အပိုင်း ၁၅၇
Vol. 11 Ch. 157
မော့ချူး သူ့ကို မုန်းတီးစွာစိုက်ကြည့်လိုက်ရင်း ဒီလူကသူမကို ရည်ရွယ်ချက်ရှိရှိ ဒီကိုခေါ်လာခဲ့တာလို့ ပြင်းပြင်းထန်ထန်ကို သံသယဝင်မိသည်။
“ကောင်းပြီ” အပေးအယူ ကောင်းကောင်းရပြီးတဲ့နောက် နျဉ်ယွိယွမ်တစ်ယောက် အခုကျပိုနာခံလာသည်။ သူက ပြုံးပြီး သူမနောက် လိုက်သွားလိုက်သည်။ "မင်းမကစားချင်ရင် မကစားတော့ဘူး!"
မော့ချူးက နျဉ်ယွိယွမ်ကို အချိန်အတန်ကြာ လျစ်လျူရှုထားလိုက်သည်။ သူမက နေ့တစ်ဝက်လောက်ထိ စိတ်ဆိုးလိုက်သည်။
"မင်း စိတ်မဆိုးတော့ဘူး ဟုတ်တယ်မလား? ဒီမှာ ဒါ မင်းအတွက်!" မော့ချူးရဲ့အမူအရာ နည်းနည်းပိုကောင်းလာတာကို မြင်မှဘဲ နျဉ်ယွိယွမ်တစ်ယောက် စကားပြောရဲတော့သည်။ အစောပိုင်းက သူပြင်ဆင်ထားတဲ့ လက်ဆောင်ကို ခလုတ်ခုံကနေ ထုတ်ကာသူမကို ပေးလိုက်သည်။
"ဒါကဘာလဲ?" နောက်ဆုံးတော့ မော့ချူးက သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ ဘူးလေးကိုကိုင်ရင်း သူ့ကိုစကားပြောလာသည်။
ဒီတော့မှ နျဉ်ယွိယွမ်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့နှုတ်ခမ်းထောင့်က နည်းနည်း ကွေးတက်သွားသည်။ "ဖွင့်ကြည့်ရင် မင်းသိလိမ့်မယ်!"
မော့ချူး ဘူးကိုဖွင့်ဖို့လက်မလှမ်းခင် နျဉ်ယွိယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမရဲ့ အကြည့်တွေက ဘူးထဲမှာပါတဲ့အရာကိုမြင်တော့ မထိန်းနိုင်ဘဲ အံ့အားသင့်သွားရသည်။
... ကျောက်တုံးတစ်တုံး? အနက်ရောင်ကျောက်တုံးတစ်တုံး?
ဒါကို လက်ဆောင်အဖြစ် ယူဆလို့ရလား? ဒါမှမဟုတ် အဖွဲ့ချုပ်မှာ ခေတ်စားနေတာ ဒီလိုမျိုးများလား?
မော့ချူးရဲ့ ခေါင်းမှာ အနက်ရောင်လိုင်းတွေနဲ့ ပြည့်သွားသည်။ ဒီတစ်ခေါက် ကူးပြောင်းလာခဲ့ရပြီးတဲ့နောက်မှာ သူမရဲ့ကမ္ဘာ့လောကပေါ်အမြင်က လုံးဝအသစ်ဖြစ်သွားသလို ခံစားခဲ့ရသည်။
ဒီအခိုက်အတန့်မှာ မော့ချူးက အတွေးထဲနစ်နေပြီး ဘေးနားက အံ့အားသင့်နေတဲ့ အာမေဋိတ်အသံတွေကို မကြားလိုက်ရပေ။
ဒီဟာက၊ ဖြစ်နိုင်တာက...? သူတို့နှစ်ယောက်ကိုဖြတ်သွားတဲ့ စုံတွဲတွေရဲ့ အမူအရာတွေက မထင်မှတ်ဘဲ တူညီနေကြသည်။ ကောင်မလေးတွေက မော့ချူးကို မနာလိုအားကျစွာနဲ့ကြည့်နေကြပြီး ယောက်ျားလေးတွေကတော့ နျဉ်ယွိယွမ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြသည်။ ညီအစ်ကိုရေ၊ ဒီလိုလှည့်ကွက်မျိုးနဲ့ ငါတို့ကို ဘာလုပ်စေချင်တာလဲ? အနည်းဆုံးတော့ ငါတို့ကို လွတ်လမ်းပေးပါဦး!
"ဘာလဲ၊ မကြိုက်ဘူးလား?" မော့ချူးရဲ့ ကြက်သေသေနေတဲ့အကြည့်ကို မြင်လိုက်ရတော့ နျဉ်ယွိယွမ်မှာ သူမနှုတ်ခမ်းနားက ပါးချိုင့်လေးတွေကို မနေနိုင်ဘဲ ထိလိုက်သည်။
သူတို့ကို ဖြတ်သွားကြတဲ့ ကောင်မလေးတွေကြားတဲ့အခါ ရူးလုမတတ် ဖြစ်သွားကြသည်။ ဒီလက်ဆောင်ကို မကျေနပ်ဘူးလား? တခြားဘာလုပ်ချင်လို့လဲ? နင်တကယ်မကြိုက်ရင် ငါ့ပေးလိုက်လို့ရတယ်! ဒါတွေအားလုံးကို ငါသေချာပေါက်လက်ခံမှာ!
“အဲဒီလိုမဟုတ်ပါဘူး” ဘူးကိုပိတ်လိုက်ပြီး မော့ချူး ခေါင်းခါလိုက်သည်။ လမ်းသွားလမ်းလာတွေရဲ့ နောင်တအပြည့်နဲ့ အကြည့်တွေကို သူမ လုံးဝလွတ်သွားသည်။ "အရမ်းကြိုက်တယ်"
နောက်ဆုံးတော့ ဒါက နျဉ်ယွိယွမ်ပေးတဲဲ့ လက်ဆောင်ဖြစ်သည်။ သူ့ကို မျက်နှာသာပေးရမယ်လေ၊ သူမ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ်" ဒါကိုကြားတော့ နျဉ်ယွိယွမ်က မော့ချူးရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ပြန်သည်။ ငြင်းဆန်တဲ့ အရိပ်အယောင်တွေ မပြတော့တာကို မြင်တော့သူ မနေနိုင်ဘဲ ပြင်းချလိုက်မိသည်။ မျှော်လင့်ထားတဲ့အတိုင်းဘဲ လက်ဆောင်တွေက မိန်းကလေးတွေ သဘောအကျဆုံး မှော်ဝင်ရတနာတွေပဲ။ အခြားဘာမှမရှိဘူး!
amusement park ရဲ့ထောင်ချောက်ကြောင့် မော့ချူးမှာ နျဉ်ယွိယွမ်ရဲ့အစီအစဉ်တွေ အများအပြားကို ပျက်သွားစေကာ သူနဲ့ထပ်ကစားဖို့ ဆန္ဒမရှိတော့ပေ။ ဒါပေမယ့် ဒါကလည်း ကောင်းတာပင်။ သူ့ဘေးက နူးနူးညံ့ညံ့နဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကောင်မလေးကို ကြည့်ရင်း နျဉ်ယွိယွမ်အနေနဲ့ သူမလက်ကိုကိုင်ကာ လမ်းပေါ်မှာလည်း အချိန်ကုန်နိုင်သည်။ ဒီလို ရိုးရှင်းတဲ့ ကိစ္စလေးတောင်မှ သူ့ကို စိတ်ကျေနပ်စေသည်။
နှစ်ယောက်သား ပျော်နေကြသည်။ အိမ်မှာ မော့ယန်တစ်ယောက် ဒေါသထွက်လွန်းလို့ သွေးအန်မတတ်ဖြစ်နေတာကိုတော့ သူတို့မသိကြပေ။
အစကတော့ မော့ယန်မှာ ဒီအမြီးကြီးဝံပုလွေနျဉ်ယွိယွမ်ကို အောင်အောင်မြင်မြင်နဲ့ မောင်းထုတ်နိုင်လိုက်တဲ့အတွက် အရမ်းပျော်နေခဲ့တာဖြစ်သည်။ နောက်ဆုံးမှာ မော့ချူးတစ်ယောက် ပုံမှန်နိုးလာတဲ့အချိန်အထိ အခန်းထဲမှာ ဘာလှုပ်ရှားမှုမှမရှိပေ။ မော့ယန်ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားကာ 'မကောင်းတော့ဘူး' ဆိုတာကို မနေနိုင်ဘဲခံစားလိုက်ရသည်။
အပေါ်ထပ်ကိုတက်ကာ မော့ချူးရဲ့ အခန်းတံခါးကို ဖွင့်လိုက်တော့ အခန်းထဲမှာ တစ်ယောက်မှမရှိတာကို သူသိလိုက်ရသည်။ စောင်တွေတောင် အေးနေပြီဖြစ်သည်။ သူမထွက်သွားတာ တော်တော်ကြာပြီလို့ထင်ရသည်။
ဒါက အဲ့ဒီနျဉ်ယွိယွမ် လက်ချက်ဆိုတာ သူသေချာသိသည်!
ခပ်ကျယ်ကျယ်ပွင့်နေတဲ့ ပြတင်းပေါက်ကို ကြည့်ပြီး မော့ယန်တံခါးကို ခပ်ပြင်းပြင်း ဆောင့်ပိတ်လိုက်သည်။ နောက်တော့ ချူးလေး ချန်ထားတဲ့စာကို သူကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ ဒေါသတွေပိုတိုးလာသည်။
ဒီလူကို စစ်သားလို့ပဲထင်ထားတာ။ အခန်းထဲခိုးဝင်ပြီး ငါ့ညီမကို ပြောင်ပြောင်တင်းတင်း ခေါ်သွားရဲတယ်လား? အခုချိန် နျဉ်ယွိယွမ်သာ မော့ယန်အရှေ့မှာရပ်နေရင် သူ့ကိုသေအောင်ရိုက်ပစ်လိုက်မိမှာ!
နောက်ဆုံးတော့ နေဝင်စပြုလာသည်။
နှစ်ယောက်သား ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာကြသည်။ တံခါးအပြင်ဘက်မှာစောင့်နေတဲ့ မော့ယန်ရဲ့ စူးစူးရှရှ အကြည့်တွေကိုမြင်လိုက်ရတဲ့အခါ မော့ချူးရင်ထဲချက်ချင်း အားနည်းသွားသလို ခံစားလိုက်ရသည်။ နျဉ်ယွိယွမ်လက်ထဲက သူမလက်ကို အမြန်ပြန်ရုတ်လိုက်ပြီး မျက်နှာချိုသွေးသလို ပြုံးပြလိုက်သည်။ “အစ်ကိုကြီး၊ အမ် ညီမလေး…”
သူ့ရဲ့ချစ်စရာကောင်းပြီး မသိနားမလည်တဲ့ ညီမလေးကို ဒီဆိုးသွမ်းတဲ့ဝံပုလွေကြီးက တစ်နေကုန်ခေါ်သွားတာကို မြင်လိုက်ရတော့ မော့ယန်ရင်ထဲ ဒေါသတွေနဲ့ ပြည့်နှက်သွားသည်။ သို့ပေမယ့် မော့ချူးနဲ့ ရင်ဆိုင်ရတော့ ဒေါသကို မျိုသိပ်ကာ သူမကို ပြုံးပြလိုက်ပြီး “လိမ္မာတဲ့ကောင်မလေး၊ ချူးလေး အပေါ်အရင်တက်နှင့်လိုက်။ တစ်နေကုန် လိုက်လည်ခဲ့ရတော့ ပင်ပန်းနေမှာဘဲ ဟုတ်တယ်မဟုတ်လား?”
မော့ယန်က ပိုကောင်းပြလေ မော့ချူးစိတ်ထဲမှာ ပိုပြီးအရှက်ရလာလေပင်။ သူမက နျဉ်ယွိယွမ်ကို ဘာမှမပြောလိုက်ပေ။ အဲဒီအစား အစ်ကိုဖြစ်သူကို ခေါင်းညိတ်ပြလိုက်ပြီး သူမအခန်းထဲ အမြန်ပြန်သွားလိုက်သည်။
မော့ချူး ထွက်သွားတာနဲ့ သူတို့နှစ်ယောက်ကြားက လေထုက ချက်ချင်း တင်းမာလာခဲ့သည်။ စနက်တံကိုမီးမြိုက်ပြီး ကျယ်ကျယ်လောင်လောင်နဲ့ ဘမ်းခနဲ ပေါက်ကွဲလုနီးပါးဖြစ်နေသည်။
"သွားကြရအောင်" မော့ယန်က အင်္ကျီလက်ကိုလိပ်တင်လိုက်စည်။ သူ့အကြည့်တွေက နည်းနည်း အေးစက်နေပြီး သူ့လေသံကလည်း ခပ်ပြတ်ပြတ်ပင်။ "တိုက်ပွဲကွင်းပြင် ကိုသွားရအောင်!"
ငါ့ညီမကို ခေါ်သွားရဲတဲ့သတ္တိရှိရင် ငါ့ လက်သီးစာခံရဲတဲ့ သတ္တိလည်းရှိရမယ်!
နျဉ်ယွိယွမ်က ဘာမှပြန်မပြောပေ။ သူက မော့ယန်နောက်ကို တိတ်တဆိတ်လိုက်သွားကာ တစ်ဖက်သတ်တိုက်ပွဲကို လက်ခံလိုက်သည်။
မော့ယန်က သူ့ရဲ့နီရဲနေတဲ့လက်သီးကို လှုပ်ယမ်းနေရင်း သူ့စိတ်ထဲက ဒေါသတွေလည်း အနည်းငယ် ငြိမ်သက်သွားသည်။ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အနားမှာ လှဲနေတဲ့ နျဉ်ယွိယွမ်ကို သူလှည့်တောင်မကြည့်ပေ။ သူအဝတ်အစားလဲပြီး ထွက်လာလိုက်သည်။
မော့ချူးမှာ နျဉ်ယွိယွမ် သူမကိုပေးထားတဲ့ ကျောက်တုံးကို ဟိုဟိုသည်သည် ကလိနေသည်။ အဲ့ဒါက သေးသေးလေးနဲ့ ချောမွေ့နေကာ လက်ထဲမှာကိုင်ထားရင် နည်းနည်းအေးစက်တယ်လို့ ခံစားရသည်။
မော့ယန်က သူမရဲ့အခန်းတံခါးဝမှာ တိတ်တဆိတ် ရပ်နေသည်။ သူမအဲ့ဒီအရာသေးသေးလေးနဲ ကစားနေတာကိုကြည့်ပြီး သူက ရုတ်တရက်မေးလာသည်။ " ဒီဟာ နျဉ်ယွိယွမ် မင်းကို ပေးထားတာလား?"
ဒီတော့မှဘဲ မော့ယန် သူမနားမှာရှိနေမှန်း သတိထားမိလိုက်သည်။ မော့ချူးက ကျောက်တုံးကို သူမလက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်၊ သူပေးထားတာ"
"သူက တော်တော်ရက်ရောတာပဲ!" မော့ယန်က မျက်ခုံးပင့်ကာ ရှားရှားပါးပါး အမှန်တိုင်းပြောလိုက်သည်။
"သူက ဘယ်လို ရက်ရောလို့လဲ?" မော့ချူးက နှုတ်ခမ်းစူလိုက်သည်။ "သူက ညီမလေးရဲ့ပထမဆုံးအနမ်းကို ကျောက်တုံးတစ်တုံးနဲ့ လှည့်စားခဲ့တာကို..."
အဆုံးနားမှာ မော့ချူးအသံက ဗလုံးဗထွေးဖြစ်သွားသည်။ သူမနားရွက်တွေလည်း မသိလိုက်ဘာသာနဲ့ နီရဲလာသည်။
မော့ယန်မှာ အကုန်လုံးမကြားလိုက်ရပေမယ့် ဒီကျောက်တုံးအပေါ် ချူးလေးရဲ့ အထင်အမြင်သေးမှုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ မနေနိုင်ဘဲ သူစိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ ဒီအခိုက်အတန့်မှာ သူ့ညီမက ပုံမှန်မှတ်ဉာဏ်တွေ မရှိနေတာကို သတိရလိုက်မိသည်။ ဒီအနက်ရောင်စွမ်းအင်ကျောက်တုံးကို သူမ မမှတ်မိတာ နားလည်ပေးနိုင်သည်။
သို့ပေမယ့်၊ ဒီဟာက အမှန်တကယ်ကို ရတနာတစ်ခုဖြစ်သည်။
မော့ချူး အရင်က စွမ်းအင်ရင်းမြစ်တစ်ခုကို မတော်တဆ မျိုချမိခဲ့သည် မဟုတ်လား? ဒီအနက်ရောင်စွမ်းအင်ကျောက်တုံးက စွမ်းအင်ရင်းမြစ်အမျိုးမျိုးရဲ့ သဘာဝထွက်ပစ္စည်းတစ်ခုဖြစ်သည်။ ဒီဟာကို အဖိုးမဖြတ်နိုင်တဲ့ အရာလို့ပြောရင် ချဲ့ကားတာမဟုတ်ပေ။ နျဉ်ယွိယွမ်က ဒါကို ချစ်သက်လက်ဆောင်အဖြစ် မော့ချူးကို လိုလိုလားလားပေးခဲ့သည်။
ဒါပေမယ့် သူ့ညီမက သူမအတွကိဘာကောင်းလဲဆိုတာကိုမသိနားမလည်ပေ။ သူမက ဒီရှားပါးအနက်ရောင်စွမ်းအင်ကျောက်တုံးကို သာမန်ကျောက်တုံးတစ်ခုအဖြစ်သာ သဘောထားသည်။ နျဉ်ယွိယွမ်တော့ စိတ်ထဲမှာ အရမ်းကို ဝမ်းနည်းကြေကွဲနေတော့မှာဘဲ။ ဒါကိုတွေးမိတော့ မော့ယန် ရင်ထဲက နာကြည်းမှုတွေလည်း လုံးလုံးပျောက်ကွယ်သွားသည်။
နည်းတောင်နည်းသေးတယ်! ငါ့ချူးလေးကို သူ့ကိုဘယ်သူက ချော့ခိုင်းလို့လဲ? !
“ကောင်းပြီ၊ အရမ်းနောက်ကျနေပြီ။ ကောင်းကောင်းအနားယူသင့်တယ်" မော့ယန် မော့ချူး ပြုံးပြလိုက်သည်။ "မနက်ဖြန်ကျရင် လုပ်စရာတွေ အများကြီးရှိသေးတယ်!"
“ကောင်းပြီ" မော့ချူးလည်း နာနာခံခံနဲ့ခေါင်းညိတ်လိုက်ကာ နျဉ်ယွိယွမ်ပေးထားတဲ့ ကျောက်တုံးကို ဘူးထဲထည့်လိုက်သည်။ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' က အစားအသောက်တွေကို မနက်ဖြန်ကျရင် အပ်ဒိတ်လုပ်မှာဖြစ်သည်။ ဒီတစ်ခါတော့ အင်တာနက်သုံးစွဲသူတွေက ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ရန်ဖြစ်လောက်မလားလို့ သူမ တွေးနေမိသည်....