← Chapters

ပထမဆုံးသော ကျေးကျွန်

Vol. 21 Ch. 315

ပထမဆုံးသော ကျေးကျွန်

Vol. 21 Ch. 315

ပိုပြီးအာရုံခံနိုင်စွမ်း မြင့်မားသော လူများ အတွက်ပင် သူတို့တစ်စုံတစ်ခုကို အာရုံခံလိုက်နိုင်လျှင်သော်မှ ရှောက်ရွှမ် လက်ထဲမှ မီးတောက်များသည် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ သူတို့သည် စွမ်းအင်လှိုင်းများကို အာရုံခံလိုက်နိုင်လျှင်သော်မှ အခြားကျေးကျွန်ပိုင်ရှင်တစ်ဦးဦး လက်ယားနေသည်ဟုသာ တွေးထင်ထားကြမည် ဖြစ်သည်။

ရှောက်ရွှမ် စူးကုနှင့်အတူ နောက်ထပ် သားရဲတွင်း တစ်ခုသို့ သွားလိုက်ကာ သားရဲများ တိုက်ခိုက်နေကြသည်များကို ကြည့်နေလိုက်သည်။ သားရဲများ တိုက်ခိုက်ကြသည်များ ရှိသော်လည်း အများစုမှာ ကျွန်များအချင်းချင်း တိုက်ခိုက်ကြသည့် တိုက်ပွဲများ ဖြစ်ကြလေသည်။

နှစ်တိုင်းပင် သားရဲမြို့တော်သည် သေဆုံးသွားသည့်ကျွန်များကို မြေမြုပ်နေကြရသည်။ သို့သော်လည်း သူတို့သည် ကျွန်အသစ်များကို ထပ်မံခေါ်လာကြဆဲဖြစ်သည်။ ကျွန်များအတွက်မူ ပြိုင်ပွဲစင်မြင့်ထံသို့ သွားရသည့် အခွင့်အရေးသည် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ယခင်နှစ်က တောက်ယွီသည် ပြိုင်ပွဲစင်မြင့်တွင် ကြီးမားသည့် အောင်ပွဲကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ပိုင်ရှီ မြို့တော် ကျွန်များ အကြားတွင် သူ့အနေအထားသည် မြင့်မားလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် စူးကုသည် နောက်ထပ် လောင်းကစား ပွဲများကိုလည်း အနိုင်ရခဲ့သေးသည်။ အချို့ကိုမူ ရှုံးနိမ့်ခဲ့ရသည်။ အကယ်၍ သူအနိုင်ရလျှင် သူသည် ရှောက်ရွှမ်ကို လောင်းကြေး ဆုလာဒ်ကို ရွေးချယ်စေလေသည်။ သို့သော်လည်း စူးကုသည် တုံးအသည့်လူ

တစ်ယောက်တော့ မဟုတ်ပေ။ သူသည် အလွန်အကျွံမလုပ်သင့်သည်ကို သိနေလေသည်။ မည်သို့ပင်ဖြစ်စေ သူသည် လူများစွာ၏ သံသယာများကို ရှောင်တိမ်းနိုင်ခဲ့လေသည်။ ထို့အပြင် သူရိတ်သိမ်းနိုင်ခဲ့သည့် အကျိုးအမြတ်သည် မှန်းထားသည်ထက်ပင် သာလွန်နေခဲ့ပြီဖြစ်သည်။

သူသည် ရှောက်ရွှမ်၏ အကူအညီကို ရယူနေခဲ့ပြီး မီးတောက်ဦးချို မျိုးနွယ်စုမှ လူသုံးယောက်တို့ကို စူးကု ပိုပြီး ဂရုစိုက်လာခဲ့သည်။ ကျွန်ပိုင်ရှင်များ အသိုင်းအဝိုင်းတွင် ကြားရသည့်သတင်းများကိုပင် စူးကုက ရှောက်ရွှမ်ကို ပြောပြလာခဲ့သည်။

သူတို့ စခန်းချရာနေရာသို့ ရောက်သည့်အခါတွင် ရှောက်ရွှမ် အိမ်အတွင်းသို့ ဝင်သွားလိုက်ပြီး ခေတ္တ အနားယူလိုက်သည်။ ထို့နောက် လဲ့နှင့်ထွော်တို့ကို ပြောလိုက်သည် “ ငါ့ကို တံခါး အပြင်ကို ကြည့်ထားပေး။ ငါလုပ်စရာတစ်ခု ရှိတယ် “

“ ကောင်းပြီ “

သူဘာကိုလုပ်မည်ကို လဲ့နှင့်ထွော်တို့ မေးမနေကြတော့ပေ။ ခါတိုင်းရှောက်ရွှမ် မှတ်တမ်းတင်နေသည့်အချိန်များတွင်လည်း သူတို့သည် ထိုကဲ့သို့သာ အပြင်ကို စောင့်ကြည့်ပေးနေလေ့ ရှိသည်။ အချို့သော အရာများကို ကျွန်ပိုင်ရှင်းများ မြင်သွား၍ မရပေ။ ထို့ကြောင့်ပင် ဤတစ်ကြိမ်တွင် ရှောက်ရွှမ် သူတို့ကို စောင့်ကြည့်ခိုင်းလိုက်သည့်အချိန်တွင်လည်း သူတို့ထပ်ပြီး စဉ်းစားမနေတော့ပေ။ သူတို့သည် အိမ်အပြင်တွင် စောင့်ကြပ်နေလိုက်ကြပြီး တစ်နေ့တာ အကြောင်း ပြောနေလိုက်ကြသည်။ တစ်စုံတစ်ယောက်ကသာ ရှောက်ရွှမ်ကို လာရှာခဲ့လျှင် သူတို့က ထိုသူကို ပြန်သွားစေပြီး နောက်မှသာ လာရှာစေမည် ဖြစ်သည်။ သူတို့သည် မည်သူ့ကိုမှ အိမ်အတွင်းသို့ ပေးဝင်လိမ့်မည် မဟုတ်ပေ။

လဲ့နှင့်ထွော်တို့ အပြင်ထွက်သွားပြီးနောက် ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ကို သေချာ လေ့လာကြည့်လိုက်လေသည်။ မည်သူမှ ရှိမနေကြောင်း သေချာသွားမှသာ သူ့လက်များကို မြှောက်တင်လိုက်သည်။

သူသည် ကျွန်ပိုင်ရှင်များကြားမှ တိုက်ပွဲများနှင့် ကျွန်ပြုသိမ်းသွင်းသည့် အရည်အချင်းများကို ယနေ့တွင် များစွာတွေ့ခဲ့ရပြီဖြစ်သည်။

ကျွန်များသည် သိမ်းသွင်းကျွန်ပြုခံလိုက်ရသည်နှင့် မီးတောက်တစ်ခုသည် ရှောက်ရွှမ်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ထိုမီးတောက်သည် စူးကု၏ မီးတောက်နှင့်ဆင်တူပြီး တည်ဆောက်ပုံ ကွာခြားချက်တစ်ချို့ရှိသည်။ သို့သော်လည်း ၎င်းသည် မျိုးနွယ်စုများ၏ နတ်မီးတောက်များလောက်တော့ ကြီးမား ခမ်းနားခြင်း မရှိပေ။

အစဉ်အလာကို ပြလုပ်နေစဉ်တွင် မီးတောက် ၏စွမ်းအားများသည် လှုပ်ရှားသက်ဝင်နေကြသည်။ လှုပ်ရှားမှုတိုင်းနှင့် စွမ်းအင်လှည့်ပတ်ပုံတိုင်းကို ရှောက်ရွှမ် မှတ်မိနေခဲ့သည်။ သူသည် ထိုကဲ့သို့ဖြစ်လေ စိတ်ပိုဝင်စားလေလေဖြစ်သည်။ သူသည် ယခင်က ကျွန်ပိုင်ရှင်များ ရှိနေခဲ့သဖြင့် မီးတောက်ကို လက်တွေ့ဖော်ထုတ်ခဲ့ခြင်း မရှိပေ။ ယခုတွင် သူ့ဘေးနားတွင် မည်သူမှ မရှိနေတော့ပေ။ ဤသည်မှာ ထိုမီးတောက်ကို စမ်းသပ်ကြည့်ရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်လေသည်။

မျိုးနွယ်စုမှ မထွက်လာမှီက ကျွန်ပိုင်ရှင်များ၏ စွမ်းရည်နှင့်ပတ်သက်ပြီး မျိုးနွယ်စုနတ်ဆရာနှင့် ရှောက်ရွှမ် တိုက်ပင်ခဲ့ဖူးသေးသည်။ ထိုစွမ်းအားများ မည်သို့ဖြစ်လာသည်၊ မည်သို့ လှည်ပတ်သည်ကို မျိုးနွယ်စုများ အနေဖြင့် သိနိုင်ကြခြင်းမရှိပေ။ ယခုတွင် မူ ကျွန်ပိုင်ရှင်များ၏ စွမ်းအားများသည် မျိုးနွယ်စု မီးတောက် မျိုးစေ့နှင့် အလားသဏ္ဍာန်တူသည်ကို ရှောက်ရွှမ် သိလာ

ခဲ့ပြီဖြစ်သည်။ ထိုစွမ်းအားနှစ်ခုတို့သည် အနီးစပ်ဆုံး တူညီကြပေသည်။

သူ့အတွေးများကို ပြန်စုစည်းလိုက်ပြီးနောက် ရှောက်ရွှမ် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို လှည့်ပတ်လိုက်သည်။ သူ့စိတ်ထဲတွင် နတ်မီးတောက်များ တောက်လောင်လာခဲ့ပြီး အပြာရောင်မီးတောက်သည် ပို၍ အသက်ဝင်လာခဲ့သည်။ အချို့သော သေးငယ်သည့် မီးပွားများသည် ဆန့်တန်းလာကြပြီး အတူတစ်ကွ စုဝေးသွားကြလေသည်။

သူ့‌ခေါင်းမှ လည်ပင်းတိုင် ဖိအားများကို ရှောက်ရွှမ် ခံစားလိုက်မိသည်။ ထို့နောက်ပုခုံးများ၊ သူ့ လက်မောင်းများမှ တဆင့် ဆက်ပြီး ဖိအားများ ဆင်းသက်သွားခဲ့သည်။

သူ့မျက်နှာပေါ်နှင့် အခြား နေရာများရှိ မျိုးနွယ်စု

အမှတ်အသားများ စတင်ပေါ်ထွက်လာခဲ့သည်။ သူ့လက်မောင်းများရှိ နတ်အမှတ်အသားများသည် တံတောင်ဆစ်သို့တိုင် ရောက်လာခဲ့ကြပြီး လက်ကောက်ဝတ်နားတစ်နေရာတွင် ရပ်တန့်သွားကြသည်။ သို့သော်လည်း ဖိအားသည် ထိုနေရာတွင်ပင် ရပ်တန့်နေခြင်းမရှိပေ။ ဆက်လက် ဖိအားပေးနေခဲ့သည်။ ကြည့်ရသည်မှာ ရှောက်ရွှမ်လက်များထဲမှ တဆင့် ထွက်သွားချင်နေသည့်ပုံ ပေါ်နေခဲ့သည်။

ဘန်း.....

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရှောက်ရွှမ်၏ လက်ဝါးများသည် ရုတ်တရက်ထွက်ပေါ်လာသည့် အပြာရောင်မီးတောက်များဖြင့် ဖုံးအုပ်သွားခဲ့သည်။

အစပိုင်းတွင် ထိုအပြာရောင်မီးတောက်များသည် သူ့လက်ဝါးများ တွင်သာ ရှိနေခဲ့ပြီး အချိန်မရွေးပြန့်ကျဲသွားနိုင်သည့်ပုံ ရှိနေခဲ့သည်။ သို့သော်လည်း မကြာခင်တွင် ၎င်းတို့သည် အစိုင်အခဲများ ပမာ ဖြစ်လာပြီး တည်ငြိမ်လာခဲ့လေသည်။

သူ့လက်များမှ ထွက်ပေါ်လာသည့် မီးတောက်များကို ရှောက်ရွှမ် စိုက်ကြည့်လိုက်သည်။ ဤသည်မှာ ဆီဆာကို တံဆိပ် ခတ်နှိပ်ခဲ့စဉ်က သူအသုံးပြုခဲ့သည့် မျိုးနွယ်စု လျှို့ဝှက် တံဆိပ်ခတ်နှိပ်သည့် ပညာနှင့်ကွာခြား နေခဲ့လေသည်။ ဤတစ်ကြိမ်တွင် မျိုးနွယ်စု အမှတ်အသားများသည် သူ့လက်များပေါ်တွင် ထွက်ပေါ်လာခြင်းမရှိပေ။ ထို့အပြင် ခံစားချက်သည်လည်း မတူညီပေ။ သူသည် ပို၍ ကြမ်းတမ်းပြီးခွန်အားကောင်းနေသကဲ့သို့ ခံစားနေရသည်။

သူ့စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည်တွင် အပြာရောင်မီးတောက်များ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်စွမ်းအားများကို ပြန်အသုံးပြုလိုက်သည်တွင် မီးတောက်များ ပြန်ပေါ်လာခဲ့သည်။

သူသည်အကြိမ်များစွာတိုင်အောင် ထိုအရာကို ဆက်တိုက်လုပ်နေခဲ့သည်။ ဤသို့နှင့် ရှောက်ရွှမ်သည် ထိုအရာကို ပိုပြီး ကျွမ်းကျင်လာခဲ့လေသည်။

ဒါက ကျွန်ပိုင်ရှင်တွေ ကျွန်ပြုသိမ်းသွင်းတဲ့နေရာမှာ အသုံးပြုတဲ့ စွမ်းအားတွေလား ........

သူသည် အမှန်တကယ် ကျွန်ပြုသိမ်းသွင်းသည့်နေရာတွင် ဤစွမ်းအားများကို အသုံးပြုနိုင်ခြင်း ရှိမရှိ မသိရသေးပေ။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စူးကု ယခင်က လေ့ကျင့်ခဲ့သည့်နည်းတူ သေးငယ်သည့် တိရိစ္ဆာန်လေးများဖြင့် လေ့ကျင့်ကြည့်ရန် ရှောက်ရွှမ် စဉ်းစားလိုက်သည်။

သူ့အကြည့်သည် အိမ်တစ်လုံးလုံးကို ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် အခန်းထောင့်တစ်နေရာတွင် မြေထဲမှ ထွက်လာနေသည့် ပိုးတောင်မာ တစ်ကောင်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထိုပိုးကောင်သည် အခြားနေရာသို့သွားရန် ပြင်နေသော်လည်း ရှောက်ရွှမ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။

လက်ချောင်းတစ်ချောင်းခန့်သာ ရှိသည့် ပိုးကောင်ကို ရှောက်ရွှမ် စိုက်ကြည့်လိုက်သည်။ ထိုပိုးကောင်ကို သူရင်းနှီးနေသော်လည်း မည်သည့်ပိုးကောင် အမျိုးအစားဖြစ်သည်ကို မမှတ်မိနေ

တော့ပေ။ သားရဲမြို့တော်သည် တစ်နှစ်ပတ်လုံး အပူချိန်ကျဆင်းသည့် နေရာတွင် ရှိနေသည့် မြို့တော်တစ်ခု ဖြစ်သည်။ အေးစက်သော နေ့တစ်နေ့တွင် ထိုကဲ့သို့သော ပိုးကောင်တစ်ကောင်ကို မြင်ရလိမ့်မည်ဟု သူထင်ထားခဲ့မိခြင်း မရှိခဲ့ပေ။ ဤသည်မှာ ထူးဆန်းနေသည်။

သို့သော်လည်း ဤနေရာတွင် သာမန်မဟုတ်သည့် သတ္တဝါများစွာ ရှိနေခဲ့သည်။ ထို့ကြောင့် ရှောက်ရွှမ် ထိုအကြောင်းနှင့်ပတ်သက်ပြီး ထပ်စဉ်းစားမနေတော့ပေ။ သူသည် ထိုပိုးကောင်ကို ကျွန်ပြုသိမ်းသွင်းခြင်း အတွက်‌လေ့ကျင့်ရန် သားကောင် တစ်ကောင်အဖြစ်သာ စဉ်းစားလိုက်သည်။ အလုပ်ဖြစ်မည် မဖြစ်မည်ကိုတော့ သူလည်း မသိသေးပေ။

မည်သို့ပင်ဖြစ်စေ သူကြိုးစားကြည့်မည်သာ ဖြစ်သည်။

ရှောက်ရွှမ် သူ့ကိုယ်ထဲမှ စွမ်းအားများကို နောက်တစ်ကြိမ် လှည့်ပတ်လိုက်သည်။ သူ့လက်မောင်းများတစ်လျှောက် အပြာရောင်မီးတောက် စီးဆင်းသွားသည်ကို သူခံစားမိလိုက်သည်။

သူ့လက်ထဲတွင် အစိုင်အခဲကဲ့သို့ဖြစ်နေသည့် အပြာရောင်မီးတောက် ပေါ်လာသည့်အချိန်တွင် လက်ချောင်းတစ်ချောင်းဖြင့်ပင် အလွယ်တကူ ဖိချေနိုင်သည့် ပိုးကောင်လေးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ မီးတောက်ဖြင့် ပိုးကောင်ကို ထိတွေ့လိုက်လေသည်။

ပိုးကောင်နှင့်မီးတောက် ထိတွေ့မိသွားသည်နှင့် မီးတောက်ထံမှ ကြိုးမျှင်ကဲ့သို့သော အရာတစ်ခု ထွက်ပေါ်လာပြီး ပိုးကောင်ကို ရစ်ပတ်ချည်နှောင်လိုက်သည်ကို သူတွေ့လိုက်ရသည်။

မီးတောက် ကြိုးမျှင်များသည် ပိုးကောင်ကို ဝန်းရံနေခဲ့ပြီး ရုန်းကန်နေခဲ့သည့် ပိုးကောင်သည် တဖြေးဖြေး ရုန်းကန်နိုင်စွမ်း နည်းပါးလာခဲ့ကာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

အားလုံးကို လုပ်ပြီးသည့်အချိန်တွင် ရှောက်ရွှမ် လက်ထဲမှ အပြာရောင်မီးတောက် ပျောက်ကွယ်သွားလေသည်။ အရာအားလုံးသည် မထူးခြားနားစွာပင် ရှိနေခဲ့သည်။ သို့သော် ပိုးကောင်မှာမူ ယခုတွင် ရှောက်ရွှမ် ခြေထောက်နား၌ နာခံစွာဖြင့် ရှိနေခဲ့ပြီဖြစ်သည်။

အလုပ်ဖြစ်သွားတာလား.......

ပိုးကောင်မသေသေးကြောင်း သေချာစေရန်အတွက် သူ့ခြေထောက်နားမှ ပိုးကောင်ကို သေချာပြန်ကြည့်လိုက်သည်။ သို့သော် ၎င်းသည် ထိုနေရာတွင်သာ ငြိမ်သက်စွာ ရှိနေဆဲဖြစ်လေ

သည်။

အင်းဆက်ပိုးမွားများသည် လူသားများနှင့်မတူညီကြပေ။ ယခုပိုးကောင်သည် အဆင့်နိမ့်သည့် ပိုးကောင် တစ်မျိုးသာ ဖြစ်သည်။ သူတို့သည် စကားပြောနိုင်ခြင်း မရှိသကဲ့သို့ သူ့ကိုယ်သူ ဖော်ပြနိုင်စွမ်း၊ ဆက်သွယ်နိုင်စွမ်းလည်း မရှိကြပေ။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် သူ့ပထမဆုံးသော ကြိုးစားမှုအောင်မြင်သည် မအောင်မြင်သည်ကို မသိနိုင်ခဲ့ပေ။ ပြီးတော့ ဘယ်အတိုင်းအတာအထိ အောင်မြင်တာလဲ ........။

စူးကု၏ ပထမဆုံးသော ကျွန်ပြု သားကောင်သည် ဟင်းအိုးထဲရောက်သွားပြီဖြစ်သည့် လိပ်တစ်ကောင် ဖြစ်ခဲ့သည်။ ယခုပိုးကောင်မှာမူ ချက်စား၍လည်း မရနိုင်ချေ။ ထို့ကြောင့် ရှောက်ရွှမ်သည် ဆက်ပြီးလေ့လာနိုင်ရန်အတွက် ပိုးကောင်ကို ဘေးတွင် ထားလိုက်သည်။

ပိုးကောင်သည်မည်သည့်အလုပ်ကိုမှ လုပ်စရာ မရှိသည်ကို သိသွားဟန်တူသည်။ ၎င်း၏မြေတွင်းထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

မြေပြင်သည် ကျောက်ပြားများ ခင်းထားသည့်မြေပြင်မဟုတ်ပဲ သဲမြေသာဖြစ်သည်။ ထို့ကြောင့် သဲမြေတွင်း ထဲသို့သာ အင်းဆက်သည် ပြန်သွားခဲ့လေသည်။ ရှောက်ရွှမ်သည် ထိုမြေတွင်းကို ဒီအတိုင်းသာ ထားလိုက်လေသည်။

မြေတွင်းထဲပြန်သွားသည့် အင်းဆက်ပိုးကောင်ကို ကြည့်လိုက်ပြီး ရှောက်ရွှမ် မတ်တပ်ရပ်လိုက်ကာ အသက်ဝဝရှုလိုက်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် အတွေးတစ်ခု ဝင်လာခဲ့ကာ မြေတွင်းထဲ တိုးဝင်နေသည့် ပိုးကောင်ကို ပြန်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများ တွန့်သွားခဲ့ပြီး သူရယ်မောလိုက်ကာ မနေနိုင်ပဲ အရှက်ရနေမိသည်။

ထိုပိုးကောင်ကို ရင်းနှီးနေသည်ဟု အဘယ်ကြောင့် သူထင်နေရခြင်းကို သူမှတ်မိသွားသောကြောင့် ဖြစ်သည်။ သူ့ရှေ့ရှိ ပိုးကောင်သည် အနည်းငယ် ပုံသဏ္ဍာန်ကွဲပြားသော်လည်း သူ့မှတ်ဉာဏ်ထဲမှ အင်းဆက်ပိုးကောင်နှင့် အတော်လေး ဆင်တူနေခဲ့လေသည်။

ထိုပိုးကောင် သည် တိရိစ္ဆာန်တို့၏ မစင်များ တွင် ပေါက်ပွားတတ်သည့် “ လမ်းသန့်ရှင်းရေးသမား ပိုးကောင် “ ဖြစ်လေသည်။

အနည်းဆုံးတော့ စူးကုသည် လိပ်တစ်ကောင်ကို ကျွန်ပြုသိမ်းသွင်းနိုင်ခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ပိုးကောင်တစ်ကောင်ကို ကျွန်ပြုသိမ်းသွင်းနိုင်ခြင်းသည်လည်း စူးကု လိပ်ကို သိမ်းသွင်းသကဲ့သို့သာ ဖြစ်သည်။

All Chapters