အပိုင်း ၁၅၆
Vol. 11 Ch. 156
ဘာ?
မော့ချူး အံသြသွားသည်။ နျဉ်ယွိယွမ် ပြောလိုက်တာကို သူမ အခုမှ သဘောပေါက်သွားသည်။ သူမကို နိုင်ချင်လားလို့ သူမေးခဲ့တာ အံ့သြစရာမရှိတော့ဘူး။ သူ့ကိုနမ်းခွင့်ပေးမလားလို့ မေးလိုက်တဲ့ပုံဘဲလေ။
ကျန်တဲ့ စုံတွဲနှစ်တွဲကတော့ တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ကာ နမ်းရှုံ့ နေပြီဖြစ်သည်။ မော့ချူး တိတ်တိတ်လေး လှည့်ကြည့်လိုက်သည်။ ဝိုး၊ သူတို့ လျှာတွေတောင် သုံးနေကြတာပဲ! နင်တို့ပတ်ဝန်းကျင်က လူတွေရဲ့ခံစားချက်တွေကို ဂရုစိုက်ပေးလို့ရမလား?
"နမ်းပါ၊ နမ်းပါ၊ နမ်းပါ!" ပတ်ဝန်းကျင်က လူအုပ်ကြီးဟာလည်း စိတ်ထဲမထားစွာ အုတ်အော်သောင်းနင်းဖြစ်နေသည်။ တစ်ဖက်က သူတို့တောင် လန့်သွားရသည်။ ကျယ်လောင်တဲ့အသံက အမိုးကိုတောင် ဖောက်သွားလုမတတ်ပင်။
ဒီစိတ်အားထက်သန်နေတဲ့ အငွေ့အသက်တွေအောက်မှာကြောင်တက်တက်နဲ့ ရပ်နေကြတဲ့ မော့ချူးနဲ့နျဉ်ယွိယွမ်တို့မှာ အထူးတလည်ကို မျက်စိဖမ်းစားနေသည်။ လူတော်တော်များများက သူတို့ကို မယုံသင်္ကာတဲ့အကြည့်တွေနဲ့ ကြည့်လာကြသည်။
စင်မြင့်ပေါ်မှာ ရပ်နေတဲ့ မော့ချူးလည်း နောက်ပြန်ဆုတ်သွားသည်။ သူမရဲ့မျက်နှာမှာ နီရဲနေပေမယ့် နျဉ်ယွိယွမ်ဆီကနေ သူမ ခါးကို အဖက်ခံလိုက်ရသည်။ သူက ငြင်းလို့မရတဲ့ လေသံနဲ့ပြောလာသည်။ “မင်းကို ခုနတုန်းကမေးတော့ မင်းကဆန္ဒရှိတယ် လို့ပြောခဲ့တယ်လေ!”
“ခုနတုန်းက ကျွန်မ…” မော့ချူးရှင်းပြလို့မပြီးသေးခင်မှာဘဲ နျဉ်ယွိယွမ်ရဲ့ ခေါင်းကဖိကျလာသည်။ သူမရဲ့နွေးထွေးတဲ့ နှုတ်ခမ်းက သူ့နှုတ်ခမ်းနဲ့ ဖုံးလွှမ်းခံလိုက်ရပြီး အသာလေးပွတ်တိုက်သွားကြသည်။ လူနှစ်ယောက်ရဲ့ အသက်ရှူသံတွေလည်း ချက်ခြင်း ပေါင်းစပ်သွားတော့သည်!
အဲဒီနောက်မှာတော့ တစ်ဖက်က အော်ဟစ်သံတွေ ရုတ်ခြည်းထွက်ပေါ်လာတော့သည်!
နျဉ်ယွိယွမ်က လုံးဝနားမထောင်နေပေ။ သူ့အာရုံတွေ အားလုံးက သူမနှုတ်ခမ်းဆီကိုသာ ရောက်နေသည်။ အရင်တုန်းကတော့ အဲ့ဒီလိုနီးကပ်နေကြတဲ့စုံတွဲတွေကို တွေ့တဲ့အခါ 'ပါးစပ်ကို အားကိုးတယ်' ဆိုတဲ့ အဓိပ္ပါယ်ကို သူ နားမလည်ခဲ့ပေ။ ဒါပေမယ့် အခု သူ ကြုံလိုက်ရတော့၊ အခုမှ အရမ်းချိုတယ်လို့ သူခံစားမိတော့သည်! ရိုးရိုးရှင်းရှင်းကို သူ ခံနိုင်ရည်မရှိပေ!
ကိုယ်သဘောကျတဲ့ မိန်းကလေးက ကိုယ့်ရဲ့ရင်ခွင်ထဲမှာရှိနေပြီး မျက်လုံးတွေကို အသာမှိတ်ထားကာ နှုတ်ခမ်းချင်းလည်း ထိကပ်နေကြပြီး၊ သူမရဲ့အသက်ရှူသံတွေ အနိမ့်အမြင့်ကိုတောင် ခံစားနေရသည်။ ဒီအခိုက်အတန့်မှာ လူနှစ်ယောက်က တစ်သားတည်းဖြစ်သွားသလိုပင်။
နျဉ်ယွိယွမ်ရဲ့ခန္ဓာကိုယ်က ရုတ်တရက် ပူလောင်လာသည်။ သူ့ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိနေပြီး သူ့ရင်ခွင်ထဲက ကောင်မလေးကလည်း ရှက်နေတာကြောင့်သာမဟုတ်ရင် အခုအချိန်မှာ သူ သူမကိုပြင်းပြင်းထန်ထန် နမ်းလိုက်မိမှာပင်။ သူမရဲ့ နှုတ်ခမ်းသေးသေးလေးကို တိုးဝှေ့ပြီး သူမရဲ့ချိုမြိန်မှုနဲ့အလှကိုမြည်းစမ်းနိုင်မယ်ဆိုတဲ့ အတွေးက သူ့ကို စိတ်လှုပ်ရှားတုန်လှုပ်စေသည်။
ဒါပေမယ့် အခုတော့... နျဉ်ယွိယွမ် သက်ပြင်းချလိုက်သည်။ လောလောဆယ်တော့ ဒါက တစ်ခုတည်းသော နည်းလမ်ပဲ။
သူက မော့ချူးရဲ့ နှုတ်ခမ်းဆီ အသာဖိကပ်လိုက်ကာ ထပ်ပြီး ရှေ့ဆက်မတိုးရဲတော့ပေ။ ဒါတောင် မော့ချူးက တော်တော်ရှက်နေတာဖြစ်သည်။ သူမရဲ့မျက်နှာလေးက မြင်နိုင်လောက်အောင် နီရဲနေပြီဖြစ်သည်။ သူမက မျက်လုံးတွေကို တင်းတင်းမှိတ်ထားပြီး သူမရဲ့မျက်တောင်တွေက အဆက်မပြတ် လှုပ်ခတ်နေသည်။ ဒါကိုမြင်လိုက်ရတော့ နျဉ်ယွိယွမ်ရင်ထဲ လှုပ်ခတ်သွားပြီး ယားယံလာသည်။
အချိန်အနည်းငယ်ကြာပြီးတဲ့နောက် သူမရဲ့နှုတ်ခမ်းပေါ်ရှိ နှုတ်ခမ်းတွေက နောက်ဆုံးတော့ ဖယ်ခွာသွားသည်။ ဒီတော့မှ မော့ချူး မျက်လုံးတွေကို ဖွင့်ရဲတော့သည်။ သူမရဲ့ တောက်ပနေတဲ့ အနက်ရောင် မျက်လုံးတစ်စုံက အနည်းငယ် အရည်လဲ့နေခဲ့သည်။ သူမက နာနာခံခံနဲ့ ချစ်စရာကောင်းတဲ့ပုံပေါ်နေသည်။ နျဉ်ယွိယွမ်မှာ ချက်ချင်း သူမကိုထပ်နမ်းချင်သွားသည်။
တစ်ဖက်လူရဲ့မျက်နှာပေါ်က စိတ်မရှည်မှုတွေကို မြင်လိုက်ရတော့ မော့ချူး ခြေလှမ်းနောက်ဆုတ်သွားသည်။ နျဉ်ယွိယွမ် တခြားတစ်ခုခုလုပ်လိုက်မှာကို သူမစိုးရိမ်သည်။
"ကောင်းပြီ ကိုယ် မင်းကို ထပ်မထိတော့ဘူး" မော့ချူးရဲ့ခုခံတဲ့ပုံစံကို မြင်လိုက်ရတော့ နျဉ်ယွိယွမ် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ သူ့ရဲ့ ကြမ်းတမ်းတဲ့ လက်ချောင်းတွေနဲ့ သူ့နှုတ်ခမ်းကို ထိလိုက်တော့ နွေးထွေးမှုတွေက စွဲကျန်နေသေးသလိုခံစားလိုက်ရသည်။ "ဒီချိုမြိန်မှုနည်းနည်းလေးက ကိုယ့်အတွက် ခဏလောက် အရသာခံဖို့ လုံလောက်တယ်!"
"မပြောနဲ့!" ဒါကိုကြားတော့ တစ်ဖက်မှ လက်ခုပ်သံတွေ ထပ်မံထွက်ပေါ်လာသည်။ ဒါကိုကြားတော့ မော့ချူးက ရှက်သွားပြီး စိတ်တိုသွားသည်။ သူမက နျဉ်ယွိယွမ်ကို ချက်ခြင်းထိုးလိုက်ပြီး သူ့ပါးစပ်ကိုလက်နဲ့ကာလိုက်သည်။ သူမကတင်းတင်းမာမာ ပြောလိုက်သည်။ " ထပ်မပြောနဲ့လို့၊ ကြားရဲ့လား? "
နျဉ်ယွိယွမ်က နာနာခံခံနဲ့ မျက်တောင်ခတ်ပြလိုက်ပေမယ့် သူ့လျှာနဲ့ မော့ချူးလက်ဖဝါးကို ကျီစယ်သလိုလျက်လိုက်သည်။ ဟင်း! ဘာလို့အရမ်းဆိုးရတာလဲ!
သူမရဲ့လက်ဖဝါးမှာ စေးကပ်ကပ်အစိုဓာတ်ကို ခံစားလိုက်ရတဲ့အတွက် မော့ချူး သူမလက်ကို အမြန်ဖယ်လိုက်ကာ ခြေလှမ်းအကျယ်ကြီးနဲ့ ထွက်သွားတော့သည်။
“ဒုတိယတစ်ပွဲရှိသေးတယ်။ မပါတော့ဘူးလား?" နျဉ်ယွိယွမ်က နောက်ကလိုက်လာပြီး အသံကျယ်ကျယ်နဲ့ မေးလိုက်သည်။
သူက သူမကို ကစားစေချင်သေးတာလား? သူမသာဆက်ကစားရင် ဘာတွေထပ်ဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ?