ဘယ်သူက အကောင်းဆုံးလုပ်ခဲ့တာလဲ
Vol. 21 Ch. 307
နာကျင်စွာဖြင့်အော်ဟစ်နေခဲ့သည့်အသံသည် တဖြေးဖြေး ပျောက်ကွယ်သွားခဲ့လေသည်။
သဲကန္တာရ အပေါ်တွင် အိုအေစစ်ထံသို့လေများ တိုက်ခတ်နေခဲ့သည်။
သဲမှုန်များသည် လွင့်ပါသွားကြပြီး ပြန့်ကျဲနေခဲ့သည်။ ထို့နောက် လူတိုင်း၏ မျက်လုံးရှေ့တွင် မြင်ကွင်း တစ်ခု ပေါ်လာခဲ့လေသည်။
မူလက အိုအေစစ်ထဲတွင် များစွာသော အိမ်များရှိနေခဲ့သည်။ ယခုတွင် ၎င်းတို့အနက်မှ သုံးပုံနှစ်ပုံသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ကျန်သည့်အိမ်များသည်လည်း အပြည့်အဝ ဖျက်ဆီးခြင်း မ
ခံရသေးလျှင်ပင် ထိခိုက်ပျက်စီးနေကြပြီဖြစ်သည်။ မြေပြင်သည် ကြမ်းတမ်းနေခဲ့ပြီး အနားရှိ အိမ်များ သစ်ပင်များသည် ထူထဲသည့် သဲများ ဖုံးလွှမ်းခြင်းကို ခံနေရသည်။
ကြည်လင်နေခဲ့သည့် စမ်းအိုင်မှ ရေများသည် နောက်ကျိသွားကြပြီဖြစ်သည်။ ရေမျက်နှာပြင်ပေါ်တွင် များစွာသော သဲမှုန်များ ရှိနေခဲ့သည်။ လူများသည် ထိုရေကန်ကို သန့်ရှင်းလိုလျှင် အနည်းဆုံး တစ်ရက်တော့ စောင့်မှရမည် ဖြစ်သည်။
လဲပြိုနေသည့် အိမ်များနှင့် ရေကန်ကြားတွင်ကြီးမားသည့် တောင်ကုန်းတစ်ခု ရှိနေခဲ့သည်။ သားရဲသည် သူ၏ အမြီးပိုင်းကိုသာ ထုတ်ဖောထားခဲ့သည်။ ထိုအချိန်တွင် ချာချာသည် အမြီးကို ဆုပ်ကိုင်လိုက်ပြီး အပြင်သို့ ဆွဲထုတ်လိုက်ပြန်သည်။ သားရဲနှင့် နှိုင်းယှဉ်လျှင် ချာချာသည်
သေးငယ်နေခဲ့သည်။ ၎င်းသည် သားရဲကြီးကြာမြင့်စွာ ဆွဲထုတ်နိုင်ခြင်း မရှိနေပေ။ ကံကောင်းသည်မှာ သားရဲကြီးသည် ယခုအချိန်တွင် အားနည်းနေခဲ့ပြီဖြစ်ပြီး နောက်ထပ် မြေအတွင်း ထဲသို့ ဆက်မတိုးနိုင်တော့ခြင်း ဖြစ်သည်။
“ အားရွှမ် “
လဲ့နှင့် ထွော်တို့ ရှေ့သို့အလျင်အမြန် လာလိုက်ကြသည်။ သူတို့သည် သားရဲကြီးကို လုံးဝလျစ်လျုရှုထားလိုက်ကြလေသည်။ သားရဲကြီးသည် အန္တရာယ်ပေးနိုင်စွမ်း ရှိကောင်းရှိနေသေးသည်ကိုလည်း သူတို့သိနေကြသည်။
“ မင်းတို့ဘာကြည့်နေတာလဲ ။ မြန်မြန်လာကူကြလေ “ စူးကု ကျန်ရှိနေသေးသည့် ကျွန်များကို လာကူပေးရန် အော်ဟစ်လိုက်သည်။
ကျွန်များသည် အနည်းငယ် စိတ်ရှုပ်ထွေးနေကြသေးသည်။ သို့သော်လည်း လဲ့တို့နှစ်ယောက် မည်သို့မျှ မဖြစ်သည်ကို မြင်တွေ့လိုက်ရသည့်အခါ သူတို့ စုဝေးလာကြပြီး အတူတူ လှုပ်ရှားလိုက်ကြသည်။
ဘန်း.......
မြေကြီးထဲမှ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။ သားရဲကို ဆွဲထုတ်နေကြသည့် ကျွန်များ ထိတ်လန့်သွားကြသည်။ သူ့တို့၏လက်များပင် လွတ်သွားကြပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြလေသည်။
သို့သော်လည်း မည်သူထွက်လာသည်ကို တွေ့လိုက်ရသည့်အခါ သူတို့ စိတ်သက်သာ ရာ ရသွားကြသည်။
“ အားရွှမ် မင်းအဆင်ပြေရဲ့လား “ လဲ့နှင့်ထွော်တို့ ရှောက်ရွှမ်ကို ဆွဲထုတ်လိုက်ကြပြီး မေးလိုက်ကြသည်။
“ အဟွတ် “ ရှောက်ရွှမ် သူ့ပါးစပ်ထဲမှ သဲများကို ရှင်းထုတ်လိုက်သည်။ ထို့နောက် သူ့နားရွက်များ နျင့် လည်ပင်းထဲမှ သဲများကိုလည်း ဖယ်ရှားလိုက်သည်။ သူအသက်ကို ဝဝရှုလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ ငါအဆင်ပြေတယ်။ အရိုးနည်းနည်းပဲ ကျိုးသွားတာ “ ရှောက်ရွှမ် အတွက်ထိုဒဏ်ရာများသည် ပြင်းထန်လှခြင်း မရှိနေပေ။ သူ အနားယူရန် မလိုအပ်ပေ။
ရှောက်ရွှမ်၏ ဒဏ်ရာများကို ကြည့်လိုက်ပြီးနောက် လဲ့နှင့်ထွော်တို့ စိတ်မပူတော့ပဲ သားရဲကိုသာ မြေကြီးထဲမှ ဆွဲထုတ်လိုက်ကြသည်။
လှုပ်ရှားမှုကင်းမဲ့နေခဲ့သည့် သားရဲကို သူတို့ဆွဲထုတ်နေသည်ကို ကြည့်လိုက်ပြီး ကျွန်များ မယုံနိုင်စွာဖြင့် အချင်းချင်း ပြန်ကြည့်မိလိုက်ကြသည်။
“ သေပြီလား..... အဲ့ဒါကြီးက တကယ်ပဲ သေသွားပြီလား “
“ ဘယ်လိုလုပ်ပြီးတော့ သေသွားတာလဲ “
“ ဘာတွေဖြစ်နေတာလဲ “
သူတို့သည် ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ကြပြီး သံသယများ ဝင်နေခဲ့ကြသည်။
“ ဟား...... ဟားဟားဟားဟား “ စူးကုသည် သေဆုံးနေသည့် သဲမြန်သားရဲကြီးကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သားရဲအနားသို့ ကျွန်အချို့ ချည်းကပ်လာခဲ့ပြီး သူ့မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့အမူအယာ ပြောင်းလဲသွားပြီး အေးစက်သည့် လေသံဖြင့် ပြောလိုက်သည် “ ဘာလဲ။ မင်းတို့က ငါတို့ရဲ့သားကောင်ကို လုယက်ချင်နေတာလား ။ ဒါက မီးတောက် ဦးချို မျိုးနွယ်စုက လူတွေ အမဲလိုက်ထားတာပဲ ။ မင်းတို့ဟာ မဟုတ်ဘူး “
ဤနေရာရှိ စည်းမျဉ်းများ အရ မီးတောက်ဦးချို မျိုးနွယ်စုနှင့် စူးကုတို့သည် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိထားပေသည်။ ထို့ကြောင့် ရလာဒ်များသည် စူးကုနှင့်လည်း သက်ဆိုင်နေလေသည်။ ထို့ကြောင့် စူကု ထိုသို့ပြောလိုက်ခြင်းဖြစ်လေသည်။
“ ဟုတ်တယ်၊ ဒါပေမယ့်..... တတိယ သခင်လေး “ ရှင်းပြလိုနေသည့် ကျွန်များလည်း ရှိနေသေးသည်။ သူတို့၏ အမူအယာသည် မြေတွင်လဲကျနေသည့် သားရဲကြီးကို စိုက်ကြည့်နေခဲ့ပြီး မလိုလားအပ်သည့်အမူအယာ ဖြစ်နေခဲ့သည်။
သူတို့သည် အကျိုးအမြတ်ကို သူတို့နှင့်လည်း သက်ဆိုင်နေကြောင်း ပြောလိုနေခဲ့သည်။ အိုအေစစ်ထဲမှ ကျွန်များကော မည်သို့ပြုလုပ်ရမည်နည်း။ သားရဲကြီးကိုယ်ပေါ်မှ များစွာသောဒဏ်ရာများသည် အိုအေစစ်အတွင်းမှ ကျွန်များကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အများဆုံးအနေဖြင့် မီးတောက်မျိုးနွယ်စုမှ လူများသည် သားရဲကြီးကို နောက်ထပ် ဒဏ်ရာ အနည်းငယ်သာ ထပ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် သားရဲကြီးကို အဘယ်ကြောင့် တတိယ သခင်လေးနှင့် ရှောက်ရွှမ်တို့ ပိုင်ရမည်နည်း။
“ ဘေးဖယ် “ စူးကု ကျယ်လောင်စွာ အော်ဟစ်
လိုက်သည်။ “ ဘာမှထပ်ပြောမနေစမ်းနဲ့ ၊မင်းတို့က သားရဲကြီးကို အိုအေစစ်ထဲကို ခေါ်သွင်းလာခဲ့တယ်။ ပြီးတော့ သူ့ကိုလည်း မသတ်နိုင်ဘူး၊ မင်းတို့ အိုအေစစ်ကို ဘယ်လိုဖျက်ဆီးလိုက်တယ်ဆိုတာကို ကြည့်လိုက်ဦး “
ဤအိုအေစစ်တွင် ရှိနေခဲ့သည့် ကျွန်များ၏ အရည်အတွက်သည် မနည်းပေ။ သို့သော်လည်း ယနေ့တွင် အိုက်ရှီကြောင့် အခြေအနေများ ပြောင်းလဲနေခဲ့သည်။ ကျွန်များ၏ သုံးပုံနှစ်ပုံခန့်ကို အိုက်ရှီက အနီးတဝိုက်တွင်ကင်းလှည့်ရန် ညွှန်ကြားထားခဲ့သည်။ သူတို့သည် အိုအေစစ်အတွင်းသို့ သံသယဖြစ်ဖွယ်လူများ ဝင်မလာနိုင်စေရန် စောင့်ကြပ်နေခဲ့ရသည်။ ထို့ကြောင့် သားရဲကြီးပေါ်လာသည့်အချိန်တွင် သူတို့သည် လာပြီးကူညီပေးနိုင်ခြင်းမရှိခဲ့ကြပေ။ သူတို့လာကြသည့်အချိန်တွင် သားရဲကြီးသည် ရှောက်ရွှမ်ကြောင့် မြေပြင်ပေါ်တွင် လဲနေခဲ့ပြီဖြစ်သည်။
ယခုမှရောက်လာကြသည့် ကျွန်များ သူတို့အချင်းချင်းပြန်ကြည့်လိုက်ကြသည်။ ထို့နောက် အိုအေစစ်အခြေအနေကို ကြည့်လိုက်ကြသည်။ ဘုရင်ကြီးသည် သေချာပေါက် ဤအခြေအနေကြောင့် ဒေါသထွက်လိမ့်မည် ဖြစ်သည်။ အထူးသဖြင့် အိုအေစစ် အစောင့်များကို ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းပုံရသည့် ကျွန်တစ်ယောက် အိုက်ရှစ်ဘေးသို့ သွားလိုက်သည်။ သူသည် အိုအေစစ်အစောင့်များထဲမှ ခေါင်းဆောင်တစ်ယောက် ဖြစ်လေသည်။ သားရဲကြီး တိုက်ခိုက်နေခဲ့သည့်အချိန်တွင် သူတို့သည် သံသယဖြစ်ဖွယ်လူများကို လိုက်ရှာနေခဲ့ကြသည်။ သူတို့ရောက်လာသည့်အချိန်တွင် ဤကဲ့သို့သော အခြေအနေဖြင့် ကြုံတွေ့နေရလိမ့်မည်ဟု သူတို့မထင်ထားမခဲ့ကြပေ။ သူအိုက်ရှစ်ကို စကားအချို့ တီးတိုး ပြောလိုက်သည်။ သူသည် ဒုတိယ သခင်လေး၏ ကျွန်များကိုကြည့်နေခြင်း မရှိပေ။ ထို့နောက် သူ့လူများကို အိမ်များကို ပြင်ဆင်ရန်
အမိန့်ပေးလိုက်သည်။ သူ့သခင်သည် လော့ယဲ့မြို့တော် ဘုရင်ဖြစ်ပြီး ဤသခင်ငယ်လေးများ မဟုတ်ပေ။
ထိုလူသတင်းပို့လာခဲ့သည်ကို နားထောင်လိုက်ပြီးနောက် အိုက်ရှစ်သည် တိုက်ဆိုင်သည်ဟု တွေးမိလိုက်သည်။ အိုအေစစ် အစောင့်များ မရှိသည့်နေရာကို သားရဲကြီးက အဘယ်ကြောင့် ရွေးချယ်တိုက်ခိုက်ခဲ့လေသနည်း။ ဒုတိယသခင်လေးသည် သားရဲကြီးကို အမဲလိုက်ရန် ဤကျွန်များကို စေလွှတ်ထားခဲ့သည်။ သူတို့သည် သူတို့၏ အလုပ်ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြပေ။ ဤကိစ္စသည် ထင်သလောက် ရိုးရှင်းနေခြင်း မရှိနိုင်ပေ။ ဖြစ်နိုင်သည်မှာ ကျောက်တုံးဖြူ က ပြုလုပ်ခြင်း ပေလော။
“ မင်းတို့တွေ ငါနဲ့လိုက်ပြီးတော့ ဘုရင်ကြီးကို လိုက်တွေ့ကြ “ အိုက်ရှစ် သားရဲကြီးကို ခေါ်ဆောင်လာခဲ့သည့် လူများကို လက်ညိုးထိုးပြ
လိုက်ပြီး ပြောလိုက်သည်။
ဘုရင်ကြီးကို တွေ့ရမည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ကျွန်များသည် သူတို့၏ ခြေထောက်များ ပျော့ခွေလာခြင်းကိုခံစားမိလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
အိုက်ရှစ်သူတို့ကို မကြည့်ပဲ စူးကုဘေးသို့ လာခဲ့ပြီး ပြောလိုက်သည် “ တတိယသခင်လေး ...... ခင်ဗျားလည်း ဘုရင်ကြီးကို လိုက်တွေ့ဖို့ ကျုပ်ပြောချင်ပါတယ် “
ဤတစ်ကြိမ်တွင် စူးကု စိတ်မရှည်ခြင်းမဖြစ်တော့ပေ။ သူသည်လည်း ဤကိစ္စတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိနေခဲ့သည်။
“ ကောင်းပြီလေ “
သူ့အနေဖြင့် ဘုရင်ကြီးကို တွေ့ရန် ကတိပေးလိုက်ပြီး ဖြစ်သဖြင့် ဘုရင်ကြီးနှင့်တွေ့သည့်အခါတွင် သားရဲကြီးကိုပါ တစ်ပါတည်း ယူဆောင်သွားရန် သူတွေးထားလိုက်သည်။
အိုက်ရှစ်သည် ရှောက်ရွှမ်တို့ အုပ်စုကို ခေါ်ခြင်း မရှိပေ။ သူသည် သံသယဖြစ်နေသည့်မျက်လုံးများ ဖြင့်သာ သူတို့ကို စိုက်ကြည့်နေခဲ့လေ၏။
ရှောက်ရွှမ်သည်လည်း မထူးခြားနားစွာပင် ရှိနေဆဲဖြစ်သည်။ သူ့အနေဖြင့် ထိုလူများ ရှေ့တွင် မည်သို့မှ ထပ်ပြောနေရန်နှင့် အထင်ကြီးခံနေရန် လုပ်ဆောင်စရာမလိုအပ်ပေ။ ထိုသူများ မည်သို့တွေးနေသည်ကိုလည်း သူဂရုမစိုက်ပေ။ ဤတစ်ကြိမ်တွင် သူသည် ပွဲကြည့်ယုံသာ ကြည့်နေခဲ့ပြီး နောက်ဆုံးတွင်မှသာ တောက်ယွီအတွက် သားရဲ
ကြီးကို စွန့်စားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စူးကု၏ အပြောအရ အချို့လူများသည် ကျောက်တုံးဖြူ သို့တိုက်ရိုက်သွားပြီး တောက်ယွီကို လိုက်ရှာကြသည်ဟု ဆိုသည်။ သူတို့ထဲမှ အများစုသည် ပြန်လာခဲ့ကြသည်။ သဲကန္တာရရှိ မြို့တော်အများစုသည် မျိုးနွယ်စုများကို သိပ်ပြီး ပတ်သက်လိုခြင်း မရှိကြပေ။ အကယ်၍ ရှောက်ရွှမ်သာ တောက်ယွီကို လိုက်ရှာလိုလျှင် ရှာတွေ့မည် ဟုတ်မဟုတ်ကို သေချာမပြောနိုင်ပေ။
အကယ်၍ သားရဲမြို့တော် ရှိသားရဲ များနှင့် တိုက်ခိုက်ရန်အတွက် သူတို့နှင့် အတူသွားခဲ့လျှင်မူ ကွဲပြားသော ဇာတ်လမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သူသည် တောက်ယွီကို ရှာနိုင်ယုံမက ဒဏ္ဍာရီလာ သားရဲမြို့တော်ကိုပင် မြင်တွေ့နိုင်သေးသည်။
သားရဲမြို့တော်ဆီသို့ဖိတ်ကြား ခံရရန်မှဦ စူးကုပေါ်တွင် မူတည်နေပြီး စူးကုက လျိုယီမြို့တော် ဘုရင်ရှေ့တွင် အကြံပြုစကား ပြောပေးရမည် ဖြစ်သည်။ သို့မှသာ သူသည် စူးကုနှင့်အတူ သားရဲများကို တိုက်ခိုက်နိုင်ရန် သားရဲမြို့တော်သို့သွားနိုင်မည် ဖြစ်သည်။ များစွာသော မျိုးနွယ်စုများသည်လည်း ဤနည်းလမ်းကိုသာ အသုံးပြုကြပေသည်။
ထိုနေတွင် အိုက်ရှစ်နှင့် အခြားသူများ အားလုံးမြို့တော်ဆီသို့ ပြန်လာခဲ့ကြသည်။ လှည်းပေါ်တွင်တင်ထားပြီး မြို့တော်ထဲသို့ ဆွဲလာခဲ့သည့် သားရဲကြီးကို လူတိုင်းမြင်လိုက်ကြရသည်။
စူးကုနှင့် မခွဲခွာမှီ ရှောက်ရွှမ်သူ့ကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ စူးကုသည် အခြားသူများ၏ သံသယ မျက်လုံးများကြောင့် ဒေါသထွက်နေခဲ့လေသည်။ သို့သော်လည်း ရှောက်ရွှမ်၏ စကားများကို ကြားလိုက်ရသည့်အချိန်
တွင်မူ သူ့မျက်လုံးများ တောက်ပလာခဲ့ပြီး ရှောက်ရွှမ်ကို ပြောလာခဲ့သည် “ ကောင်းတယ်။ တကယ်လို့ အောင်မြင်ရင် ငါမင်းကို တောက်ယွီကို ကူရှာပေးမယ် “