လောင်းကြေးစားကြေး
Vol. 21 Ch. 313
သူတို့လူအုပ်အတိုင်း လိုက်သွားကြပြီးနောက် ပြိုင်ပွဲစင်မြင့်ဘေးသို့ ရောက်သွားကြသည်။
မြို့တော်များ၏ ကျွန်ပိုင်ရှင် ဘုရင်များ တိုက်ပွဲအပြင် အခြားသော ကျွန်ပိုင်ရှင်များသည် သားရဲများနှင့်တိုက်ခိုက်သည့်တိုက်ပွဲများကို ထိုနေရာတွင် ပြုလုပ်ကြလေ့ရှိသည်။
သားရဲမြို့တော်တွင် မြို့တော်အတွင်းရှိ ပွဲကြည့်စင်ကြီး အပြင် သားရဲများအတွက် အခြား သားရဲတွင်းများလည်း ရှိနေကြသေးသည်။ လူအများသည် ထိုသားရဲတွင်းဘေးတွင် မတ်တပ်ရပ်ပြီး စကားပြောနေကြလေသည်။
ကျောက်တုံး အုပ်ဂူ နှင့် မီးတောက် တောင်ကုန်း
တို့သည် ကြီးမားသည့် မြို့တော်သုံးခုတို့တွင် အပါအဝင်ဖြစ်သဖြင့် လူများသည် စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲကို အားပေးနေကြပြီး ထိုနေရာတွင် စုဝေးနေကြလေသည်။
ရှောက်ရွှမ်တို့အုပ်စု ရောက်သွားသည့်အခါတွင် လူအများသည် အချင်းဝက် မီတာ တစ်ရာခန့် ရှိပြီး မီတာ သုံးဆယ်ခန့်နက်ရှိုင်းသည့် ကျွင်းတစ်ခုဘေးတွင် စုဝေးနေခဲ့ကြပြီဖြစ်သည်။
သားရဲများသည် သားရဲတွင်းနှင့်နီးကပ်လာသည့်အခါတွင် ကြောက်ရွံ့တုန်လှုပ်နေကြသဖြင့် ကျွန်ပိုင်ရှင်များသည် သူတို့၏ သားရဲများကို ကျွန်များ လက်ထဲတွင် ထားခဲ့ပြီး သားရဲတွင်း အနီးသို့ လမ်းလျှောက်ကာ ကိုယ်တိုင် လာကြည့်ကြလေသည်။
ထိုအခိုက်အတန့်တွင် သားရဲတွင်းထဲ၌ (၇) မီတာခန့်မြင့်မားသည့် သားရဲကြီးတစ်ကောင်ရှိနေခဲ့သည်။ ၎င်းသည် အဝါရောင်သဲမှုန်များနှင့် အရောင်တူသည်။ ၎င်းသည် ဂေါ်ဇီလာကို ချွန်ထက်သည့် အပ်များဖြင့် စိုက်ထားသကဲ့သို့ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် အော်ရန်ဂူတန် လူဝံနှင့်လည်း တူပြီး သူ့ခေါင်းသည် ပိုကြီးကာ ဆန်းကြယ်သည့် မျက်လုံးသုံးလုံးရှိနေခဲ့သည်။ မျက်လုံးများသည် သွေးနီရောင်တောက်ပနေခဲ့ပြီး ပုတီးစေ့များ ကဲ့သို့ဖြစ်ကာ သားရဲတွင်းအပေါ်မှ လူများကို စိုက်ကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သားရဲသည် ကျွန်များ၏ ထိန်းချုပ်ထားခြင်းကို ခံထားရသည်။ ၎င်းကို ဖိနှိပ်ထားလိုက်သည့် အခါတွင် ထိုသားရဲသည် အော်မြည်နေခဲ့ပြီး အသက်ကို ပြင်းစွာရှုနေခဲ့သည်။ နားထောင်နေကြသည့်လူများသည် ကျောက်တုံးများ အက်ကွဲသံများကဲ့သို့သော အသံများကို ကြားနေရပြီး ဖိအားများကို ခံစားရစေသည်။
အပေါ်မှကြည့်နေသည့် လူများကြောင့် ၎င်းသည် ပို၍ စိတ်လှုပ်ရှားနေခဲ့လေသည်။ သွေးဆာနေပြီး ကြမ်းတမ်းပုံရသည့် မျက်လုံးသုံးလုံးမှ အကြည့်များသည် ပို၍ ပြင်းထန်လာခဲ့သည်။
အူး.......
သားရဲ အော်မြည်လိုက်သည်။ ထို့နောက် ၎င်းသည် သူ့ခွန်အားကို ထုတ်ဖော်ပြသရန် အတွက် သူ့လက်နှစ်ချောင်းဖြင့် အားပြုကာ မြေကို ဆောင်နင်းလိုက်သည်။
မြေတွင်းတစ်ခုလုံး တုန်ယင်သွားခဲ့လေသည်။
ကြည့်နေကြသည့် လူများသည် ထိုမြင်ကွင်းကို
မြင်လိုက်ရသည့်အခါတွင် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ ဤအဆင့်ရှိသည့် သားရဲနှင့်တိုက်ခိုက်မည့်သူသည် အနိုင်ရနိုင်ချေပင် ရှိသေးသည်လော.........။
သူ့ခွန်အားများကို ပြသပြီးနောက်တွင် သားရဲသည် မျက်လုံးများကို လှိမ့်ကြည့်လိုက်ပြန်သည်။ ၎င်းသည် မြေတွင်းပတ်လည်ရှိ လူများကို သေချာစိုက်ကြည့်နေခဲ့လေသည်။
သားရဲတွင်း ဘေးတွင် မတ်တပ်ရပ်နေရင်း စူးကု စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် တိုက်ပွဲဝင်ရန်အတွက် မစောင့်နိုင်သကဲ့သို့ဖြစ်နေခဲ့သည်။ သူတစ်စုံတစ်ခုကို တွေးမိလိုက်ပြီးနောက် သူ့ဘေးရှိ ဝူရှစ်ကို အချက်ပြလိုက်ကာ စကားအချို့ကို ပြောလိုက်သည်။ ထို့နောက် မြေတွင်းအနားရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
ဝူရှစ် ခေါင်းညိတ်ပြလိုက်ပြီး အိတ်တစ်လုံးကို ယူလိုက်ကာ ထွက်သွားလိုက်သည်။
စူးကု ညွန်ပြလိုက်သည့်နေရာကို ရှောက်ရွှမ် ကြည့်လိုက်သည်။ ထိုနေရာသည် လောင်းကြေးစားကြေး ပြုလုပ်နိုင်သည့် နေရာပင်ဖြစ်လေသည်။
သားရဲမြို့တော်တွင်ကြည့်ရှုသူများသည် လောင်းကြေးစားကြေး ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုထားလေသည်။
“ မင်းဘယ်သူ့ကို လောင်းလိုက်တာလဲ “ ရှောက်ရွှမ် မေးလိုက်သည်။
စူးကု မြေတွင်း ထဲသို့ ညွှန်ပြလိုက်ပြီး “ အဲ့ဒီ ကျွန် အနိုင်ရလိမ့်မယ် “
ထိုသူသည် သားရဲကို သတ်ဖြတ်ရန်အတွက် ကျောက်တုံး အုတ်ဂူ မြို့တော်မှ စေလွှတ်ထားသည့် ကျွန်တစ်ယောက် ဖြစ်လေသည်။
ယခုတွင် ထိုသူသည်ထိုနေရာတွင်ပင် လက်ဗလာဖြင့် တည်ငြိမ်စွဦ မတ်တပ်ရပ်နေခဲ့၏။
မြေတွင်းထဲသို့ ဆင်းသက်လိုက်ခြင်းသည် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိပေသည်။ အဆုံးသတ်တွင် တစ်ဖက်ကသာ အသက်ရှင်လျက် အပေါ်သို့တက်လာနိုင်မည် ဖြစ်သည်။ အခြားတဖက်သည် တဖက်လူ၏ ခြေနင်းကျောက်တုံးတစ်ခုသာ ဖြစ်သွားမည် ဖြစ်သည်။ မှန်ပေသည်။ မည်သည့်ဖက်မှ ၏အနိုင်မရသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“ စနေပြီ “ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
ရှောက်ရွှမ် လှည့်ကြည့်လိုက်သည်။
ပထမဆုံး လှုပ်ရှားလိုက်သူမှာ ဒေါသငယ်ထိပ်တက်နေပြီဖြစ်သည့် သားရဲကြီး ဖြစ်သည်။
သားရဲကြီးသည် သူ့ပစ်မှတ်ထံသို့ ပြေးဝင်သွားခဲ့သည်။ သူ့လက်နှစ်ဖက်လုံးသည် ဖျက်ဆီးနိုင်သည့်စွမ်းအားများ ပြည့်နှက်နေခဲ့ပြီး ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့သည်။ သားရဲကြီးထံတွင် မည်သည့် အထူး စွမ်းရည်မှ ရှိမနေခဲ့ပေ။ တိုက်ခိုက်မှုများသည် ပို၍ အကြမ်းထည်ဆန်ပြီးတိုက်ရိုက်သာ တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုတစ်ခုစီသည် ရိုးရှင်းသည်နှင့် အမျှ စွမ်းအား ပြင်းထန်လှသည်။
အသံတစ်ခု မြေတွင်းထဲတွင် ပေါ်လာခဲ့သည်။ မြေတွင်းထဲတွင် ဖုန်တထောင်းထောင်း ထနေခဲ့သဖြင့် အပေါ်မှ လူများသည် မြင်ကွင်းကို သေချာ မမြင်နိုင်ကြတော့ပေ။
ထိုအခိုက်တွင် လူတိုင်းပင် မြေပြင်တွင် ဖြစ်ပေါ်နေသည့် တုန်ခါမှုကို ခံစားမိလိုက်ကြသည်။
မြေတွင်း အပေါ်တွင် မတ်တပ်ရပ်နေကြသည့် ကျွန်များသည် သူတို့၏ ပိုင်ရှင်များကို ကာကွယ်ပေးထားကြသည်။ သူတို့သည် သားရဲကြီး၏ တိုက်ခိုက်မှုကို မြင်လိုက်ရသော်လည်း အမူအယာ ပြောင်းသွားခြင်း မရှိကြပေ။ မတော်တဆ ဖြစ်မှုများမှ ကာကွယ်ရန်အတွက် သူတို့သည် ကျွန်ပိုင်ရှင်များနှင့် အနီးတွင်သာ ရှိနေကြလေသည်။ အချို့သော ကျွန်ပိုင်ရှင်များသည် ခြေနှစ်လှမ်းခန့်မျှ နောက်ဆုတ်လိုက်ကြသည်။
ယခင်ကာလများကလည်း မြေတွင်း နှင့်ပတ်သက်ပြီး မတော်တဆမှုများ ရှိထားဖူးပေသည်။ တိုက်ခိုက်ကြသည့် သားရဲများသည် ကြမ်းတမ်းလှသည်။ အချို့ငယ်ရွယ် စိတ်ဆတ်သော ကျွန်ပိုင်ရှင်များသည် မြေတွင်းပေါက်ဝနှင့်အနီးတွင် မတ်တပ်ရပ်ကြည့်လေ့ရှိကြသည်။ ထို့ကြောင့် မြေတွင်း အဝသည် သားရဲများ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကို မခံနိုင်၍ ပြိုကျသည့်အခါတွင် သူတို့ပါ မြေတွင်းထဲသို့ ပြုတ်ကျသွားတတ်ကြသည်။ သားရဲများသည် ထိုသူများကို ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။
အတိတ်က ထိုကဲသို့သော သင်ခန်းစာများ ရှိခဲ့သဖြင့် ငယ်ရွယ်ရူးမိုက်ကြသည့် ကျွန်ပိုင်ရှင်များသာ မြေတွင်း အနီးကပ်ကြည့်ကြပြီး အများစုသည် သူတို့၏ အသက်ကို ဂရုစိုက်ကြလေသည်။
ယခုတိုက်ခိုက်နေသည့် သားရဲသည် အလွန်
လျင်မြန်ပြီး ဖျက်ဆီးနိုင်စွမ်းအား ပြင်းထန်လှသည်။ သို့သော်လည်း မြေတွင်း ထဲဆင်းသည့် ကျွန်များသည်လည်း ရိုးရှင်းနေကြသည့်လူများ မဟုတ်ကြပေ။
တစ်စုံတစ်ယောက်သည် အားနည်းသည့် အနေအထားတွင်ရှိနေခဲ့လျှင် သူသည် သူ့ခွန်အား ၊ အမြန်နူန်း၊ အရည်အချင်း စသည်များကို သာ အားထားရမည် ဖြစ်သည်။ သားရဲကြီးနှင့် ရင်ဆိုင်ရာတွင် မဆင်မချင်ပဲ ရင်ဆိုင်မိခဲ့လျှင် ထိုသူသာ အထိနာလိမ့်မည် ဖြစ်သည်။
ပထမဆုံးသော တိုက်ခိုက်မှုကို ထိုကျွန် ရှောင်တိမ်းနိုင်လိုက်ပေသည်။
ဖုံမှုန့်များ ရှင်းလင်းသွားသည့် အချိန်တွင် အဆက်မပြတ်အော်ဟစ်နေသည့် အသံများကို ကြားနေရပြန်လေသည်။ သားရဲကြီးသည် သူ
ပထမဆုံး တိုက်ခိုက်မှု လွဲချော်သွားသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အဆက်မပြတ် ဆက်ပြီး တိုက်ခိုက်လိုက်ပြန်သည်။
သားရဲ၏ လက်များသည် မြေတွင်းဘေးနံရံကို ထိမှန်သွားခဲ့သည်။ နံရံပေါ်တွင် မြုပ်နေခဲ့သည့် ကျောက်တုံးများသည် ကြွေကျလာခဲ့ပြီး ပြားကပ်ကုန်သည်။ ထိုကဲ့သို့သော အဆက်မပြတ် ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်မှုကြောင့် မြေတွင်းထဲမှ ကျွန်သည် ခက်ခဲစွာပင် ရုန်းကန်နေရလေသည်။
သူ့တိုက်ခိုက်မှုများစွာကို ရှောင်တိမ်းသွားသည်ကို တွေ့လိုက်ရပြီးနောက် သားရဲကြီးသည် ပို၍ပင် ဒေါသကြီးလာခဲ့ပြီဖြစ်သည်။ သေးငယ်သော လူသားသည် သူ့တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်း နေခဲ့သည်။ အကယ်၍သာ အခြားသူများနှင့်တိုက်ခိုက်ရလျှင် သူသည် သူတို့ကို တစ်ချက်တည်းဖြင့် အသေ
သတ်နိုင်ပေသည်။
နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူ့တိုက်ခိုက်မှုသည် ကျွန်လူသားကို ထိမှန်သွားခဲ့ပြီဖြစ်သည်။ ထိုသူသည် လေထဲလွင့်ပျံသွားခဲ့ပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။
မြေတွင်းဘေးမှ လူတိုင်းပင် ကြိတ်ပြီး ညည်းညူလိုက်မိသည်။ သူတို့ကိုယ်တိုင် နာကျင်သွားသကဲ့သို့ သူတို့ ခံစားလိုက်ကြရခြင်း ဖြစ်သည်။
သို့သောလည်း တိုက်ခိုက်ခံလိုက်ရသည့် ကျွန်သည် တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်လာခဲ့လေသည်။ သူသည် နောက်တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းလိုက်နိုင်ပြန်သည်။
ခေတ္တကြာပြီးနောက်တွင် သားရဲကြီး၏ တိုက်ခိုက်မှုများ အနည်းငယ် နှေးကွေးလာခဲ့သည်။ ကြည့်နေကြသည့်လူများသည် စိတ်မရှည်နိုင် ဖြစ်လာရလေသည်။
ထိုအချိန်တွင် သားရဲကြီးသည် ပြင်းထန်စွာ အော်မြည်ကြုံးဝါးလိုက်လေသည်။
လူတိုင်းပင် ပြန်ပြီး စိတ်လှုပ်ရှားလာခဲ့ကြသည်။
သားရဲတွင်းထဲ၌ ကြီးမားသည့် သားရဲကြီးသည် မျက်လုံးတစ်လုံးမှ သွေးများစွာ ထွက်နေခဲ့လေပြီ။ သူ့နောက်ခြေ နှစ်ချောင်းတို့သည် မြေပြင်ကို ပြင်းထန်စွာဆောင့်နင်းချနေခဲ့သည်။ သို့သော်လည်း ကျွန်သည် လျင်မြန်စွာ ရှောင်တိမ်းနေခဲ့သဖြင့် သားရဲကြီးသည် ထိမှန်အောင် မတိုက်ခိုက်နိုင် ဖြစ်နေရလေသည်။
လောင်းကြေးစားကြေး ပြုလုပ်ထားကြသည့်လူအများ အမူအယာ ပြောင်းကုန်ကြသည်။ အချို့သည် စိတ်ပျက်နေသည့်ပုံပေါ်ပြီး စူးကုမှာမူ ပျော်ရွှင်နေဟန် ရသည်။
“ ငါနိုင်တော့မယ် “ စူးကုပြောလိုက်သည်။
မြေတွင်းအတွင်း၌ သားရဲကြီး၏ တိုက်ခိုက်မှုများသည် နာကျင်မှုနှင့် စိတ်မရှည်နိုင်မှုတို့ကြောင့် ကစဉ့်ကလျား ဖြစ်လာခဲ့ရသည်။ တိုက်ခိုက်နေခဲ့သည့် ကျေးကျွန်သည် သူ့အခွင့်အရေးရလာခဲ့ပြီကို သိနေခဲ့သည်။ သူအသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့လက်မောင်းများနှင့် ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားများ ပေါ်လာခဲ့လေသည်။
ထိုကျေးကျွန်ပေါ်မှ အမှတ်အသားများကို ရှောက်
ရွှမ် သတိထားကြည့်နေလိုက်သည်။
ထိုကျွန်အမှတ်အသားများသည် မျိုးနွယ်စုအမှတ်အသားများနှင့် တူညီလှပေသည်။ သဲကန္တာရ မြိုတော်များတွင် မတူညီသည့် မြို့တော်များနှင့် အဖွဲ့အစည်များ ရှိနေကြပြီး ကျွန်ပိုင်ရှင်များသည် ကျွန်အမှတ်အသားများကို ကိုယ်ပိုင်လက်ဖြင့် ဖန်တီးကြလေသည်။
ကျွန်အမှတ်အသားများကိုတွေ့မြင်လိုက်ရသည့်အခါတွင် ရှောက်ရွှမ် မျက်လုံးပင့်လိုက်မိသည်။ သူသည် ထိုကျွန်အမှတ်အသားများကို ယခင်ကတည်းကပင် မြင်ဖူးခဲ့သည်။
ထိုအမှတ်အသားများသည် ကျောက်တုံးအုတ်ဂူ မြို့မှ အမှတ်အသားများ ဖြစ်ကြသည်။ ဤကျေးကျွန်သည် မည်သည့်နေရာ ရာထူးကို ပိုင်ဆိုင်ထားသည်ကိုတော့ သူမသိနေခဲ့ပေ။ ဘေး
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ကျွန်ပိုင်ရှင်ကိုတော့ မတွေ့နေရပေ။
“ ကောင်းတယ် “
“ သတ်လိုက်တော့ “
“ ဟေး သတ်ပါဆို “
“ သတ်လိုက်စမ်း “
ဘေးပတ်ဝန်းကျင်ရှိ ကျွန်ပိုင်ရှင်ငယ်များသည် စိတ်အားတက်ကြွနေခဲ့ကြလေသည်။ သူတို့သည် သွေးများကို မြင်တွေ့လိုနေကြသည်။သွေးဆာနေသည့် လေထုတစ်ခု ဖြစ်ပေါ်လာပြီး ကျယ်လောင်စွာ အားပေးနေသံများလည်း ထွက်ပေါ်နေခဲ့သည်။
နောက်ထပ် ဟိန်းဟောက်လိုက်သံတစ်ခုကို ကြားလိုက်ရသည်။
သားရဲကြီးနောက်တစ်ဖန် ပြန်ကြမ်းတမ်း လာခြင်းဖြစ်သည်။
၎င်းသည် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားမိနေခဲ့သည်။ ကြမ်းတမ်းသော မျက်လုံးနှစ်လုံးထဲတွင် ထိတ်လန့်သည့်အရိပ်အယောင်များကို မြင်နေရသည်။
ဘန်း...ဘန်း....ဘန်း...
မြေတွင်းထဲတွင် ပေါက်ကွဲသံများကို ကြားလာရ
သည်။ ငလျင်လှူပ်ခတ်မှုကြောင့် သဲများ ပြိုကျလာလေသည်။ ကျောက်တုံးနံရံသည်ပင် ပြိုကျလာခဲ့သည်။ ပြန့်ကျဲနေသည့် မီးခိုးငွေ့များသည် မြေတွင်းထဲတွင် ရှိနေခဲ့သည်။ ထို့ကြောင့် မြေတွင်းထဲသို့ မြင်နိုင်ရန်မှာ ခက်ခဲလှပေ၏။ သားရဲကြီး၏ အော်ဟစ်သံကသာသ အပြင်ရှိ ငယ်ရွယ်သည့် ကျွန်ပိုင်ရှင်များကို စိတ်အားတက်ကြွမှု ဖြစ်နေစေသည်။
“ ပျင်းစရာကြီး “ လဲ့ပြောလိုက်သည်။
လဲ့ ၏အသံသည် ကျယ်လောင်လှခြင်း မရှိနေပေ။ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသံများ ကြားထဲတွင် သူ့အသံပျောက်ကွယ်နေခဲ့သည်။ သူတို့ အမဲလိုက်သည့်အချိန်တွင် ထိုကဲ့သို့ မလိုအပ်ပဲ အချိန်ဆွဲခြင်းမျိုးကို မပြုလုပ်တတ်ကြပေ။ လဲ့သည် ဤတိုက်ပွဲကို မလိုအပ်ပဲ အချိန်ဆွဲနေသည်ဟု ရှုမြင်နေခဲ့လေသည်။ သူသည် သားရဲများနှင့်တိုက်ခိုက်ရသည်ကို ကြိုက်နှစ်သက်သော်လည်း
ဤပုံစံဖြင့် တိုက်ခိုက်ရခြင်းကိုမူ မကြိုက်ပေ။
သို့သော်လည်း ဤနေရာသည် သားရဲမြို့တော် ဖြစ်လေသည်။
မြေတွင်းထဲမှ အသက်ရှုသံများ တဖြေးဖြေး တိုးလာနေခဲ့သည်။ သန်မာသည့် တည်ရှိမှုတစ်ခု၏ အသက်ရှုသံသည် တဖြေးဖြေး ထွက်ပေါ်လာနေသည်။
“ နိုင်ပြီ။ နိုင်ပြီ “ စူးကု အော်ဟစ်လိုက်သည်။ သူ့အမူအယာသည် စိတ်လှုပ်ရှားနေခဲ့ပြီး မျက်နှာသည် နီမြန်းနေခဲ့လေသည်။
ထိုအချိန်တွင် မြေတွင်း ပတ်လည်ရှိ အချို့သော ကြည့်ရှုသူများသည် ဒေါသထွက်နေကြလေသည်။ သူတို့သည် လောင်းကစား ရာတွင် ရှုံးနိမ့်မှု
ကြောင့် စိတ်တိုနေကြခြင်း ဖြစ်သည်။ အချို့ အနိုင်ရသူများသည် စူးကုကဲ့သို့ အော်ဟစ် ခုန်ပေါက်နေကြလေသည်။
“ လုပ်စမ်းပါ၊ ငါတို့ လောင်းကစား ဆုငွေတွေကို ယူလိုက်တော့ ၊ ငါတို့ အနိုင်ရတာ သေချာတယ် “ စူးကု လောင်ကစား ခြင်း ပြုလုပ်သည့်နေရာသို့ သွားရန် ပြင်လိုက်သည်။ လောင်းကစားခြင်းကို အနိုင်ရလိုက်သည့် ကျွန်ပိုင်ရှင်များသည်လည်းထိုနေရာတွင် အနိုင်ရငွေများကို ထုတ်ယူရန်အတွက် စုဝေးနေကြလေပြီ။
ဤနေရာတွင် လောင်းကစားခြင်းသည် အထူးဖြစ်ရပ်တစ်ခုဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လောင်းကြေး အနိုင်ရခဲ့လျှင် သူတို့သည် နောက်ထပ် အနိုင်ရရန်အတွက် ကံအပေါ်တွင်မူတည်နေပေသည်။