← Chapters

ascension

Vol. 21 Ch. 308

ascension

Vol. 21 Ch. 308

လော့ယဲ့မြို့သခင်သည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သနည်း.........။ ရှောက်ရွှမ် ဤမြို့ကို လာခဲ့သည့်အချိန်မှ စပြီး သူ့ကို မတွေ့ခဲ့ဖူးသေးပေ။ သူသည်အခြားသူများဆီမှ အကြောင်းအရာ အနည်းငယ်ကိုသာ ကြားဖူးခဲ့သည်။ သူသိထားသမျှ အရာအားလုံးမှာ လူတိုင်းသိပြီးသား အရာများသာ ဖြစ်သည်။

ရှောက်ရွှမ် စူးကုနှင့်လမ်းမခွဲမှီ သူပြောခဲ့သည်မှာ အမှန်တကယ်ပင် သဲမြန်သားရဲ၏ အားနည်းချက်ကိုသာ ဖြစ်သည်။ မီးတောက်ဦးချို မျိုးနွယ်စုသည် ကြမ်းတမ်းသော သားရဲတောင်တန်း တောအုပ်ထဲတွင်သာ နေထိုင်ကြသည်။ ဤသည်မှာ စူးကုသိထားသမျှ အားလုံးဖြစ်သည်။ မျိုးနွယ်စုမှ လူများသည် ကြမ်းတမ်းသော သားရဲများကို မကြာခနတွေ့ဆုံခဲ့ဖူးသဖြင့်သာ ရှောက်ရွှမ် အနေဖြင့် သားရဲ၏ အားနည်းချက်ကို မြင်နိုင်ခဲ့

ခြင်း ဖြစ်ကြောင်း သူထင်နေခဲ့သည်။ သူသည် ရှောက်ရွှမ်ကို သံသယ မဝင်မိချေ။ သူသံသယ ဝင်လျှင်သော်မှ သူတို့အချင်းချင်းပူးပေါင်း ဆောင်ရွှက်နေခြင်း ဖြစ်သဖြင့် သူထုတ်မေးလိမ့်မည် မဟုတ်ပေ။ လူတိုင်း အဆင်ပြေနေကြသဖြင့် တဖက်လူ၏ လျှို့ဝှက်ချက်ကို ထုတ်မမေးခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

စူးကုသည် သားရဲကြီးကို မွေးနေ့လက်ဆောင်အဖြစ် ပေးရန် စိတ်ကူးယဉ်နေခဲ့သည်။ သူနှစ်သက်သော “ ကျောက်တုံး “ နှင့်အတူ လက်ဆောင်အဖြစ် ပေးလိမ့်မည်ဖြစ်သည်။ စူးကု အတွက်မူ ထိုအရာများသည် ကောင်းမွန်ပြီးသားမွေးနေ့လက်ဆောင်များ ဖြစ်ကြသည်။ သို့သော် ရှောက်ရွှမ်၏ ပြောကြားချက်အရာ သဲမြန်သားရဲများ၏ အားနည်းချက်သည်လည်း မွေးနေ့လက်ဆောင်တစ်ခု ဖြစ်နိုင်ပေသည်။ ထိုအားနည်းချက်အကြောင်းသည် သားရဲကြီးကိုယ်တိုင်ထက်ပင် အရေးကြီးသည့် လက်ဆောင်

ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သဲမြန်သားရဲကြီးကို သတ်ဖြတ်ရခြင်းသည် ပေးဆပ်မှု ကြီးမားလှပေသည်။ လျှို့ဝှက်ချက်ကိုသိထားပြီး သတ်နိုင်ခြင်းသည်ပင် ပေးဆပ်မှုကြီးမားခဲ့သည်။

လော့ယဲ့မြို့တော်မှ ကျွန်ပိုင်ရှင်များသည် သဲမြန်သားရဲကြီးကို မည်သို့ ဆွဲဆောင်ရမည်ဆိုသည်ကို သိထားကြသည်။ ထို့ကြောင်ပင် ရှောက်ရွှမ် ပြောပြခဲ့သည့် လျှို့ဝှက်ချက်သည် သူတို့အတွက်တော့ အထောက်အကူကောင်း တစ်ခု ဖြစ်လာမည်ဖြစ်သည်။

သားရဲကြီးကိုသတ်နိုင်ခဲ့သည့်အတွက် ဆုပေးအပ်ရမည့်သူကို ဘုရင်ကြီးရွှေးချယ်ပေလိမ့်မည်။ သို့သော်လည်း ထိုအရာသည် စူးကုကိုင်တွယ်ရမည် ကိစ္စသာဖြစ်သည်။

မြို့တော်ထဲမှ သူတို့၏နေရာသို့ပြန်လာခဲ့ပြီး

နောက်တွင် ရှောက်ရွှမ် သားရဲကြီး၏ အကြောင်းကို ပြန်တွေးလိုက်သည်။ နှစ်ပေါင်းများစွာသော သူ့အမဲလိုက်အတွေ့အကြုံများဖြင့်ဆိုလျှင် သားရဲကြီးဒေါသထွက်နေခဲ့သည်ကို သူမြင်နိုင်ခဲ့သည်။ အချိန်သည် အချိန်ကိုက်ဖြစ်နေခဲ့ပြီး အိုအေစစ်မှ အစောင့်ကျွန်များ နည်းပါးနေသည့်အချိန်တွင် သားရဲကြီးက တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒါက တိုက်ဆိုင်မှုတစ်ခု ပဲလား ..... ရှောက်ရွှမ် ထိုသို့မထင်မိချေ။

ယခင်က အိုက်ရှစ်ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားလိုက်ပြီးနောက် ရှောက်ရွှမ် မနေနိုင်ပဲ တောက်ယွီ၏ အကြောင်းကို ပြန်တွေးလိုက်သည်။ သူသည် လက်ရှိတွင် ကျောက်တုံးဖြူ မြို့တော် ကျွန်ပိုင်ရှင်၏ ကျွန်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။

အခြားအရာများကို ဘေးချထားလိုက်လျှင် တောက်ယွီသည် အဆင်အချင်မဲ့ ပြုလုပ်တတ်သည့် လူတစ်ယောက် ဖြစ်လေသည်။ ရှောက်ရွှမ် စိတ်ပူနေခြင်း မရှိပေ။ သူသည် တောက်ယွီကို ကြောက်နေခြင်း မရှိသော်လည်း မျိုးနွယ်စုအတွက်ကတော့ အန္တရာယ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

နောက်နေ့မနက်တွင် စူးကု ရှောက်ရွှမ်တို့ သံတမန် တဲသို့ ရောက်လာခဲ့သည်။

ရှောက်ရွှမ် သခင်ငယ်လေး ကို ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ပင်ပန်းနေဟန်ရသော်လည်းသူ့မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ ကြည့်ရတာ ကိစ္စတွေ အဆင်ပြေတယ် ထင်တယ် “ ရှောက်ရွှမ် ပြောလိုက်သည်။

“ ဟုတ်တယ်၊ မင်းပြောတာမှန်တယ် “ စူးကု နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြန်မပြောနေတော့ပေ။ သို့သော်လည်း သူ့ဒုတိယ အကိုသည် ဘုရင်ကြီး၏ အပြစ်ပေးမှုကို ခံခဲ့ရကြောင်းကို ပြောပြလိုက်လေသည်။ သဲမြန်သားရဲကြီးကို အိုအေစစ်ထဲသို့ လမ်းပြခေါ်ဆောင်လာခဲ့ကြသည့် ကျွန်များသည် သေဒဏ်ပေးခြင်းကို ခံလိုက်ရသည်။ ထို့အစား လက်ဆောင်ကောင်း များပေးနိုင်ခဲ့သည့် စူးကုမှာမူ ဆုချီးမြင့်ခြင်းကို ခံရလေသည်။ စူးကုသည် ကျွန်များကိုသာ တောင်းဆိုခဲ့ပြီး ဘုရင်ကြီးကလည်း သဘောတူခဲ့လေသည်။

“ သားရဲကြီး ရူးသွပ်သွားတာက ဘာကြောင့်လဲ ၊ မင်းသိပြီလား “ ရှောက်ရွှမ် မေးလိုက်သည်။

“ အိုအေစစ် အစောင့်တွေဆီကနေ ငါကြားခဲ့တာကတော့ သားရဲကြီးကို ရူးသွပ်သွားအောင် လုပ်ခဲ့

တာက ကျောက်တုံးဖြူမြို့တော် က လူတွေပဲတဲ့။ စူးလဲ့ရဲ့ ကျွန်တွေက သားရဲကြီးကို အမဲလိုက်နေတဲ့အချိန်မှာ နှောင့်ယှက်ခံခဲ့ရတယ်။ သူတို့အားလုံးက ကျရှုံးပြီလို့ တွေးနေခဲ့ကြတာ။ ကျရှုံးမှုကတော့ ကျရှုံးမှုပါပဲ။ ချွင်းချက်မရှိဘူ။ ဒီတော့ စူးလဲ့က ဒီတစ်ကြိမ်တော့ အထိနာသွားတယ် “

“ ဒါက တောက်ယွီနဲ့များ သက်ဆိုင်နေမလား “ ရှောက်ရွှမ် မေးလိုက်သည်။

“ ငါမသိဘူး “ စူးကု၏ ကိုယ်ပိုင် လူများနှင့် ရနိုင်သော သတင်းအချက်အလက်သည် အကန့်အသတ်ရှိပေသည်။ သူသည် နောက်ထပ် သတင်းများကို မသိနေတော့ပေ။

“ ဒါပေမယ့် မင်းပြောပြတဲ့ သားရဲကြီးရဲ့ အားနည်းချက်က အဖေ့ကို တကယ်ပဲ ပျော်ရွှင်စေတယ်။ တကယ်လို့ မင်းသာ သားရဲကြီးရဲ့

အားနည်းချက်ကို မသိခဲ့ဘူးဆိုရင် ကျောက်တုံးဖြူမြို့တော်က လူတွေ နောက်တစ်ကြိမ် သားရဲတွေကို ရူးသွပ်အောင်လုပ်ပြီးတော့ ငါတို့ကို တိုက်ခိုက်မှာကို ငါတို့ ကြောက်နေရမှာ။ ဒါပေမယ့် အခုတော့ သားရဲကြီးရဲ့ အားနည်းချက်ကို ငါတို့သိလိုက်ရပြီလေ။ အဖေက နောက်ထပ် သတ်ဖြတ်နိုင်ဖို့ သားရဲတွေ ထပ်ပြီးပေါ်လာဖို့ကိုတောင် မျှော်လင့်နေသေးတယ်။ အဖြေက သားရဲကြီး အမွေးတွေနဲ့လုပ်ထားတဲ့ ဝတ်ရုံနဲ့ သရဖူကို လိုချင်နေတယ် “ စူးကု မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ “ အဖေက င့ါကို သူ့နောက်ကနေ လိုက်ဖို့ခွင့်ပြုခဲ့တယ်။ ဒီတော့ ငါပိုပြီးတော့ တိုးတက်လာနိုင်ပြီ။ ဒါကို င့ါအသက်ငယ်ငယ်လေးနဲ့ လုပ်နိုင်ခဲ့ပြီ “

သူ့ထံတွင် ကိုယ်ပိုင်ကျွန်များ မရှိသဖြင့် စူးကုသည် ကြီးမားသော အဖြစ်အပျက်များတွင် ချန်နေခဲ့ရသည်။ ပထမသခင်လေး စူးကာ့ နှင့် ဒုတိယ သခင်လေး စူးလဲ့ ကဲ့သို့သော အခွင့်အရေးမျိုး ယခု သူလည်း ရလာခဲ့ပြီ

ဖြစ်သည်။

“ မင်းရဲ့ တောင်းဆိုချက်ကို ငါသူ့ကို ပြောပြလိုက်တယ်၊ မင်းလည်း ငါနဲ့လိုက်ခဲ့လို့ရတယ် “ စူးကု ပြောလိုက်သည်။

ဤသည်မှာ ရှောက်ရွှမ် အတွက် တော့သတင်းကောင်း ဖြစ်သည်။

“ မင်းကျွန်ရွေးပြီးပြီလား “ ရှောက်ရွှမ် မေးလိုက်သည်။

“ ငါ့အဖေက ကျွန် အယောက် နှစ်ဆယ်ရွေးဖို့ကို ခွင့်ပြုပေးထားတယ်။ ငါတချို့ကျွန်တွေကို ရွေးထားပြီးပြီ။ ပြီးတော့ သူပြောတာက နောက်ထပ်လာမယ့် အသုတ်ထဲက ကျွန်တွေကို ငါ့ကို ပေးရွေးမယ်တဲ့ “ စူးကု စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်

လေသည်။

“ ကျွန်ပြုသိမ်းသွင်းတာကို မင်းကိုယ်တိုင် လုပ်တာလား “ ရှောက်ရွှမ် မေးလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ စူးကု အနည်းငယ် ငြိမ်ကျသွားသည် “ ငါ သုံးယောက်ကို ကျွန်ပြုသိမ်းသွင်းဖို့ လုပ်ကြည့်ခဲ့တယ်။ ဒါပေမယ့် တစ်ယောက်ပဲ အောင်မြင်တယ် “

အကယ်၍ ကျွန်ပြုသိမ်းသွင်းခြင်း ကျရှုံးခဲ့လျှင် မည်သို့ဖြစ်မည်ကို ရှောက်ရွှမ် သိနေခဲ့သည်။ အခြားနှစ်ယောက် မည်သို့ဖြစ်သွားသည်ကို သူမမေးတော့ပေ။

စူးကုမျက်နှာပျက်နေခဲ့သည်။ “ ငါမင်းကိုပြောပြမယ် ၊ ငါကျွန်တွေကို သွားရွေးတုန်းက အဲ့ဒီကျွန်

တွေက သေမင်းနဲ့တွေ့လိုက်ရသလိုပဲ။ ငါရွေးတဲ့လူက သေတော့မလိုမျက်နှာတွေနဲ့။ ဒါပေမယ့် စူးကာ့ ပေါ်လာတော့ အဲ့ဒီကျွန်တွေက မျှော်လင့်ချက်တွေ ပြန်ရလာသလိုပဲ “

မြင်တွေ့နေသည့်လူများသည် တတိယသခင်လေး၏ ကျွန်ပြုသိမ်းသွင်းခြင်းစွမ်းရည်ကို သိထားကြသည်။ သူသည် အမှန်တရားကို လက်ခံရမည် ဖြစ်သည်။ သုံးယောက်တွင် တစ်ယောက်သာ အောင်မြင်ခြင်းသည် ကိုးဆယ်ရာခိုင်နူန်းကျော် အောင်မြင်သည့်အခြားသူများနှင့် နှိုင်းယှဉ်ရာတွင် အားနည်း‌နေသည်မှာ သိသာသည်။

“ ငါထပ်ပြီးတော့ လေ့ကျင့်မှာပါ “ စူးကု သူ့ခွန်အားမျာကို စုစည်းလိုက်ပြီး လက်ဝါးကိုဆန့်ထုတ်လိုက်သည်တွင် အပြာရောက်မီးတောက်များ ပေါ်လာခဲ့သည်။

လေ့ကျင့်နေသည့်အခြေအနေထဲသို့ ဝင်သွားသည့် စူးကုကို ရှောက်ရွှမ် စိုက်ကြည့်လိုက်သ်ည။ သူ သူ့ကို နှောင့်ယှက်ခြင်းမပြုပေ။ ထို့အစား သူသည် အပြာရောင်မီးတောက်များကိုသာ လေ့လာနေခဲ့သည်။ ထိုမီးတောက်များသည် စူးကုပိုင်ဆိုင်သည့် မီးတောက်များ ဖြစ်ကြသည်။ အနီရောင်နှင့် အပြာရောင် စပ်ကြား မီးတောက်သည် အလွန်ပင် သိသာထင်ရှားနေခဲ့လေသည်။ မီးတောက် နှစ်ခုတို့ ပေါင်းဆုံသွားပြီးနောက်တွင် အချင်းချင်းပေါင်စပ်သွားခဲ့ကြသည်။ မီးတောက်များကြားတွင် အပြာရောင်သည် အထူးသဖြင့် လှုပ်ရှားနေခဲ့လေသည်။

စူးကုသည် ရှောက်ရွှမ်ထံမှ အကျိုးအမြတ်ရလိုက်သကဲ့သို့ ရှောက်ရွှမ်သည်လည်း စူးကုထံမှ အကျိုး အမြတ်ရလိုက်လေသည်။ သူ့စိတ်ထဲမှ မီးတောက်ဦးချိုမှ မီးတောက်များသည်ပင် အပြာ‌ရောင်သို့ ပြောင်းလဲလာဟန် ရသည်။

နေ့ဝက်ခန့်ကြာသည့်အခါတွင် သူ့လေ့ကျင့်ခန်းပြီးဆုံးသွားသဖြင့် စူးကုသည် သူ့ကျွန်ပြုခြင်းစွမ်းရည်များ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ နောက်တစ်ကြိမ် ကျွန်ပြုသိမ်းသွင်းပါက သူသည် ပိုပြီး သွက်လက်စွာဖြင့် ပိုများသော လူများကို ကျွန်ပြုသိမ်းသွင်းနိုင်မည် ဖြစ်သည်။

“ ချည်နှောင်ပြီးသွားရင် ကျွန်တွေရဲ့အဆင့် တက်ရောက် ခြင်းက အကန့်အသတ်ရှိလား “ ရှောက်ရွှမ် မေးလိုက်သည်။

“ ဒါက ကိစ္စကြီးတစ်ခုပဲ “ စူးကုပြန်ဖြေလိုက်သည်။

“ ထူးကဲတဲ့ ကိစ္စတစ်ခုခုရှိနေလား “

“ တချို့ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် နည်း

နည်း လေးပါ။ ချည်နှောင်ထားတာတွေကို ဖျက်ဆီးနိုင်တဲ့လူတွေက တကယ်ပဲ ကြောက်ဖို့ ကောင်းတယ် “

စူးကုထွက်သွားပြီးသည့်အချိန်တွင် ရှောက်ရွှမ် သူ့စိတ်ထဲမှ နတ်စွမ်းအားများကို လှုပ်ရှားစေလိုက်သည်။ သူ့လက်မောင်း သုံးပုံနှစ်ပုံခန့်တွင် အနက်ရောင် မီးတောက်များနှင့်တူသည့် အမှတ်အသားများ ထွက်ပေါ်လာခဲ့သည်။ ထိုအမှတ်သားများသည် သူ့လက်ကောက်ဝတ်အနီးသို့ပင် ရောက်လုနေပြီဖြစ်သည်။ မျိုးနွယ်စုမှ မထွက်ခွာလာခင်က နတ်အမှတ်အသားများသည် ယခုလောက် အထိ များပြားနေခြင်း မရှိခဲ့ပေ။ သို့သော်လည်း မိုးရေမျိုးနွယ်စုနှင့် ဤနေရာရှိ ကိစ္စများကြောင့် သူ့အမှတ်အသားများသည် အဆင့်တစ်ခု တိုးတက်လာခဲ့လေပြီ။

မီးတောက်ဦးချို မျိုးနွယ်စုမှ စစ်သည်‌တော် တစ်ဦးအတွက် နတ်အမှန်အသားများသည် သူတို့၏

ခွန်အားကို ဖော်ပြနေပေသည်။ တံတောင်ဆစ်အထိ ရောက်သည့် နတ်အမှတ်အသားများဖြင့် စစ်သည်တော်သည် အလယ်အလတ်အဆင့်တွင် ရှိနေပြီဖြစ်သည်။ လက်ကောက်ဝတ်နှင့် နီးစပ်သည်အထိ အမှတ်အသားများရှိနေခြင်းသည် စီနီယာ မျိုးနွယ်စု စစ်သည်တော် တစ်ယောက် ဖြစ်‌တော့မည်ကို ဖော်ပြနေသည်။

“ အားရွှမ် ....... တခြားမျိုးနွယ်စုတွေမှာ ပြောင်းလဲမှုတချို့ရှိနေတယ် “ ထွော် ပြောလိုက်သည်။

ရှောက်ရွှမ်တို့အုပ်စုသည် မြို့တော်အတွင်းမှ အခြားမျိုးနွယ်စုများ၏ လှုပ်ရှားမှုများကိုလည်း အမြဲမျက်ချေမပြတ်စောင့်ကြည့်နေခဲ့ကြသည်။ ယခင်က ထိုမျိုးနွယ်စုများသည် မြို့တော် အပြင်ဖက်သို့ ရံဖန်ရံခါ ထွက်သွားတတ်ကြသည်။ သူတို့အပြောအရ သဲကန္တာရာ အတွေ့အကြုံများကို သွားရှာကြသည်ဟု ဆိုသည်။ သူတို့သည် ရက်

တချို့ကြာလျှင် မြို့ထဲသို့ ပြန်လာတတ်ကြသည်။ သို့သော် ဤတကြိမ်တွင် အပြောင်းအလဲများ ရှိနေခဲ့ပြီဖြစ်သည်။

“ ဒီလူတွေက အဆက်မပြတ် ထွက်သွားနေကြတယ် “ လဲ့ ရှောက်ရွှမ်ကို ပြောလိုက်သည်။ “ မနေ့က မြို့တော်နဲ့ အဝေးကို ရောက်နေတဲ့လူတွေ ပြန်လာကြတယ်။ ပြီးတော့ သူတို့ပစ္စည်းတွေကို သိမ်းဆည်းနေကြတယ်လေ။ ပြီးတော့ ငါက ကျောက်တုံး ကိရိယာ အသစ်တွေကိုလုပ်နေတဲ့ လူတစ်ယောက်ကိုလည်း တွေ့ခဲ့တယ်။ ကြည့်ရတာ ငါထင်တာတော့ ခရီးပြန်ထွက်ဖို့ထင်တယ်။ ဒီနေ့တော့ ထျန်းရှန်နဲ့ မျက်နှာဖုံးတစ်ထောင် မျိုးနွယ်စုတွေ မြို့တော်ထဲကနေ ထွက်သွားကြတယ်။ တခြားမျိုးနွယ်စုတွေလည်း မြို့ထဲကနေ ထွက်သွားဖို့ ပြင်ဆင်နေကြပြီ။ ငါကြားတာတော့ ဟွေမျိုးနွယ်စုက မြို့ထဲကနေ နှစ်ရက်ပျောက်သွားတယ်တဲ့။ သူတို့က ပြန်မလာပဲ သဲကန္တာရထဲ ဆက်သွားလိုက်ကြတယ်။ အားရွှမ် ပြောကြည့်စမ်း....... သူတို့ဘယ်ကို သွားကြတာလဲ “

အကယ်၍ သူတို့သာ ဤခရီးစဉ်ကို အဆုံးသတ်ပြီး သူတို့၏ မျိုးနွယ်စုဆီသို့ ပြန်လိုလျှင် သူတို့အနေဖြင့် မီးတောက်ဦးချို မျိုးနွယ်စုမှ လူများကို အကြောင်းကြားရမည် ဖြစ်သည်။ ဒီလူတွေက ဘယ်ကိုများ ထွက်သွားကြတာလဲ .........။

သဲကန္တာရထဲမှာ ဘာတွေဖြစ်နေတာလဲ .......။

အချိန်တစ်ခု ကြာပြီးနောက် ရှောက်ရွှမ် အကြောင်းရင်းတစ်ခုကိုသာ တွေးမိလိုက်သည်......သားရဲမြို့တော် ........

ကျွန်ပိုင်ရှင်များ၏ နှစ်စဉ် ပွဲတော်တွင် ပါဝင်လိုကြသည့် ကျွန်ပိုင်ရှင်များသည် သူတို့၏ လူများကို တိုက်ပွဲအတွက် ခေါ်ဆောင်သွားကြလိမ့်မည် ဖြစ်သည်။ အခြားမျိုးနွယ်စုမှ လူများသည် ဤ

အခွင့်အရေးကို အရယူပြီး ထိုသူများ ၏ လျှို့ဝှက်ချက်များကို ရှာဖွေလိုကြဟန် ရသည်။

ရှောက်ရွှမ် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး လဲ့နှင့် ထွော်တို့ကို ပြောလိုက်သည် “ တခြားမျိုးနွယ်စုတွေ ဘာကိုပဲ စီစဉ်နေတာ ဖြစ်ဖြစ် ငါတို့လည်း ငါတို့ဖာသာ ပြင်ဆင်ထားရလိမ့်မယ်။ လော့ယဲ့မြို့သခင်ရဲ့ မွေးနေ့ပွဲပြီးသွားရင် ငါတို့ သားရဲမြို့တော်ကို သွားကြမယ် “

All Chapters