မြို့တော်မှ ထွက်ခွာခြင်း
Vol. 21 Ch. 309
လော့ယဲ့မြို့တော်မှ ကျွန်ပိုင်ရှင်ကြီးများသည် သူတို့၏ ဘုရင်စူးလွန်၏ မွေးနေ့ပွဲအတွက် တက်ကြွနေကြလေသည်။ ထိုနေ့တွင် ရှောက်ရွှမ်သည် အိမ်ပြင်မထွက်ခဲ့ပေ။ အပြင်သို့ထွက်ခြင်းသည် ပြဿနာများ ဖြစ်စေနိုင်ပေသည်။
အခြားကျွန်ပိုင်ရှင်များသည် မြို့တော်၏ လမ်းများတွင် လျှောက်သွားနေကြလေသည်။ သူတို့သည် ပစ္စည်းများကို လဲလှယ်နေကြ၏။ တခါတရံတွင်ငွေသားများကို ပေးကြပြီး တစ်ခါတစ်ရံတွင် အခြားပစ္စည်များ ဥပမာ အစားအသောက်များဖြင့် လဲလှယ်ကြသည်။
ကျွန်ပိုင်ရှင်များ၏ ပေးကမ်းခြင်းကို ခံရသည့် ကျွန်များသည် ကျေးဇူးတင်ကြပြီး အချို့ဆိုလျှင် မြေပြင်ပေါ်တွင်ပင် ဒူးထောက် ဆုတောင်းနေကြ
လေသည်။ ထိုကဲ့သို့သောမြင်ကွင်းမျိုးကို ရှောက်ရွှမ် မမြင်တွေ့လိုပေ။
ထိုနေ့ရက်များတွင် အခြားမျိုးနွယ်စုမှလူများသည်လည်း မြို့တော်ထဲမှ ထွက်သွားနေကြသည်။ ကြည့်ရသည်မှာ ယခင်က သူတို့ထွက်သွားနေကြခြင်းသည် လေ့ကျင့်သည်နှင့်တူသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့အားလုံး အလေးအနက်ဖြစ်နေသည်ကို ရှောက်ရွှမ် ခံစားမိနေခဲ့သည်။ ပထမဆုံးအကြိမ်ဖြစ်သည့် ငယ်ရွယ်သည့် စစ်သည်တော်များသည် တည်ငြိမ်နေကြသည်။
သူတို့မထွက်ခွာ မှီ သူတို့သည် မီးတောက်ဦးချို မျိုးနွယ်စုမှ လူများကို မည်သို့မျှ ပြောခဲ့ခြင်း မရှိပေ။ သူတို့ကို မြို့တော်ထဲတွင် စောင့်နေရန်သာ ရှောက်ရွှမ်တို့ကို ပြောခဲ့ကြသည်။ သူတို့ ပြန်လာသည့်အချိန်တွင် နူတ်ဆက်ရမည့် အချိန်ပင် ဖြစ်
နေလိမ့်မည်။
သို့သော်လည်း ထိုလူများသည် ရှောက်ရွှမ်တို့အုပ်စု စူးကုနှင့် သားရဲမြို့တော်သို့လိုက်ပါပြီး တိုက်ခိုက်မည်ကို မသိထားကြပေ။
ကောင်းကင်ထက်ရှိ လနှစ်စင်းသည် ရွေ့လျားနေကြလေပြီ။ မကြာခင်တွင် လပြည့်နေသို့ ရောက်တော့မည် ဖြစ်သည်။ သဲကန္တာရအတွင်းမှ ညသည် အဖြူရောင် အလင်းလွှာတစ်ခု ရှိနေခဲ့သည်။ ညဖက်တွင် လှုပ်ရှားသွားလာတတ်သည့် သားရဲများကို တစ်ခါတစ်ရံမြင်နေရသည်။
လဲ့နှင့်ထွော်တို့ ရှောက်ရွှမ့် အခန်းသို့ရောက်လာကြပြီး “ ငါတို့အားလုံး အဆင်သင့်ဖြစ်နေပြီ “
မနက်ဖြန်တွင် သူတို့သည် မြို့တော်မှ ထွက်ခွာ
မည်ဖြစ်သည်။ ယနေ့ညတွင် သူတို့အနေဖြင့် အားလုံးကို အဆင်သင့်ဖြစ်စေရန် ပြုလုပ်ထားရပေမည်။ သို့မှသာ မနက်ဖြန်တွင် သူတို့အတွက် အချိန်ရမည် ဖြစ်သည်။
“ ဒီအဝတ်အပိုင်းသုံးခုကို စူးက လူတွေလာပေးသွားတာ ။ မင်းတို့တစ်ခုစီ ယူလိုက်ကြ “ ရှောက်ရွှမ် သူ့ဘေးရှိ ကုတ်အင်္ကျီအရှည်သုံးထည်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။ ၎င်းတို့တွင် ဦးထုပ်များ ပါဝင်ပြီး ရှောက်ရွှမ်က ထိုဒီဇိုင်းရစေရန် စူးကုကို မှာခဲ့ခြင်း ဖြစ်သည်။
အဝတ်များ၏ အရောင်သည် အနက်ရော်ဖြစ်ပြီး သာမန်သာဖြစ်သည်။ သို့သော်လည်း အသုံးပြုထာသည် ပစ္စည်းများသည် ကျွန်များ အသုံးပြုနေကြ ပစ္စည်းများ မဟုတ်ကြပေ။ စူးကုသည် ထိုပစ္စည်းများကို သူပိုင်ဆိုင်သည့်နေရာမှ ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ လဲ့နှင့်ထွော်တို့ ဤကဲ့သို့သော ပစ္စည်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုအဝတ်အစားများသည် တော်ဝင်ဆန်ပေသည်။
“ ဟုတ်တယ်၊ အားရွှမ်၊ ကုလားအုပ်ကိုကော ဘယ်လိုလုပ်ရမလဲ “ လဲ့မေးလိုက်သည်။
အကယ်၍ သူတို့သာ ကုလားအုတ်ကို မြို့တော်ထဲတွင် ထားခဲ့လျှင် စူးကု ကို ထိုကိစ္စအတွက် အကူအညီတောင်းခံနိုင်သည်။ သို့သော်လည်း ကျွန်များသည် ကုလားအုတ်ကို မသတ်ဟု သူတို့မပြောနိုင်ပေ။ စူးကု၏ ဒုတိယ အကိုသည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ သူ့မျက်လုံးထဲတွင် မီးတောက်ဦးချိုများ မျိုးနွယ်စုမှ သုံးယောက်ကို အမြင်မကြည်နေပေ။
“ ငါတို့ အတူတူ ခေါ်သွားမယ် “ ရှောက်ရွှမ် ပြောလိုက်သည်၊ ထို့နောက် “ သူက သူ့ဖာသာ သွားလိမ့်မယ် “
သူထိုသို့ ပြောလိုက်ပြီး နေ့ခင်းဖက်တွင် ဖြစ်ခဲ့သည့် ကိစ္စကို တွေးမိလိုက်ပြီး ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူသည် မတ်ကို လိုက်မည်လော နေခဲ့မည်လောဟု မေးသည့်အခါတွင် မတ်သည် ရှေ့သို့ထွက်လာခဲ့သည်။ ဆုလိုသည်မှာ သူသည် သူတို့နှင့်အတူ လိုက်လိုနေသည်ဟု ဆိုလိုနေသည်။
နောက်နေ့တွင် ......
မနက်စောစောတွင် မြို့တော် တခွင် အရိုးသံများကို ကြားလိုက်ရသည်
ယခင်က မြို့တော်သည် ဤအချိန်တွင် တိတ်ဆိတ်နေလေ့ရှိသည်။ ယခုတွင်မူ လူအများ ပြေးလွှားနေသံများ စကားပြောနေသံများဖြင့် ဆူညံနေခဲ့သည်။
လူသားများ၏ အသံများ အပြင် သားရဲများ၏ ဟိန်းဟောက်သံများကိုလည်း ကြားနေရသည်။
ဤမနက်ခင်းသည် တိတ်ဆိတ်မနေတော့ပေ။
နေထွက်လာသည့်အချိန်တွင် ရှောက်ရွှမ်တို့အုပ်စုနှင့် ကုလားအုပ်တို့သည် စူးကုလွတ်လိုက်သော လူများနောက်မှ လိုက်လာခဲ့ကြသည်။
အပြင်ဖက်တွင် သားရေဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျွန်များသည်မြို့တော်၏ အဓိကလမ်းမပေါ်တွင် စီတန်းရပ်နေခဲ့ကြပြီဖြစ်သည်။
ထိုသူများသည် မြို့တော်ထဲရှိ သာမန် ကျွန်များနှင့် ကွဲပြားနေခဲ့သည်။ သူတို့သည် တိုက်ခိုက်မည့် စစ်တပ်ကို ကာကွယ်သည့် နေရာတွင် အသုံးပြုသည့် ကျွန်များ ဖြစ်သည်။
ထူးဆန်းသည့် သားရဲတစ်ကောင်ကို ကျွန်များ ခေါ်လာခဲ့ကြသည်။ ၎င်းသည် သူ့မေးရိုးများကို ဖွင့်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ အော်မြည်နေခဲ့သည်။ ၎င်းကိုကြည့်ရသည်မှာ ကိုက်ခဲလိုနေဟန် ရသည်။
ဘန်း....ဘန်း.....ဘန်း.....
လမ်းမ၏ အဆုံးနေရာမှ ဆူညံသည့် ခြေလှမ်းလှမ်းလာသည့် အသံကို ကြားလိုက်ရသည်။
ရှစ်မီတာခန့်မြင့်သည့် သားရဲတစ်ကောင် ပေါ်လာ
ခဲ့ပြီး ထိုသားရဲသည် ပုတ်သင်ညို တစ်ကောင်နှင့် တူနေခဲ့ကာ ဆူးချွန်များရှိသည့် ထူထဲသည့် အစင်းကြောင်းများနှင့် အပေါ်ယံ အရေခွံရှိပေသည်။ ထို့နောက် ၎င်းသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး လျှာကိုတစ်လစ် ထုတ်ထားလိုက်သည်။ ထိုကဲ့သို့သော သားရဲမျိုးသည် သယ်ဆောင်ရန်အတွက်သာ အသုံးဝင်ပြီး သူ့နောက်ကျောတွင် လျိုယီမြို့တော် ဘုရင်ကို သယ်ဆောင်လာလေသည်။
သားရဲကြီး၏ နောက်တွင် များစွာသော ကျွန်ပိုင်ရှင်များ လိုက်ပါလာခဲ့သည်။ သူတို့သည် သူတို့မွေးမြူထားသည့် သားရဲများကို စီးလာကြပြီး ထိုသားရဲများသည် ဘုရင်ကြီး၏ သားရဲထက်တော့ သေးငယ်ကြလေသည်။
စူးကုသည် တောခွေးတစ်ကောင်နှင့်တူသည့် သားရဲတစ်ကောင်ကို စီးနင်းလာခဲ့သည်။ သူရှောက်ရွှမ်တို့ သုံးယောက်ကို လက်ဝှေ့ယမ်းပြလိုက်
ပြီး သူတို့ကို နောက်မှလိုက်လာရန် အချက်ပြလိုက်သည်။ သူဘေးတွင် ကုလားအုပ်သုံးကောင်ရှိနေခဲ့ပြီး ရှောက်ရွှမ်တို့ သုံးယောက် စီးနင်းရန် အဆင်သင့်ဖြစ်နေခဲ့သည်။
ရှောက်ရွှမ် ဦးဆောင်လိုက်ပြီး လဲ့နှင့်ထွော်တို့ သူ့နော်ကမှလိုက်ပါလာကြကာ ကုလားအုတ်ပေါ်သို့ တက်လိုက်ကြသည်။
သူတို့ ခရီးသွားအုပ်စုတွင် ကျွန်များသည် လမ်းလျှောက်လိုက်လာကြရပြီး ကျွန်ပိုင်ရှင်များသည် သားရဲများကို စီးနင်းနိုင်ကြသည်။ သို့သော်လည်း ရှောက်ရွှမ်တို့ သုံးယောက်မှာမူ အထူးဧည့်သည်များ ဖြစ်နေခဲ့သည်။ သူတို့သည် ကျွန်များမဟုတ်သကဲ့သို့ ကျွန်ပိုင်ရှင်များလည်း မဟုတ်ကြပေ။ ထို့ကြောင့် စူးကုက ယခုကဲ့သို့ စီစဉ်ထားပေးခဲ့ခြင်း ဖြစ်လေသည်။
ရှောက်ရွှမ် ကုလားအုတ်ကျော်ပေါ်တွင် စီးနင်းလာရင်း သူ့ကိုကြည့်နေသည့် အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ သူ့ဘေးတွင် တည်ငြိမ်သော အမူအယာနှင့် လူငယ်တစ်ယောက်ကို သူမြင်လိုက်သည်။ ထိုသူသည် စူးကုနှင့် ဆင်တူလှပြီး သူ့မျက်လုံးများသည် အေးစက်မှုအပြည့်ဖြင့် လူအုပ်ကို ဖြတ်သန်းကာ ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့လေသည်။
ဒါက လော့ယဲ့မြို့တော် ရဲ့ ဒုတိယ သခင်လေး စူးလဲ့လား ........။
အိုအေစစ်တွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် ထိုဒုတိယသခင်လေးသည် ရှောက်ရွှမ်ကို ကျေနပ်ဟန် မတူပေ။ မူလက သူသည် လော့ယဲ့မြို့တော် ဘုရင်နှင့် လိုက်ပါပြီး သားရဲမြို့တော်တွင် တိုက်ခိုက်ရန် သွားရမည်ဖြစ်သည်။ သို့သော်လည်း စူးကု ပါလိုက်ချင်ကြောင်းပြောလာခဲ့သဖြင့် သူသည် အဆင့်မြင့် ကျွန်ပိုင်ရှင်များနှင့် စူးကနှင့်အတူ
မြို့တော်ကို ကာကွယ်ရန် နေခဲ့ရမည် ဖြစ်သည်။ သူသည် စိတ်မပျော်မရွှင်ဖြစ်နေခဲ့သည်။
ရှောက်ရွှမ် တစ်ခါက စူးကုကိုမေးကြည့်ခဲ့ဖူးသည်။ ဘုရင်သည် သူ့အဖွဲ့သားများဖြင့် မြို့တော်မှ ထွက်ခွာခဲ့လျှင် ဒုတိယသခင်လေးသည် နန်းတော်ကို သိမ်းပိုက်ရန် ဖြစ်နိုင်သလော.........။ စူးကုပြန်ဖြေခဲ့သည်မှာ သူမလုပ်ရဲပါ ဟုသာ ဖြစ်သည်။
ထို့အပြင် ဘုရင်ကြီး မြို့တော်တွင် ချန်ထားခဲ့သည့် ကျွန်များသည် ကိုယ်ပိုင်ခွန်အားများ ရှိနေကြသည်။ အခြားသူများ မှာမူ ဘုရင်ကြီးကို ကြောက်လန့်ကြသည်။ ထို့ကြောင့် သူတို့အနေဖြင့် လုံလောက်သည့် ခွန်အားသာ မရှိလျှင် နန်းတော်ကို သိမ်းပိုက်ရဲကြမည် မဟုတ်ပေ။
ရှောက်ရွှမ် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး
စူးကု ရှိနေသည့်ဖက်ကို ကြည့်လိုက်သည်။
စူးကုသည် ကျွန်ဆယ့်လေး ယောက်ကို အောင်မြင်စွာသိမ်းသွင်းကျွန်ပြုနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် သူတို့အားလုံးကို သူ့ဘေးတွင် ခေါ်ထားခဲ့သည်။ အကယ်၍ သူ့ဘေးမှ ဝူရှီကိုသာ ထည့်တွက်လိုက်လျှင် သူ့ထံတွင် ကျွန် ဆယ့်ငါးယောက် ရှိနေပြီဖြစ်သည်။
သူတို့ကို မြင်လိုက်သည့်အခါတွင် ယခင်ကာလများက ကြမ်းတမ်းသောမျက်နှာထား များဖြင့်သာ နေလေ့ရှိသည့် လမ်းမတစ်လျှောက်မှ အစောင့်ကျွန်များသည် သူတို့ဖက်ကို လှည့်ကြည့်လိုက်ကြသည်။ စူးကု မျက်နှာထား ပြောင်းလဲသွားပြီး မြင့်မားသည့် အဆင့်အတန်းရှိနေသည့်ပုံ ပေါ်လာခဲ့သည်။ သူ့မျက်နှာသည် အထူး ဂရုစိုက်ခံရခြင်းကို ကျေနပ်နေဟန် ရလေသည်။
ယခင်က စူးကုသည် ထိုကဲ့သို့ ဆက်ဆံခြင်းကို မခံခဲ့ရဖူးပေ။ ကျွန်များသည် စူးကုကို လေးစားကြသော်လည်း သူတို့အားလုံး သူ့ကို သခင်တစ်ပါးကဲ့သို့ ဆက်ဆံနေကြခြင်း မရှိခဲ့ကြပေ။ ယခုတွင် ထိုအခြေအနေသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ စူးကု..... ဤသခင်ငယ်လေးသည် ကျွန်ပြုသိမ်းသွင်းခြင်းကို ကျွမ်းကျင်လာခဲ့ပြီး ကိုယ်ပိုင်ကျွန်များလည်း ရှိနေပြီဖြစ်သည်။ သူသည် ဘုရင်ကြီးကိုယ်တိုင်ကပင် သားရဲမြို့တော် သို့လိုက်ပါရန် ခေါ်သွားခြင်း ခံရသည်။ ထို့ကြောင့် အခြားသူများ၏ သူ့အပေါ်ဆက်ဆံပုံသည် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
စူးကု သစ်သီးတစ်လုံးကို ယူလိုက်သည်။ ထို့နောက် မြို့တံခါးကို ကြည့်လိုက်သည်။ သူအသက်ကို ပြင်းစွာရှုလိုက်ပြီးနောက် သူ့စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်လိုက်သည်။
ဘုရင်ကြီး၏ အဖွဲ့သားများ မြို့တော် မှ ထွက်သွားပြီးသည့်အချိန်တွင် စူးလဲ့ သူ့ဒေါသများကို ထပ်ပြီး မထိန်းနိုင်တော့ချေ။ သူ့နေရာသို့ ပြန်သွားလိုက်ပြီး ပစ္စည်းများကို စတင်ဖျက်ဆီးလေတော့၏။
သို့သော်လည်း မြို့တော်ထဲမှ လူများသည် သူ့ကိုတားဆီးရဲခြင်း မရှိကြပေ။
သားရဲမြို့တော်သည် လော့ယဲ့မြို့တော်နှင့် အတန်ငယ် ကွာလှမ်းသည့်နေရာတွင် ရှိနေခဲ့သည်။ ထိုနေရာသ်ည အထူးနေရာတစ်ခုဖြစ်ပြီး သဲကန္တာရထဲတွင် တိုက်ခိုက်ကြသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ၎င်းသည် သဲကန္တာရထဲတွင် ရှိနေသော်လည်း ရာသီဥတုသည် အခြားမြို့များနှင့်ကွာခြားလှပေသည်။
မြို့တော်သည် ကျန်မြို့တော်များထက် အေး
သော ရာသီဥတုရှိသည်။ ကျွန်ပိုင်ရှင်များ ဤမြို့တော်ကို အပျော်ရှာပြီး တိုက်ခိုက်သည့် မြို့တော် အဖြစ် ရွေးခဲ့ခြင်းသည် အပူချိန် နည်းပါးသောကြောင့်လည်း ပါသည်။