← Chapters

အပြာရောင်မီးတောက်

Vol. 21 Ch. 314

အပြာရောင်မီးတောက်

Vol. 21 Ch. 314

ငယ်ရွယ်ကြသည့် ကျွန်ပိုင်ရှင်များ၏ လောင်းကစားနည်းမှာအနည်းငယ်ကွဲပြားမှု ရှိသည်။ ရှုံးနိမ့်သူသည် သူ့လောင်းကြေးများကို ပြန်မရနိုင်ပေ။ အနိုင်ရသူသည် လောင်းကြေးများကို ပြန်ရယုံသာမက ရှုံးနိမ့်သူ၏ လောင်းကြေးများကိုလည်း ရရှိနိုင်ပေသည်။

သို့သော်လည်း အနိုင်အရှုံးမှာ သူတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိသည့် အရာမဟုတ်ပေ၊ ကံတရားသာ ဖြစ်သည်။

ရှောက်ရွှမ် စူးကုနှင့်အတူ လောင်းကစားပြုလုပ်သည့်နေရာသို့ သွားကြည့်လိုက်သည်။ ထိုနေရာတွင် များစွာသော အရွယ်အစားတူညီသည့် သစ်သားသေတ္တာများ စီတန်းလျှက် ရှိနေခဲ့သည်။ ထိုသေတ္တာများသည် ရှုံးနိမ့်သူများ၏

လောင်းကြေးများ ဖြစ်ကြလေသည်။ အနိုင်ရသူများသည် အစီအစဉ်အလိုက် သေတ္တာများကို ရွေးချယ်နိုင်သည်။ သူတို့၏ လောင်းကြေးတန်ဖိုးအလိုက် ရွေးချယ်နိုင်ခြင်း လည်းဖြစ်သည်။

တစ်ခါတစ်ရံတွင် မမျှော်လင့်ထားမိသည်များကိုလည်း ရွေးချယ်ရနိုင်သည်။ သူတို့လောင်းကစားကြသည့် အချိန်တွင် လောင်းကစားကြသူများသည် မတူညီသည့် ပစ္စည်းများကို ထည့်သွင်းထားတတ်ကြသည်။

သူတို့ လိုအပ်နေသည်မှာ ချမ်းသာကြွယ်ဝမှုမဟုတ်ပေ။ လောင်းကစားတွင် အနိုင်ရလိုက်သည့် စိတ်လှုပ်ရှားမှုသာ ဖြစ်သည်။

“ ငါဘာရမလည်းတော့ ငါလည်းမသိသေးဘူး၊ တန်ဖိုးရှိတာ တစ်ခုခုရမယ်လို့တော့ မျှော်လင့်ပါ

တယ် “ စူးကုပြောလိုက်သည်။ ထို့နောက် သူလောင်းထားသည့် အဆင့်ကို ပြန်ကြည့်လိုက်သည်။ သူသည် အဆင့် (၁၇) တွင်ရှိနေပြီး နောက် အရမ်းရောက်နေခြင်း မရှိနေပေ။

သူ့လောင်းကြေးကို ထုတ်ယူပြီးသည့်နောက်တွင် ရွေးချယ်ပြီးသွားကြသည့် လူများကို စူးကုလိုက်ကြည့်နေလိုက်သည်။ သူတို့အနေဖြင့် အနိုင်ရရှိနေသာ်လည်း ရွေးချယ်ရရှိနိုင်သည့် ပစ္စည်းများ၏ တန်ဖိုးရှိမရှိ သည်လည်း သူတို့၏ ကံတရားအပေါ်တွင် မူတည်နေလေသည်။

သားရဲမြို့တော်တွင် စူးကုကဲ့သို့သော ငယ်ရွယ်သည့် ကျွန်ပိုင်ရှင် မျိုးဆက်တစ်ယောက်သည် နာမည်ကြီးသည့် အထဲတွင် မပါဝင်ပေ။ ထို့အပြင် သူသည် မြို့တော်ကြီးသုံးခုမှလည်း မဟုတ်နေပေ။ ထို့ကြောင့် သူ့ကို လူများ သိပ်ပြီးသတိမထားမိကြပေ။ အကယ်၍ သူသာ ကောင်းမွန်သည့် တစ်စုံတစ်ရာကို ရွေးချယ်မိ

လိုက်ခဲ့လျှင် လူအများသည် သူ့ကို သတိပြုမိကောင်းပြုမိလိမ့်မည် ဖြစ်သည်။

ကျောက်တုံးအုတ်ဂူ မြို့တော်မှ သားရဲတိုက်ပွဲတွင် အနိုင်ရလိုက်သည့် ရန်ဟွေ့သည် သူရွေးချယ်ထားသည့် လောင်းကြေးပစ္စည်းများကို ကြည့်လိုက်ပြီး ပြုံးနေခဲ့သည်။ သူ့စိတ်ခံစားချက်သည် ကောင်းမွန်နေပေသည်။ သူ့ရှေ့မှလူများ ရွေးချယ်လိုက်သည့် ပစ္စည်းများကို ကြည့်ပြီး နှစ်သိမ့်သည့် စကားများကိုပင် သူပြောလိုက်သေးသည်။

သို့သော်လည်း သားရဲပိုင်ရှင်ဖြစ်သူ မီးတောက် တောင်ကုန်းမြို့တော်မှ တိရှန်းသည် အေးစက်သော မျက်နှာဖြင့် ထိုင်နေခဲ့လေသည်။ သူတို့သည် သူစိမ်းများကဲသို့ ဖြစ်နေကြလေ၏။

သေတ္တာများကို ခင်းကျင်းထားပြီး သူတို့သည်လည်းမည်သည့်ပစ္စည်းများ ပါဝင်နေသည်ကို မ

သိနိုင်ကြပေ။

အသက်ဆယ်နှစ်ခန့်သာရှိသေးသည့် ကျွန်ပိုင်ရှင်တစ်ယောက်သည် သေတ္တာများကို ရွေးချယ်ယူလိုက်ပြီး အထဲတွင် မည်သည့်အရာများ ပါဝင်သည်ကို ကြည့်လိုက်ခြင်းအား ရှောက်ရွှမ် တွေ့လိုက်ရသည်။ ၎င်းကို ကြည့်ရသည်မှာ သဲများနှင့်သာ တူနေခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင် ၎င်းသည် အနီရောင်ကြယ် မြို့တော် ပတ်ဝန်းကျင် သဲကန္တာရတွင် နေထိုင်သည့် ပုဇွန်တစ်မျိုး၏ ဥ ဖြစ်လေသည်။

ထိုပုဇွန်သည် သက်တမ်းအလွန်တိုသည်။ ၎င်းတို့သည် မိုးများ သဲထန်စွာရွာသွန်းမှသာ ဥ မှ ပေါက်ပွားပြီး အသက်ရှင်ကြသည်။ အကယ်၍ မိုးမရွာခဲ့ပါက သူတို့၏ ဥများသည် ချောက်သွေ့ပြီး ရှုံ့တွ သွားတတ်သည်။ ထို့ကြောင့် ထိုဥများသည် သဲမှုန်များနှင့် တူနေရခြင်းဖြစ်သည်။

ထိုပုဇွန်ဥများသည် အနီရောင်ကြယ် မြို့တော်မှ လူများ၏ လောင်းကြေးဖြစ်လေသည်။ ထိုကဲ့သို့သော အရာမျိုးကို အနိုင်ရလိုက်သူသည် ပျော်ရွှင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင် အနိုင်ရသွားသူသည် အသက်ဆယ်နှစ် အရွယ်ကလေးတစ်ယောက်သာ ဖြစ်နေသဖြင့် သူသည် သူ့အနိုင်ရမှုကို ဂုဏ်ယူနေခဲ့လေသည်။

ရန်ဟွေ့ ထိုကလေးကို စကားအနည်းငယ်ပြောလိုက်သည်။ ကလေးသည် သေတ္တာကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး မျက်နှာများနီနေခဲ့ကာ စိတ်လှုပ်ရှားနေခဲ့သည်။ ဖြစ်နိုင်သည်မှာ ဤနေရာသို့ သူပထမဆုံးအကြိမ် လာခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် မြို့တော် ကြီးသုံးခုတို့မှ လူများနှင့် ဆက်သွယ်နိုင်စွမ်း ရရှိလိုက်ပြီဖြစ်သည်။

စူးကုသည် အနည်းငယ် စိတ်လှုပ်ရှးာနေသဖြင့် ထိုကလေးကို အာရုံစိုက်နေခြင်း မရှိပေ။

“ ရှောက်ရွှမ် မင်းပြောကြည့် ၊ ငါဘယ်တစ်ခုကို ယူရမလဲ “ စူးကုမေးလိုက်သည်။

“ မင်းဘယ်တစ်ခုကို လိုချင်တယ်ဆိုတာ ငါကဘယ်လိုလုပ်ပြီးတော့ သိပါ့မလဲ “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

“ ဟုတ်တာပေါ့ ၊ မင်းအကောင်းဆုံးကိုရွေးလိုက်ပါ “ စူးကုသည် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့လေပြီ။

ရှောက်ရွှမ်သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည် “ အကောင်းဆုံးလို့ ပြောဖို့ ဘယ်အချက်တွေ လိုအပ်တာလဲ “

“ တကယ်လို့ မင်းသာ ရွေးရမယ်ဆိုရင် မင်းဘယ်တစ်ခုကို ရွေးမှာလဲ “ စူးကု ထပ်မေးလိုက်သည်။

“ ပထမတန်းက တတိယ တစ်ခု “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

စူးကုပထမတန်းမှ သေတ္တာများကို စိုက်ကြည့်လိုက်သည်။ လူအများ ရွေးချယ်ကြသည့်အချိန်တွင် သူတို့သည် ဒုတိယတန်းသို့မဟုတ် နောက်ပိုင်း ကျသော အတန်းများမှ သေတ္တာများကိုသာ ရွေးချယ်ကြလေသည်။ ပထမတန်းမှ သေတ္တာများကို ရွေးချယ်သူများ နည်းပါးကြသည်။ လူတိုင်းသည် နောက်ပိုင်း ရောက်လေ ပစ္စည်းများ ပိုကောင်းလေဟူသည့် မသိစိတ် ရှိနေကြသည်။

“ ဘာလို့လဲ “ စူးကုမေးလိုက်သည်။

“ အလိုလိုသိစိတ်လေ “ အမှန်တကယ်တွင် ထိုစကားသည် စကားအဖြစ်သာ ပြောလိုက်ခြင်းဖြစ်ပြီး ရှောက်ရွှမ်သည် သူ့အထူ စွမ်းရည် အမြင်အာရုံကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ သူသည် အထဲမှ ပစ္စည်းကို သေချာမမြင်နိုင်သော်လည်း ထိုသေတ္တာအတွင်းမှ ပစ္စည်းသည် အလွန်တောက်ပသော အလင်းများကို ထုတ်လွတ်နေသည်ကိုမူ မြင်နိုင်ခဲ့သည်။

ရှောက်ရွှမ် ထပ်မံမရှင်းပြတော့ပေ။ စူးကုလည်း သူ့နာမည်ကို ခေါ်နေပြီဖြစ်သဖြင့် ထပ်မေး‌ရန် အချိန်မရတော့ပေ။

“ လော့ယဲ့ မြို့တော် ၊ စူးကု “

“ ဟေး နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ “ စူးကု ရှေ့သို့ လျှောက်သွားလိုက်သည်။

စူးကုသည် မျက်နှာသစ်တစ်ယောက်ဖြစ်သော်လည်း ရှိနေကြသည့် ကျွန်ပိုင်ရှင်များသည် သိပ်ပြီး ဂရုမစိုက်ကြပေ။ ဤကြီးမားသည့် သဲကန္တာရကြီးတွင် လော့ယဲ့မြို့တော်သည် အလွန်ကြီးမားသော မြို့တော် တစ်ခု မဟုတ်ချေ။ မြို့တော် အတွင်း၌သာ လော့ယဲ့ဘုရင် အကြောင်းကို ပြောကြလေ့ရှိပြီး မြို့တော် အပြင်ဖက် တွင် လူအများသည် လော့ယဲ့မြို့တော်ကို သိပ်ပြီး အာရုံမစိုက်ထားကြပေ။

စူးကု ရှေ့သို့လျှောက်သွားလိုက်ပြီး ရပ်လိုက်သည်။ ထို့နောက်ရှောက်ရွှမ် ပြောလိုက်သည့် ပထမတန်းမှ တတိယမြောက် သေတ္တာကို ညွှန်ပြလိုက်သည်။

ရန်ဟွေ့သည် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ ထိုအခိုက်တွင် မီးတောက် တောင်ကုန်း

မြို့တော်မှ တိရှန်း၏ အေးစက်နေသည့် မျက်နှာသည် ပို၍ ကောင်းမွန်လာခဲ့လေသည်။ သူ့အတွက်တော့ လော့ယဲ့မြို့တော်မှ လူများ ထိုသေတ္တာကို ရွေးချယ်လိုက်ခြင်းသည် ကောင်းမွန်သည့် ရွေးချယ်မှုသာ ဖြစ်သည်။

တိရှန်းကိုယ်တိုင် ထိုသေတ္တာကို ဖွင့်နေသည်ကို မြင်လိုက်သဖြင့် စူးကု နှလုံးခုန်မြန်လာခဲ့လေသည်။ ဖြစ်နိုင်တာက .......

ဘေးပတ်ဝန်းကျင်ရှိလူများသည်လည်း အတွေးကိုယ်စီရှိနေကြပြီး ထိုသေတ္တာကို ကြည့်နေခဲ့ကြသည်။

မှန်ပေသည်။ ထိုသေတ္တာ အတွင်းရှိနေသည့် ပစ္စည်းသည် တိရှန်းကိုယ်တိုင် လောင်းကြေး တင်ထားခဲ့သည့် ပစ္စည်း ဖြစ်လေသည်။

တိရှန်း သေတ္တာကို ဖွင့်လိုက်သည်နှင့် လူအုပ်ကြီး၏ မျက်လုံးများအတွင်းသို့ အနီရောင်အလင်းတန်းများ တိုးဝင်သွားခဲ့သည်။

သေတ္တာထဲတွင် ကြီးမားပြီး၊ ကြက်သွေးနီရောင်ရှိသည့် လက်သီးဆုပ်ခန့် တောက်ပသော ကျောက်မြတ် ရတနာ တစ်ခု ရှိနေခဲ့သည်။ တိရှန်း ထိုကျောက်တုန်းကို ယူလိုက်သည်နှင့် အနီရောင်အလင်းများသည် ပို၍ပင် တောက်ပလာဟန် ရသည်။ လူတိုင်းသည် နီမြန်းသော မျက်နှာများဖြစ်သွားကြသည်။

“ ဒါက မီးတောက် တောင်ကုန်းမြို့တော်ရဲ့ နာမည်ကျော် မီးတောက် တောင်ကုန်း ကျောက်တုံး မဟုတ်ဘူးလား “ တစ်စုံတစ်ယောက် တအံ့တသ ရေရွတ်လိုက်သည်။

မီးတောက် တောင်ကုန်းကျောက်တုံးသည် မီးတောက်တောင်ကုန်း မြို့တော်အနီးရှိ သဲကန္တာရတွင် တူး‌ဖော်ရရှိနိုင်သည့် တောက်ပသော ကျောက်တုံးဖြစ်ပြီး လူအများကို ဆွဲဆောင်နိုင်ပေသည်။ တစ်ချိန်တည်းတွင်ပင် တစ်စုံတစ်ယောက်သည် သူ၏ စွမ်းအားများကို ထိုကျောက်တုံးအတွင်း ထည့်သွင်းလိုက်ပါက ကျောက်တုံးသည် ပူလောင်လာမည် ဖြစ်သည်။ စွမ်းအားပိုများများ ထည့်သွင်းလေလေ ကျောက်တုံးပိုပူလေလေဖြစ်သည်။ သစ်သားများသည်ပင် အလွယ်တကူ လောင်ကျွမ်းနိုင်စွမ်း ရှိသည်။

မီးတောက် တောင်ကုန်း မြို့တော်တွင် ထိုကျောက်တုံးများသည် စွမ်းအားရှိမှု၊ လှပမှုနှင့် တော်ဝင်ဆန်မှုတို့အတွက် အမှတ်အသားဖြစ်လေသည်။ အခြားမြို့တော်များမှ လူများသည် ထိုကျောက်တုံးများကို ဝယ်ယူလိုသော်လည်း အောင်မြင်နိုင်ချေ နည်းလေသည်။ သူတို့သည် လျိုယီမြို့တော်မှ ကျွန်ပိုင်ရှင်ငယ် တစ်ယောက်က ထိုကျောက်တုံးကို အလွယ်တကူ ရရှိသွားလိမ့်မည်ဟု မ

မျှော်လင့်ထားခဲ့ကြပေ။

စူးကု စိတ်လှုပ်ရှားစွာဖြင့် ဘေးပတ်ဝန်းကျင်မှ လူများဖြင့် ဆွေးနွေးနေကြသည်များကို ရှောက်ရွှမ် စောင့်ကြည့်နေလိုက်သည်။ “ ဒီ ပစ္စည်းနဲ့ဆိုရင်တော့ သူ စိတ်ကျေနပ်ပြီး ပျော်ရွင်လောက်မှာပါ “

ထိုကျောက်မြတ်ရတနာ၏ လက်တွေ့တန်ဖိုးသည် မည်မျှ ရှိသနည်း။ မီးတောက် ဦးချို မျိုးနွယ်စုအတွက်ကတော့ ကျောက်တုံးသည် ကျောက်တုံးသာဖြစ်သည်။ လက်နက်အဖြစ် ပြုလုပ်နိုင်လျှင် ကောင်းသော ကျောက်တုံး ဖြစ်ပြီး မလုပ်နိုင်လျှင် သာမန်ကျောက်တုံးသာ ဖြစ်သည်။ ထို့အပြင် ထိုကျောက်မြတ်သည် လက်သီးဆုပ်တစ်ခုစာခန့်သာ ရှိပေရာ အဆင်တန်ဆာ တစ်ခုအဖြစ်သာ အသုံးဝင်ပေသည်။ ဒါမှမဟုတ် အေးစက်တဲ့ ဆောင်းရာသီမှာ အပူပေးတဲ့ ပစ္စည်းတစ်ခုအနေနဲ့အသုံးဝင်နိုင်တာပဲ .........။

သို့သော် စူးကုတန်ဖိုးထားသည်မှာ ကျောက်တုံး၏ ကိုယ်စားပြုမှုနှင့် ကျွန်ပိုင်ရှင်များ အကြားတွင် လွမ်းမိုးနိုင်မှု ရှိခြင်းတို့ကြောင့် ဖြစ်သည်။ တနည်းအားဖြင့် ကျောက်တုံးသည်ကြွား၍ ကောင်းသော အဆင်တန်ဆာ တစ်ခု ဖြစ်ပေသည်။

ယခုမှစပြီး လော့ယဲ့မြို့တော်မှ စူးကု၏ နာမည်သည် လူများစွာ၏ မှတ်ဉာဏ်ထဲတွင် ရှိနေတော့မည် ဖြစ်သည်။ သူတို့သည် စကားဝိုင်းများတွင် သူ့နာမည်ကို ပြောကြတော့မည် ဖြစ်သည်။

စူးကု ပြန်‌ရောက်လာပြီးနောက် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ အချို့လူများသည် စူးကု၏ သားရဲနှင့်ပင် တိုက်ခိုက်ချင်နေကြသည်။ သို့သော် စူးကုသည် ကျောက်မြတ်ကို သေချာသိမ်းဆည်းထား ခဲ့ပြီး အကယ်၍ သားရဲတိုက်ပွဲဖြစ်ခဲ့လျှင်သော်မှ ထိုကျောက်တုံးကို လောင်းလိမ့်မည်

မဟုတ်ကြောင်း ပြောနေခဲ့သည်။

သားရဲတွင်း ထဲတွင် သွေးစက်များမှ လွဲပြီး မည်သည့်အရာမှ မရှိတော့ပေ။

မကြာခင်တွင် ဒုတိယသားရဲတိုက်ပွဲ ကျင်းပြလေသည်။

ဤတစ်ကြိမ်တွင် သားရဲများ မပါဝင်တော့ပဲ၊ ကျွန်နှစ်ယောက်သာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ ကျွန်ပိုင်ရှင်များအတွက်မူ ကျွန်များနှင့် သားရဲများသည် ကွာခြားချက်များ မရှိကြပေ။ အချို့ကျွန်များသည် သားရဲများထက်ပင် ကြမ်းတမ်းသေးသည်။ သို့သော်လည်း လူအများသည် သားရဲများကိုသာ ပို၍ သ‌ဘောကျတတ်ပြီး ကျွန်များတိုက်ပွဲသည် သားရဲတိုက်ပွဲထက် လူစိတ်ဝင်စားမှုနည်းပါးပေသည်။

မြေတွင်း ပတ်လည်တွင် ရှိနေကြသည့်လူများ ကျဲပါးသွားကြသည်။ သူတို့သည် အခြားမြေတွင်းများသို့သွားကြည့်ကြမည် ဖြစ်သည်။ သို့သော်လည်း စူးကုသည် ထွက်သွားခြင်း မရှိပေ။ သူသည် နောက်ထပ် တိုက်ပွဲကိုလည်း ကြည့်ရှုလိုနေသည်။

မြေတွင်းထဲတွင် ကျွန်နှစ်ယောက်တို့သည် သာမန်မဟုတ်စွာ လှုပ်ရှားနေကြလေသည်။ ရုတ်တရက် သူတို့၏ ပုံရိပ်များ ပူးကပ်သွားကြပြီး ကျိုးပဲ့သည့် အသံများ ထွက်ပေါ်လာခဲ့သည်။

ကျွန်တစ်ယောက်သည် တိုက်ခိုက်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်သည် ကျောက်တုံးနံရံနှင့် ဝင်ဆောင့်မိသွားခဲ့သည်။ သူ့ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်ရလေသည်။

သူ့ရင်ဘတ်တွင် နံရိုးများစွာ ကျိုးကျေနေပြီ ဖြစ်ကြောင်းကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထိုကျိုးနေသည့် နံရိုးများသည် သူ့နှလုံးနှင့် အဆုတ်ကိုပင် ထိုးစိုက်မိနေခဲ့သည်။

မကြာခင်တွင်ပင် သူ့ခေါင်း အောက်စိုက်သွားခဲ့ပြီး သေဆုံးသွားခဲ့လေသည်။

ဤတိုက်ပွဲ၏ အကြောင်းပြချက်မှာ အမျိုးသမီး ကျွန် ကြောင့်ဖြစ်သည်။ အနိုင်ရသူသည် ထိုအမျိုးသမီး ကျွန်ကို ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

အနိုင်ရသွားသည့် ကျွန်ပိုင်ရှင်သည် ဝမ်းသာသွားခဲ့ပြီး ကျွန်ပြုသိမ်းသွင်းခြင်း စွမ်းရည်ကို ထိုအမျိုးသမီးကျွန် ထံသို့ အသုံးပြုလိုက်လေသည်။

ဤတစ်ကြိမ်သည် ရှောက်ရွှမ်အတွက် ကျွန်ပြု

သိမ်းသွင်းခြင်းကို တွေ့ကြုံရသည့် ဒုတိယ အကြိမ်ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ကျွန်ပြုသိမ်းသွင်းခြင်းဖြစ်ပြီး လေ့ကျင့်ခြင်း မဟုတ်ပေ။

အစဉ်အလာကို ပြုလုပ်နေသည့် ငယ်ရွှယ်သည့် ကျွန်ပိုင်ရှင်သည် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့လေသည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ကျွန်ပြုသိမ်းသွင်းခြင်းမဟုတ်သော်လည်း သူသည် ယခင်က ကျွန်ပြုသိမ်းသွင်းခြင်းများစွာကို ကျရှုံးခဲ့ဖူးးသည်။ ယခုတွင် သူသည် လူများစွာ၏ အကြည့်များအောက်တွင် ကျွန်ပြုသိမ်းသွင်းခြင်းကို ပြုလုပ်ရမည် ဖြစ်သည်။ အကယ်၍ သူသာ ကျရှုံးသွားပါက ကြည့်နေကြသည့်လူများသည် သူ့ကိုဟာသ တစ်ခုသဖွယ် သဘောထားကြလိမ့်မည် ဖြစ်သည်။ သူရင်ဆိုင်နေရသည့်ဖိအားသည် အတော်လေး ကြီးမားပေသည်။ သို့သော်လည်း သူသည် ဤတစ်ကြိမ်တွင် ကျွန်ပြုသိမ်းသွင်းခြင်းကို အောင်မြင်စွာ လုပ်နိုင်လိုက်သည်။ အောင်မြင်

သွားသည်ကို တွေ့လိုက်ရသဖြင့် ကျွန်များသည် သူ့ကို လေးစားသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ သူသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်များ ရှိလာခဲ့သည်။ ဤသည်မှာ သာမန်မဟုတ်သော နေ့ရက်တစ်ခုပင်တည်း။

သူ့စိတ်ထဲမှ မီးတောက်များကို လေ့လာလိုက်ပြီးနောက် ရှောက်ရွှမ် သူ့လက်များကို လှုပ်ရှားလိုက်သည်။ သူ့အင်္ကျီလက်အနားစသည် ရှည်လျားသဖြင့် မည်သူမှ သူ့လက်များ လှုပ်ရှားနေသည်ကိုမတွေ့လိုက်ရပေ။ ထို့နောက် သေးငယ်သော အပြာရောင်မီးတောက် တစ်ခု ပေါ်လာခဲ့လေသည်။

All Chapters