← Chapters

အပိုင်း ၁၅၉

Vol. 11 Ch. 159

အပိုင်း ၁၅၉

Vol. 11 Ch. 159

[တော်တော့၊ ဒီလောက်ကောင်းတဲ့ အပေးအယူတစ်ခုရပြီးမှ ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားတုန်းလား!] အစားအသောက်ကို မလုလိုက်နိုင်တဲ့ အင်တာနက်သုံးစွဲသူ အများအပြားက သူ့အောက်မှာချဉ်တဲ့ မက်ဆေ့ချ်တွေကို ချက်ခြင်း ချန်လိုက်ကြသည်။

စိတ်အားထက်သန်စွာနဲ့ ထပ်ထည့်တဲ့လူတချို့လည်းရှိသေးသည်။ [ မင်းတကယ် ဒါကို လက်မခံနိုင်ဘူးဆိုရင် ငါ အင်တင်တင်နဲ့ မင်းကိုကူညီပေးပါ့မယ်။ ဒါပေါ့ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါကရည်ရည်မွန်မွန်နဲ့ လူကောင်းလေးလေ!]

'နှလုံးသားက အရမ်းနူးညံ့တယ်' လို့ဆိုတဲ့သူက ချက်ချင်းပြန်ဖြေလာသည်။ [ဟားဟား၊ မလိုပါဘူး။ ဒီစိတ်ဝိညာဉ်အစားအသောက်က ငါ့အတွက် အရမ်းရှားတာ။ မင်းကို ချက်ခြင်းထွက်သွားဖို့ ဒုက္ခပေးရတော့မယ်!]

ဒါပေမယ့် ဒီအဖြစ်အပျက်အပြီးမှာတော့ အမြင်စူးရှတဲ့ အင်တာနက်အသုံးပြုသူအချို့က ဒီလှည့်ကွက်ကို မြန်မြန်ဆန်ဆန် သတိထားမိကြတော့သည်။ [ဒီစာရင်းမှာ ပြဿနာရှိနေတာလား?]

ပြောပြီးတာနဲ့၊ သူကအရင်စာရင်းရဲ့ စခရင်ရှော့ပုံနဲ့ သေသေချာချာ ယှဉ်ကြည့်လိုက်တော့ လက်ရှိဆိုင်ပိုင်ရှင် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' တင်ထားတဲ့ ထိပ်ဆုံးက ဝယ်သူစာရင်းနဲ့ တကယ်ကို ကွာနေသည်။

F*ck ၊ မသင်္ကာစရာ တစ်ခုခုရှိလို့များလား?

ဒါက အင်တာနက်သုံးစွဲသူအားလုံးရဲ့ စိတ်ထဲမှာပေါ်လာတဲ့ ပထမဆုံး အတွေးပင်။ တခဏအတွင်းမှာဘဲ သူရင်ထဲက ဝမ်းနည်းမှုတွေဟာ မြစ်ထဲကို စီးကျလုနီးပါးပင်။ ဘုရားရေ၊ ဒီကမ္ဘာကြီးက ရက်စက်လွန်းတယ်။ စတားနက်မှာ ပစ္စည်းတွေဝယ်ဖို့ နောက်တံခါးကိုတောင်သုံးကြတာလား?

သူတို့ရဲ့ လက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း အင်တာနက်သုံးစွဲသူတွေက သူတို့ရဲ့ကိုယ်ပိုင်ခလုတ်ခုံမှာ ပြင်းပြင်းထန်ထန်ကို ရိုက်နှိပ်ကြတော့သည်။ သူတို့က ဆိုင်ပိုင်ရှင်ကို ဝေဖန်တော့မှာဖြစ်သည်။ သို့ပေမယ့် သူတို့ပို့စ်မတင်ခင်မှာဘဲ 'ကြီးစိုးခြယ်လှယ်သူ ဝိုင်းဝိုင်း'ကအရေးယူထားပြီးပြီဖြစ်သည်။

'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'က ဝယ်သူစာရင်းရဲ့ထိပ်မှာ မက်ဆေ့ချ်ခပ်တိုတို တစ်ကြောင်းသာ ရေးထားသည်။

[ဒီဆိုင်က ပွင့်လင်းမှုနဲ့ တရားမျှတမှု သဘောတရားကိုဘဲ လိုက်နာပါတယ်။ ဝယ်ယူသူအားလုံးရဲ့အကျိုးစီးပွားအတွက် ကျွန်တော်တို့ဘက်ကနေ အသိပေးချက်တစ်ခုပေးပါမယ်။ မတော်တဆမှုတွေသာမရှိရင်၊ ယခင်က စိတ်ဝိညာဉ်အစားအသောက်ကို ဝယ်ဖူးတဲ့လူတွေအနေနဲ့ ဒုတိယမြောက်ဝယ်ယူမှုစာရင်းမှာ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

အပြစ်မရှိကြောင်း သက်သေပြဖို့အတွက် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'က သူ့ရဲ့မက်ဆေ့ခ်ျအောက်မှာ ယခင်က ဝယ်သူစာရင်းနှစ်ခုရဲ့ စခရင်ရှော့ပုံကိုလည်း အထူးထည့်သွင်းထားသည်။ သက်သေအထောက်အထားလည်း ရှိသလို စကားလုံးတိုင်းကိုလည်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်။

ဒီလိုပြောလာတော့ အင်တာနက် အသုံးပြုသူအများစုက ချက်ချင်းငြိမ်သက်သွားကြသည်။ အစောပိုင်းက မတင်ရသေးတဲ့ပို့စ်တွေကို ချက်ချင်းဖျက်လိုက်ပြီး ချီးကျူးစကားတွေ ဆက်တိုက်ပြောင်းသွားသည်။

'နှလုံးသားက အရမ်းနူးညံ့တယ်' ဆိုတဲ့သူက အားအပြည့်နဲ့ရောက်လာပြီး ချက်ချင်းမြှောက်ပင့်ပြောဆိုလာတော့သည်။ [ဟားဟား၊ ငါသိသားဘဲ။ ဆိုင်ပိုင်ရှင်က ကြင်လည်းကြင်နာတတ်၊ အရည်အချင်းလည်းရှိပြီး တရားမျှတတဲ့သူဖြစ်ရမယ်။ မင်းနဲ့ဆုံရတာ ငါတို့အရမ်းကံကောင်းတာပဲ!]

ကျန်တဲ့ အင်တာနက်သုံးစွဲသူတွေကတော့ ဒီလူကို အထင်အမြင်သေးသလို ကြည့်လာကြသည်။ ဟမ့် မင်းမှာ ဂုဏ်သိက္ခာတွေ ရှိသေးတယ်လား? ဒီလောက်ထိချီးကျူးနေမှတော့ ငါတို့လို သာမာန်လူတွေက ဘာလုပ်ရ‌တော့မှာလဲ?

သေချာပေါက်၊ လူတိုင်းက ဆိုင်ပိုင်ရှင်ကိုသာ တစ်ဖက်သတ် ချီးကျူးတာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အရှုံးအမြတ်တွေရှိသည်။ လူအများစုရဲ့ အကျိုးစီးပွားမျှမျှတတဖြစ်စေဖို့ဆိုတဲ့ အာမခံချက်အောက်မှာ လူအနည်းစုရဲ့အကျိုးစီးပွားကို ဖျက်စီးပစ်ရတာကြောင့် သူတို့အနေနဲ့ သဘာဝအလျောက် မလိုလားကြပါချေ။ ချက်ခြင်း ကန့်ကွက်ကြောင်းတွေ ထုတ်ဖော်ပြောဆိုလာကြသည်။

[ဘာလို့လဲ? ငါတို့ အရင်ရောက်လို့ဝယ်တာလေ။ ငါတို့တစ်ခါဝယ်ပြီးပြီဆိုပြီး ထုတ်ပစ်တာလား? ဒါက ဘယ်လိုလောဂျစ်မျိုးလဲ?]

[ဟုတ်တယ်! ငါတို့ ဘာအမှားမှ မလုပ်ခဲ့ဘူး!] တစ်ယောက်ပြီး တစ်ယောက် ထောက်ခံကာငြင်းခုံလာကြသည်။

တစ်ကယ်ကြီး ဒီစိတ်ဝိညာဉ်အစားအသောက်ရဲ့ ချိုမြိန်မှုကို မြည်းစမ်းကြည့်ဖို့ဆိုတာ သူတို့အတွက် မလွယ်ကူပေ။ အခုတော့ ဆိုင်ပိုင်ရှင်က ကန့်သတ်လိုက်ပြီ။ သူတို့ရဲ့အစာစားချင်စိတ်ကို ကျဆင်းသွားအောင် တမင်လုပ်နေတာလား? သူတို့အနေနဲ့ ဘယ်လိုလုပ်မကန့်ကွက်ဘဲ နေနိုင်ရမှာလဲ?

သို့ပေမယ့် ဒီကိစ္စမှာ မော့ချူးအနေနဲ့အမှန်တကယ် လှုပ်ရှားဖို့ မလိုအပ်ပေ။ တခြားအင်တာနက်သုံးစွဲသူတွေက ဒီသတင်းကိုကြားလိုက်တဲ့အခါ ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်ကြတော့သည်။ မင်းပြောတာတွေက အမှန်တွေဆိုပေမယ့် ငါတို့ကိုတော့ အမြဲတမ်း အခွင့်ကောင်းယူလို့မရဘူး! အနည်းဆုံးတော့ ငါတို့အတွက် အကြွင်းအကျန်တွေ ချန်ထားပေးသင့်တာပေါ့!

ဒါကြောင့် အမျိုးမျိုးသော အင်တာနက်အသုံးပြုသူတွေက တစ်ယောက်တစ်လှည့်စီ ဦးဆောင်ကာ ဒီလူအုပ်စုကို သူတို့ရဲ့ စွမ်းအားတွေနဲ့ ဖြိုခွဲဖျက်ဆီးပစ်လိုက်သည်။

ဒါကိုမော့ချူးမြင်လိုက်ရတော့ သူ့မမျက်လုံးတွေ တောက်ပလာသည်။ သူမ မတတ်နိုင်ဘဲ ကျွတ်စ် သတ်ကာ သက်ပြင်းချလိုက်သည်။ ဖက်ဒရေးရှင်းနိုင်ငံသားတွေရဲ့ တိုက်ခိုက်ရေးအင်အားက ၂၁ ရာစုရဲ့အင်တာနက်အသုံးပြုသူတွေထက် မနိမ့်ဘူးဘဲ။ သူတို့ဘာတွေပြောနေလဲဆိုတာ ကြည့်ကြည့်ပါဦး။ သူတို့က လုံးဝကိုရက်စက်တဲ့ ကီးဘုတ်သူရဲကောင်းတွေ!

All Chapters