← Chapters

အပိုင်း ၁၆၁

Vol. 11 Ch. 161

အပိုင်း ၁၆၁

Vol. 11 Ch. 161

မော့ယန်က Mecha လေ့ကျင့်ရေးခန်းကနေ ပြန်ရောက်လာသည်။ ဝိုင်းဝိုင်းရဲ့ သနားစရာကောင်းတဲ့ပုံစံကို မြင်လိုက်ရတော့ သူ့ဘာသာသူ သက်ပြင်းချလိုက်သည်။ အမြဲတမ်း ပိုမြင့်တဲ့ တောင်တစ်ဆိုတာ ရှိတယ်။ သာမာန်အားဖြင့်ဆို ဝိုင်းဝိုင်းကိုအိမ်မှာ နည်းနည်းမနိုင်ဘူးဆိုပေမယ့် ဘယ်သူကမှ မငြင်းနိုင်ပေ။ သို့ပေမယ့် နောက်ဆုံးမှာ မော့ချူးတစ်ယောက်ပဲ သူ့ကိုကိုင်တွယ်နိုင်သည်။

"ချူးလေး" မော့ယန် ရေတစ်ငုံသောက်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။ "ဒီနေ့ အမည်မသိ အမြန်ချောပို့ရုံကို အစ်ကိုနဲ့အတူ လိုက်မလား?"

အဲ့ဒီ အမြန်ချောပို့ရုံက အမည်မသိတဲ့ပစ္စည်းတွေ ထုတ်ယူလို့ရတဲ့ နေရာတစ်ခုဖြစ်သည်။ အသုံးပြုသူတဲ့သူက အမည်အသိအမြန်ချောပို့ရုံရဲ့ သေတ္တာဘူးတံခါးကိုဖွင့်ကာ အလိုရှိတဲ့ အမြန်ချောပို့ရနိုင်ဖို့အတွက် လက်ဗွေနဲ့ ပိုက်ဆံထည့်‌ပေးဖို့လိုသည်။ အမြန်‌ချောပို့ရုံတွင် လူအများအပြားရှိတဲ့အတွက် တစ်ယောက်ပြီးသွားတိုင်း လက်ဗွေတွေကို ရှင်းပစ်လိုက်တာဖြစ်တာကြောင့် ဘာသဲလွန်စမှ မကျန်နိုင်ပေ။ ဒီဟာက အဲ့ဒီလိုနာမည် ဘာလို့ပေးခဲ့လဲဆိုတာပင်။

"ဆားသွားယူမလို့လား?" မော့ချူး ခေါင်းမော့ကာမေးလိုက်သည်။

ခရိုင် ၉ မှာရှိတုန်းက ဒီကိစ္စကို မော့ယန်ဆီ လွှဲပြောင်းပေးခဲ့တာဖြစ်သည်။ သူမတို့ ခရိုင် ၃ ကိုရောက်တဲ့အခါ၊ ခရိုင် ၉ ကနေ ဆားပို့ဖို့အတွက် အမည်မသိအမြန်ချောပို့နည်းကို အသုံးပြုခဲ့ကြသည်။

"ဟုတ်တယ်" မော့ယန်က ခေါင်းညိတ်လိုက်ပြီး ခွက်အလွတ်ကို ချလိုက်သည်။ “ဒါပေမယ့် ဒီတစ်ခါတော့ သူတို့က တခြားဟာတွေလည်း ပို့ထားတဲ့ပုံပဲ။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေကို သေချာတော့သိပ်မသိဘူး၊ ဒါကြောင့် အစ်ကိုနဲ့ လိုက်ခဲ့ချင်လားလို့ မေးတာ"

တကယ်တော့ မော့ယန်အနေနဲ့ ဒီကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်။ သို့ပေမယ့် ယမန်နေ့က နျဉ်ယွိယွမ်ရဲ့ မဆင်မခြင် လုပ်ရပ်တွေက မော့ယန်ကို သတိရှိလာစေသည်။ အခုတော့ ချူးလေးကို သူ့မျက်စိရှေ့မှာထားမှဘဲ သူလုံးဝစိတ်ချနိုင်မည်။

“ဒါပေါ့!” မော့ချူးကတော့ သူမရဲ့အစ်ကို ဘာတွေတွေးနေမှန်းမသိတာကြောင့် ခေါင်းညိတ်သဘောတူလိုက်သည်။

ခရိုင် ၉ မှ လူအိုကြီးဟာ အမှန်တကယ်ကို ရိုးသားတဲ့သူဖြစ်သည်။ မော့ချူးနဲ့ တခြားသူတွေ ခရိုင် ၃ကိုရောက်လာပြီးတဲ့နောက်မှာ သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေ နည်းနည်းကောင်းမွန်လာတာကြောင့် ဆားဈေးကို မြှင့်လိုက်သည်။ အဘိုးအိုမှာ မကောင်းသလိုခံစားရတာကြောင့် ပင်လယ်ထဲကနေ သူတို့ဆယ်ကာရထားတဲ့ ပင်လယ်စာတချို့ကို ကြိုးနဲ့ချည်ကာ ဆားနဲ့ အတူပို့ပေးတတ်သည်။

"အာဝူးး၊ အာဝူးး..." ငါရော? ငါကရော? ဝိုင်းဝိုင်း အိမ်မှာ တကယ် နေချင်ပေမယ့် လူတိုင်းအပြင်သွားကြရင်တော့ တစ်ယောက်တည်း ထပ်မနေချင်ပေ။

"စိတ်မပူနဲ့ ဒီတစ်ခါတော့ ခေါ်သွားမယ်" မော့ချူးက ဝိုင်းဝိုင်း ခေါင်းကို ပုတ်ကာပြုံးရင်းပြောလိုက်သည်။

“ဝူး!” ဝိုင်းဝိုင်းက ချက်ချင်းဆိုသလို ပျော်ရွှင်သွားသည်။ သူက ဆိုဖာပေါ်ကနေ ခုန်ဆင်းကာမော့ချူးရင်ခွင်ထဲ ခုန်ဝင်လိုက်သည်။ သွားကြစို့၊ သွားကြစို့!

မော့ချူး အချိန်ကို မှန်းကြည့်လိုက်သည်။ သူမတို့ပြန်လာတဲ့အချိန်ဆို မြေခွေးပျံလေးလည်း ပြန်ရောက်မှာပင်။ ဒါကြောင့် သူမ တံခါးကိုသော့ခတ်လိုက်ကာ အစုလိုက် အမည်မသိ အမြန်ချောပို့ရုံဆီ လမ်းလျှောက်သွားလိုက်ကြသည်။ အမည်မသိအမြန်ချောပို့ရုံတွင် လူတွေအများကြီးရှိနေကာ အဆုံးမရှိတော့ဘူးလို့ ထင်ရပေမယ့် ပစ္စည်းတွေထုတ်ယူတဲ့ အရှိန်က အရမ်းမြန်သည်။ မော့ချူးနဲ့ ကျန်တဲ့သူတွေမှာ မိနစ်၂၀လောက်မရှိခင်မှာဘဲ ပစ္စည်းတွေကိုရလိုက်သည်။

ပစ္စည်းတွေကိုထုတ်ယူပြီး ခလုတ်ခုံထဲထားပြီးတဲ့နောက် မော့ချူးနဲ့ ကျန်တဲ့သူတွေက ခရိုင်၃ရဲ့ ဈေးတစ်ဝိုက်ကို လျှောက်ပတ်ကြည့်ကြသည်။

ဒီလမ်းက ရှေးဟောင်းပစ္စည်းရောင်းတဲ့ အထူးလမ်းပင်။ နေရာတိုင်းမှာ - အတုတွေ့ရင် ဆယ်ဆပြန်အမ်းမယ် ဆိုတဲ့ဆိုင်းဘုတ်တွေရှိသည်။ လှည့်စားထားတာ မရှိပေ။

မော့ချူးမှာ အစပိုင်းတုန်းက အရမ်းသိချင်တာကြောင့် တစ်ချက်ကြည့်ကြည့်ဖို့ စိတ်လှုပ်တရှားနဲ့ ပြေးဝင်လာတာဖြစ်သည်။ အဆုံးမှာ၊ ငါးမိနစ်မပြည့်သေးခင်မှာဘဲ သူမ ခေါင်းကိုခါကာ ပြေးထွက်လာခဲ့သည်။ သူမတတ်နိုင်တာဘာမှမရှိပေ။ အဲ့ဒါတွေက သူမမျက်လုံးတွေကို တကယ်အဆိပ်သင့်စေတာပဲ!

အဲ့ဒါက ဒီတိုင်းရိုးရှင်းတဲ့ ယိုယိုတစ်ခုဘဲဆိုတာ သိသာလှသည်။ အဲ့ဒီရှေးဟောင်းပစ္စည်းတွေကို နားလည်တဲ့သူ‌တွေလို့ ခေါ်ကြတဲ့သူတွေက အဲ့ဒါကို ဘယ်နေရာကနေ တူးဖော်လာလဲဆိုတာ သူမ မသိပေမယ့် သူတို့မျက်နှာပေါ်မှာ လေးနက်တဲ့အကြည့်တွေနဲ့အတူ သုတေသနမျိုးစုံ ပြုလုပ်နေကြသည်။ အဆုံးမှာ သူတို့ဆီက ထွက်လာတဲ့ နိဂုံးချုပ်ကတော့ ရိုးရိုးရှင်းရှင်းကို မေးရိုးပြုတ်ချင်စရာပေ - ဒီဟာက ရှေးခေတ် မင်းမျိုးမင်းနွယ်တွေ သီးသန့်အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်လိမ့်မယ်တဲ့! အမှန်ပဲ၊ ဒီလိုမျိုးပဲ! ချောမွေ့တဲ့လိုင်း‌တွေနဲ့ ထူးခြားတဲ့လက်ရာကိုကြည့်ပါဦး။ အဲ့ဒါကို ဒီနေ့ထိတိုင် လက်ဆင့်ကမ်းလာခဲ့တာကြောင့် ပုံပန်းသဏ္ဌာန်က နည်းနည်း ပျက်စီးသွားပေမယ့် ဒါက ကောင်းကင်ဘုံက လက်ရာတစ်ခုအဖြစ် ရှိနေတုန်းပဲ!

ဆိုင်ရှင်ရဲ့ မျက်နှာပေါ်က လေးနက်တဲ့အကြည့်နဲ့ ပေါက်ကရတွေ ပြော‌နေတာကိုမြင်တော့ မော့ချူးမှာ သူမအနေနဲ့ ဒီလိုအနုပညာကို တကယ်နားလည်ဖို့အရမ်းတုံးလွန်းတာကြောင့်ဖြစ်မယ်လို့ မတတ်နိုင်ဘဲပြောရတော့မည်။

သို့ပေမယ့် သူမရင်ခွင်ထဲရှိ ဝိုင်းဝိုင်းကတော့ ဂနာမငြိမ်ဖြစ်နေသည်။ သူက ယိုယိုကို သူ့ရဲ့ခြေသည်းတွေနဲ့ကိုင်ထားပြီး သူ့မျက်နှာပေါ်မှာတော့ စူးစမ်းလိုစိတ်နဲ့ အံ့ဩမှုတွေအပြည့်ရှိနေသည်။ သူ့မျက်လုံးတွေက ပြူးကျယ်နေကာ ဆိုင်ရှင်ဆီကနေ လုံးဝလှည့်စားခံနေရသည်။

All Chapters