ငါ့ကိုရယ်တာလား
Vol. 21 Ch. 311
အခန်း (၃၁၀) လမ်းကျဉ်း
ကန္တာရ တစ်လျှောက်တွင် လော့ယဲ့မြို့တော်မှ ခရီးသွားအဖွဲ့သည် သူတို့ဦးတည်ရာသို့ ဆက်လက် ခရီးထွက်နေခဲ့သည်။
လူနှစ်ထောင်ကျော်ရှိသည့် အဖွဲ့သည် ယခင်က မီးတောက်ဦးချို မျိုးနွယ်စုမှ လူများထက်ပင် များနေခဲ့သေးသည်။
လူအုပ်၏ အလယ်တွင် သားရဲကြီးသည် ဘုရင်ကို သယ်ဆောင်ထားကာခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်နေခဲ့လေသည်။ သားရဲကြီး၏ ခြေထောက်မှ လက်သည်းများနှင့် မြေကြီးထိမိသည့်အသံကိုပင် ရှောက်ရွှမ် သဲကွဲစွာ ကြားနေရသည်
အချို့ကျွန်များ ယူဆောင်လာသည့် တိရိစ္ဆာန်များလည်း သူတို့အုပ်စုတွင် ပါလာခဲ့သည်။ တခါတစ်လေတွင် သူတို့အုပ်စုနှင့် မလှမ်းမကမ်းတွင် အခြားသားရဲများကိုလည်း တွေ့ရနိုင်သည်။ ထို့ကြောင့် တိရိစ္ဆာန်များ၏ အသံများကို ကြားနေရသည်။ စူးကုစီးနင်းလာသည့် သားရဲသည်ပင် ရံဖန်ရံခါ အသံထွက်နေသေးသည်။ သူတို့အုပ်စုတွင် အတိတ်ဆိတ်အငြိမ်သက်ဆုံးမှာ ရှောက်ရွှမ်တို့ စီးနင်းလာသည့် ကုလားအုတ်များ ဖြစ်ဟန်ရသည်။ သူတို့သည် အမှန်တကယ်ပင် တိတ်ဆိတ်သည့် သတ္တဝါများလော ၊ တုံ့ပြန်မှုနှေးသည့် သတ္တဝါများလောဟု သူကိုယ်တိုင်ပင် မသိနေပေ။
အစပိုင်းတွင် ပူလောင်နေခဲ့သည့် ရာသီဥတုသည် ညနေဖက် ရောက်လာသည့်အချိန်တွင် အနည်းငယ် အေးစက်လာခဲ့ပြီဖြစ်သည်။
သူတို့ လော့ယဲ့မြို့တော်မှ ထွက်လာခဲ့သည်မှာ ဆယ်ရက်မြောက်နေ့လည်းဖြစ်သည်။
အချို့သောကျွန်များသည် အရှုံးပေးလိုက်ရပြီဖြစ်သည်။ ကျွန်ပိုင်ရှင်များသည် ကျွန်များ လဲကျသွားခဲ့ပါက၊ ထိုသူပြန်မရပ်နိုင်ခဲ့လျှင် ထိုသူကို ဒီအတိုင်းသာ သားရဲများ၏ အစာအဖြစ် ထားခဲ့တတ်ကြသည်။
မျိုးနွယ်စုများသည် ထိုကဲ့သို့မရက်စက် တတ်ကြပေ။ ရှောက်ရွှမ်တို့ အုပ်စုသည် ထိုအမူအကျင့်ကို တဖြေးဖြေး ကျင့်သားရလာခဲ့သည်။ ဤသည်မှာ ကျွန်များ ၏လောကရှိ ဥပဒေသ တစ်ခုဖြစ်လေသည်။ ချန်ထားခဲ့ခံရသည့် ကျွန်များသည် သူတို့၏ ရွေးချယ်မှုများ အတွက် နောင်တရနေလိမ့်မည် ဖြစ်သည်။
“ ရောက်တော့မယ် “ စူးကု ရှောက်ရွှမ်တို့ အုပ်စု
ကို တီးတိုး ပြောလိုက်သည်။
ရှည်လျားသော သဲတောင်ကုန်း တစ်ခုပေါ်တွင် သဲများသည် နံရံများ သဖွယ် ရှိနေခဲ့သည်။ အဝါရောင်သဲများ ဖုံးလွှမ်းနေခဲ့သည့်နေရာတွင် အဖြူရောင် ဒေသတချို့ ရှိနေခဲ့သည်။ ထိုအရာများမှာ နှင်းများ ဖြစ်ကြလေသည်။
သူတို့ခေါင်းပေါ်သို့ ဖြတ်သန်းတိုက်ခတ်နေသည့် လေသည်ပင်လျှင် အေးစက်သော နှင်းမြူများ ပါဝင်လာနေခဲ့သည်။
“ ဒါက.....ဒါတွေက နှင်းတွေလား “ လဲ့ ထိုနေရာကို အံ့သြတကြီး ကြည့်လိုက်မိသည်။ သူသည် ဤကဲ့သို့သော နေရာမျိုးတွင် ရာသီဥတုအေးလျှင်သော်မှ နှင်းများ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ့အမြင်တွင် သဲကန္တရသည် ခြောက်သွေ့ပူပြင်းသည့် နေရာတစ်ခု သာ
ဖြစ်သည်။ သူ့အမူအယာ ပြောင်းလဲသွားလေသည်။
“ မြို့တော်က ဘယ်မှာလဲ ။ ငါတော့ သဲကန္တာရကိုပဲ မြင်တယ် “ ထွော်အဝေးတစ်နေရာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ နှင်းများကျနေသည့် သဲကန္တာရမှ အပ မည်သည့်အရာကိုမှ သူမမြင်နေပေ။
“ သားရဲမြို့တော်က ဒီနေရာကနေ နည်းနည်း ဝေးသေးတယ်။ ဒါပေမယ့် ဒီနေရာကလည်း မြို့တော် နယ်နိမိတ်ထဲတော့ ရောက်နေပါပြီ “သူသိထားသည့်အရာကို စူးကု ရှောက်ရွှမ်တို့ သုံးယောက်ကို ပြောပြလိုက်လေသည်။
သူတို့သည် ဤနေရာတွင် နှင်းများကိုသာ မြင်နေကြရသည်။ နှင်းများသည် ပူပြင်းမှုနှင့်တွေ့သည့်အခါတွင် အရည်ပျော်သွားကြလေသည်။ အချို့
နှင်းများသည် ရေငွေ့အဖြစ် အငွေ့ပျံတက်သွားကြသည်။
သို့သော်လည်း ထိုနှင်းများသည်သာ သားရဲမြို့တော်၏ တစ်ခုတည်းသော ရေအရင်းအမြစ်ဖြစ်လေသည်။ ပတ်ဝန်းကျင်ရှိ တိရိစ္ဆာန်များသည် ရေငတ်လျှင် နှင်းများကိုသာ လျှက် တတ်ကြသည်။ သို့ဆိုလျှင် သူတို့သည် အစာအိမ်များကို ရေများအစား နှင်းများနှင့် ဖြည့်လိုက်ပြီး ရေငတ်ခြင်းကို ရင်ဆိုင်ကြရသည်။ နှင်းများ ထူထပ်စွာကျဆင်းနေပေရာ ဤနေရသည် သားရဲတိရိစ္ဆာန်များကို ဖျားနာခြင်း နှင့်သေဆုံးခြင်းများကို ဖြစ်စေနိုင်ပေသည်။ ရှောက်ရွှမ်တို့ အုပ်စုသည် ခရီးဆက်နေရင်း ရေငတ်လျှင်သောက်သုံးရန် နှင်းအချို့ကို စုဆောင်းလိုက်ကြလေသည်။
အဝေး တစ်နေရာတွင် ပျံသန်းနေသည့် ငှက်များကို မြင်နိုင်ပေသည်။ သို့သော်လည်း ထိုငှက်များသည် အရိုင်းများ မဟုတ်ကြပဲ အခြား
မြို့တော်များမှ လူများမွေးထားကြသည့် အိမ်မွေး ငှက်များ ဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ ထိုသူများသည် အခြားသူများ ရောက်လာသည်ကို ထောက်လှမ်းရန်အတွက် မွေးမြူထားခြင်း ဖြစ်နိုင်ပေသည်။
စူးကုပြောပြနေသည်များကို ရှောက်ရွှမ် နားထောင်နေလိုက်သည်။ ထို့နောက် ကောင်းကင်ထက်မှ အသံတစ်ခုကို သူကြားလိုက်ရသည်။
“ တစ်ယောက်ယောက် လာနေပြီ “ ရှောက်ရွှမ် ပြောလိုက်သည်။
စူးကုသည် ချာချာ ပြောသည်ကို ယုံကြည်ပေသည်။ ရှောက်ရွှမ်သည် တစ်စုံတစ်ယောက် လာနေပြီဟု ပြောခဲ့သည်။ ဖြစ်နိုင်သည်မှာ တဖက်လူများသည် လူအုပ်စု တစ်ခု ဖြစ်နိုင်ပေသည်။
နှစ်ဖက်အဖွဲ့သားများသည် နီးကပ်လာခဲ့ကြပြီဖြစ်သည်။
ဘန်း ဘန်း ဘန်း .......
ရှောက်ရွှမ် နောက်ထပ် မြားတစ်အုပ်ကို ကြုံလိုက်ရသည်။ သူလေထဲမှ မြားတံအချို့ကို ဖမ်းဆွဲထားလိုက်ပြီး ပြန်ပစ်လိုက်သည်။ သူ့အနေဖြင့် မြှားဖြင့်လှမ်းပစ်နေသော မြားပစ်သမားကိုပင် ပြန်ကြည့်နေစရာ မလိုအပ်ပေ။
နှစ်ဖက် အဖွဲ့နီးကပ်လာသည်နှင့်အမျှ အဖွဲ့ထဲမှ သားရဲများ အော်ဟစ်လိုက်ကြလေသည်။ လေထုထဲမှ သွေးညှီနံ့သည် သူတို့ကို စိတ်အားထက်သန်စေသည်။ သားရဲများကို ယခင်က ဆွဲထားခဲ့ကြ
သည့် ကျွန်များသည်ပင် သားရဲများကို ဆွဲထားနိုင်ကြခြင်း မရှိကြတော့ပေ။
သားရဲများသည် သူတို့ကို ဆွဲငင်ထားသည့် ကြိုးများ အားနည်းလာသည်ကို ခံစားမိလိုက်ကြသည်။ သူတို့အတွက်တော့ ထိုအရာသည် တိုက်ခိုက်ရန်အတွက် အချက်ပေးလိုက်ခြင်းသာ ဖြစ်သည်။ သူတို့သည် အစွယ်များ ၊ လက်သည်းများကို ပြသလိုက်ကြပြီး ဟစ်အော်လိုက်ကြကာ တဖက်အဖွဲ့ထံသို့ ပြေးဝင်သွားကြသည်။
သားရဲများ၏ အော်မြည်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။ သူတို့၏ ကိုက်ခဲသံများသည် ကျွန်များ၏ အော်သံများကိုပင် ဖုံးလွှမ်းသွားခဲ့ရသည်။ သွေးများ ဖုံးနေသည့် မြင်ကွင်းများဆက်ပြီး ထွက်ပေါ်လာသည်။ သူတို့မျက်နှာများ ပေါ်တွင် စင်နေခဲ့သည့် သွေးများသည် ရန်သူ့သွေးများလော သူတို့ အပေါင်း
အဖော်များ၏ သွေးများလော ဟုပင် မပြောနိုင်ကြတော့ပေ။ သွေးများသည် နှင်းများ သဲများဖြင့် ရောနှောနေခဲ့လေသည်။
အဖြူရောင်နှင်းများ တွင်သာမက အဝါရောင်သဲပြင်ပေါ်တွင်ပင် သွေးများ စိုစွတ်နေခဲ့လေပြီ။
သို့သော်လည်း အနီးကပ်ကြည့်လိုက်လျှင် သွေးများသည် အဆင့်နိမ့်သော ကျွန်များထံမှ သွေးများသာ ဖြစ်သည်ကို မြင်တွေ့နိုင်သည်။ စီနီယာ ကျသော ကျွန်များသည် ဝင်ရောက်တိုက်ခိုက်ကြခြင်း မရှိပဲ သူတို့၏ ကျွန်ပိုင်ရှင်များကိုသာ ကာကွယ်ပေးနေကြသည်။ သူတို့ကိုကြည့်ရသည်မှာ ကစားပွဲတစ်ခုကို ကြည့်နေကြသည့် ပုံစံရှိသည်။
ထိုအခိုက်အတန့်တွင် သူတို့၏ ဆရာသခင်များ နှင့် ဘုရင်နှစ်ပါးတို့သည် သူတို့၏ စီးတော်ယာဉ် သားရဲများပေါ်တွင်သာ သက်တောင့်သက်သာ
ထိုင်နေခဲ့ကြလေသည်။ သူတိုကို ကြည့်ရသည်မှ သတ်ဖြတ်နေကြသည့် မြင်ကွင်းများကို အရသာခံ ရှုစားနေကြဟန်ရသည်။ အရာတိုင်းသည် သူတို့အတွက် စိတ်ကျေနပ်စရာများသာ ဖြစ်နေခဲ့သည်။ တိုက်ပွဲသည် ပို၍ ပြင်းထန်လာလေလေ သူတို့ပိုပြီး ကျေနပ်လေလေဖြစ်သည်။
သွေးများသည် ဖျော်ဖြေမှုတစ်ခုသာ ဖြစ်နေခဲ့သည်။
ပိုင်ရှီဖက်မှ သားရဲတစ်ကောင်သည် တိုက်ခိုက်ရန်အတွက် ရှေ့သို့တိုးဝင်လာခဲ့သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ပြီး လက်သည်းများကို ထုတ်ဖော်လိုက်လေသည်။ သူ့ပါးစပ်အတွင်း၌မူ သွေးများ ပြည့်နေခဲ့သည်။ ၎င်းတွင် ထက်ရှသော သွားများ ရှိပြီး ဓါးများ နှင့် တူနေခဲ့ကာ အခြားတဖက်မှ ကျွန်များကို ကိုက်ခဲလိုက်သည်။
လော့ယဲ့မြို့တော်ဖက်မှမူ ကြိုးချည်ထားသည့် သားရဲကို ထိန်းကြောင်းနေသည့် ကျွန်များ ရှိနေခဲ့သည်။ သူတို့၏ လက်များသည် လှံများကို ဆုပ်ကိုင်ထားကြပြီး တိုးဝင်လာနေသည့် ရန်သူများကို တိုက်ခိုက်နေခဲ့ကြသည်။ သူတို့ကို ကြည့်ရသည်မှာပင်ပန်းနေဟန် ရသော်လည်း လှံများကိုမူ တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်လေသည်။
နီးကပ်လာသည့် ကြီးမားသည့် အစွယ် နှစ်ခုကို ကြည့်လိုက်ပြီး ကျွန်များသည် သူတို့ သေရတော့မည်ဟု ခံစားလိုက်ကြရသည်။ ထိုအခိုက်အတန့်တွင် ပိုင်ရှီမြို့တော်ဖက်မှ သားရဲသည် တိုက်ခိုက်ရန် တိုးဝင်လာနေခဲ့ပြီဖြစ်သည်။ လက်သည်းရာကြီးသည် မြေပြင်ကို ထိမိသွားသည်။ သို့သော်လည်း ၎င်း၏ ပါးစပ်များကိုမူ ဖွင့်ထားခြင်း မရှိသေးပေ။ ထို့အစား ၎င်းသည် သဲများကိုသာ ခါထုတ်လိုက်လေသည်။
အကိုက်ခံရတော့မည့် ကျွန်များသည် တိုက်ရိုက်ပင် လွင့်စင်သွားခဲ့ကြလေသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ သားရဲကြီး နောက်ထပ် တုံ့ပြန်မှုမလုပ်နိုင်ခင်မှာပင် ကျွန်များထဲမှ ငါးယောက်သည် သားရဲကြီးကို ဆွဲထားလိုက်ကြလေသည်။
ချာချာသည် လေထဲမှ ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။ ခေတ္တမျှ ကြည့်ရှုလိုက်ပြီးနောက် တွင် သူ့လက်သည်များ ယားယံလာသည်ကို ခံစားလိုက်ရသည်။ မြှားတံများ လှံတံများသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးအနှံ့ရှိနေခဲ့သည်။ ထို့နောက် ချာချာသည် သူ၏လက်သည်းများကို အသုံးပြုပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သားရဲကြီး၏ အရွယ်အစားသည် ချာချာမှန်းထားသည်ထက် မပိုနေခဲ့ပေ။ သူနှင့်အတူ ကျွန်ငါး
ယောက် ရှိနေခဲ့သော်လည်း ချာချာသည် သူတို့အားလုံးကို သယ်ယူနိုင်လိမ့်မည်ဟု တွေးနေခဲ့သည်။ သားရဲကြီးနှင့်အတူ လူငါးယောက်ကိုပါ သယ်ယူလိုက်ပြီးနောက် ချာချာသည် ထိုသားရဲကို ပစ်ထုတ်လိုက်လေသည်။
တိုက်ပွဲတွင် မပြောထားသည့် သဘောတူညီချက်တစ်ခု ရှိပြီ ထိုအရာမှာ နှစ်ဖက် ဘုရင်များကို မတိုက်ခိုက်ကြရန် ဖြစ်သည်။ ထို့ကြောင့် ဘုရင့်စီးတော်ယာဉ်သားရဲ၏ ဘေးတွင် မည်သည့်တိုက်ခိုက်သူမှ ရှိမနေခဲ့ပေ။ ဘုရင်များ၏ တိုက်ခိုက်မှုသည် သားရဲမြို့တော်တွင်သာ ဖြစ်ပြီး ဤသဲကန္တာရတွင် မဟုတ်နေပေ။
ထိုအခိုက်အတန့်တွင် စီးတော်ယာဉ် သားရဲသည် တိုက်ခိုက်လိုမှုကြောင့် ယားယံနေခဲ့ပြီဖြစ်သည်။ ၎င်းကို တိုက်ခိုက်ရန် ခွင့်မပြုထားသဖြင့် သူသည် တိုက်ပွဲကိုသာ ကြည့်နေခဲ့ရပြီး အော်မြည်နေယုံသာ တတ်နိုင်ခဲ့သည်။ သူသည် မည်သည့်
သတ္တဝါ ၊ လူကိုမှ မသတ်နိုင်ခဲ့ပေ။ သို့သော်လည်း ယခုတွင် ချာချာ ပစ်ထုတ်လိုက်သည့် သားရဲနှင့် လူများသည် လော့ယဲ့မြို့တော် ဘုရင် စီးတော် ဘုရင် သားရဲ၏ ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။
ဘုရင့်စီးတော်ယာဉ်သားရဲများသည် အလွယ်တကူ တိုက်ပွဲတွင် ပါဝင်ကြမည် မဟုတ်ပေ။ သို့သော် ရှေ့သို့ ကိုယ်တိုင်ရောက်လာသည့် သားကောင်ကိုမူကား မကိုက်ခဲပဲ နေစရာ အကြောင်း မရှိနေပေ။
ထို့နောက်တွင် ကျွန်များကို တိုက်ခိုက်လိုနေခဲ့သည့် သားရဲသည် စီးတော်ယာဉ််သားရဲ၏ အစာ ဖြစ်သွားခဲ့ရလေပြီ။
ချာချာ ကြောင့် ပိုင်ရှီမြို့တော်ဖက်မှ တိုက်ခိုက်နေကြသည့်သားရဲများသည် စိတ်လှုပ်ရှားသွားကြ
ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ဤသည်ကြောင့် သူတို့၏ တိုက်ခိုက်မှုများ အစီအစဉ်မကျ ဖြစ်သွားရလေသည်။ ထို့ကြောင့် လော့ယဲ့မြို့တော်ဖက်မှ သားရဲများသည် တိုက်ခိုက်မှုတွင် အသာစီးရလာခဲ့သည်။ သူတို့သည် လည်ပင်းများကို ကိုက်ခဲကြပြီး သွေးများ စွာ ပန်းထွက်လာခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့သည် သားရဲမြို့တော် မရောက်ခင်မှာပင် သူတို့၏ အကောင်းဆုံးသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ကြပြီဖြစ်သည်။ သူတို့သည် ဤကဲ့သို့ ကြမ်းတမ်းစွာ တိုက်ခိုက်လျှင် သားရဲမြို့တော်တွင် ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရနိုင်ချေ ရှိသည်။
နှစ်ဖက်အဖွဲ့သည် မရပ်တန့်သဖြင့် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေခဲ့လေသည်။ နှစ်ဖက် အဖွဲ့မှ ဘုရင်များသည်လည်း မီတာ များစွာ အကွာအဝေးမှနေပြီး အချင်းချင်းအပြန်အလှန် စိုက်ကြည့်နေခဲ့ကြသည်။ ရံဖန်ရံခါတွင် နူတ်ဆက်သည့်အပြုံးများကိုပင် ပြုံးပြလိုက်ကြသေးသည်။
ရှောက်ွရှမ် မြားတစ်စင်းကို ရှောင်တိမ်းနိုင်လိုက်ပြန်သည်။ ထို့နောက် သူ့ဘေးသို့ ထိုမြှားကို ပစ်ချလိုက်သည်။ ထို့နောက် တစ်ဖက်အဖွဲ့မှ လူများကို စိုက်ကြည့်လိုက်လေသည်။
ပိုင်ရှီမြို့တော်ဘုရင် စီးနင်းထားသည့် သားရဲကြီးသည် ကြမ်းတမ်းသော သားရဲကြီးဖြစ်ပြီး ရှောက်ရွှမ် တစ်ခါမှ မမြင်ဖူးသည့် သားရဲလည်း ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ကို သာမန်မဟုတ်သည့် အကြေးခွံများဖြင့် ဖုံးလွှမ်း ထားသည်။ ကြည့်ရသည်မှာ ထိုအကြေးခွံများသည် ကျောက်တုံး များဖြင့် တူနေခဲ့သည်။ အကြေးခွံများသည် ထူထဲပြီး ထိုသားရဲတွင် တိုတောင်းသည့် အမြီးလေး ရှိနေလေသည်။ ထိုအမြီးထိပ်ဖျားတွင် အလုံးတစ်လုံးရှိနေပြီး လေးလံသည့် တူတစ်ချောင်းကဲ့သို့ ၎င်းကို မကြာခန လှုပ်ယမ်းနေခဲ့လေသည်။ သဲများ နှင်းများသည် အမြီးရိုက်ချက်
ကြောင့် လွင့်စင်နေခဲ့ရသည်။
သားရဲကြီး၏ ကျောပေါ်တွင် ဇိမ်ခံထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဘုရင်အပြင် နောက်ထပ် လူသုံးယောက်လည်း ရှိနေခဲ့သည်။
သူတို့ကို ကျွန်ပိုင်ရှင်များ ဟု ရှောက်ရွှမ် မထင်မိပေ။ သူတို့သည် ဘုရင့်ဘေးတွင် ရှိနေသည့် ကျွန်များကို စောင့်ကြပ်နေသည့် လူများသာ ဖြစ်ဟန်ရှိသည်။ သူတို့ထဲမှတစ်ဦးသည် ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့လေသည်။
ရှောက်ရွှမ် ဆက်ကြည့်လိုက်သည်။ ထိုသူသည် ခင်မင်တတ်ပုံရသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်လေသည်။ သူသည် အခြား ကျွန်များ ကျွန်ပိုင်ရှင်များကဲ့သို့ ရန်စွယ်ငေါငေါ ဖြစ်နေခြင်း မရှိပေ။
ရှောက်ရွှမ် ဆက်ကြည့်နေသည်တွင် တဖက်မှလူသည် သူ့ကို ပြုံးပြလာခဲ့လေသည်။ သူ့ကိုကြည့်ရသည်မှာ ကြင်နာတတ်သည့် အကြီးအကဲတစ်ယောက်နှင့် တူပေသည်။ အခြားသူများ ၏ မျက်လုံးတွင် ခင်မင်ဖော်ရွေသည့် အပြုံးတစ်ခုဟု ထင်မြင်နိုင်သော်လည်း ရှောက်ရွှမ်ခံစားမိသည်မှာသတ်ဖြတ်လိုသည့် စိတ်များဖြင့် ရယ်နေသည်ဟုသာ သူခံစားမိလေသည်။
တောက်ယွီ......
ရှောက်ရွှမ်သည် တောက်ယွီကို ယခင်က တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ သို့သော် ဤအခိုက်အတန့်တွင် ထိုသူသည် သူရှာနေသည့် လူဖြစ်ကြောင်းကို သံသယ မရှိစွာဖြင့် သူချက်ချင်းသိလိုက်လေပြီ။
ထို့အပြင် ထိုသူ သားရဲပေါ်တွင် မတ်တပ်ရပ်နေခြင်းသည် သာမန် အနေအထား မဟုတ်နေခဲ့ပေ။
တဖက်လူ သူ့အကြည့်ကို ရှောက်ရွှမ်ထံမှ လဲ့နှင့် ထွော်တို့ ဖက်သို့ ပြောင်းလိုက်သည်။ သူသည် တခြား ဖက်သို့ အကြည့်မလွဲပဲ ရှောက်ရွှမ်တို့ သုံးယောက်ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
စီးတော်ယာဉ်သားရဲများသည် မတူညီသည့် ဖက်များသို့ သွားနေကြသည်။ အဖွဲ့သည်လည်း သူတို့ခရီးကိုဆက်သွားလိုက်သည်။ သူတို့ဖြတ်လာသည့်အချိန်တွင် ပိုင်ရှီမြို့တော်မှ သားရဲသည် သူတို့ဖက်သို့ အမြီးဖြင့်ပင် လှမ်းရိုက်လိုက်သေးသည်။
ထိတွေ့မှုပြီးသည့်နောက်တွင် နှစ်ဖက်အဖွဲ့သည် တဖက်နှင့်တဖက် အနည်းငယ် ကွာလှမ်းသွားကြပြန်သည်။ ထိုအခိုက်အတန့်တွင် သူတို့တိုက်ခိုက်
ခဲ့ကြသည့်နေရာသည်သာ တိုက်ပွဲဖြစ်ခဲ့သည်ဟူသည့် သက်သေ ဖြစ်နေခဲ့သည်။ အချို့သော ခန္ဓာကိုယ်များသည် ထိုနေရာတွင် ကျန်နေခဲ့ပြီး အချို့ကို သားရဲများက စားသောက်လိုက်ကြသည်။
သွေးစွန်းနေသည့် မြေပြင်ပေါ်တွင် လှံများနှင့် မြှားများ စိုက်ဝင်နေခဲ့သည်။ ထို့အပြင် နှင်းဖြူများသည်လည်း နေရာအနှံ့တွင် ရှိနေခဲ့သည်။
တိုက်ပွဲပြီးဆုံးသွားသဖြင့် ထိုနေရာအနီးနေထိုင်ကြသည့် ငှက်များ ၊ ပိုးကောင်များ ၊ သားရဲများသည် ကျန်ခဲ့သည့် အလောင်းများကို စားသောက်ရန်အတွက် နေရာအနှံ့မှထွက်လာကြလေသည်။
အခြား ညများ ကဲ့သို့ပင် ဤနေရာတွင် ဖြစ်ခဲ့သည့် တိုက်ပွဲသည် သဘာဝတရား၏ ရှင်းလင်းမှု
ကြောင့် ပုံမှန် ပြန်ဖြစ်သွားမည် ဖြစ်သည်။ မကြာခင်တွင်ပင် လေနှင့်ပါလာသည့် နှင်းများသည် မြေပြင်ကို ဖုံးလွှမ်း သွားပေမည်။ ဖြစ်ခဲ့သည့် တိုက်ပွဲအကျွင်းအကျန်များကို မည်သည့်နေရာတွင်မှ တွေ့ရခြင်း မရှိနိုင်တော့ပေ။
ရှောက်ရွှမ် ကုလားအုတ်ကို ပြန်စစ်ဆေးလိုက်သည်။ မတ် ဒဏ်ရာ မရနေမှန်းသေချာမှသာ သူအပေါ်ခုန်တက်လိုက်ပြီး စီးနင်းလိုက်သည်။
လဲ့နှင့်ထွော်တို့သည်လည်း အခြေအနေကောင်းမွန်ကြပေသည်။ လဲ့၏ ကုလားအုတ်သည် မြှားခြစ်မိသည်ကို ခံလိုက်ရသည်။ သို့သော်လည်းကြီးမားသည့် ဒဏ်ရာ တော့ မဟုတ်နေပေ။ ထွော်နှ့င့် ရှောက်ရွှမ်တို့နှင့် ယှဉ်လျှင် သူ့ကုလားအုတ်သည်ဒဏ်ရာပိုဆိုးနေဟန်တော့ ဖြစ်နေခဲ့သည်။
“ ဘာဖြစ်တာလဲ ၊ မင်းရဲ့အရည်အချင်းနဲ့ဆိုရင်
မင်းက မြားကို လွဲမှာ မဟုတ်ဘူး “ ထွော်မေးလိုက်သည်။
လဲ့ ကုလးအုတ်ကျော်ပေါ်တွင် ထိုင်လိုက်ပြီး ရေခရားထဲမှ ရေကို မော့သောက်လိုက်သည်။ သူ့အကြည့်သည့် ပိုင်ရှီမြို့တော်မှ လူများ သွားလိုက်သည့် ဖက်သို့ ကြည့်နေခဲ့သည် ထို့နောက်မှ သူ့ရှောက်ရွှမ်တို့ကို ပြန်ကြည့်လိုက်ပြီး “ အဲ့ဒီအချိန်တုန်းက ငါ့ကို တစ်ယောက်ယောက် က ကြည့်နေတာကို ခံစားမိပြီးတော့ စိတ်မသက်မသာ ဖြစ်သွားခဲ့တာလေ။ ပြီးတော့ ငါ သူ့အပြုံးကို မြင်လိုက်ရတယ်။ သူ့လည်ပင်းကို တကယ်ပဲ ငါချိုးပစ်လိုက်ချင်တယ် “