← Chapters

တိုက်ခိုက်ခြင်း

Vol. 21 Ch. 306

တိုက်ခိုက်ခြင်း

Vol. 21 Ch. 306

သူ့အထူးမြင်ကွင်းအတွင်း၌ ရှောက်ရွှမ်သည် သဲများကိုပင် ဖောက်ထွင်းကြည့်နိုင်ကာ သဲမြန်သားရဲကြီး၏ ခြေထောက်များနှင့် ရှည်လျားသည့်အမြီးကြီးကို အကြေးခွံများက ဖုံးအုပ်နေသည်ကိုပင် တွေ့နိုင်ပေသည်။

ယခင်က ဤစွမ်းရည်သည် အချို့သော အရာများကို ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။ သို့သော်လည်း ဤစွမ်းရည်တိုးတက်လာသည်နှင့်အမျှ ရှောက်ရွှမ်သည် ပိတ်ဆို့တားဆီးနေသည့်အရာ တချို့ကိုပင် ဖောက်ထွင်းမြင်လာနိုင်ခဲ့သည်။ သူသည် မြေအောက်တွင် ရှိနေသည့်အရာများကိုပင် ဖောက်ထွင်းမြင်နိုင်နေပြီဖြစ်သည်။ ဖောက်ထွင်းမြင်နိုင်သည့်အကန့်အသတ်တစ်ခုတော့ ရှိနေပေသေးသည်။ မြေအောက်သို့ရောက်လေ ရှောက်ရွှမ် မြင်နေရသည်မှာ ဝေဝါးလေလေ ဖြစ်သည်။ ထို့ကြောင့်ပင်သူသည် မြေကြီးအောက်ရှိ သားရဲ

ကြီး၏ ခန္ဓာကိုယ်တစ်ပိုင်းကို မြင်နေရသော်လည်း ရှင်းလင်းစွာတော့ မမြင်နေရပေ။

ယခင်က အမဲလိုက်ထွက်စဉ်က မရင်းနှီးသော ကြမ်းတမ်းသည့် သားရဲကောင်များနှင့်ရင်ဆိုင်တွေ့ရလျှင် ရှောက်ရွှမ် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။ သို့သော်လည်း သူ့အနေဖြင့် သေချာ အသေးစိတ်လေ့လာရန်အတွက်မူ အချိန်မပေးနိုင်ခဲ့ပေ။

သားရဲများ၏ အကျင့်စရိုက်များ၊ တိုက်ပွဲတွင် ပြုလုပ်တတ်သည့်အကျင့်စရိုက်များ နှင့် တိုက်ပွဲတွင် လှုပ်ရှားတတ်ကြပုံများကို အချိန်လုံလုံလောက်လောက်သာ ရခဲ့လျှင် ရှောက်ရွှမ် လေ့လာကြည့်နိုင်ပေမည်။

အိုအေစစ်အစွန်းတဖက်တွင်ကျွန်များနှင့်

တိုက်ခိုက်နေသည့် သဲမြန်သားရဲကြီးကို ရှောက်ရွမ် ကြည့်နေလိုက်သည်။ ၎င်းသည် လျှင်မြန်စွာဖြင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့လေသည်။

နောက်တစ်ခဏတွင် နောက်ထပ်လူငါးယောက်တို့သည် သားရဲကြီးပါးစပ်အတွင်းကျဆင်းသွားပြန်သည်။

သဲမြန်သားရဲကြီးသည် အလုံးစုံနီးပါး ပြည့်စုံနေခဲ့ပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ရှောက်ရွှမ် ရှာမတွေ့နေခဲ့ပေ။ ယခုတွင် ကျွန်များ ကြမ်းတမ်းစွာ အဆက်မပြတ်တိုက်ခိုက်နေခြင်း ကြောင့်သာ ၎င်း၏ အကြေးခွံများတွင် ဒဏ်ရာများ ပေါ်လာခြင်းဖြစ်သည်။

ရုတ်တရက် သားရဲကြီး၏ မြေတွင်နှစ်မြုပ်နေခဲ့သည့် စွမ်းအားကြီးမားသည့် ခြေထောက်

များသည် ကွေးညွတ်နေခဲ့သည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။

“ ရှောင်လိုက် ၊ အဲ့ဒါကြီးက ခုန်တော့မယ် “ ရှောက်ရွှမ် အော်ဟစ်လိုက်သည်။

ရှောက်ရွှမ် အသံထွက်ပေါ်လာသည်နှင့် သားရဲကြီးရှိနေသည့် မြေနေရာတွင် များစွာသော သဲများ ပြို့ကျလာခဲ့လေသည်။ ရုတ်တရက် ကြီးမားသော သားရဲကြီးသည် မြေထဲမှ ခုန်တက်လာခဲ့လေ၏။ သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးသည် မြေပြင်ပေါ်သို့ မြှောက်တက်လာခဲ့လေပြီ။ သဲများသည် ရေတံခွန်များကဲ့သို့ စီးဆင်းကျလာလေသည်။ လေထဲသို့ ခုန်တက်နေစဉ်တွင် ရှည်လျားသော အမြီးကြီးသည် လှုပ်ယမ်းနေခဲ့ပြီး ထိန်းညှိမှုကို ပြုလုပ်နေခဲ့သည်။

သဲမြန်သားရဲကြီးသည် စိတ်ရှည်မှုများ

ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် ထိုလူများနှင့်ဆက်ပြီး မတိုက်ခိုက်ချင်တော့ချေ။ ၎င်းသည် တိုက်ပွဲ ဧရိယာမှ ထွက်သွားလိုနေပြီး ထွက်ပြေးခြင်းတော့မဟုတ်ပေ။ ထို့အစား၎င်းသည် အိုအေစစ်ကို ကာဆီးထား‌ပေးသည့် ငါးမီတာမြင့်သော သစ်သားနှင့် ကျောက်တုံး နံရံကို ကျော်ဖြတ်ကာ အိုအေစစ်အတွင်းသို့ ဝင်လာပြီး ဖျက်ဆီးမှုများကို စတင်လုပ်ဆောင်ပေတော့၏။

ရှောက်ရွှမ် အလျင်အမြန်သတိပေးလိုက်သောကြောင့် လဲ့၊ ထွော်နှင့် စူးကုတို့သည် ၎င်းကို ထပ်မံရှောင်တိမ်းလိုက်နိုင်သည်။ ရှောက်ရွှမ်သည် မူလက နောက်ပြန်ဆုတ်ချင်သော်လည်း ရုတ်တရက် သားရဲကြီးထံတွင် အကြားအလပ်တစ်ခုကို တွေ့လိုက်မိလေသည်။

ထိုနေရာသည် သားရဲကြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် ဖြစ်လေ၏။ ထိုနေရသည် ၎င်း၏ လည်ပင်းရှိ အရစ်များ အောက်ဖက် နေရာတွင်တည်ရှိနေ

ခြင်းဖြစ်သည်။ ထိုအကြားအလပ်နေရာလေးသည် သားရဲကြီး ဟိန်းဟောက်လိုက်သည့်အချိန်တွင် ပေါ်လာတတ်သည်။ ၎င်း တိတ်ဆိတ်သွားသည့်အချိန်တွင် ထိုအဟလေးသည်လည်း ပျောက်ကွယ်သွဦးတတ်သည်။ ၎င်းကိုကြည့်လိုက်လျှင် တံခါး တစ်ချပ်နှင့်တူညီပေသည်။

ထို့နောက် သားရဲကြီးသည် ၎င်း၏ အမြီးကိုလှုပ်ယမ်းလိုက်ပြီး အိုအေစစ်အတွင်းသို့ ဝင်သွားခဲ့သည်။ ၎င်း၏ သန်မာသည့် ရှေ့ခြေလက်များနှင့် နောက်ခြေထောက်များသည် မြေပြင်ပေါ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ၎င်းကို ကြည့်ရသည်မှာ အိမ်များကို ဖျက်ဆီးနိုင်သည့် သံချပ်ကာကား တစ်စီးနှင့် တူနေခဲ့သည်။

ဖုန်မှုံ့များနှင့် သဲမှုန့်များ လဲပြိုကျလာခဲ့သည်။ ကြည့်ရသည်မှာ သဲမုန်တိုင်းတစ်ခု တိုက်ခတ်နေသည့်ပုံဖြစ်နေသည်။ တချိန်တည်းတွင်ပင် သဲမုန်တိုင်းကို ပြုလုပ်လိုက်သည့် သားရဲသည်

အိုအေစစ်အတွင်းရောက်နေခဲ့ပြီဖြစ်သည်။ ၎င်းသည် လှည့်ပတ် တိုက်ခိုက်နေပြီး မာန်ဖီနေခဲ့သည်။

ကျွန်များ၏ တိုက်ခိုက်မှုများသည် အလျင်စလိုဖြစ်လာကြပြီး အစီအစဉ်မကျနေတော့ချေ။ ၎င်းတို့သည် အချင်းချင်းပင် တိုက်ခိုက်မိကြသေးသည်။

အိုက်ရှစ်အော်ဟစ်လိုက်သော်လည်း ကျွန်များ၏ စုပေါင်းလုပ်ဆောင်နိုင်စွမ်းသည် ကျဆင်းနေခဲ့ရပြီဖြစ်သည်။ အိုအေစစ်တစ်ခုလုံးသည် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

စူးကုနှင့်အတူရှိနေခဲ့သည့် ဝူရှစ်သည် အဝေးတစ်နေရာမှ တိုက်ပွဲကို လေ့လာကြည့်ရှုနေခဲ့သည်။

ရှောက်ရွှမ် ယခင်က ရပ်နေခဲ့သည့် အိမ်သည် သားရဲကြီး၏ အမြီးရိုက်ချက်ကြောင့် ပြိုလဲကျသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်းသူသည် အခွင့်အရေးတစ်ခုကို တွေ့လိုက်သည်။ ရှောက်ရွှမ် သစ်ပင်တစ်ပင်ဆီသို့သွားလိုက်ပြီး လေချွန်လိုက်သည်။ ထို့နောက် သူလက်ဟန်အချို့ကို ပြသလိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။ သူသည် သားရဲကြီး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့ပြီး မနီးမဝေးနေရာတွင်သာ နေနေခဲ့သည်။

“ အားရွှမ်က ဘာလုပ်ချင်နေတာလဲ “ လဲ့ သူ့ဘေးမှ ထွော်ကို မေးလိုက်သည်။ သူသည် တိုက်ပွဲထဲသို့ ဝင်ချင်နေခဲ့သော်လည်း ထွော်က သူ့ကိုပြန်ဆွဲထားလိုက်ခြင်း ဖြစ်သည်။

“ သူဘာကိုစီစဉ်နေတယ် ဆိုတာကို ငါလည်းမသိဘူး။ ဒါပေမယ့် ရှောက်ရွှမ်က ငါတို့ကို အခုထိ မသွားခိုင်းသေးဘူးဆိုတော့ ငါတို့ ဒီနေရာမှာပဲ

စောင့်နေရအောင် “ ထွော် ပြောလိုက်သည်။

အိုအေစစ်အတွင်းမှ ကျွန်များ သားရဲကြီးနှင့် တိုက်ခိုက်နေကြစဉ်တွင် အရိပ်တစ်ခု ကောင်းကင်ထက်တွင် ပေါ်လာခဲ့လေသည်။ ထို့နောက် သဲမြန်သားရဲကြီး၏ နောက်ကျောကို လက်သည်းတစ်စုံက တိုက်ခိုက်လိုက်လေ၏။

သိမ်းငှက်၏ လက်သည်းများသည် သားရဲကြီးကျောဖက်ရှိ အကြေးခွံများကို တိုက်ခိုက်လိုက်ကြသည်။ ထို့နောက် တွင် သတ္တုပြားတစ်ခုကို ခြစ်ချလိုက်သည့် စူးရှသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်း၏ နောက်ကျော်ဖက်မှ အကြေးခွံများသည် အမာကျောဆုံး ဖြစ်ကြသည်။ သို့သော်လည်း သိမ်းငှက်လက်သည်းများသည် အသုံးဝင်ပေသည်။ တိုက်ခိုက်မှုသည် နက်ရှိုင်းသော ဒဏ်ရာ

များကိုတော့ မဖြစ်နိုင်စေခဲ့ပေ။ ၎င်းသည် သွေးမထွက်သွားစေသော်လည်း သေချာကြည့်မည်ဆိုလျှင် အထဲမှ အသားဖြူများကို မြင်တွေ့နိုင်ပေသည်။

လေထဲတွင်ပျံသန်းနေခဲ့သည့် သိမ်းငှက်၏ အရိပ်ကို ကြည့်လိုက်ပြီးနောက် သားရဲမျက်လုံး များတွင် ရွှေရောင်အလင်းတန်းများ ဖြတ်သန်းသွားသည်။ ထို့နောက် သားရဲကြီးသည် ဒေါသထွက်နေသည့် ခြင်္သေ့တစ်‌ကောင်သဖွယ် အော်ဟစ်လိုက်သည်။

လေထဲတွင် ချာချာသည် သားရဲကြီးကို အောင်မြင်စွာ ရန်စနိုင်ခဲ့သည်။ ထို့နောက် သူသည် အော်ဟစ်လိုက်ပြီး နောက်တဖန် လက်သည်းဖြင့်တိုက်ခိုက်နိုင်မည့်အခွင့်အရေးကို လိုက်ရှာနေလေသည်။

အကြိမ်များ စွာ သိမ်းငှက်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက်တွင် သားရဲကြီး ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။

အခုပဲ .........

ရှောက်ရွှမ်သည် အနည်းငယ်ကွာသွားသော အကြေးခွံနေရာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိုအကြေးခွံကြား လပ်ဟနေသည့်နေရာကို ပစ်မှတ်ထားလိုက်သည်။ သူ့ခြေထောက်များသည် ပြင်းထန်သော အရှိန်ဖြင့်ကန်ထွက်သွားပြီး သားရဲကြီးလည်ပင်းနောက်သို့ခုန်တက်လိုက်သည်။

သားရဲကြီးသည် လေထုထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ သူမလှုပ်ရှားနိုင်ခင်မှာပင် အော်ဟစ်နေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး လည်ပင်းရှိအရိုးများ

ကို ထိန်းချုပ်လိုက်ကာ အဟနေရာလေးကို ပြန်ပိတ်လိုက်သည်။

သို့သော်လည်း ၎င်း သည် ခြေတလှမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

အလျင်အမြန် ခုန်တက်လာခဲ့သည့် ရှောက်ရွှမ်သည် ကျောက်တုံး ဓါးရိုးကို ကိုင်ထားပြီး ပြန်ပိတ်တော့မည့် ကျဉ်းမြောင်းသည့် အဟနေရာကို ဓါးဖြင့် ထိုးလိုက်လေသည်။

အခြားသူများ၏ အမြင်တွင် ထိုအဟနေရာလေးကို သေချာ တွေ့မြင်လိုက်ကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုနေရာ၏ အရောင်သည် အခြားအကြေးခွံများ၏ အရောင့်နှင့် တူညီနေခဲ့‌သောကြောင့် ဖြစ်လေသည်။ ထို့အပြင် လည်ပင်းအရစ်များလည်း ရှိနေသေးသည့်အတွက် ထိုနေရာကို သဲကွဲစွာမြင်နိုင်ရန်မှာ

ခက်ခဲပေသည်။

ကျောက်တုံးဓါး ထိုးစိုက်သွားသည့်အချိန်တွင်ပင် ရှောက်ရွှမ်သည် သိပ်သည်းနေသည့် အသားများ ကြွက်သားများကို ထိုးစိုက်လိုက်ရသည့်ခံစားချက်ကို ရလိုက်သည်။ အတားအဆီးတစ်ခုရှိနေခဲ့ပြီး ဆန့်ကျင်နေမှုသည်အားကောင်းသည်။ ထို့နောက်တွင် ဓါးကအောက်ဖက်ရှိ အရိုးကို ထိုးမိလိုက်သည့်အသံကိုပင် ကြားလိုက်ကြရသည်။

ကံကောင်းစွာနှင့်ပင် အရိုးပြားဟုတ်မနေခဲ့ပဲ အရိုးရစ်များ ဖြစ်နေသဖြင့် ဓါးသည် နောက်ထပ် တိုးဝင်သွားနိုင်ခဲ့လေသည်။

“ ရှိရှ်....... “

အက်ကွဲ‌သော လေချွန်သံကဲ့သို့သော အသံတစ်ခု

ထွက်လာခဲ့ပြီး သားရဲကြီးသည် နာကျင်စွာဖြင့် ဆွဲဆွဲငင်ငင် အော်မြည်လိုက်သည်။

ဤသည်မှာ တိုက်ခိုက်မှုကြောင့် ဖြစ်လာသည်ထက် စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်လာသည့်အသံတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤတိုက်ခိုက်လိုက်မှုသည် ဆိုးရွားသော နာကျင်မှုကိုလည်း ဖြစ်စေလိုက်သည်။

သားရဲကြီးသည် ခေါင်းကို ခါယမ်းလိုက်ပြီး လည်ပင်းကို လှည့်လိုက်ကာ ကိုက်ခဲရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်းထိုနေရသည် သူ့ပါးစပ်မမှီနိုင်သည့်နေရာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ၎င်းသည့် သူ့ရှေ့လက်များကို အသုံးပြုပြီး ခွာချရန် ကြိုးစားလိုက်သည်။

အကြိမ်များစွာ ကြိုးစားပြီးနောက်တွင် သားရဲကြီး သည် အိုအေစစ်အတွင်းရှိ အိမ်များထံသို့

ပြေးသွားခဲ့သည်။

ဘန်း.........

ကျန်ရှိနေသေးသည့် အိမ်များသည် တစ်လုံးပြီးတစ်လုံးပျက်စီးသွားကြလေသည်။ သားရဲကြီးသည် အိမ်များနှင့် သူ့လည်ပင်းကိုပွတ်တိုက်ရန် ကြိုးစားနေခြင်း ဖြစ်လေ၏။

ရှောက်ရွှမ်သည် သားရဲကြီး လည်ပင်းနောက်တွင်သာ ရှိနေဆဲဖြစ်ပြီး လက်တဖက်မှ ထိုးစိုက်ထားသည့် ဓါးရိုးကိုကိုင်ထားကာ ကျန်လက်တဖက်ဖြင့် အကြေးခွံများကို ဆွဲထားပြီး ပြုတ်မကျအောင် ထိန်းထားနေရ၏။ သားရဲကြီး အိမ်များဖြင့် ပွတ်တိုက်သည့်အချိန်တွင်မူ ရှောက်ရွှမ် အတော်လေး ဒုက္ခရောက်သွားရသည်။

သူသည်ကျောက်တုံးများစွာဖြင့် တိုက်မိလိုက်သည်။ ကံကောင်းစွာဖြင့် သူ့ရုပ်ခန္ဓာကိုယ်သည်သန်မာနေသဖြင့်သာ ထိုတိုက်ခိုက်မိမှုများမှ ဒဏ်ရာ မရသွားခြင်း ဖြစ်သည်။

“ အားရွှမ် ......... “

လဲ့နှင့် ထွော်တို့ကူညီပေးရန်ပြင်လိုက်သော်လည်း ရှောက်ရွှမ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ ဝေးဝေးသွားနေ ၊ ဒီကို မလာနဲ့ “

သားရဲကြီးသည် ဒေါသအလွန်ကြီးနေပြီဖြစ်ပြီး ရူးသွပ်လုနီးနီးဖြစ်နေခဲ့လေပြီ။ သေးငယ်သော လူလေးတစ်ယောက်သည် သူ့ကို ကြီးမားသည့် မသက်မသာဖြစ်မှုကို ပေးနိုင်မှန်း သူမသိခဲ့ပေ။ ထို့အပြင် ထိမှန်ထားသည့်နေရာသည် အထိမခံနိုင်

သည့် နေရာတစ်ခု ဖြစ်လေသည်။

သားရဲကြီး သစ်ပင်များ အိမ်များဖြင့် ရိုက်ချသော်လည်း ရှောက်ရွှမ်ကို ခွာချနိုင်ခြင်းမရှိနေပေ။ သားရဲကြီး အကြိမ်ပေါင်းများစွာ မြည်ကြွေးလိုက်မိသည်။ သို့သော်လည် သူအော်ဟစ်လိုက်သည့်အကြိမ်တိုင်းတွင် ရှောက်ရွှမ်သည် အဟနေရာလေးကို ဓါးဖြင့် တိုးတိုးပြီး ထိုးစိုက်လာခဲ့သည်။ ၎င်းအသက်ရှုလိုက်သည့်အချိန်တိုင်းတွင်လည်း နာကျင်မှုကို ခံစားလာရသည်။ ရှောက်ရွှမ်သည် ထိုအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။

သဲမြန်သားရဲကြီးသည် လွတ်မြောက်နိုင်ရန်အတွက် သဲပြင်ထဲသို့ တိုးဝင်ရန် ပြင်လိုက်လေသည်။ ၎င်း၏ ဦးခေါင်းသည် သဲပြင်ထဲသို့ တစ်ဝက်ခန့်ဝင်နေခဲ့ပြီဖြစ်သည့် အချိန်တွင် အမြီးပိုင်းသည် သိမ်းငှက်လက်သည်းများ၏ ဒဏ်ကို ခံလိုက်ရပြန်သည်။

ချာချာသည် အမှန်တကယ်တွင် ဤသားရဲကြီးကို မဖမ်းဆီးနိုင်ပေ။ သို့သော်လည်း သူသည် နည်းဗြူဟာကျကျတိုက်ခိုက်နေခဲ့သည်။ သားရဲကြီး သဲမြေထဲ တိုးဝင်တော့မည်ကို တွေ့လိုက်သည့်အချိန်တွင် သူသည် အချိန်ကိုက် လှုပ်ရှားလိုက်ပြီး ၎င်း၏အမြီးကို လက်သည်းဖြင့် ဆုပ်ညစ်လိုက်ကာ ဆန့်ကျင်ဖက်အရပ်သို့ ပြန်ဆွဲထုတ်လိုက်သည်။

ရှောက်ရွှမ်သည်လည်း လည်ပင်းအဟ နေရာကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သော်လည်း သူသည် ပင်ပန်းလာပြီဖြစ်သည်။

သူ့ဓါးကို ပြန်ဆွဲထုတ်လိုက်ရာတွင် လက်ကိုင်ရိုးသားပြန်ပါလာခဲ့သည်။ သူလက်သီးဆုပ်လိုက်ပြီး နတ်စွမ်းအားများကို အသက်သွင်းလိုက်ရာ နတ်စွမ်းအားများသည် သူ့လက်မောင်းထဲတွင် စီးဆင်းလာခဲ့ပြီး သွေးကြောများ ဖောင်းတင်းလာခဲ့

သည်။ သူသည်နတ်စွမ်းအားများကြောင့် သူ့လက်မောင်းမှ အသံထွက်လာသည်ကိုပင် ကြားလိုက်ရသေးသည်။ အရိုးများအတွင်း စွမ်းအားများ စီးဝင်သွားခဲ့ပြီးနောက် အပြာရောင်သွေးကြောများ ပေါက်ကွဲထွက်လာခဲ့သည်။

လုံလောက်သည့် စွမ်းအားများကို စုဆောင်းပြီးသည့်အချိန်တွင် အောက်ဖက်မှ သားရဲကြီးကို ထိုးထည့်လိုက်သည်။ စွမ်းအားပြင်းထန်သော လှိုင်းလုံးများရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နောက်ဆက်တွဲ လှိုင်းများလည်း ထွက်ပေါ်လာသည်။

စွမ်းအားများသည် အောက်ဖက်ရှိ အရေပြားကို ထိမှန်သွားကြသည်။ ထို့နောက် အတွင်းအင်္ဂါများနှင့် ဆက်စပ်နေသည့် အရာများကိုပါ ထိမှန်သွားကြသည်။ အသားများသည် ထိုဖူးတစ်တုံးကဲ့သို့ တုန်ယင်သွားခဲ့သည်။

ဘန်း ......

မြည်သံများ ထွက်ပေါ်လာသည်။

သားရဲကြီးသည် သဲတောင်များနှင့် အ‌ရောင်တူသည့် သွေးများကို ပါးစပ်မှတဆင့်အန်ထုတ်လိုက်ရသည်။ ရှောက်ရွှမ် ကိုယ်တိုင်သည်ပင် အန်ထုတ်လိုက်သည့်သွေးများ ဖြင့် ရွဲစိုသွားခဲ့သည်။

သွေးများသည် ပူမနေခဲ့ပဲ အေးစက်နေခဲ့သည်။

သူ့တိုက်ခိုက်မှုသည် ထိရောက်မှုရှိပေသည်။

ရှောက်ရွှမ် ရပ်တန့်ခြင်းမရှိပဲ တူညီသည့်နေရာကို ထပ်ကာ ထပ်ကာ ထိုးထည့်လိုက်ပြန်သည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုများကြောင့် သားရဲကြီး အားနည်းလာခဲ့လေပြီ။

အိမ်များနှင့်ရှောက်ရွှမ်ကို ပွတ်တိုက်ချခြင်းသည် အသုံးမဝင်ခဲ့ပေ။ သူ့လည်ပင်းရှိ အကြေးခွံများနှင့် အရစ်များကို ညှစ်ပြစ်လိုက်ခြင်းသည်လည်း အသုံးမဝင်ခဲ့ပေ။ ၎င်းသည် ရှောက်ရွှမ်ကို ရပ်တန့်၍ မရနိုင်အောင် ဖြစ်နေခဲ့သည်။

အော်မြည်သံသည် ဆက်လက်ထွက်ပေါ်လာနေခဲ့သည်။ သားရဲကြီး လူးလိမ့်မှုကြောင့် သဲပြင်သည် နောက်ထပ် အလွှာတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။

စူးကုနှင့် သူ့ကိုကာကွယ်ပေးနေခဲ့သည့် ဝူရှစ်တို့သည် သဲထဲတွင် လူးလိမ့်နေခဲ့သည့် ပုံရိပ်ကြီး

ကို ကြည့်ပြီး ထိတ်လန့်နေခဲ့ကြသည်။

ဘာတွေဖြစ်နေတာလဲဟ........။

ရုတ်တရက်ကြီး သားရဲကြီးက ဘာထဖြစ်နေတာလဲ ........။

အဲ့ဒီမျိုးနွယ်စုတင် ကောင်လေးဝင်တိုက်ခိုက်ပြီးမှ ဖြစ်သွားတာပဲ သူဘာများလုပ်လိုက်တာပါလိမ့်.......။

အော်ဟစ်ပြီး လူးလိမ့်နေခဲ့သည့် သားရဲကြီးကို ကြည့်ယုံဖြင့် သူတို့အသေးစိတ်ကိုမသိနိုင်ကြပေ။ ယခင်က သားရဲကြီးကို တိုက်ခိုက်ခဲ့ကြသည့် ကျွန်များသည် တံတွေးများကို မျိုချမိလိုက်ကြလေသည်။ ဘာတွေဖြစ်နေတာလဲ .........။

All Chapters