← Chapters

အပိုင်း ၁၅၈

Vol. 11 Ch. 158

အပိုင်း ၁၅၈

Vol. 11 Ch. 158

အင်တာနက် အသုံးပြုသူအများစုအတွက်၊ သူတို့ ဒီတစ်လော ဘာမှလုပ်စရာမရှိနေပေ!

အံ့သြစရာကောင်းတဲ့ reality show တစ်ခုဖြစ်လာဖို့ဆိုတာ မလွယ်ပေ။ သူတို့က ပိုပြီးစိတ်အားထက်သန်နေကြကာ ရှိုးကလည်း အရမ်းအရေးကြီးသည့်အခြေအနေမှာ ရပ်နေသည်။ ဒီဟာက လူတိုင်းရဲ့စိတ်ကို လွတ်ထွက်သွားစေပြီး ညဘက်မှာတောင် အိပ်မပျော်နိုင်ကြတာ သိသာလှသည်။ ဒါကြောင့် အငြိုးအချက်တစ်သောင်းလောက် ထားထားကြတဲ့ အင်တာနက်အသုံးပြုသူတွေက အားလုံးကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြသည်။

မကြာခဏဆိုသလို သူတို့တွေက ညသန်းခေါင်မှာမှတ်ချက်အမျိုးမျိုးကို ရုတ်တရက် ပို့စ်တင်တတ်ကြသည်။ မှတ်ချက် မျှော်စင်ကြီးက တစ်ခုပြီးတစ်ခု တက်လာပြီး ချင် Entertainment ရဲ့ ရှေ့စာမျက်နှာမှာ ပြိုကျလုနီးပါးဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာနဲ့ ဒီနှစ်ရက်က 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ပြန်ဖွင့်တော့မယ့်အချိန်ဖြစ်သည်။ အဓိက အင်တာနက်အသုံးပြုသူအားလုံးက သူတို့ရဲ့နုံးခွေနေတဲ့ အခြေအနေကနေ နိုးထလာကြပြီး ရည်မှန်းချက်အသစ်တစ်ခု ထပ်ရလာကြသည်။

အားလုံး ထကြတော့၊ နိုးနိုးကြားကြားရှိကြတော့!

ယှဉ်ပြိုင်ကြဖို့ အချိန်တန်ပြီ။ ဝိညာဉ်အစားအသောက်ကို သူတို့လုနိုင်လိုက်လား၊ လုမနိုင်လိုက်ဘူးလားဆိုတာ ဒီလှုပ်ရှားမှုတစ်ချက်ထဲ အပေါ်မူတည်နေတယ်!

စက္ကန့်တိုင်းမှာ အင်တာနက်အသုံးပြုသူတွေက 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့ရှေ့စာမျက်နှာကို refresh လုပ်နေကြသည်။ ဒီတစ်လတစ်ကြိမ်အခွင့်အရေးကို ဆုံးရှုံးရမှာ သူတို့ကြောက်ကြသည်။ ဒီအချိန်တိုင်းမှာ တခြားဆိုင်ပိုင်ရှင်တွေအနေနဲ့ ကူကယ်ရာမဲ့စွာနဲ့ သူတို့လက်တွေကိုမြှောက်ယမ်းရင်း 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'က ကလစ်အရေအတွက်အထွတ်အထိပ်ကို ဆက်ပြီးတက်နေတာကိုသာ စောင့်ကြည့်နိုင်ကြသည်။ သူတို့ရဲ့ ရင်ထဲမှာ ကူကယ်ရာမဲ့တဲ့ လှိုင်းလုံးတွေကို ခံစားရသည်။ သူတို့တွေ လုံးဝယှဉ်နိုင်ပါ့မလား? ဒီလို ရှင်းလင်းသိသာနေတဲ့ ကွာဟချက်နဲ့ဆို သူတို့ရဲ့မျက်နှာတွေကို ဘယ်နားမှာ ဖွက်ထားရမှာတဲ့လဲ?

အခြားအင်တာနက် အသုံးပြုသူတွေကလည်း ပြပွဲကြီးတစ်ခုနဲ့တောင်ယှဉ်နိုင်လောက်တဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ဂရုမစိုက်ပေ။ သူတို့ရဲ့လက်ကိုဘဲ တိတ်တိတ်လေး ပွတ်နေကြသည်။ သူတို့အားလုံး မျှော်လင့်တောင့်တ စိတ်လှုပ်ရှား‌နေကြကာ ဒီတစ်ကြိမ်မှာတော့ နတ်ဘုရားလက်အမြန်နှုန်းကို ပြရမယ်လို့ တွေးနေကြသည်။ တခြားသူတွေကို သူတို့အရှေ့ကျော်တက်ခွင့်လုံးဝမပေးနိုင်ဘူး!

နောက်ဆုံးတော့၊ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့ ဝဘ်စာမျက်နှာမှာ အပ်ဒိတ်လုပ်လာသည်။

သူတို့ရင်ထဲမှာ ပေါက်ဖွားလာတဲ့ စိတ်လှုပ်ရှားမှုတွေကို အတင်းအကျပ် ဖိနှိပ်ရင်း အင်တာနက်သုံးစွဲသူတွေအားလုံး ချက်ခြင်းဘဲ စာမျက်နှာကို ရူးသွပ်စွာနဲ့နှိပ်လိုက်ကြသည်။ သူတို့က စာမျက်နှာကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူတို့ရဲ့ထိုက်တန်မှုကို သက်သေပြဖို့ အချိန်တန်ပြီ!

သို့ပေမယ့် တိုတောင်းတဲ့ အချိန်ငါးစက္ကန့်အတွင်းမှာဘဲ စိတ်ဝိညာဉ်အစားအသောက် ငါးပွဲလုံး လုယူခံလိုက်ရသည်။ ဝဘ်စာမျက်နှာအောက်မှာ နောက်ထပ် အော်ဟစ်မြည်တမ်းနေတဲ့ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး အရပ်ရပ်ကိုပြန့်နှံ့သွားတဲ့ ထူထပ်တဲ့မီးခိုးငွေ့တွေလို ထွက်ပေါ်လာသည်။

[အခုထိ လုလို့ မရသေးဘူး။ ဘာလို့လဲ? ငါ့ဘဝက ဘာလို့ ဒီလောက်ဆိုးရွားရတာလဲ?]

[ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'က ငါ့ကို အကြိမ်ပေါင်း ထောင်နဲ့ချီပြီး နှိပ်စက်နေတာ။ ဒါတောင် ငါ့ရဲ့ အချစ်ဦးလို ချစ်မိနေတုန်းပဲ။ ရွှတ် ရွှတ်... အဓိက က၊ ငါ့ကို ဘယ်တော့မှ ပြန်တုံ့ပြန်မှာလဲ? အချိန်တိုင်းငါ့ကို ချည်နှောင်မထားပါနဲ့!]

တခြားအင်တာနက်အသုံးပြုသူတွေရဲ့သနားစရာကောင်းတဲ့ အော်ဟစ်သံတွေနဲ့ ယှဉ်ပါက မော့ချူးကတော့ လက်ရှိမှာ စိတ်အေးလက်အေးနဲ့ ပြုံးပျော်နေသည်။

သူမလက်ထဲက ခလုတ်ခုံကို ကြည့်ရင်း လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပြောင်းဖူးချပါတီကြီးကို ပါးစပ်ထဲထည့်လိုက်သည်။

အင်း၊ အရသာက မဆိုးဘူး။ နူးညံ့တယ်၊ စေးကပ်တယ် ပြီးတော့ ချိုတယ်။ နည်းနည်းလောက်ဝါးလိုက်ရုံနဲ့ နှုတ်ခမ်းနဲ့ လျှာကြားမှာပြောင်းဖူးရဲ့မွှေးရနံ့က ပြန့်သွားတယ်။ သူမက ဒါကိုကျေကျေနပ်နပ် ခံစားနေသည်။

အသစ်ပေါ်လာတဲ့ အော်ဒါစာရင်းကိုကြည့်ရင်း မော့ချူးကျွတ်သပ်လိုက်သည်။ ဒီတစ်ခေါက် လုကြတဲ့ အရှိန်နှုန်းမှာ စံချိန်သစ်တစ်ခု ရှိလာတဲ့ပုံဘဲ။ ရုတ်တရက် မော့ချူးရဲ့အကြည့်တွေ အာရုံအပြည့်ဖြစ်သွားသည်။ တစ်ဝက်စားထားတဲ့ ပြောင်းဖူးချပါတီကို ချလိုက်ပြီး အော်ဒါကို အနီးကပ်ကြည့်လိုက်သည်။ သေချာကြည့်ပြီးတဲ့နောက် သူမ မထိန်းနိုင်ဘဲ မျက်မှောင်အသာကြုတ်သွားသည်။

ဒီလူတွေ... သူတို့တွေ အရင်တစ်ခေါက်ကလည်း သူမဆီမှာ ဝယ်ခဲ့တဲ့ပုံဘဲ ဟုတ်တယ်မလား? သူမအနေနဲ့ သူတို့ရဲ့နာမည်တွေကို ဝိုးတိုးဝါးတားမှတ်မိနေသေးသည်။ မော့ချူး အရင်က ဝယ်ယူမှုမှတ်တမ်းတွေကို ချက်ချင်းဆွဲထုတ်လိုက်သည်။ နှစ်ခုကို ယှဉ်ကြည့်လိုက်တော့ မျှော်လင့်ထားသလိုပင်။

ဒီလူတွေကိုပစ္စည်းတွေ အကုန်ဝယ်ခွင့်ပေးလိုက်ရင် ဒါဆို သူမက ဘာစီးပွါးရေးလုပ်နေတာဖြစ်သွားမလဲ? သူမက ရုပ်ဖျက်ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင် ထောက်ပံ့သူဖြစ်သွားမှာမဟုတ်ဘူးလား?

ခဏလောက်လောက် စဉ်းစားပြီးတဲ့နောက် မော့ချူး နှုတ်ခမ်းအသာစုဝိုင်းကာ အရင်က သူမဆီကနေဝယ်ခဲ့တဲ့ သုံးစွဲသူနာမည်တွေကို ဖျက်ပစ်လိုက်သည်။ နောက်တော့ သူမက အောက်က အသုံးပြုသူနာမည်တွေကို အပေါ်ရွှေ့ကာ ပင်မစာမျက်နှာထိပ်တွင်ပြန်လည်ပြင်ဆင်ထားတဲ့ ဝယ်ယူသူစာရင်းတွေကို တင်လိုက်သည်။

၂၁ ရာစုတွင်၊ လူတစ်ဦးဟာ အင်တာနက်ပေါ်တွင် နာမည်အမျိုးမျိုး ပေးနိုင်တဲ့နေရာနဲ့မတူဘဲ စတားနက်ရှိ ဖက်ဒရေးရှင်း နိုင်ငံသားတွေရဲ့ နာမည်ပြောင်တွေဟာ သူတို့ရဲ့ အထောက်အထားအ စစ်အမှန်တွေနဲ့ ချိတ်ဆက်ထားတာဖြစ်သည်။ လူတစ်ယောက်ကို နာမည်တစ်ခုဘသာ ပေးလို့ရသည်။ ဒါ့အပြင် စာရင်းသွင်းပြီးတာနဲ့ ပြောင်းလို့ မရတော့ပေ။ ဒါက စတားနက်ရဲ့ အစီအမံနဲ့လုံခြုံရေးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းပေးသည်။

မော့ချူးရဲ့ ရိုးရှင်းတဲ့လုပ်ရပ်က အလျင်အမြန် အငြင်းပွားမှုကြီးကို ဖြစ်သွားစေသည်။

[အယ်? ငါ အမြင်မှားတာလား?] စာမျက်နှာရဲ့အောက်ခြေရှိ 'နှလုံးသားအရမ်းနူးညံ့တယ်' လို့အမည်ရှိတဲ့ အင်တာနက်သုံးစွဲသူတစ်ယောက်က စိတ်အားထက်သန်စွာနဲ့ မက်ဆေ့ချ်တစ်ခုချန်ထားလိုက်သည်။

[စောစောကတင် ငါ အော်ဒါတင်တုန်းက အပယ်ခံလိုက်ရတာ မဟုတ်ဘူးလား? ဘာလို့ အခုအဝယ်စာရင်းထဲ ပါနေသေးတာလဲ? သွားပြီ! ပျော်ရွှင်မှုတွေက ရုတ်တရက်ကြီးရောက်လာတာ။ ငါ လက်မခံနိုင်ဘူး!]

All Chapters