အပိုင်း ၁၅၃
Vol. 11 Ch. 153
နျဉ်ယွိယွမ်က အသာရယ်လိုက်ပြီး မော့ချူး နဖူးပေါ်က ဆံပင်တွေကို သပ်တင်လိုက်သည်။"ကိုယ် မင်းအတွက် မက်ဆေ့ချ် မထားခဲ့ဘူးလား? ကိုယ် မင်းကို ဒီနေ့လာရှာမယ်လို့ပြောခဲ့တယ်လေ!"
"မင်း မဖတ်ဘူးလား?" ဒါကိုတွေးမိတော့ နျဉ်ယွိယွမ်မျက်ခုံးပင့်လိုက်ပြီး မထိန်းနိုင်ဘဲ သူ့အသံကနည်းနည်းလေးနက်သွားသည်။
“မဟုတ်ဘူး” နျဉ်ယွိယွမ်ကို ဒီလိုမျိုးမြင်လိုက်ရတော့ မော့ချူး သူမ ကျောင်းတက်တုန်းက မဲမှောင်နေတတ်တဲ့ ဆရာမမျက်နှာကို တစ်ချက်ပြန်တွေးမိသွားသည်။ သူမက ကိုယ်ကို ခပ်မတ်မတ်ထားလိုက်ပြီး ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မတွေ့တယ်!"
“လိမ္မာလိုက်တဲ့ကောင်မလေး၊ အခုထပြီး မျက်နှာသစ်လိုက်ဦး၊ အပြင်သွားရအောင်!" အသေအချာကို ထိုသည်ကိုကြားတော့ နျဉ်ယွိယွမ်ရဲ့ အမူအရာက ချက်ချင်းနူးညံ့သွားကာ မော့ချူး ခေါင်းကို ပုတ်လိုက်သည်။
နောက်တော့ မော့ချူး ရေချိုးခန်းထဲမှာ မျက်နှာသစ်ဆေးကြောနေတုန်း မှန်ထဲက သူမကိုယ်သူမ ကြည့်လိုက်သည်။ သူနဲ့ အပြင်ထွက်ဖို့ သူမဘယ်တုန်းက သဘောတူခဲ့လို့လဲ?
“ခဏနေပါဦး ကျွန်မ…” ရေချိုးခန်းထဲက ထွက်လာတော့ မော့ချူးငြင်းတော့မလို့ လုပ်ပေမယ့် သူမစကားမဆုံးခင်မှာဘဲ နျဉ်ယွိယွမ်က အဝတ်တစ်စုံကို သူမလက်တွေကြားထဲ ထိုးထည့်လိုက်သည်။ “လာ၊ ဒါကိုလဲဝတ်လိုက်"
"ဒါက ဘာလဲ?" မော့ချူး အဝတ်တွေကို ငုံ့ကြည့်ရင်း နားမလည်နိုင်စွာနဲ့ မေးလိုက်သည်။
"စုံတွဲဝတ်စုံလေ" နျဉ်ယွိယွမ်က တည်ငြိမ်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။
မော့ချူးမှာ သွေးတစ်လုတ်အန်ထွက်လုမတတ်ပင်!
စုံတွဲဝတ်စုံ? အကြောင်းတစ်ခုခုကြောင့် နျဉ်ယွိယွမ်ရဲ့ပါးစပ်ကနေ ထွက်လာတဲ့ ဒီစကားလုံးနှစ်လုံးက နည်းနည်းမလိုက်ဖက်နေပေ။ ဒါ့အပြင် သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နည်းနည်း အရမ်းမြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာနေတာ မဟုတ်ဘူးလား? သူမမှာ စကားတစ်ခွန်းတောင် မပြောရသေးဘူး! သူက အချစ်မပါတဲ့အခြေအနေကနေ စုံတွဲဖြစ်သွားတဲ့အခြေအနေကို တိုက်ရိုက် ခုန်တက်သွားတာပဲ! မျှော်လင့်ထားတဲ့အတိုင်းဘဲ သူက စစ်တပ်ကနေ ဆင်းသက်လာတော့ အရမ်းအလျင်လိုနေတာပဲ!
"မင်း ဒီမှာလဲချင်လို့လား? ကိုယ် စိတ်ထဲမထားပါဘူး" မော့ချူး အချိန်အတော်ကြာ မလှုပ်မယှက်ဖြစ်နေတာကို မြင်လိုက်ရတော့ နျဉ်ယွိယွမ်တစ်ယောက် မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးတွေကလည်း မျှော်လင့်ချက်အပြည့်နှင့်ပင်။
F*ck off! နျဉ်ယွိယွမ် ဒီလိုပြောလာတော့ မော့ချူး အရမ်းလန့်သွားပြီး ချက်ချင်း သူမရဲ့အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ်ဖက်ကာ ရေချိုးခန်းထဲပြေးဝင်သွားသည်။
နျဉ်ယွိယွမ်မှာ ယုန်တစ်ကောင်လို ပြေးနေသွားတဲ့ သူမပုံစံကို မြင်လိုက်ရတော့ ရယ်မိသွားသည်။ သူ့နဖူးကို ကူကယ်ရာမဲ့စွာနဲ့ ကိုင်လိုက်သည်။ သူသာ ဒီကောင်မလေးကိုမြင်ချင်ရင် သူမက သူ့ကိုဘယ်လိုလုပ်တားနိုင်မှာတဲ့လဲ? ဒါပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်မှာ သူစိုးရိမ်မိသည်။ သူ့ကိုယ်သူ ထိန်းထားရမယ်။
ရိုးရိုးသားသားပြောရရင် အဝတ်အစားတွေက သူမနဲ့ တော်တော်လေး လိုက်ဖက်သည်။ အဝတ်တွေက သူမနဲ့ ကောင်းကောင်းတော်ကာ စတိုင်လ်ကလည်း ခေတ်မီသည်။ မော့ချူးနဲ့ တော်တော်လေးကို လိုက်သည်။ သူမရဲ့ သွယ်လျဖြောင့်စင်းနေတဲ့ လက်ချောင်းတွေက သူမရဲ့အနက်ရောင်ဆံပင်တွေပေါ် ဖြတ်ပြေးသွားပြီး ponytail လို ခပ်မြင့်မြင့် စည်းလိုက်သည်။ သူမလက်ကို အလှကုန်တွေဘက်မှာ ထားလိုက်သည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးတဲ့နောက် နောက်ဆုံး မော့ချူးလက်ပြန်ရုပ်လိုက်သည်။
ဒါတောင် မော့ချူး ရေချိုးခန်းထဲကနေ ထွက်လာတော့ နျဉ်ယွိယွမ်ရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည် ။
မော့ချူး အရင်က ဝတ်ခဲ့တဲ့ အဝတ်အစားတွေက အများအားဖြင့် သက်တောင့်သက်သာရှိဖို့အတွက်သာဖြစ်ပြီး သူတို့ရဲ့အရောင်တွေကလည်း အတော်ဖျော့တာတွေဖြစ်သည်။ ဒါပေမယ့် ဒီနေ့မှာတော့ သူမရဲ့ပုံရိပ်ကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေကို ၀တ်စားထားသည်။ သူမရဲ့ကိုယ်အပေါ်ပိုင်းတစ်ဝက်မှာ ကောင်းကင်ပြာရောင် ရှပ်အင်္ကျီဝတ်ထားပြီး အောက်ဘက်မှာတော့ အဖြူရောင် ချည်စကတ်တစ်ထည်ကို ဝတ်ထားသည်။ အဲ့ဒါက သူမရဲ့ခါးကို ပိုပြီးသေးသွယ် ပျော့ပျောင်းသွားစေကာ သူမရဲ့ခြေတံရှည်တွေကလည်း ဖြူဖွေးဆွတ်နေသည်။ ချိုမြိန်တဲ့ အရိပ်အယောင်နဲ့အတူ သန့်စင်တဲ့အရသာနဲ့တူသည်။ ဒီလိုမထင်မရှား သွေးဆောင်မှုမျိုးက ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။
"အရမ်းလှတယ်!" နျဉ်ယွိယွမ်က ချီးကျူးဖို့ကိုမတွန့်တိုနေပေ။ သူ့လက်ဖဝါးကြီးက မော့ချူးရဲ့ ချောမွေ့နူးညံ့တဲ့ ပါးတွေကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ "မင်း ဝတ်ထားတာအရမ်းလှတယ်၊ မင်းကို အပြင်တောင် ပေးမထွက်ချင်တော့ဘူး"
"အဟမ်း!" မော့ချူးက နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး ပူလောင်နေတဲ့ မျက်နှာကိုကာဖို့ ခေါင်းကိုအသာငုံ့လိုက်သည်။
ဒီလူ ဘာဖြစ်နေတာလဲ? ပုံမှန်ဆို သူက မျက်နှာထားတင်းတင်းနဲ့ ရှိနေတတ်တာကို။ ဘေးနားမှာ ဘယ်သူမှမရှိတဲ့အခါကျ သူမကို ထိန်းမနိုင်သိမ်းမရ စနောက်နေတော့တာပဲ။ သူ့တစ်ကိုယ်လုံးမှာ ဖော်မပြနိုင်တဲ့ပရောပရည်လုပ်တဲ့ အငွေ့အသက်တွေ ထွက်နေသည်။ သူရဲ့ စစ်တပ်ကခက်ထန်တဲ့ စိတ်နေစိတိး်ထားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ၊ ဆန့်ကျင်ဘက်ဖြစ်နေပြီး ထူးခြားလှသည်။
"ကောင်းပြီ သွားကြစို့!" နျဉ်ယွိယွမ်မှာ မော့ချူးကို တခြားသူတွေကို မမြင်စေချင်ဘူးလို့ စိတ်ထဲကနေ ပြောနေပေမယ့် သူမနဲ့ ဒိတ်ဖို့ သူအပြင်ထွက်ရဦးမှာပင်။ သူ့ရဲ့လက်ကြီးက အခြေအနေကို အခွင့်ကောင်းယူကာ မော့ချူးရဲ့လက်လေးကို ဆုပ်ကိုင်လိုက်သည်။
သူ့လက်ဖဝါးထဲက ခံစားချက်က အရမ်းကိုချောမွတ်ပြီး နူးညံ့လှသည်။ ဒီကောင်မလေးရဲ့လက်က အရိုးမရှိသလို အရမ်းသေးကာ နူးညံ့ဖြူဖွေးနေသည်။ နျဉ်ယွိယွမ်မှာ မတော်တဆ သူမ လက်ကို ချိုးမိမှာစိုးတာကြောင့် အင်အားအလွန်အကျွံ မသုံးရဲခဲ့ပေ။