက်နိုင်ခြင်းသည် ပို၍ကောင်းပေသည်။

ရေကန်မှ ထွက်ခွာလာခဲ့ပြီးနောက် စူးကု သူ့အိမ်သို့ ချက်ချင်းပြန်လိုက်သည်။ အနားယူရန်အတွက်မဟုတ်ပဲ သိမ်းသွင်းသည့် အရည်အချင်းများကို လေ့လာရန်ဖြစ်သည်။ သူတစ်ယောက်တည်း လေ့ကျင့်နေခဲ့စဉ် သူသည် လူအစစ်အမှန်များကို လေ့ကျင့်ရန်အတွက် အသုံးမပြုပေ။ သူသိထားသည်မှာ သူ့ခွန်အားသည် လူအစစ်အမှန်တစ်ယောက်ကို သိမ်းသွင်းကျွန်ပြုနိုင်ရန်အတွက် အားနည်းနေသေးသည်ဟု သိထားသည်။ နောက်ထပ်တစ်ခုမှာ လူအများသိသွားကြပြီးနောက် နောက်ထပ် ကျရှုံးသွားမည်ကိုပင် ဖြစ်သည်။

သူသည် သူ့ဖာသာသာ တစ်ကိုယ်ရေ လေ့ကျင့်နေခဲ့သည်။ သို့သော်လည်း စူးကု မကြာခင် ပျင်းလာ

ခဲ့၏။ ထို့ကြောင့် သူသည် အသက်ရှင်နေသေးသည့် ကင်းမြီးကောက် တစ်ကောင်ကို ရှာဖွေလိုက်ပြီး သူ့လျှို့ဝှက်အရည်အချင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။ ဤတစ်ကြိမ်တွင် သူကျရှုံးသွားခဲ့ပြီး ကင်းမြီးကောက် သေဆုံးသွားခဲ့သည်။ ကင်းမြီးကောက်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများကို မတွေ့နေရပဲ အခြား ပုံမမှန်မှုများကိုလည်း မတွေ့နေရသော်လည်း ဤအရာက ပြသနေသည်မှာ ကျွန်ပိုင်ရှင် က သိမ်းသွင်းကျွန်ပြုခြင်း ကျဆုံးသွားလျှင် သိမ်းသွင်းကျွန်ပြုခြင်းခံရသည့် သူသည် သေဆုံးသွားရမည်ကို ပြသနေခဲ့သည်။

သူကျရှုံးပြီး‌နောက် စိတ်ပျက်လက်ပျက်ဖြစ်သွား သော်လည်း စူးကု အလျင်အမြန် စိတ်အားပြန်တင်းထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတစ်ကြိမ်တော့ အောင်မြင်ခဲ့ပေသည်။

တစ်ရက်ကြာပြီးနောက်တွင် စူးကု သည် သူ့

ဖခင်၏ လိပ်ကန်သို့ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။

ရေကန်ဘေးတွင် လိပ်ငါးကောင် ရှိနေခဲ့လေသည်။ သူတို့ကို ကြည့်ရသည်မှာ ပုံစံအတူတူသာ ဖြစ်သည်။ အကယ်၍ သူ့ရှေ့တွင် ထိုလိပ်ငါးကောင်ကို လာချပေးထားလျှင် သူသည် မည်သည့်အကောင် ဆိုသည်ကို ခွဲခြားတတ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုငါးကောင်ထဲတွင် ယမန်နေ့က သူအောင်မြင်စွာ သိမ်းသွင်းကျွန်ပြုနိုင်ခဲ့သည့် တစ်ကောင် မပါနေကြောင်းကို သူသိလိုက်သည်။

တခဏကြာပြီးနောက်တွင် ရေထဲမှ နောက်ထပ် လိပ်နက်တစ်ကောင် တွားသွားတက်လာသည်ကို စူးကု မြင်တွေ့လိုက်ရသည်။ ထိုတစ်ကောင်သည် အခြားကောင်များထက် ကြီးမားပြီး အရောင်လည်း ပိုနက်ပေသည်။

လိပ်တက်လာခဲ့သည့် အချိန်တွင် ကမ်းခြေတွင် ရပ်နေခဲ့ကြသည့် လိပ်ငါးကောင် နောက်သို့ဆုတ်သွားကြပြီး သူတို့၏ နေရာများသို့ ပြန်သွားကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ ထိုလိပ်နက်ကြီးကို ကြောက်နေဟန် ရသည်။

အဲ့ဒီကောင်ပဲ.......

စူးကု ရှေ့သို့ကုန်းလိုက်ပြီး ယမန်နေ့က သူအောင်မြင်စွာ သိမ်းသွင်းကျွန်ပြုနိုင်ခဲ့သည့် အကောင်ကို ကြည့်လိုက်သည်။ လူများကို သိမ်းသွင်းကျွန်ပြုလိုက်လျှင် ထိုကျွန်များသည် သာမန်လူများထက် ခွန်အား သာလွန်သွားတတ်ကြသည်။ တိရိစ္ဆာန်များတွင်လည်း ထိုနည်းတူပင်ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားမိခဲ့ပေ။

ယခုတွင် တစ်ရက်သာ ရှိနေသေးသော်လည်း ရ

လာဒ်သည် သိသာထင်ရှားနေခဲ့ပြီဖြစ်သည်။

ဖြုန်းတီးမှုတစ်ခုတော့မဟုတ်နေဘူးပဲ ......... စူးကု ယမန်နေ့က လိပ်တစ်ကောင်ကို သိမ်းသွင်းကျွန်ပြုမိ၍ အရှက်ရနေခြင်းများ ပျောက်ကွယ်သွားသည်။ ယခုတွင် သူသည် အတော်လေး ယုံကြည်ချက်ရှိနေလေပြီ။

လိပ်သည် အကောင်ကြီးယုံသာမက စိတ်ခွန်အားလည်း ကောင်းပုံရသည်။ သိမ်းသွင်းကျွန်ပြုခြင်း အောင်မြင်သွားသည့်အတွက် စူးကု ထိုလိပ်ကို ကောက်ကိုင်လိုက်သည့်အချိန်တွင် သူ့ပါးစပ်ကို ဟပြီး စူးကုကို ကိုက်ခဲနေခြင်း မရှိတော့ပေ။ ၎င်းသည် အလွန်အမင်းနာခံနေခဲ့လေသည်။

စိတ်လှုပ်ရှားသွားပြီး မကြာခင် စုကုပြန်လည်တည်ငြိမ်သွားသည်။ ထိုပြောင်းလဲမှုများကို အခြားသူများကို သူသိစေလိမ့်မည် မဟုတ်ပေ။

ဤလိပ်ကိုသူ အောင်မြင်စွာ သိမ်းသွင်းကျွန်ပြုနိုင်ခဲ့ခြင်းကို သူ့အကိုနှစ်ယောက်ကိုပင် ပေးသိလိမ့်မည် မဟုတ်ပေ။ ထိုအရာကို ဖော်ထုတ်နိုင်သည်အထိ သူ့ခွန်အား ကောင်းလာသည့် အချိန်ကို စောင့်ရပေလိမ့်မည်။ သူသည် သူ့အကိုနှစ်ယောက်ထက် အလွန်အမင်း သာလွန်နေခဲ့ပြီဖြစ်သည်။ ယခုတွင် သူ့အနေဖြင့် သိုသိုသိပ်သိပ် နေရမည့်အချိန်ဖြစ်၏။

လိပ်၏ ပြောင်းလဲသွားမှုများကို စဉ်းစားကြည့်လိုက်ပြီး စုကု ၎င်းကို ဤနေရာတွင် နေထိုင်စေလိုခြင်းမရှိတော့ပေ။ မဟုတ်လျှင် နောက်ထပ် နှစ်ရက်သုံးရက်ကြာလျှင် လိပ်သည် ထပ်မံကြီးထွားလာမည် ဖြစ်သည်။ ထိုဖြစ်ရပ်သည် အလွန်ပင် သိသာနေလိမ့်မည် ဖြစ်ပြီး လူအများသည် ထိုဖြစ်ရပ်ကို သာမန်မဟုတ်ကြောင်းသိသွား နိုင်သည်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် စူးကု

သူ့ဖခင်ထံသို့ ပြေးသွားလိုက်သည်။ ထို့နောက် သူသည် လိပ်ကို စားသုံးရန်အတွက် ပြန်ယူသွားလိုကြောင်း ပြောလိုက်သည်။

လော့ယဲ့မြို့သခင်သည် စကားအနည်းငယ်ကိုသာ ပြောလိုက်ပြီး သဘောတူလိုက်လေသည်။

စူးကု အိတ်တစ်လုံးဖြင့် လိပ်ကို ဖွက်ပြီး ယူလာလိုက်သည်။ သို့သော် သူ့အနေဖြင့် ထိုလိပ်ကို ထားရန်နေရာ မရှိနေပေ။ နောက်ဆုံးတွင် စူးကုသည် ထိုလိပ်ကို အိုးတစ်လုံးထဲတွင်သာ ထည့်ထားလိုက်သည်။ ထို့နောက် ဆူပွက်နေသည့် အိုးကို ယူလိုက်ပြီး ရှောက်ရွှမ်နှင့် အခြားသူများ ရှိနေသည့် နေရာသို့ သွားလိုက်သည်။

“ ကျေးဇူးပြုပြီး သုံးဆောင်ပါဦး “ စူးကု ကျောက်တုံး စားပွဲပေါ်တွင် အိုးကို တင်လိုက်ပြီး ပြောလိုက်သည်။

အသားစွပ်ပြုတ်ရနံ့ကို ရလိုက်သဖြင့် လဲ့နှင့် ထွော်တို့သည် မနေနိုင်တော့ပဲ ပန်းကန်နှစ်လုံးကို ယူလိုက်သည်။ ရှောက်ရွှမ်နှင့် စူးကု တို့ ဆွေးနွေးရန်ရှိနေသည်ကို မြင်လိုက်သဖြင့် သူတို့သည် အစာစားရန်ကိုသာ ဆုံးဖြတ်လိုက်ကြသည်။

ရှောက်ရွှမ် စွပ်ပြုတ်အိုးမှ ရနံ့ကိုရလိုက်သည် “ မင်းဘာကို ချက်ထားတာလဲ “

အခြားသူများ မရှိနေတော့သဖြင့် စူးကု ဖုံးကွယ်ခြင်း မပြုတော့ပေ ၊ ထို့အစား သူဂုဏ်ယူစွဦ ပြောလိုက်လေသည် “ ငါ့ရဲ့ ကျေးကျွန် “

ရှောက်ရွှမ် “ ......၊ ဘာ လူလား “

စွပ်ပြုတ်အိုးကိုကြည့်လိုက်ပြီး ရှောက်ရွှမ် စားချင်စိတ်မရှိတော့ချေ။ ထို့နောက် သူတစ်ချက်စဉ်းစားလိုက်ပြီး ဇွန်းကို ယူလိုက်ကာ အိုးထဲမွေ‌နှောက်လိုက်သည်။ ထို့နောက်မှသာ သူစိတ်သက်သာရာ ရသွားသည်။

“ ဒါက လိပ်တစ်ကောင်ပဲမလား “ ရှောက်ရွှမ် စူးကုကို စိုက်ကြည့်လိုက်သည်။

“ ဟုတ်တယ် “ထို့နောက် စူးကုသည် သူလိပ်ကို မည်ကဲ့သို့ သိမ်းသွင်းကျွန်ပြုခဲ့ကြောင်းကို ပြောပြလေတော့၏။

ဤကဲ့သို့ အောင်မြင်စွာ သိမ်းသွင်းကျွန်ပြုနိုင်ခြင်းသည် ရှောက်ရွှမ်၏ ကူညီပေးမှုကြောင့်လည်းဟုတ်ပေသည်။ ထို့ကြောင့် စူးကုသည် သတင်းအချက်အလက်တချို့ကို ရှောက်ရွှမ်ကို ပြောပြချင်နေခဲ့လေ၏။ သူ့အနေဖြင့် တိုးတက်ရန်

အလားအလာရှိကြောင်းနှင့် အသုံးမဝင်သည့် လူတစ်ယောက် မဟုတ်တော့ကြောင်း ကို သူပြောလာခဲ့သည်။ ထို့နောက် ထိုသတင်းကို လဲ့နှင့်‌ ထွော်အပါအဝင်မည်သူ့ကိုမှ မပြောရန် ရှောက်ရွှမ်ကို မှာကြားလိုက်သည်။

ရှောက်ရွှမ် အနည်းငယ် အံ့သြသင့်သွားသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ မျိုးနွယ်စုသည် သူတို့၏ ကြမ်းတမ်းသော သားရဲများပေါ်တွင် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုတတ်ကြသည်။ ကျွန်ပိုင်ရှင်များ၏ လုပ်ဆောင်မှုများသည်လည်း အတူတူသာ ဖြစ်သည်။

“ ကြည့်ရတာ ငါ့ကိုယ်ပိုင် ကျွန်တစ်ယောက် ရဖို့အတွက် အချိန်သိပ်မလိုတော့ဘူးထင်တယ် “ ရုတ်တရက် သူထပ်ဖြည့်ပြောလိုက်သည် “ လူသား ကျွန်‌ပေါ့ “

“ တခြားမြို့တွေက ကျွန်ပိုင်ရှင်တွေ ကတော့ မင်းတောင်ဆိုတဲ့အရာအတွက် ငါနှစ်ရက်လောက် လုပ်ခဲ့ရတယ် “ စူးကု ဆက်ပြောလိုက်သည်။

“ အိုကေ “ ရှောက်ရွှမ် စူးကု၏ နောက်ဆက်တွဲ စကားများကို စောင့်နေလိုက်သည်။

“ ဆယ်ရက်ကြာရင်၊ ငါမြို့ထဲကနေ ထွက်သွားမယ်။ မင်းငါနဲ့လိုက်ခဲ့မယ်လို့ မျှော်လင့်တယ် “ စူးကု ပြောလိုက်သည်။

“ မြို့ထဲကနေ ထွက်သွားမယ် ဟုတ်လား “ ရှောက်ရွှမ် မေးလိုက်သည်။

“ ငါတို့က အိုအေစစ်တစ်ခုကို သွားပြီးနေတော့ တစ်ခုခုကို သွားရှာကြမယ်၊ အချိန်ကြလာရင် ငါမင်းကို ပြောပြမယ်လေ ။ အခုလောလောဆည်

တော့ ဘယ်သူ့ကိုမှ ဒီသတင်းမပြောသေးနဲ့ဦး “ စူးကု ပြောလိုက်သည်။

သူခေါင်း ညိတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိလိုက်သည် ။ “ အား ..... တတိယ လိပ်ကလေး ...... မင်းက အပြင်ကို ခနထွက်လို့ ရတယ်လား “

“ ငါ့ကို တတိယသခင်လေး လို့ခေါ်ပါ “ “ လိပ်ကလေး “ ဟု အခေါ်ခံလိုက်ရသဖြင့် စူးကု မကျေမနပ်ဖြစ်သွားသည်။ အစက သူသည် တစ်စုံတစ်ခု ကို ထပ်ထည့်ချင်နေသေးသည်။ သို့သော်လည်း သူ‌ရှောက်ရွှမ်၏ စကားများကို စဉ်းစားလိုက်ပြီး သူ့မျက်လုံးများ တောက်ပသွားသည်။ “ ရိုးရာပွဲ လုပ်မလို့လား “

“ ငါက နတ်ဆရာ မဟုတ်ဘူးလေ “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

“ ငါသိပါတယ်” စူးကု သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ သူသည် စကားများကိုမပြောသော်လည်း သူ့အမူအယာသည် ‘ မဖုံးကွယ်ပါနဲ့ ငါသိပါတယ် ‘ ဟူသည့် အမူအယာ ဖြစ်နေခဲ့သည်။

စူးကု ထွက်သွားပြီးသည်နှင့် ရှောက်ရွှမ် ကြမ်းတမ်း ထူထဲသော မြက်ခြောက်များကို ရှာဖွေလိုက်သည်။

မြို့မှ ထွက်သွားရန်အတွက် သူသည် ရာသီဥတုကို ခန့်မှန်းထားရန်လိုအပ်ပေသည်။ အစပိုင်းတွင် သူသည် တစ်ရက်နှစ်ရက်စာ ရာသီဥတုကိုသာ ခန့်မှန်းနိုင်ခဲ့သည်။ ယခုတွင်မူ သူသည် ကမ္ဘီရဥာဏ်ဖြင့် ကြိုးများကိုအသုံးပြုပြီး လာမည့်ရက်များအတွက် ရာသီဥတုကို ခန့်မှန်းနိုင်ပေပြီ။ ဂမ္ဘီရ ဉာဏ်သည် အစပိုင်းကလောက် မခက်ခဲတော့ပေ။ ရှုပ်ထွေးသည့် အရာများကို မခန့်မှန်းနိုင်သော်လည်း ယခင်ကတထက်စာလျှင် သူတော်

တော်လေး တိုးတက်လာပေသည်။

တစ်ခနကြာသော်.......

ကြိုးကိုကျစ်လိုက်ပြီးနောက် ရှောက်ရွှမ် ကျစ်ထားသည့် ကြိုးထုံးများကို ကြည့်လိုက်ပြီး ပြသထားသည့် ရလာဒ်ကို ဖတ်ရှုလိုက်သည်။ ထို့နောက် သူကြိုးကို ဘောလုံးတစ်လုံးကဲ့သို့ လုံးလိုက်ပြီး ပြတင်းပေါက်မှ ပစ်ထုတ်လိုက်လေသည်။

ရှောက်ရွှမ်အခန်းနှင့် သိပ်မဝေးသော နေရာတွင် ကုလားအုတ်တဲ ရှိနေလေသည်။ ရှောက်ရွှမ်သည် ကောက်ရိုးဘောလုံးကို ကုလားအုတ်ပေါ်မှ ကျော်ပြီး ပစ်လိုက်ခြင်းဖြစ်သည်။

ကုလားအုတ်သည် ကောက်ရိုးထုံးကို တက်နင်းလိုက်သည်။ ထို့နောက် သူသည် မြေပေါ်မှ

ကောက်ရိုးထုံးကို မြင်လိုက်ပြီး ပါးစပ်ကို ဟ၍ ကောက်ရိုးထုံးကို ဝါးလိုက်ကာ စားသုံးနေလိုက်သည်။

ဤသည်မှာ ကောက်ရိုးထုံးကို ဖျက်ဆီးရန်အတွက် အကောင်းဆုံးသောနည်းလမ်း ဖြစ်လေသည်။

စူးကု နောက်တစ်ကြိမ် ရောက်လာခဲ့ပြီး ရှောက်ရွှမ်က သူ့ကို ပြောလိုက်သည်။ “ ခြောက်ရက်နေပြီးရင် သဲမုန်တိုင်းတိုက်လိမ့်မယ်။ မင်းကိုယ်မင်း ပြင်ဆင်ထားလိုက်ပါ။ အဲ့ဒီနေ့မှာ လျှောက်မသွားနဲ့။ နန်းတော်ထဲမှ နေတာ အကောင်းဆုံးပဲ “

သူ့ယခင်အတွေ့အကြုံအရ စူးကုသည် ရှောက်ရွှမ်၏ အကြံကို လိုက်နာပေလိမ့်မည်။

သဲကန္တာရအတွင်း သဲမုန်တိုင်း ရုတ်တရက် တိုက်ခတ်ခြင်းသည် မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသများကို ချက်ချင်းပင် ဘာမှမရှိသည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်နိုင်ပေသည်။ တချိန်ထဲတွင်ပင် ကြမ်းတမ်းသော သဲကန္တာရ သားရဲများသည် သဲမုန်တိုင်းကို အသုံးချပြီး သူတို့၏ သားကောင်များကို အမဲလိုက်တတ်ကြလေသည်။ အကယ်၍ ထိုကဲ့သို့သော သဲမုန်တိုင်း တိုက်ခတ်ခဲ့လျှင် လော့ယဲ့မြို့တော်သည် သူတို့၏ အကာအကွယ်များကို မြင့်တင်ထားမှ ဖြစ်ပေလိမ့်မည်။ ကျွန်ပိုင်ရှင်များသည်လည်း ကောင်းမွန်စွာ ပုန်းကွယ်နေကြပေမည်။

All Chapters