← Chapters

သစ္စာဖောက်၏ သတင်းစကား

Vol. 21 Ch. 304

သစ္စာဖောက်၏ သတင်းစကား

Vol. 21 Ch. 304

တောက်ယွီ .... ဤနာမည်သည် ရှောက်ရွှမ် အချိန်အတော်ကြာ မကြားခဲ့ရသော်လည်း သူ့စိတ်ထဲစွဲထင်‌နေခဲ့သည့် နာမည်တစ်ခု ဖြစ်သည်။

ဤအမည်သည် မျိုးနွယ်စုကို သစ္စာဖောက်သွားပြီး မျိုးနွယ်စုမှ လူများကို သတ်ဖြတ်ဖူးသည့် လူဆိုးများ၏ အမည်စာရင်းတွင်ပါဝင်နေသည့် နာမည်တစ်ခုဖြစ်သည်။ သူတို့ကို ဖမ်းဆီးနိုင်ရန်အတွက် မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆရာတို့သည် လူများကို လျှို့ဝှက်စေလွှတ်ခဲ့ဖူးသည်။ သူတို့သည် တောက်ယွီကို တွေ့ခဲ့ကြပြီး အပြစ်မဲ့သည့်လူများကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက်ကို ရရှိခဲ့ကြသည်။ သို့သော်လည်း တောက်ယွီသည် ပျောက်ဆုံးသွားခဲ့ပြန်ပြီ အချို့လူများက သူသေသွားပြီဟုပင် ထင်နေခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူသည် လည့်လည်သွားလာနေသူ တစ်ယောက် ဖြစ်သည်။

ရှောက်ရွှမ် ထပ်မတွေးနေတော့ပေ။ သူသည် ဤနာမည်ကို ထပ်မံမကြားရတော့ဟု ထင်နေမိခဲ့သည်။

“ တောက်ယွီက ဒီနေရာမှာ ရှိနေတာလား “ ရှောက်ရွှမ် မျက်နှာ မှောင်မဲသွားသည်။

လဲ့နှင့် ထွော်တို့သည်လည်း တောက်ယွီ၏နာမည်ကို ကြားလိုက်ကြရသည်။ သူတို့သည် နတ်ဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်တို့၏ အမိန့်ကို မှတ်မိလိုက်က်ကြသည်။ တွေ့သည့်နေရာတွင် တောက်ယွီကို သတ်ရမည်ဖြစ်သည်။ ထိုနာမည်ကို ကြားလိုက်ကြရသဖြင့် သူတို့သည်လည်း အတွေးနက်သွားကြပြီး သစ္စာဖောက်ကို ရှင်းလင်းနိုင်ရန်အတွက်ကို တွေးနေလိုက်ကြသည်။

ရှောက်ရွှမ်တို့ အုပ်စု၏ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် စူးကု၏ နှလုံးသား ရှင်းလင်းသွားလေသည်။ နားလည်မှုမလွဲစေရန်အတွက် သူအလျင်အမြန် ရှင်းပြလိုက်သည် “ မဟုတ်ဘူး ငါတို့ လော့ယဲ့ မြို့တော်မှာ မျိုးနွယ်စုကို သစ္စာဖောက်ခဲ့တဲ့ လူတွေကို လက်ခံမထားဘူး။ အရင်တုန်းကတော့ မျိုးနွယ်စုကို သစ္စာဖောက်ခဲ့တဲ့ လူတွေက ကျွန်ပိုင်ရှင်တွေနဲ့ ဆက်သွယ်တတ်ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဖေနဲ့ မျိုးနွယ်စုတွေက သဘောတူညီချက်တစ်ခု ထားထားကြတယ်လေ။ မျိုးနွယ်စုကို သစ္စာဖောက်ခဲ့တဲ့ လူတွေကို အဖေက လက်ခံမထားတော့ပဲနဲ့ မျိုးနွယ်စုတွေကို လက်ဆောင်အဖြစ် ပြန်ပေးအပ်တယ် “

ရှောက်ရွှမ်၏ မျက်နှာကို ကြည့်လိုက်ပြီး နောက် စုကု ဆက်ပြောလိုက်သည် “ ဒါပေမယ့် လော့ယဲ့မြို့တော်က ဒီလိုလုပ်ပေမယ့် တခြားမြို့တော်တွေကတော့ ဒီလိုလုပ်ချင်မှ လုပ်လိမ့်မယ်။ မျိုးနွယ်စုက သစ္စာဖောက်ပြီးထွက်လာခဲ့တဲ့ လူတွေက

တခြားမြို့တွေမှာ ကျွန်ပိုင်ရှင်တွေရဲ့ စီနီယာ ကျွန်တွေ ဖြစ်လာကြတယ်လေ။ မျိုးနွယ်စုတွေက သဲကန္တာရထဲကို လာရှာကြပေမယ့် ရှာတွေ့တာက နည်းနည်းပါ ........ ဘယ်လိုပဲ ဖြစ်ဖြစ် သဲကန္တာရက ငါတို့ ကျွန်ပိုင်ရှင်တွေရဲ့ ပိုင်နက်ပဲလေ “

ရှောက်ရွှမ်တို့ အုပ်စု တည်ငြိမ်သွားစေရန်အတွက် စူးကု ထိုအချက်ကို ထည့်ပြောလိုက်သည်။ သူသည် သူတို့ကို သစ္စာဖောက်အား လိုက်လံရှာဖွေ သတ်ဖြတ်မည်ကို မလိုချင်သေးပေ။ သစ္စာဖောက်များသည် သင့်တင့်သော အပြစ်ပေးမှုကိုတော့ ခံယူရမည်ဖြစ်သည်။

“ တောက်ယွီက နတ်စစ်သည်တော် တစ်ယောက်မဟုတ်ဘူး၊ သူက လှည့်လည်သွားလာသူ တစ်ယောက်ပဲ “ ရှောက်ရွှမ် ပြောလိုက်သည်။ သို့သော်လည်း စူးကု၏ မျက်နှာအမူအယာအရ သူသည် မောင်းထုတ်ခြင်းခံရသည့် မျိုးနွယ်စု နတ်စစ်သည်တော် တစ်ယောက်နှင့် လှည့်လည်

သွားလာသူ အကြားရှိ ကွာခြားချက်ကို သိရှိမည့်ပုံ မပေါ်ပေ။ သူဆက်ပြီး ရှင်းပြရမည့်အစား မေးလိုက်လေသည် “ တောက်ယွီက အခုဘယ်မှာလဲ “

“ ငါအခုထိတော့ မသိသေးဘူး။ အိုက်ရှစ်ကို အခုလေးတင်ပဲ ငါမေးလိုက်သေးတယ်။ သူပြောတာကတော့ အရင်နှစ်က သားရဲမြို့တော်မှာ တောက်ယွီကို မြင်လိုက်တယ်တဲ့ “ စူးကု ပြောလိုက်သည်။ ယခင်က သူသည် သူ့အကိုနှစ်ယောက်တို့ ထောင်သော ထောင်ချောက်မှ မည်သို့ ရှောင်တိမ်းရမည်၊ မည်သို့အသက်ရှင်ရမည်၊ သူ့သိမ်းသွင်းကျွန်ပြုခြင်း အရည်အချင်းကို မည်သို့မြင့်တင်ရမည် အခြားသူများကို မည်သို့ဂရုမစိုက်ပဲနေရမည် ဆိုသည့် အရာများတွင်သာ အလုပ်ရှုပ်နေခဲ့သည်။ ယခုတွင် မီးတောက် ဦးချိုမျိုးနွယ်စု၏ အားပေးကူညီမှုဖြင့် သူသည် သူတို့၏ ကိစ္စထဲတွင် ဝင်ပါနေမိပြီဖြစ်သည်။

“ သားရဲမြို့တော် ဟုတ်လား “ ရှောက်ရွှမ် ထို

နာမည်ကို ပထမဦးဆုံးအကြိမ် ကြားဖူးလိုက်ခြင်းဖြစ်သည်။ သူသည် သဲကန္တာရထဲမှ ကျွန်ပိုင်ရှင် အချို့တို့နှင့် မြို့တော်များ၏ သတင်းများကို စုကုထံမှသာ ကြားရပေသည်။

“ ဒါက ကျွန်ပိုင်ရှင်တစ်ယောက် ပိုင်တဲ့ မြို့တော်တော့မဟုတ်ဘူး၊ ကျွန်ပိုင်ရှင်တွေ တစ်နှစ်ပတ်လုံး သွားလာလို့ရတဲ့ မြို့တော် တစ်ခုပဲ “ စူးကု ရှင်းပြလိုက်သည်။

သားရဲ့မြို့တောသည် သဲကန္တရာ အနက်ပိုင်းတွင်တည်ရှိနေသည်။ ထိုမြို့တော်သည် အကြီးဆုံးသော ကျွန်ပိုင်ရှင် သုံးယောက်တို့က အနားယူရန်နှင့် အပျော်ရှာရန်အတွက်တည်ဆောက်ထားခဲ့သည့် မြို့တော် တစ်ခုဖြစ်သည်။ သူတို့သုံးယောက်သာမက မြို့တော်ကို လူပိုစည်ကားစေရန်အတွက် အခြား မြို့တော်များမှ ကျွန်ပိုင်ရှင်များနှင့် ကျွန်များကိုပါ လာခွင့်ပြုထားခဲ့သည်။

သားရဲမြို့တော်သည် နာမည်နှင့်လိုက်ဖက်စွာပင် သားရဲများအတွက်ဖြစ်သည်။ များစွာသော ကျွန်ပိုင်ရှင်များသည်သူတို့ မွေးမြူထားခဲ့ကြသည့် သားရဲများကို ထိုမြို့တော်သို့ ခေါ်လာခဲ့ကြပြီး အခြားကျွန်ပိုင်ရှင်များ၏ သားရဲများနှင့် တိုက်ခိုက်ခိုင်းကြလေသည်။

“ တောက်ယွီက အဖြူရောင်ကျောက်တုံးမြို့နာမည်နဲ့ သားရဲမြို့တော်ထဲမှာ နေနေတယ်၊ သူက တခြားသားရဲတွေကို တိုက်ခိုက်ပေးတတ်တယ် “ စုကု ပြောလိုက်သည်။

“ ခနလေး..... သားရဲတွေ တိုက်ခိုက်တာလေ၊ တောက်ယွီက ဘာလို့ပါဝင်နေတာလဲ “ ရှောက်ရွှမ် မေးလိုက်သည်။

“ တောက်ယွီကိုယ်တိုင်ကိုက သားရဲပဲလေ “ စုကု

ပြောလိုက်သည်။ “ ကျွန်ပိုင်ရှင်တွေကို ကျေနပ်စေဖို့အတွက် ပါဝင်တိုက်ခိုက်ကြတဲ့ ကျွန်တွေအများကြီးရှိတယ်။ သူတို့အနိုင်ရရင် အခွင့်အရေးတွေ အများကြီးရတယ်လေ ၊ ဥပမာ အချုပ်အနှောင်တွေကို ဖြေလျော့ပေးတာ မျိုးပေါ့ “

ကျွန်များကို ကျွန်ပြုလိုက်သည့်အချိန်တွင် ကျွန်များသည် စွမ်းအားအသစ်တစ်ခုကို ရရှိလာကြလေသည်။ သို့သော်လည်း သူတို့အဆင့်မတက်နိုင်စေရန်အတွက် ကျွန်ပိုင်ရှင်များသည် အချုပ်အနှောင်များကို ထားထားတတ်ကြသည်။ အကယ်၍ အဆင့်တက်လိုလျှင် ကျွန်ပိုင်ရှင်က ထိုအချုပ်အနှောင်ကို ဖြေလျော့ပေးမှ ဖြစ်လိမ့်မည် ဖြစ်သည်။

အချုပ်အနှောင်ကို ဖြေလျော့ပေးလိုက်ခြင်းသည် ထိုကျွန်အဆင့်တက်နိုင်ခြင်းကို ဖော်ညွှန်းနေသည်။ မှန်ပေသည် ကျွန်များတွင်လည်း အမျိုးမျိုးသော အရည်အချင်းများ ရှိနေကြပေသည်။

ကျွန်ပိုင်ရှင်များသည် မီးတောက်မျို့စေ့များကဲ့သို့ပင် ဖြစ်ပြီး လက်‌ဆောင်အဖြစ် ပေးအပ်နိုင်ကြလေသည်။

စူးကု၏ စကားကြောင့် ရှောက်ရွှမ် အတော်လေး သိလိုက်ရသည်။ သူ တောက်ယွီကို.......။

သူသည် လှည့်လည်သွားလာသူ တစ်ယောက်အနေဖြင့်သာ ကျွန်အဖြစ်လက်ခံလိုက်ခြင်း ဖြစ်သည်။ ကျွန်တစ်ယောက် ဖြစ်လာပြီးနောက် သူသည် မြင့်မားသော အဆင့်တစ်ခုကို တက်နိုင်ပေလိမ့်မည်။ သိသာစွာပင် သူသည် ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်နေပေ။ အခြေအနေကို ကြည့်ရခြင်းပင် တောက်ယွီသည် ဉာဏ်ထက်ပြီး ရည်မှန်းချက်ကြီးမားသူ တစ်ယောက် ဖြစ်ကြောင်း သိသာနေသည်။ သူသည် သူ့မျို့းနွယ်စုကိုလည်း လှည့်မကြည့်ပဲ နေနိုင်ခဲ့သည်။ သူတို့သည် သူ့အကျင့်စရိုက်ကို သိထားကြပေသည်။

သို့သော်လည်း ထိုကဲ့သို့သော လူတစ်ယောက် ကျွန်ဖြစ်လာခြင်းသည် အမှန်ပေလော........။

“ ငါကြားတာတော့ မင်းတို့မျိုးနွယ်စုက လူတော်တော်များများက ကျွန်တွေဖြစ်လာချင်ကြတယ်တဲ့ ။ ဒါပေမယ့် လက်ရှိအထိတော့ ကျွန်ဖြစ်လာတဲ့ လူတွေက သိပ်မများနေဘူး “ စူးကု ပြောလိုက်သည်။

“ သိပ်မများနေဘူး ဆိုတာက......... မင်းဆိုလိုတာက ငါတို့ မီးတောက် ဦးချို မျိုးနွယ်စုက တောက်ယွီအပြင်တခြားလူတွေကလည်း ကျွန်ဖြစ်လာဖို့ကို လက်ခံလိုက်ကြတယ်လို့ ဆိုလိုနေတာလား “ ရှောက်ရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

“ ထင်တာပဲ “ စူးကု မသေချာနေပေ။ သူသည်

ကိုယ်တိုင်တွေ့ခဲ့ခြင်းမဟုတ်ပဲ တဆင့်ကြားခဲ့ရခြင်းသာ ဖြစ်သည်။ ရှောက်ရွှမ်တို့အုပ်စု အမူအယာကို ကြည့်လိုက်ပြီးနောက် စုကုသည် မူလက မီးတောက်ဦးချို မျိုးနွယ်စုမှ ကျွန်များကို သူလည်း အလိုရှိကြောင်း ပြောမည်ကို မပြောဖြစ်တော့ပဲ မျိုသိပ်ထားလိုက်လေသည်။ ဤလူများသည် ကျွန်ဖြစ်ရသည်ကို နှစ်သက်ဟန် မရသည့်အတွက် သူလည်း ဘာကိုမှ မပြောတော့ပေ။

“ အဲံဒီ သစ္စာဖောက်တွေက တကယ် အရှက်မဲ့တာပဲ “ လဲ့သည် ကျွန်အဖြစ် ခံယူလိုက်သည့် သစ္စာဖောက်များကို ဒေါသထွက်နေခဲ့သည်။ အထူးသဖြင့် တောက်ယွီကိုဖြစ်သည်။ သူသည် လူသတ်သမားဖြစ်ယုံသာမက ကျွန်တစ်ယောက်ပင် ဖြစ်လာခဲ့သေးသည်။

လဲ့သည် တောက်ယွီကို ဒေါသထွက်နေသည်ကိုမြင်လိုက်ရသည့် အခါတွင် ထွော်သူ့ကို နှစ်သိမ့်

လိုက်သည်။ သူသည်လည်း သူတို့၏ အခြေအနေကိုနားလည်နေပြီး ဒေါသထွက်နေခဲ့သည်။

စူးကု ၏ စကားများ အရ တောက်ယွီသည် အဖြူ‌ရောင်ကျောက်တုံး မြို့တော်လက်အောက်မှ ကျွန်တစ်ယောက် ဖြစ်ဟန်ရသည်။ ထိုမြို့တော်မှ ကျွန်များသည် အဆင့်အတန်းနိမ့်သည့်ပုံမရှိပေ။ အကယ်၍ သူတို့သုံးယောက်သာ အလျင်စလိုလုပ်ခဲ့မိလျှင် သူတို့ဘာကိုမှ ရလိမ့်မည် မဟုတ်‌ပေ။

“ အဖြူရောင်ကျောက်တုံးမြို့တော်နဲ့ ငါတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းနေဘူး။ အိုက်ရှစ်ထင်ထားတာကတော့ အရင်တစ်ခေါက် ငါတို့မြို့တော်ထဲမှ ဖြစ်ခဲ့တဲ့ ကိစ္စက အဖြူရောင်ကျောက်တုံးမြို့တော် ရဲ့ စနက်မကင်းဘူးလို့ ထင်ထားတယ်။ ပြီးတော့ တောက်ယွီလည်းပါဝင် ပတ်သက်နေလိမ့်မယ်။ ဒီတော့ သူက မီးတောက်ဦးချိုများ မျိုးနွယ်စုကို တမင် သိက္ခာ ချနေသလိုပဲ “ စူးကု ရှင်းပြလိုက်သည်။

“ ငါသိပြီ “ ရှောက်ရွှမ် ခေါင်းညိတ်လိုက်သည်။ တောက်ယွီသည် ခြိမ်းချောက်မှုကြီးတစ်ခုဖြစ်နေကြောင်း ကို သူနားလည်ပေသည်. သူ့ကိုယ်ပိုင်မျိုးနွယ်စုမှ လူများကို လိမ်လည်လည့်စားပြီး သတ်ဖြတ်ရန်ပင် တုံ့ဆိုင်းနေခြင်း မရှိပဲ မျိုးနွယ်စုကို မုန်းတီးနေခဲ့သည့် လူတစ်ယောက်ကို တစ်ကြိမ်တည်းနှင့်ကိုင်တွယ်နိုင်မှ ဖြစ်ပေမည်။

သူစဉ်းစားနေစဉ်တွင် သိမ်းငှက်အော်သံတစ်ခုကို ရှောက်ရွှမ် ကြားလိုက်ရသည်။

“ အခြေအနေထူးပြီ “ ရှောက်ရွှမ် အပြင်သို့ပြေးထွက်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

“ ဘာတွေဖြစ်နေတာလဲ “ ရှောက်ရွှမ်တို့ စိတ်လှုပ်ရှားနေပုံကို ကြည့်လိုက်ပြီး စုကု သိလိုစိတ်

ဖြစ်သွားလေသည်။

မဝေးသော နေရာတစ်ခုတွင် အိုက်ရှစ်သည် ပြေးလာခဲ့ပြီး “ သခင်လေး ဘာတွေဖြစ်နေတာလဲ “

စူးကု ပြန်မဖြေ လိုက်ပေ။ ထို့အစား သူသည် မည်သို့ဖြစ်နေသည်ကို မသိသည့်ပုံစံဖြင့် ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်လေသည်။

ကောင်းကင်ထင်ရှိ သိမ်းငှက်ကို ရှောက်ရွှမ် ကြည့်နေခဲ့သည်။ သူသည် တစ်နေရာကို ညွှန်ပြလိုက်ပြီး “ အဲ့ဒီဖက်မှာ တစ်ခုခုတော့ ဖြစ်နေပြီ “

အိုက်ရှစ် ကောင်းကင်ထက်ရှိ သိမ်းငှက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် အခြားကျွန်များကို သတိပေးရန်အတွက် ပြေးသွားလိုက်သည်။

အိုအေစစ်ကိုခိုးယူဖို့ အတွက် နောက်တစ်ကြိမ်ကြိုးစားနေကြတာလား ...... အိုက်ရှစ် တွေးမိလိုက်သည်။

အိုအေးစစ်သည်သေးငယ်သော်လည်း အိုက်ရှစ်သည် သူ့သံသယများကို မစွန့်လွတ်နိုင်သေးပေ။ သဲကန္တာရတွင် အိုအေစစ်များသည် တန်ဖိုးရှိလှပေသည်။ မြို့တော်များ အကြားရန်ပွဲများသည် အိုအေစစ်များကြောင့် ဖြစ်လာကြခြင်း ဖြစ်သည်။

“ ကျိ...... “

ကောင်းကင်ထက်ရှိ သိမ်းငှက် နောက်တစ်ဖန် အော်မြည်လိုက်သည်။ ကြည့်ရသည်မှ နောက်ထပ် သတိပေးချက်တစ်ခု ဖြစ်ဟန်ရသည်။

“ လာပါ “ ရှောက်ရွှမ် ပြောလိုက်သည်။

လူတိုင်းသည် အဝေးတစ်နေရာတွင် ရှိနေသည့် သဲတောင်များကို ကြည့်လိုက်ကြသည်။ သဲတောင်များ ထက်တွင် များစွာသော အနက်ရောင် အစက်အပျောက်များကို တွေ့လိုက်ရသည်။ ထိုအစက်များသည် ပြေးလွှားနေကြသည့် လူများ ဖြစ်ကြသည်။ လူများသည် အော်ဟစ်နေခဲ့ကြပြီး အိုအေစစ်ထံသို့ ပြေးလာနေခဲ့ကြသည်။

“ ဒီလူတွေက လော့ယဲ့မြို့တော်က ကျွန်တွေပဲ “ စူးကု မြင်လိုက်သည်။ သူသည် ထိုသူများကို အလွယ်တကူ ခွဲခြားနိုင်ပေသည်။ “ ဒါက ဒုတိယအကိုကြီးရဲ့ ကျွန်တွေပဲ ။ ကျုပ်အဲ့ဒီရှေ့က လူကိုမြင်ဖူးတယ်။ လွန်ခဲ့တဲ့ရက်တွေက သူ့ကို မြို့တော် ပြင်ပက ကိစ္စတွေကို လုပ်ခိုင်းဖို့အတွက်

ခိုင်းနေတာကို ကျုပ်ကြားလိုက်သေးတယ် “

စူးကုသည် ထိုအချိန်က သူ့ဒုတိယအကို မည်သည့်အရာကို လုပ်နေသည်ကို မသိခဲ့ပေ။ သူသည် မြို့တော် အပြင်သို့ထွက်လာခဲ့စဉ် ထိုဖြစ်ရပ်ကို မေ့သွားခဲ့သည်။ စူးကု သူတို့ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

“ ကြည့်ရတာ သူတို့နောက်မှ ကြောက်စရာ တစ်ခုခုရှိနေပုံရတယ် “ လဲ့ပြောလိုက်သည်။ သူသည် နီးကပ်လာနေသည့် အန္တရာယ်ကို ခံစားမိနေခဲ့သည်။ သူ့ကိုပင်တုန်ယင်စေသည့် တစ်စုံတစ်ခု ဖြစ်သည်။

“ အားရွှမ် “ ထွော် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး သူတို့ မည်သို့လုပ်ရမည်ကို မေးလိုက်သည်။

ရှောက်ရွှမ် လက်ဟန်ပြလိုက်လေသည်။ ဤသည်မှာ အမဲလိုက်ရာတွင် သူတို့အသုံးပြုသည့် လက်ဟန် ဖြစ်ပြီး တိတ်တဆိတ်နေရန်နှင့် ဆက်စောင့်ကြည့်ရန် အတွက်ရည်ညွှန်းလေသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာသည် မီးတောက် ဦးချို မျိုးနွယ်စုတွင် မဟုတ်ပေ။ ဤနေရာသည် ကျွန်ပိုင်ရှင်များ၏ နေရာဖြစ်ပြီး သူတို့အနေဖြင့် တိုက်ခိုက်ရန် မလိုအပ်ပေ။

ကျွန်များ နီးကပ်လာကြလေပြီ။ ရှောက်ရွှမ်သည် သဲထဲတွင် လှုပ်ရှားနေသည့် တစ်စုံတစ်ရာကို တွေ့လိုက်ရသည်။ တစ်စုံတစ်ရာသည် လျင်မြန်စွာရွေ့လျားနေပြီး ကျွန်များကို လိုက်ဖမ်းနေဟန်ရသည်။

ဘန်း.....

ကျွန်များ၏ ရှေ့တွင် သဲများ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် သဲများထဲမှ ကြီးမားသည့် တစ်စုံတစ်ရာ ထွက်လာခဲ့သည်။

ကြမ်းတမ်းသော အကြေးခွံများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သည်။ သူ့ရှေ့တွင် ပြေးနေသည့် လူများကို ကြီးမား ဝိုင်းစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည့် သတ္တဝါတစ်ကောင် ထွက်လာခဲ့သည်။ ၎င်းသည် တောင်ထိပ်တစ်ခုတွင် ရပ်တန့်လိုက်ပြီး မြွေဟောက်တစ်ကောင်ကဲ့သို့ ပါးစပ်ကို ဟထားလိုက်သည်။ ထို့နောက် ပါစပ်ထဲမှ ထက်ရှသည့် သွားများ ပေါ်လာခဲ့ပြီး မြေပြင်ကို ရိုက်ချလိုက်သည်။

မျက်တောင်တခတ်အတွင်းမှာပင် မြေပြင်ထက်တွင် ရှိနေခဲ့သည့် ကျွန်လေးယောက်သည် သားရဲကြီး၏ ပါးစပ်အတွင်းသို့ ဝင်သွားခဲ့သည်။

“ သဲမြန် သားရဲပဲ ...... အဲ့ဒါက သဲမြန် သားရဲ “ အိုအေစစ်မှ ကျွန်များ အော်ဟစ်လိုက်ကြသည်။

ပြောကြသည်မှာ သဲမြန်သားရဲများသည် မြေမျိုသကဲ့သို့ သဲများပြိုကျစေရန်ပြုလုပ်နိုင်ပြီး သားကောင်များကို အမဲလိုက်နိုင်သည်။ သူ့နာမည်သည် ထိုအရည်အချင်းမှ လာခြင်းဖြစ်သည်။ တချိန်တည်းတွင်ပင် အချို့လူများသည် ထိုသားရဲကို သဲကန္တာရ သားရဲဘုရင်ဟုလည်း ခေါ်ကြသည်။ သူ့ခန္ဓာကိုယ်သည် ကြီးမားပြီး စွမ်းအားမြင့်တိုက်ခိုက်မှုများကိုပြုလုပ်နိုင်သည်။ ၎င်းသည် သဲများနှင့် အရောင်သွေးလည်း တူညီနေသေးသည်။

သူတို့၏ အရည်ပြားများ၊ သွေးများ၊ အရိုးများနှင့် အခြားအရာများသည် အဝါရောင် သဲအရောင်သာ ဖြစ်ကြသည်။ အထူးသဖြင့် သူတို့၏ ဦးချိုများ ဖြစ်သည်။ ဦးချိုများ၏ အ‌ရောင်သည်

ရွှေရောင် ဖြစ်နေခဲ့သည်။ ကျွန်ပိုင်ရှင်များသည် သူတို့၏ ဦးချိုများကို အသုံးအဆောင် ပစ္စည်းများအဖြစ် ပြုလုပ်သုံးစွဲကြလေသည်။ အချို့သော ကြီးမားသည့်ကျွန်ပိုင်ရှင်များသည် သူတို့ ဦးချိုများကို သရဖူများ အဖြစ် ပြုလုပ်သုံးစွဲကြလေသည်။

သို့သော်လည်း ထိုသားရဲများသည် သဲကန္တရထဲတွင် သိပ်တွေ့ရလေ့မရှိပေ။ သူတို့ ပေါ်လာသည်မှာ အမဲလိုက်ရန်သာ ဖြစ်သည်။ လူသားများသည် ၎င်း၏ အဓိက သားကောင် မဟုတ်ပေ။ ထို့ကြောင့် များသောအားဖြင့် သူတို့သည် လူများကို အမဲလိုက်လေ့ မရှိကြပေ။ လူသားများသည် သေးငယ်၍ပင်လော ၊ စားရန်မလုံလောက်၍ပင်လော အချိန်မဖြုန်းလို၍ပင်လော မသိရပဲ ၎င်းတို့သည် လူသားများကို အမဲလိုက်ကြခြင်း မရှိကြ‌ပေ။ ယခုတွင် ထိုသားရဲကြီးသည် ဒေါသတကြီးနှင့် ကျွန်များနောက်သို့ လိုက်နေခဲ့လေပြီ။ ကြည့်ရသည်မှာ ကျွန်များသည်

သားရဲကြီးဒေါသထွက်အောင် တစ်စုံတစ်ခု ပြုလုပ်ခဲ့ကြပုံ ပေါ်သည်။

“ ငါသိပြီ၊ ဒုတိယ အကိုက အဖေ့မွေးနေ့လက်ဆောင်ပေးရအောင် သဲမြန်သားရဲကို အမဲလိုက်ခိုင်းလိုက်တာပဲ “ စူးကု အော်ဟစ်လိုက်သည်။

ထို့ကြောင့် သူ့ဒုတိယအကို၏ ကျွန်များသည် သဲမြန်သားရဲကို အမဲလိုက်ရန်အတွက် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပေမည်။ ယခုတွင် သူတို့အမဲလိုက် ခြင်း ကျရှုံးခဲ့ရုံမက သူတို့ကိုယ်တိုင်ပင် သားရဲ၏ ပြန်အမဲလိုက်ခြင်းကို ခံနေကြရသည်။ ထို့ကြောင့် ထိုသူများသည် အိုအေစစ်အတွင်းရှိ ကျွန်များထံသို့ ထွက်ပြေးလာခြင်းဖြစ်သည်။

All Chapters