အပိုင်း ၁၆၂
Vol. 11 Ch. 162
မော့ချူးမှာ သူမရင်ခွင်ထဲက ဝိုင်းဝိုင်းနဲ့အတူ ပြေးထွက်လာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ အကယ်၍ သူမတို့သာ အခုချိန်မှာမထွက်သွားရင် ဖက်ဒရယ်ဒင်္ဂါးပြား သန်းပေါင်းများစွာတန်တဲ့ အဲ့ဒီရှေးဟောင်းပစ္စည်းကို ဝယ်ရတော့မှာပင်။ ဒါပေမယ့် တကယ်တော့ ဒါက ဒီတိုင်း ယိုယို တစ်ခုပဲလေ!
"အာဝူးး-" ဝိုင်းဝိုင်းက မော့ချူးပခုံးပေါ်မှီကာ လိုချင်တဲ့ မျက်လုံးတွေနဲ့ ဆိုင်ကိုကြည့်နေသည်။ သူ့ရဲ့လက်သည်းလေးတွေနဲ့ မော့ချူးရဲ့ဆံပင်တွေကိုတောင် အသာလေးဆွဲလိုက်သေးသည်။ ငါ့ဘောလုံးလေး... အဲ့ဒီရှေးဟောင်းဘောလုံးလေးကို လိုချင်တယ်လို့...
"လိမ္မာစမ်းပါ!" မော့ချူးက သူမရင်ခွင်ထဲရှိအသေးလေးကို ပုတ်လိုက်သည်။ ဒါက ဒီတိုင်း ယိုယိုဘဲ မဟုတ်ဘူးလား? နင့်ရဲ့ အသုံးမကျတဲ့ မျက်နှာလေးကို ကြည့်လိုက်ပါဦး။ "ငါတို့အိမ်ပြန်ရောက်ရင် အွန်လိုင်းပေါ်မှာ နင့်အတွက် စိတ်ကြိုက်ဖြစ်အောင် လုပ်ပေးမယ်။ နင်လိုချင်သလောက် ငါလုပ်ပေးမယ်!"
“အာဝူးး၊ အာဝူးးးး" တကယ်? တကယ်လား? ဒါကိုကြားတော့ ဝိုင်းဝိုင်း ချက်ခြင်း စိတ်စွမ်းအင်အပြည့်ဖြစ်သွားသည်။ ဘောလုံးဝိုင်းဝိုင်းတွေနဲ့ ပြည့်နေတဲ့ အခန်းကျယ်ကြီးကို တွေးကြည့်လိုက်တော့ သူ့မျက်နှာလေးက ပန်းပွင့်လေးလိုပြုံးရွှင်သွားကာ ဝမ်းသာအားရနဲ့ လှည့်ပတ်ကြည့်တော့သည်။
မော့ချူး သေချာကြည့်လိုက်သည်။ ဒီလမ်းပေါ်က ရှေးဟောင်းပစ္စည်းတွေက အခြေခံအားဖြင့် ကိရိယာတန်ဆာပလာများသာဖြစ်သည်။ အခြေခံအားဖြင့် ပန်းချီကားချပ်တွေ ဒါမှမဟုတ် လက်ရေးလှတွေတော့ မရှိပေ။ မော့ချူး သိချင်စိတ်ကြောင့် သူမနားက မော့ယန်ကို မေးလိုက်သည်။
“ဒါတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။ အဲ့ဒါတွေကဘာလို့ ဒီမှာရှိနေရမှာလဲ?" ဒါကိုပြောရင် အမြဲတမ်း တည်ငြိမ်နေတတ်တဲ့ မော့ယန်တောင်မှ သူ့မျက်နှာမှာလေးနက်တဲ့ အမူအရာဖြစ်သွားသည်။
“ဥပမာပြောရရင်၊ အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်အများစုကို အမျိုးသား ပြတိုက်မှာ ချိတ်ပိတ် ထားပြီးတော့ အစိတ်အပိုင်း နည်းနည်းလောက်ကိုပဲ ဈေးကွက်မှာ ဖြန့်ကျက်ထားတာ။ အဲ့ဒါတွေက အဆင့်အမြင့်ဆုံး လေလံအိမ်တွေမှာပဲ ရှိတယ်။ ဒီမှာရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး"
“အမ်၊ ဆိုတော့ ဒီလိုပေါ့” မော့ချူးက နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။ ဒီအချက်က ၂၁ ရာစုနဲ့ အတော်လေး ဆင်တူသည်။ ယေဘူယျအားဖြင့် အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ရှေးခေတ်အသုံးအဆောင်ပစ္စည်းတွေ မဟုတ်ပေမယ့် လက်ရာမြောက်သည်။
ဒီရှေးဟောင်းပစ္စည်းရောင်းတဲ့လမ်းက တကယ်တော့ သိပ်မရှည်ပေ။ လူနှစ်ယောက်နဲ့ သားရဲတစ်ကောင်မှာ လမ်းမဆုံးခင် နာရီဝက်ကျော်လောက်သာ လမ်းလျှောက်ခဲ့ရသည်။
“အာဝူး!” အပြန်လမ်းမှာ ဝိုင်းဝိုင်းတစ်ယောက် မော့ချူးရဲ့ရင်ခွင်ထဲမှာ ရုတ်တရက် အကြိမ်အနည်းငယ်လောက် ခုန်လာသည်။ သူ့ရဲ့ခေါင်းလေးကို တစ်ဖက်စောင်းကာ အကြိမ်ပေါင်းများစွာ အော်ဟစ်လိုက်သည်။ ဒီနေရာမှာ တစ်ခုခုရှိနေတယ်!
ဝိုင်းဝိုင်းရဲ့ လှုပ်ရှားမှုကြောင့် မော့ချူးလည်း မနေနိုင်ဘဲ လမ်းလျှောက်တာရပ်လိုက်သည်။ သူမ နှာခေါင်း နည်းနည်းလှုပ်ရှားသွားသည်။ ဒီအနံ့... သွေးနံ့လိုဘဲ!
သူမရဲ့ အမူအရာနည်းနည်း ပြောင်းလဲသွားသည်။ မော့ချူးက မော့ယန်ကို တစ်ချက်ကြည့်လိုက်ကာ သူ့ဘေးက မြက်ခင်းတွေကို ညွှန်ပြလိုက်သည်။
မော့ယန်ရဲ့ အကြည့်တွေလည်း ရပ်သွားသည်။ သူလျှောက်သွားလိုက်ပြီး သူ့ဘေးက မြက်ပင်တွေကို တွန်းဖယ်လိုက်သည်။ တစ်ချက်ကြည့်လိုက်တော့ ဘေးနားမှာ သွေးတွေလွှမ်းနေတဲ့ ပုံရိပ်တစ်ခုလဲနေတာကို တွေ့လိုက်ရသည်။ သေနေလား ရှင်နေလားဆိုတာတော့ မသိရပေ။
"ချူးလေး ဒီမှာ ခဏစောင့်နေ" မော့ယန်က ခေါင်းလှည့်လိုက်ပြီး သူ့ညီမကို သတိပေးလိုက်သည်။ “အခြေအနေကိုသွားကြည့်လိုက်ဦးမယ်”
“ကောင်းပြီ” မော့ချူးက ဝိုင်းဝိုင်းကိုရင်ခွင်ထဲ ခပ်တင်းတင်းဖက်ထားရင်း နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။
မော့ယန်က အဲ့ဒီပုံရိပ်ဆီ ခြေလှမ်းခပ်ကြဲကြဲလှမ်းသွားလိုက်ကာ သူ့ကို အကြိမ်အနည်းငယ်လောက် အသာလေး တွန်းလိုက်သည်။ သို့ပေမယ့် အဲ့ဒီလူက လုံးဝမလှုပ်ပေ။ သတိလစ်နေတဲ့ပုံပင်။
မော့ယန် သူ့မျက်နှာကို လှည့်လိုက်ပြီး သူ့လက်ချောင်းကို နှာခေါင်းအသက်ရှုထုတ်တဲ့နေရာကြားမှာ ထားလိုက်သည်။ သွေးတွေ လွှမ်းနေတဲ့ အဲ့ဒီလူရဲ့မျက်နှာကို မော့ယန်မသိစိတ်ကနေ တစ်ချက်ကြည့်လိုက်သည်။ သူ့အကြည့်တွေက ရုတ်တရက် စူးရှသွားကာ သူ့အမူအရာတွေလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူ အဲ့ဒီလူကို ဂရုတစိုက်ထူလိုက်ပြီး " ဝေ! ဘာတွေဖြစ်နေတာလဲ?"
အဲ့ဒီနာမည်ကိုကြားလိုက်ရတဲ့အခါ မော့ချူး မတတ်နိုင်ဘဲအံ့ဩသွားရသည်။ သူမ ချက်ချင်း ပြေးသွားလိုက်သည်။
တကယ်က သူပဲ! ဒါပေမယ့် ဝေ က ခရိုက် ၁၂ မှာရှိနေသင့်တာမဟုတ်ဘူးလား? ခရိုင် ၃ မှာ ဘာလို့ ရုတ်တရက်ကြီး ဒဏ်ရာနဲ့ လဲနေရတာလဲ? မော့ချူးမှာ သူမရဲ့သံသယတွေကို ဂရုမစိုက်တော့ပေ။ သူမရဲ့အစ်ကိုကို လက်နဲ့ပုတ်ပြီး ပြောလိုက်သည်။ “အစ်ကို၊ မောင်းနှင်ခြင်းစက်ကို အမြန်ထုတ်လိုက်။ ဝေကို ဆေးဘက်ဆိုင်ရာဌာနဆီ ချက်ခြင်းပို့ရမယ်”
“အို ဟုတ်သားပဲ!” မော့ယန်မှာ ထိတ်လန့်နေရာကနေ ပြန်သတိဝင်လာသည်။ သူက မောင်းနှင်ခြင်းစက်ကိုချက်ချင်းထုတ်လိုက်ပြီး ဆေးဘက်ဆိုင်ရာဌာနဆီ မသွားခင် ဝေ ကို အထဲမှာ ဂရုတစိုက် ချလိုက်သည်။
မော့ယန် ဘာမှမပြောပေမယ့် မော့ချူးအနေနဲ့ သူ့အစ်ကို ဘာတွေတွေးနေမှန်း သူမ ခပ်ရေးရေးသိသည်။ သူတို့နှစ်ယောက်ကြားက နက်ရှိုင်းတဲ့ သူငယ်ချင်းဆက်ဆံရေးကို ရိုးရိုးရှင်းရှင်းစကားလုံးတွေနဲ့ ဖော်ပြလို့မရပါချေ။ သူတို့နှစ်ယောက်ကို သူငယ်ချင်းလို့ပြောရမယ့်အစား မော့ယန်ဟာ ဝေကို သူ့အစ်ကိုကြီးအဖြစ်အမြဲတမ်းဆက်ဆံတယ်လို့ ပြောတာက ပိုသင့်လျော်သည်။ သူတို့ငယ်ငယ်တုန်းက မော့ယန်ဟာ မော့ချူးကို ခရိုင် ၁၂ ဆီ လက်ဗလာနဲ့ ခေါ်လာခဲ့တာဖြစ်သည်။ ဘဝဟာ ရိုးရိုးရှင်းရှင်းကို သည်းမခံနိုင်စရာဖြစ်ခဲ့သည်။ ဝေ အချိန်မီ ကူညီပေးခဲ့တာကြောင့်သာမဟုတ်ရင် မော့ယန်အနေနဲ့ လက်ရှိမှာရှိနေတဲ့ မော့ယန်ဆိုတာ ဖြစ်လာလိမ့်မှာမဟုတ်ပေ!