ကမ္ဘာကြီးပေါ်က အလှပဆုံးသော အရာ
Vol. 21 Ch. 302
စူးကု ပြန်သွားပြီးနောက် သူသည် သူ့ကိုယ်ပိုင်နေရာတွင်သာ ချက်ပြုတ်စားနေခဲ့သည်။ သူ့အပြောအရ သူကိုယ်တိုင် ချက်ပြုတ်ချင်နေသည်ဟု ပြောသော်လည်း အမှန်တကယ်တွင် သူသည် သူ၏ သိမ်းသွင်းကျွန်ပြုခြင်း စွမ်းရည်ကို လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။
သူလေ့ကျင့်နေသဖြင့် အောင်မြင်မှုနှင့်ကျရှုံးမှုများကို တွေ့မြင်လာရသည်။ အချိန်များ ကုန်ဆုံးလာပြီးနောက်တွင် သူ့အောင်မြင်နူန်းသည် မြင့်တက်လာခဲ့လေပြီ။
စူးကုသည် သူ့ကတိကို တည်ခဲ့ပြီး ကျွန်ပိုင်ရှင်တို့၏ အကြောင်းအရာများကို စုံစမ်းပေးခဲ့သည်။ သူသည် ရှောက်ရွှမ် ကြည့်နိုင်ရန်အတွက် ထို
အကြောင်းအရာများကို ကောက်ရိုးစာလိပ်ပေါ်တွင် ရေးထားပေးလေသည်။
ရှောက်ရွှမ်သည် ထိုစာလိပ်များကို လေ့လာလိုက်ပြီး ကန္တာရအတွင်းရှိ မြို့များစွာနှင့် ကြီးမားသော ကျွန်ပိုင်ရှင်များ၏ အကြောင်းကို သိလာနိုင်ခဲ့သည်။
ခြောက်ရက်မြောက်တွင် ရှောက်ရွှမ် ခန့်မှန်းထားသည့်အတိုင်းပင် သဲမုန်တိုင်း တိုင်ခတ်လာခဲ့သည်။ ထိုမတိုင်ခင်တွင် မည်သည့် လက္ခဏာကိုမှ မပြခဲ့ပေ။
စူးကု သည် နန်းတော်၏ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် ရှိနေခဲ့သည်။ သူသည် အဝေးတစ်နေရာသို့ကြည့်နေခဲ့ပြီး လျင်မြန်စွာ လာနေသော သဲမုန်တိုင်းကို တွေ့လိုက်ရသည်။ သူမျိုးနွယ်စုမှ
နတ်ဆရာများကို မြင်သည့်အမြင်သည် ပို၍ပင် ဆိုးဝါးသွားခဲ့သည်။
မသိရသေးသည့်အရာကို ကြောက်လန့်ရန် လွယ်ကူပေသည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော အလုပ်အကိုင်မျိုးသည် ကျွန်ပိုင်ရှင်များ၏ မြို့တော်များတွင် ရှားပါးသော အလုပ်အကိုင် တစ်ခုဖြစ်သည်။
သဲမုန်တိုင်းသည် ချက်ချင်းပင် မြို့တော်တစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့သည်။ သဲမှုန်များသည် နေရာတိုင်းကို တိုက်ခတ်နေခဲ့သည်။ မုန်တိုင်း၏ လမ်းကြောင်းတွင် ရှိနေကြသည့် လူများသည် သေးငယ်သော အပ်ကလေးများဖြင့် ထိုးစိုက်ခံလိုက်ရသည့်အ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော နာကျင်မှုမျိုးကို အကြေးခွံများ ထူထဲစွာရှိနေသည့် သတ္တဝါများပင် မခံလိုကြပေ။ သူတို့သည် သဲမုန်တိုင်း၏ တိုက်ခိုက်မှုကို ခံနိုင်စေရန်အတွက် မြေကျင်းများ တူးပြီး
မြေအောက်ထဲတွင် ခိုလှုံနေကြလေသည်။
ပို၍ပေါ့ပါးသော သဲမှုန်များသည် ဖုံမှုန့်များ ဖြစ်သွားကြပြီး ကောင်းကင်ထက်သို့ ဝဲလွင့်နေခဲ့သည်။
ထိုအချိန်တွင် မီးတောက်ဦးချို မျိုးနွယ်စုမှ လူသုံးယောက်သည် အိမ်တစ်လုံးထဲတွင် ရှိနေခဲ့သည်။ သူတို့သည် တံခါးများ ပြတင်းပေါက်များကို ပိတ်ထားပြီး အပြင်လောကမှ သဲမုန်တိုင်း တိုင်ခတ်သည့်အသံကိုသာ နားထောင်နေကြသည်။
အပြင်ဖက်တွင် ကုလားအုပ် “ ရွှံ့” သည် သဲမုန်တိုင်းကို အံတုပြီး ရှိနေခဲ့သည်။ သူ့နားရွက်များသည် တိုက်ခတ်လာသည့် သဲများကို ဖယ်ရှားနေသည်။ ထိုကဲ့သို့ အထူးသားရဲမျိုးနွယ်စုများလည်း ရှိတတ်ပေသည်။ ၎င်းတို့သည် သဲကန္တာရ၏ ကြမ်းတမ်းသော သဘာဝ
အခြေအနေများကို ခံနိုင်ရည်ရှိစွာဖြင့် မွေးဖွားလာကြခြင်းဖြစ်သည်။ ဤကဲ့သို့သော သဲမုန်တိုင်းကိုပင် ၎င်းသည် ကြောက်လန့်နေခြင်းမရှိပေ။ အချို့ကုလားအုတ်များဆိုလျှင် သဲမုန်တိုင်း အတွင်း၌ပင် သာသာယာယာ လမ်းလျှောက်နိုင်ကြလေသည်။
အပြင်ဖက်မှ သားရဲအော်သံကိုကြားလိုက်ရသဖြင့် ရှောက်ရွှမ်နှင့်အခြားသူများ သူတို့၏ ကိရိယာတန်ဆာပလာများကို သွားယူလိုက်ကြသည်။
သဲမုန်တိုင်းအတွင်း သားရဲအချို့သည် မြို့တံတိုင်းကို ကျော်လာခဲ့ကြလေသည်။ ထို့နောက်သူတို့သည် အတားအဆီးများကို ကျော်ဖြတ်လာပြီး မြို့ထဲသို့ ဝင်လာကြသည်။
အခြားမျိုးနွယ်စုများသည်လည်း အပြင်ဖက်သို့
ထွက်သွားခြင်း မရှိကြပေ။ သဲမုန်တိုင်း သားရဲများ သူတို့တံခါးရှေ့သို့ ရောက်လာသည့်အခါမှသာ သူတို့ထွက်ပြီး ရင်ဆိုင်ကြသည်။ သို့သော်လည်း ယခုလူသုံးယောက်တို့မှ ထိုကဲ့သို့ မဟုတ်နေပေ။ သူတို့သည် သုံးရက်တိုင်အောင် မလှုပ်ရှားပဲ နေခဲ့ရသဖြင့် ပျင်းရိနေခဲ့ကြသည်။ ငယ်ရွယ်စဉ်ကတည်းကပင် အမဲလိုက်သည့် အလေ့အထဖြင့် ကြီးပျင်းလာကြသူများ ဖြစ်ကြသဖြင့် သူတို့ သုံးရက် အနားယူနေရခြင်းသည် သူတို့ကို သံချေးတက်သကဲ့သို့ ပင် ဖြစ်နေစေသည်။ သူတို့ပျင်းရိနေချေပြီ။
သဲမုန်တိုင်းထဲက သားရဲတွေက အန္တရာယ်များလား......။
မှန်ပေသည်။ ၎င်းတို့သည် အလွန်ပင် အန္တရာယ်များပေသည်။
သို့သော်လည်း မီးတောက်ဦးချို မျိုးနွယ်စုမှ လူများသည် ထိုအရာကို မကြောက်ကြပေ။ သူတို့သည် ထိုကဲ့သို့သော အန္တရာယ်များသည့်သားရဲများကို အကြိမ်များစွာ ရင်ဆိုင်တွေ့ဖူးကြပေသည်။ ဤကဲ့သို့သော အခြေအနေတွင် သူတို့ပျော်နေကြသည်ဟု ပြောလျှင်ပင် မမှားပေ။ ထို့အပြင် သဲမုန်တိုင်းသားရဲများသည် သတ်ဖြတ်ပြီးလျှင် စားသုံး၍ ရသည့်သတ္တဝါများ ဖြစ်ကြလေသည်။ သူတို့အနေဖြင့် အသားအလုံအလောက်မရလျှင်ပင် အရိုးစွပ်ပြုတ် ပြုတ်သောက် ၍ ရနိုင်ပေ၏။
မီးတောက်ဦးချိုမျိုးနွယ်စုမှ လူသုံးယောက်တို့ မည်သို့တွေးနေသည်ကိုသာ အခြားသူများ သိသွားခဲ့လျှင် သူတို့သည် ထိုလူသုံးယောက်ကို အရူးများဟုသာ သတ်မှတ်ကြတော့မည် ဖြစ်သည်။
ရှောက်ရွှမ်သည် သဲမုန်တိုင်းသားရဲများကို တစ်ယောက်ထဲ ရင်မဆိုင်နိုင်ပေ။ သူတို့သုံးယောက်သည် သေချာနေရာယူလိုက်ကြပြီး တောင်တန်း
များတွင် အမဲလိုက်ခဲ့ကြစဉ်ကကဲ့သို့ ပြုမူလိုက်ကြသည်။
သိပ်မမြင်ရဘူးလား..... ပြဿနာမရှိဘူး။ သူတို့ အနေဖြင့် အကြားအာရုံသာ ရှိနေခဲ့လျှင် မြင်ကွင်းမရှင်းလျှင်သော်မှ သူတို့အတွက် ပြဿနာ မရှိချေ။ အကယ်၍ သေချာအာရုံစိုက်ကာ နားထောင်ခဲ့လျှင် သဲမုန်တိုင်း အတွင်းမှ သားရဲများ၏ လှုပ်ရှားမှုများကို သေချာပေါက် ကြားနိုင်ပေသည်။
နောက်ဆုံးတွင် သားရဲများသည် ချာချာ ဆီသို့ရောက်သွားကြပြီး သူတို့စားသုံးရန် ခွဲတမ်းများ ဖြစ်သွားကြသည်။
သဲမုန်တိုင်း ပြီးဆုံးသွားသည့်အချိန်တွင် အရာအားလုံးပြန်လည်တည်ငြိမ်သွားသည်။ လူတိုင်းသည် မီးတောက်ဦးချို သံတမန် အိမ်တော်အနီး
တွင် အတွင်းကလီစာများကို ထုတ်ကာ ချိတ်ဆွဲထားသည့် သဲမုန်တိုင်းသားရဲများ ကိုတွေ့လိုက်ကြသည်။
လော့ယဲ့မြို့တော်မှ ကျွန်များနှင့် ကျွန်ပိုင်ရှင်များသည် မီးတောက်ဦးချို မျိုးနွယ်စုမှ လူသုံးယောက်ကို မြင်သည့်အမြင် ပြောင်းလဲသွားပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသည်၊ သန်မာသည်၊ ထို့နောက် စားချင်သောက်ချင်စိတ် ကြီးမားကြသည်..........။
ဆယ်ရက်မြောက်တွင် မြို့တော်သည် ယခင်အတိုင်း ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။
မျိုးနွယ်စုလူများသည် သူတို့လုပ်နေကြအလုပ်များကို လုပ်နေကြသည်၊ သူတို့သည် ဟိုဟိုဒီဒီ သွားလာနေကြကာ မြို့တော်ထဲတွင် စည်ကားနေခဲ့၏။
ရှေက်ရွှမ်သည် ထိုလူများတွင် တစ်စုံတစ်ခုဖုံးကွယ်ထားနေသည်ကို ခံစားမိနေခဲ့သည်။ သို့သော် အရေးမကြီးပေ၊ မကြာခင်တွင် သူသည် ထိုသူများ ဖုံးကွယ်ထားသည့်အရာကို သိနိုင်တော့မည် ဖြစ်သည်။
ရှောက်ရွှမ်နှင့် စူးကု တို့ ချိန်းဆိုထားသည့်နေ့သို့ရောက်သည့်အခါတွင် ရှောက်ရွှမ်တို့ သုံးယောက်သည် သွားရန်အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ကုလားအုတ်ကို ယူဆောင်မလာတော့ပေ။ ထို့အစား စုကု လွတ်လိုက်သည့်လူများကိုသာ ကုလားအုတ်ကို စောင့်ရှောက်ခိုင်းလိုက်သည်။ သူတို့သွားသည့် အချိန်တွင် ရှောက်ရွှမ်သည် ချာချာကို ခေါ်သွားလိုက်လေသည်။ ချာချာသည်လည်း စိတ်ပြေ
လက်ပျောက် အပြင်သို့ထွက်ရန် လိုအပ်ပေသည်။
ဆယ်ရက်မြောက်တွင် စူးကု၏ သိမ်းသွင်းကျွန်ပြုခြင်းစွမ်းရည်သည် တိုးတက်လာခဲ့ပြီဖြစ်သည်။ သူသည် လူသားကျွန်များကိုပင် သိမ်းသွင်းကျွန်ပြုနိုင်ပြီဟု ခံစားနေရသည်။ သို့သော် လည်း သူသည် ရာနူန်းပြည့်မသေချာသေးသဖြင့် မြို့တော်ထဲတွင်မူ ထိုကိစ္စကို စမ်းသပ်လိမ့်မည် မဟုတ်ပေ။
ခြောက်လာကြာပြီးနောက်တွင် စူးကု မြို့တော်ထဲမှ နောက်တကြိမ် ပြန်ထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ဝူရှစ်နှင့် ထွက်လာခြင်းဖြစ်ပြီး ရှောက်ရွှမ်တို့ သုံးယောက်လည်း ပါသေးသည့်။ ထို့ကြောင့် စုစုပေါင်းလူငါးယောက် ဖြစ်လေသည်။
စူးကု ပြောစကားအရ သူတို့သွားနေသည့် အိုအေစစ်သည် သူ့ဖခင်ပိုင်ဆိုင်သည့် နေရာဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူသည် ထိုအိုအေစစ်ကို အခြားကျွန်ပိုင်ရှင်များ ထံမှ ခိုးယူခဲ့သည့်ဟု ဆိုသည်။ ယခုတွင် ထိုအိုအေစစ်ကို ပြန်လည် ခိုးယူလိုသည့် လူများ ပေါ်လာပြန်ပြီဖြစ်သည်။ သို့သော်လည်း ထိုသူများသည် ရိုက်နှက်ခြင်းကို ခံလိုက်ကြရသည်။ အရင်းအမြစ်များကို အစောင့်များဖြင့် စောင့်ကြပ်ထားလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လုံလောက်သည့် ခွန်အားမရှိလျှင် ထိုအရင်းအမြစ်ကို စောင့်ရှောက်နိုင်လိမ့်မည် မဟုတ်ပဲ ပိုင်ရှင်ပြောင်းသွားလိမ့်မည် ဖြစ်သည်။
လော့ယဲ့မြို့တော်မှ အိုအေစစ်ထံသို့ သူတို့ နှစ်ရက်ခန့် လမ်းလျှောက်ရန် လိုအပ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပေါပေါ့ပါးပါး လမ်းလျှောက်သွားမည်ဆိုလျှင် တစ်ရက်ဖြင့်လည်း ရောက်အောင် သွားနိုင်ပေသည်။
ဤတစ်ကြိမ်တွင် အခက်အခဲများစွာ မတွေ့ရတော့ပေ။ ရှောက်ရွှမ်တို့သုံးယောက်၏ ခွန်အားဖြင့် ဆိုလျှင် အခက်အခဲမရှိ ခရီးဆက်နိုင်ပေမည်။ သူတို့အနေဖြင့် ကန္တရာ သားရဲများ ၏ အန္တရာယ်ကိုသာ သတိထားရန် လိုအပ်သည်။
သဲမုန်တိုင်းပြီးဆုံးသွားသည်မှာမကြာသေးသောကြောင့် သဲကန္တာရသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သဲတောင် များသည် လှိုင်းလုံးများသဖွယ်ကြီးမားပြီး နေရာတိုင်းတွင် ရှိနေခဲ့သည်။ မည်သည့်နေရာကိုကြည့်ကြည့် အသက်စွမ်းအားများကို မခံစားရပေ။
မြို့တော် အပြင် ဖက်သို့ရောက်သည့်အခါတွင်မှ စုကုသည် ဤတစ်ကြိမ်ခရီး၏ ရည်ရွယ်ချက်ကို ရှောက်ရွှမ်ကို ပြောပြလာခဲ့သည်။ စုကုသည် ရှောက်ရွမ်တို့သုံးယောက်ကို ကိုယ်ရံတော်များအဖြစ် အိုအေစစ်သို့ ခေါ်သွားမည့်အကြောင်းကို
မြို့တော်မှ လူများကို ပြောပြခဲ့သေးသည်။ အမှန်တကယ်တွင်မူ သူသည် သူ့ဖခင်ကို မွေးနေ့လက်ဆောင်ပေးရန်အတွက် လှပသော ကျောက်တုံးတစ်တုံးကို ရှာရန် ထွက်လာခဲ့ခြင်းဖြစ်လေသည်။
လော့ယဲ့ မြို့တော်ဘုရင် စူးလွင် ၏ မွေးနေ့သည် မကြာခင်ရောက်တော့မည် ဖြစ်သည်။ သူသည် သူ့ဖခင်ကို မွေးနေ့လက်ဆောင်ပေးကာ အသိအမှတ်ပြုခံချင်နေသည်။ သို့ဆိုလျှင် သူသည် ပိုများသော အခွင့်အရေးများ ရင်းမြစ်များကို ရလာနိုင်မည် ဖြစ်သည်။ မြို့တော်ထဲတွင် ကျွန်ပိုင်ရှင်သီးသန့်မရှိသေးသည့် ကျွန်များစွာ ရှိနေခဲ့သေးသည်။ သူတို့အားလုံးသည် အခြားကျွန်ပိုင်ရှင်းများကို ဆုချီးမြင့်ရန်အတွက် ဖြစ်ကြသည်။ စူးကု သည် ယခုအချိန်အထိ သိမ်းသွင်းကျွန်ပြုခြင်းကို မအောင်မြင်နိုင်သေးသည့်အတွက် ဘုရင်သည် သူ့ကို မည်သည့်ကျွန်ကိုမှ မပေးခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည် ဤအခွင့်အရေးကို ရအောင်ယူပြီး ကျွန်များကို ရယူ
နိုင်ရန် ရည်မှန်းထားလေသည်။
“ ကျောက်တုံး ဟုတ်လား..... ဘာကျောက်တုံးလဲ “ ရှောက်ရွှမ် သိချင်သွားသည်။ မည်ကဲ့သို့သော ကျောက်တုံးဖြစ်၍သာ စူးကု အပြင်ထွက်လာပြီး သူ့ဖခင်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးလိုခြင်း ဖြစ်သနည်း......။
စူးကု မျက်လုံးများ အရောင်တောက်သွားသည်။ ထိုကျောက်တုံးသည်သူယခင်က တွေ့ခဲ့သည့်အရာတစ်ခုဖြစ်သည်။ သို့သော် ထိုစဉ်က သူသည် သန်မာသေးခြင်းမရှိသည့်အတွက် ကျောက်တုံးကို ယူဆောင်နိုင်ခြင်းမရှိခဲ့သေးပေ။ ထို့ကြောင့် ယခုတွင် သူအခွင့်အရေးကို အရယူပြီး ကျောက်တုံးကို နောက်တဖန် သွားရှာခြင်း ဖြစ်သည်။
“ အဲ့ဒါက အရမ်းလှတယ်။ ကမ္ဘာပေါ်မှာ အလှပ
ဆုံးသော အရာတစ်ခုပဲ “ စူးကုမျက်လုံးများ အဝေးတစ်နေရာကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ထိုကျောက်တုံးအကြောင်းကို တွေးနေဟန် ရသည်။
အိုအေစစ်သို့မရောက်မီတွင် စူးကု သည် ရှောက်ရွှမ်ကို သူနှင့် စာချုပ်တစ်ခုကို ချုပ်ခိုင်းခဲ့သည်။ မီးတောက်ဦးချို မျိုးနွယ်စု၏ နတ်ရုပ်ကို သစ္စာဆိုကာ ကျောက်တုံးကို မလုယူပါဟူ၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မှန်ပေသည် ရှောက်ရွှမ်သည်လည်း စူးကုထံမှ အကျိုးအမြတ်များစွာကို ရရှိခဲ့ပေသည်။
မီးတောက်ဦးချို မျိုးနွယ်စုအတွက်မူ မန်မျိုးနွယ်စု၏ ကျောက်စိမ်းသည်ပင် လုံလောက်သော ဆွဲဆောင်မှု မဖြစ်ခဲ့ပေ။ ထို့အပြင် လဲ့နှင့် ထွော်တို့၏ စိတ်ထဲတွင် အကောင်းဆုံးသော ကျောက်တုံးများသည် လက်နက်အဖြစ် အသုံးပြုနိုင်သည့်ကျောက်တုံးများသာ ဖြစ်သည်။ အဆင်တန်ဆာ
အရသာ လှပသော ကျောက်တုံးများကို သူတို့စိတ်ဝင်စားကြခြင်း မရှိကြပေ။
ထို့ကြောင့် စူးကု ပြောလိုက်သည့်အချိန်တွင် လဲ့နှင့် ထွော်တို့သည် စိတ်ဝင်စားကြခြင်း မရှိနေပေ။ ရှောက်ရွှမ်ကမူ သိလိုစိတ်ဖြစ်နေမိသည်။ ငယ်ကတည်းက ကျွန်တွေအများကြီးနဲ့ ဇိမ်ခံနေတဲ့ ကျွန်ပိုင်ရှင်တစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်ရအောင် ဘာကျောက်တုံးမလို့လဲ ........
နောက်ဆုံးတွင် သူတို့သွားလိုသည့်နေရာသို့ ရောက်လာခဲ့ပြီဖြစ်ပြီး စူးကု ရပ်တန့်လိုက်လေသည်။
ရှောက်ရွှမ် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် သဲတောင်များကိုသာ တွေ့ရှိလိုက်ရသည်။ အဝေးတစ်နေရာမှ အိုအေစစ်တွင် ရှိနေသည့်ရေသည် မြေအောက်ထဲမှ စီးထွက်လာဟန် ရသည်။
ကျောက်တုံးကို တွေ့သည်ဟု စူးကု ပြောသည့်နေရာသည် အိုအေစစ်အတွင်း ၌ မဟုတ်နေပေ။ အိုအေစစ်၏ အပြင်ဖက်တွင် ဖြစ်သည်။
သူတို့ကို ပတ်လည်ဝန်းရံနေသည့် သဲတောင်များကို ကြည့်လိုက်ပြီး စုကု တည်နေရာကို လေ့လာလိုက်သည်။ ထို့နောက် မြင့်မားသော တောင်နှစ်ခုဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် သူသည် စတင်တူးဖော်လေတော့သည်။
ရှောက်ရွမ်နှင့် အခြားသူများလည်း ဝင်ရောက်ကူညီပေးလိုက်ကြသည်။
အချိန်များကုန်ဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်သည် အနည်းငယ်ပြောင်းလဲသွားပြီဖြစ်လေရာ သူတို့အတွက် တူးဖော်နေရခြင်းသည် ခက်ခဲနေခဲ့သည်။
ကံကောင်းစွာနှင့်ပင် စူးကု ၏ မှတ်ဉာဏ်သည် ကောင်းမွန်နေခဲ့သည်။ သို့သော်လည်း ကျောက်တုံးမြုပ်ထားသည့် နေရာကို အကြမ်းဖြင်း သူမှတ်မိနေဆဲဖြစ်သည်။ နေ့ဝက်ခန့်တူးဖော်ပြီးသည့်နောက်တွင် မြေအောက်တွင် နှစ်မြုပ်နေသည့် သစ်သား သေတ္တာတစ်လုံးကို သူတို့မြင်လိုက်ရသည်။
“ မင်းတို့အားလုံး ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထား “ စူးကု တောက်ပေနေသည့်မျက်လုံးများဖြင့် ပြောလိုက်သည်။
“ ငါကြည့်လို့မရဘူးလား “ ရှောက်ရွှမ် မေးလိုက်သည်။
စူးကု အနည်းငယ်တုံ့ဆိုင်းသွားသည်။ သို့သော် ရှောက်ရွှမ်သည်သူနှင့်သဘောတူ စာချုပ်
ချုပ်ထားခဲ့ပြီးဖြစ်သည်။ သူတို့သည် မျိုးနွယ်စု နတ်ရုပ်ဖြင့်ပင် သစ္စာဆိုခဲ့ကြသေးသည်။ ထို့အပြင် ရှောက်ရွှမ်တို့သည် သူကျောက်တုံးတူးဖော်သည်ကို ကူညီပေးခဲ့ကြသေးသည်။ သို့သော်လည်း သူသည် ရှောက်ရွှမ်ကို ကျောက်တုံး အားပြသရန် တုံ့ဆိုင်းနေဆဲဖြစ်လေသည်။
မြေကြီးထဲမှ သေတ္တာကို ဂရုတစိုက်ဖြင့် အပေါ်သို့ ဆွဲတင်လိုက်သည်။ ထို့နောက် သေတ္တာအပေါ်မှ သဲများကို ငြင်သာစွာ သုတ်လိုက်ပြီး သေတ္တာကို ဖွင့်လိုက်လေသည်။
အထဲတွင် သေးငယ်သော အရာတစ်ခုကို အဝတ်တစ်ခုဖြင့် ပတ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအရာလေးကို အထပ်ထပ်အခါခါ ထုပ်ပိုးထားခြင်းဖြစ်လေသည်။ ထို့ကြောင့် ထိုအထုပ်လေးသည် လက်သီးဆုပ်တစ်ခုအရွယ်ခန့် ရှိနေခဲ့သည်။ အထဲရှိ ကျောက်တုံးသည် ထို့ထက်ပို၍ သေးငယ်ပေသည်။
အထဲမှ အရာကိုထုတ်ယူလိုက်ပြီးနောက် စုကုသည် သူတန်ဖိုးအထားရဆုံးသော အရာတစ်ခုကို ကြည့်နေသည့်အလား ထိုအရာလေးကို စိုက်ကြည့်နေလိုက်သည်။
စူးကု လက်ထဲမှ အရာကို ကြည့်လိုက်ပြီး ရှောက်ရွှမ် မျက်လုံးမျာ အနည်းငယ် တွန့်ကွေးသွားသည်။ သူသည် ဤအရာကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမှော်လင့်ထားမိခဲ့ပေ။
အချိန်အတန်ကြာသည်အထိ ဤအရာသည် ဤလောကတွင်မရှိနိုင်တော့ဟုပင် သူထင်နေခဲ့သည်။ သို့သော်လည်း ယခုတွင် ရှောက်ရွှမ်ရှေ့တွင် ပေါ်ထွက်လာခဲ့လေပြီ။
ငိုင်တွေနေသည့် စူးကု ကိုကြည့်လိုက်ပြီး ရှောက်ရွှမ် ပြောလိုက်သည် “ လိပ်ကလေး နံပါတ်သုံး...... ဒါက ကျောက်တုံးမဟုတ်ဘူး ........... အဲ့ဒါ ရွှေပဲ ....... “
အိုး ရွှေတွေ......... ဒီတော့ ငါတို့ ရွှေတွင်း တစ်ခုကို ရှာတွေ့လိုက်တာလား..........