← Chapters

အပိုင်း ၁၅၄

Vol. 11 Ch. 154

အပိုင်း ၁၅၄

Vol. 11 Ch. 154

နောက်ဆုံး ပြတင်းပေါက်နားကို ခေါ်သွားခံရပြီးမှ မော့ချူး တုံ့ပြန်လာသည်။ "ရှင် ဒီကနေ ဝင်လာတာလား?"

သူမအစ်ကိုရဲ့ ပုံစံအရဆို နျဉ်ယွိယွမ်ကို ဘယ်လိုလုပ်လွယ်လွယ်နဲ့ ထားမှာတဲ့လဲ?!

မော့ချူးရဲ့ မျက်နှာပေါ်က အံ့ဩတာကနေ သဘောပေါက်သွားတဲ့ပုံကို ပြောင်းသွားတဲ့ အမူအရာကိုကြည့်ရင်း နျဉ်ယွိယွမ် မျက်နှာပေါ် ရှားရှားပါးပါး ရှက်သွားတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူသာ ပင်မတံခါးကနေ ဖြတ်ဝင်လာနိုင်ရင် ပင်မတံခါးကနေ သေချာပေါက် ပြန်ထွက်မှာပေါ့။ ဘယ်သူက ပြတင်းပေါက်ကနေ ခုန်ထွက်ချင်မှာလဲ?

"အမ်... သွားရအောင်!" နျဉ်ယွိယွမ်က မော့ချူးလက်ကို နည်းနည်း ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ ဒီနေ့ သူမကိုအပြင်ခေါ်ထုတ်သွားရမယ်။

"ကောင်းပြီ ခဏစောင့်" နျဉ်ယွိယွမ် မျက်နှာပေါ်က စိတ်ဆုံးဖြတ်ထားတာကို ကြည့်ပြီး မော့ချူး သူမ ဒီနေ့ မလွတ်နိုင်တော့ဘူးဆိုတာ သိလိုက်သည်။ သူမ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါကာ သူ့ကိုနှုတ်ခမ်းစူပြရုံသာ တတ်နိုင်တော့သည်။ "အနည်းဆုံးတော့ ကျွန်မ စာချန်ထားပါရစေဦး!"

“ကောင်းပြီ” သဘောတူလိုက်ပေမယ့် နျဉ်ယွိယွမ်ကတော့ မော့ချူးလက်ကို လွှတ်ပေးဖို့ ဆန္ဒမရှိပေ။ သူလွှတ်လိုက်ရင် မော့ချူး ထွက်ပြေးသွားမှာကိုကြောက်နေသလိုပင်။

ကံကောင်းထောက်မစွာနဲ့ သူက ဘယ်ဘက်လက်ကို ကိုင်ထားတာဖြစ်သည်.... မော့ချူးမှာ လက်တစ်ဖက်တည်းနဲ့ စာတစ်စောင်ရေးလိုက်သည်။ သူမ ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်ပေမယ့် သူမ ရင်ထဲ ချိုမြိန်တဲ့အရိပ်အယောင်လေးက မသိစိတ်ကနေ စိမ့်ဝင်လာသည်။

ပြတင်းပေါက်ကနေ ခုန်ထွက်ပြီး သစ်ပင်‌ပေါ်တက်ရတာက မော့ချူးအတွက် ကိစ္စမရှိပေမယ့် အဓိကအချက်ကတော့ လက်ရှိမှာ သူမက စကတ်ဝတ်ထားတာဖြစ်သည်။ သူမသာ နည်းနည်းလောက် လှုပ်လှုပ်ရှားရှား လုပ်မိရင် ပေါ်သွားမှာမဟုတ်ဘူးလား?

ပြတင်းပေါက်နားမှာ ရပ်နေရင်း မော့ချူး မိန်းမောနေမိသည်။ သူမမှာ နျဉ်ယွိယွမ်ဆီကနေ အဖက်ခံလိုက်ရမယ်လို့ မမျှော်လင့်ထားဘဲ သူ့ရင်ဘက်မှာတင်းတင်းကြပ်ကြပ် ဖိထားခံလိုက်ရသည်။ သူမ နားရွက်နားမှာ ရိုက်ခတ်နေတဲ့ လေနုလေးအေးတွေကို ခံစားလိုက်ရပြီး အေးမြတဲ့ခံစားချက်ကို ယူဆောင်လာသည်။ သူမတဖြည်းဖြည်းနဲ့ မြေပြင်ပေါ်မှာ ရပ်မိမှဘဲ သူမတို့တွေအောင်အောင်မြင်မြင်နဲ့ ခုန်ဆင်းနိုင်လိုက်မှန်း သိလိုက်ရသည်။

"သွားကြရအောင်" နျဉ်ယွိယွမ်က မော့ချူးလက်ကို ထပ်ပြီးဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် သူ့ရင်ထဲ ပြည့်လျှံလာသလို ခံစားလိုက်ရသည်။ "မင်း ဘယ်ကိုသွားချင်လဲ?"

မော့ချူးမှာ ကြောင်တက်တက်နဲ့ ခေါင်းယမ်းလိုက်သည်။ သူမမှာ တကယ်တော့ လုံးလုံးလျားလျားကို Otaku ဖြစ်နေမှန်း အခုမှ သဘောပေါက်သွားရသည်။ သူမ ခရိုင် ၃ မှာနေတာကြာပြီဖြစ်သည်။ အရင်က reality show ရိုက်တာကလွဲလို့ ကျောင်းထဲကနေမထွက်သလောက်ပင်။ ခရိုင် ၃ မှာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေရှိမရှိ သူမ ဘယ်လိုလုပ်သိမှာလဲ?

"ကောင်းပြီ ဒါဆို ကိုယ်ဆုံးဖြတ်လိုက်မယ်!" မော့ချူးပြောမယ့် စကားတွေက နျဉ်ယွိယွမ်ရဲ့အတွေးတွေနဲ့ အံကိုက်ဖြစ်သည်။ ပထမဆုံးသွားမယ့်နေရာကတော့ amusement park ဖြစ်သည်။

"ဒါက... amusement parkလား?" မော့ချူးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကာ သူမရှေ့က အရာအားလုံးကို မယုံနိုင်စွာနဲ့ ကြည့်နေမိသည်။ ချားရဟတ်တွေမရှိ၊ ပင်လယ်ဓားပြသင်္ဘော‌တွေမရှိ၊ ဘာတိုက်ကားမှလည်းမရှိပေ.... အဲ့ဒီအစား အခြေခံပစ္စည်းတွေနဲ့ လက်နက်မျိုးစုံကို အထဲမှာထည့်ထားပြီး အေးစက်တဲ့လေက သူမမျက်နှာကို ရိုက်ခတ်လာသည်။ ဒီဟာက စစ်တပ်စက်ရုံတစ်ခုဆိုတာ သိသာနေတာကို!

“ဟုတ်တယ်” နျဉ်ယွိယွမ်က ပြုံးကာခေါင်းညိတ်သည်။ “ဟိုးအရင်အချိန်တွေတုန်းက အချက်အလက်တွေကို အခြေခံပြီး တည်ဆောက်ထားတာ။ အခုမှ စဖွင့်ထားတာလေ လုပ်ငန်းကလည်း အရှိန်ရနေပြီ!"

မော့ချူးရဲ့ နှုတ်ခမ်းထောင့်က လှုပ်ရှားသွားသည်။ အချိန်တွေက သမိုင်းကို ဘယ်လိုဖျက်စီးပစ်လိုက်သလဲဆိုတာ သူမအခုတော့ နားလည်သွားပြီ! သူမတို့ ဆော့ဖူးတဲ့ amusement park က အခုသူမအရှေ့က ဒီလေ့ကျင့်ရေးစခန်းလို မဟုတ်ဘူးလို့!

"သွားကြရအောင်" နျဉ်ယွိယွမ်က သူမကို လှမ်းဆွဲလိုက်ပြီး မော့ချူးနဲ့ အတူတူဝင်လိုက်သည်။ သေနတ်ပစ်ခန်းနဲ့ လက်ဝှေ့ခန်းတွေကို ဖြတ်သွားပြီးတော့ သူမလုံးဝအံ့အားသင့်သွားသည်။ အတွဲလိုက် လျှောက်သွားနေကြတဲ့သူတွေကလွဲရင် မော့ချူးကတော့ ဒီနေရာမှာ ရိုမန့်တစ် အငွေ့အသက်တွေကို လုံးဝမတွေ့ရပါချေ။

ဆိုတော့ ဒါက ဒီကလူတွေဘယ်လိုချိန်းတွေ့ကြလဲဆို‌တာပေါ့? သူမတို့ ကျောင်းမှာ single dog တွေဘာလို့ အများကြီးရှိနေလဲဆိုတာ မအံ့သြမိတော့ဘူး။ တွေးကြည့်လိုက်တော့လည်း နားလည်ပေးနိုင်ပါတယ်!

"မင်း ကစားချင်တာ တစ်ခုခုရှိလား?" သူမတို့တွေ လိုက်ပတ်လျှောက်နေရင်း နျဉ်ယွိယွမ်က ခေါင်းလှည့်ကာ ခပ်တိုးတိုး‌မေးလာသည်။

"အင်း...တကယ်တော့၊ အားလုံးအဆင်ပြေပါတယ်!" အမှန်မှာတော့ မော့ချူး ဒီဟာတွေကို ဘယ်လိုကစားရမှန်း လုံးဝမသိပါချေ။ ဒီအချိန် သူမရဲ့မျက်နှာက ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသည်။ သူမ မသိပေမယ့် တမင်တကာ ဂရုမစိုက်ဟန်ဆောင်ထားသည်။

“ကောင်းပြီ” ဒီလိုချစ်စရာကောင်းတဲ့ပုံစံက နျဉ်ယွိယွမ်ရဲ့လက်ဖဝါးကို ယားယံလာစေသည်။ သူက တခြားလက်တစ်ဖက်နဲ့ သူမခေါင်းကို ပွတ်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ “ဒါဆို ဒီနေ့ 'Telepathy' ဆီသွားရအောင်!"

All Chapters