အပိုင်း ၁၆၃
Vol. 11 Ch. 163
“စိတ်မပူပါနဲ့ အစ်ကို။ အားလုံးအဆင်ပြေသွားမှာပါ" မော့ချူးက မော့ယန်လက်ကို လှုပ်ခါလိုက်သည်။ မောင်းနှင်ခြင်းယာဉ်ကို တစ်ချက်နှိပ်လိုက်ကာ ဝေကိုခွဲစိတ်ခန်းထဲ ချက်ချင်း ပို့လိုက်ကြသည်။ အဲ့ဒီအချိန်ကနေစကာ နှစ်နာရီကျော်လောက်ကြာသွားသည်။ အခုအချိန် အထဲမှာအခြေအနေ ဘယ်လိုရှိလဲဆိုတာတော့ မသိရသေးပေ။
နောက်ဆုံးတော့ ဆရာဝန်က ခွဲစိတ်ခန်းထဲကနေ ထွက်လာပြီး မော့ယန်နမော့ချူးကို ပြုံးပြလိုက်သည်။ “စိတ်မပူပါနဲ့။ သူ့ကို အချိန်မီ လာပို့လိုက်တာ ကံကောင်းသွားတယ်။ တကယ်လို့ နောက်သာကျသွားရင် သွေးအလွန်အကျွံဆုံးရှုံးပြီး သူ့ဦးနှောက်အောက်ဆီဂျင် ပြတ်တောက်သွားရင် စိတ်အခြေအနေလည်း ပျက်စီးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် လူနာမှာပြဿနာတက်မှာပဲ"
"ဒါဆို သူဘယ်တော့ နိုးလာမှာလဲ?" မော့ချူးက ခပ်တိုးတိုးလေးမေးလိုက်သည်။ သူမ အနေနဲ့ ဝေ နှင့် တော်တော်ကြာ အဆက်အဆံမလုပ်ဖူးပေမယ့် ဝေဟာသူမတို့ကို ကူညီပေးခဲ့တယ်ဆိုတာ သံသယမရှိပေ။ ထုံးစံအတိုင်း၊ သူဟာ မော့ချူးအပေါ် အမြင်ကောင်း ချန်ထားခဲ့သည်။
“စိတ်မပူပါနဲ့၊ သူ့ကို စစ်ဆေးပြီးပါပြီ။ သူအဆင်ပြေတယ်" ဆရာဝန်က ရှင်းပြခဲ့သည်။ “သူ ဆေးရုံက ဆင်းချင်ရင် အိမ်ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူလို့ရတယ်။ တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာလိမ့်မယ်”
ဒါကိုကြားတော့ မော့ယန် သက်ပြင်းတစ်ချက်ချပြီး ဆရာဝန်ကို အမြန်ကျေးဇူးတင်လိုက်သည်။
သူတို့ ဝေ ကို ပြန်ခေါ်လာတဲ့အခါ မြေခွေးပျံလေးက ပစ္စည်းတွေ ပို့ပေးပြီးသွားပြီမှန်း သိလိုက်ရသည်။ အဲ့ဒီအချိန်မှာ သူက တံခါးရှေ့မှာ တစ်ယောက်တည်းထိုင်ပြီး သူတို့ကိုစောင့်နေသည်။
သူတို့ရဲ့ ပုံရိပ်တွေကို မြင်တော့မြေခွေးပျံလေးက ချက်ချင်း ဝမ်းသာသွားသည်။ သူက တစ်ဖက်မှာရှိနေတဲ့ ဝိုင်းဝိုင်းကို ချက်ချင်း ခုန်အုပ်ကာ သားရဲနှစ်ကောင်က အချင်းချင်းပွေ့ဖက်လိုက်ကြသည်။
မာနကြီးတဲ့ဖက်တီးလေး ဝိုင်းဝိုင်းရဲ့ မျက်နှာမှာတော့ မပျော်မရွှင်တဲ့ မျက်နှာအမူအရာရှိနေသည်။ သို့ပေမယ့် ရိုးသားတဲ့သူ့ရဲ့လက်နှစ်ဖက်ကတော့ မြေခွေးပျံလေး တင်းတင်းကြပ်ကြပ် ဖက်ထားသည်။
ကံကောင်းထောက်မစွာနဲ့၊ သူတို့အိမ်က လုံလုံလောက်လောက်ကြီးလို့ပင်။ ဘယ်အခန်းမှာမဆို ဝေ ကိုထားလို့ရသည်။ ဒီအချိန်မှာ သူကငြိမ်ငြိမ်သက်သက် လှဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေအားလုံးကို ပတ်တီးစီးထားသည်။ မော့ယန်နဲ့ ကျန်တဲ့လူတွေအနေနဲ့ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို နားမလည်တာကြောင့် သူတို့ရင်ထဲက သံသယကို ထိန်းထားရုံဘဲရှိသည်။ အားလုံးက ဝေ နိုးလာတာကို စောင့်ရုံသာရှိသည်။
မော့ချူးက မြေခွေးပျံလေး ယူလာပေးတဲ့ မှော်အပင်တွေကို အရင်သိမ်းဆည်းကာ ဘေးဖယ်ထားလိုက်သည်။
ဒီတစ်ခေါက် သူတို့ရဲ့ခရီးစဉ်က တကယ်အကျိုးရှိခဲ့သည်။ မြေခွေးပျံလေး ပြန်ယူလာတဲ့ မှော်အပင်တွေအပြင် မော့ယန်ယူလာတဲ့ အမြန်ချောပို့ပစ္စည်းတွေထဲကနေ ပင်လယ်စာတစ်ဗူးကို ရှာတွေ့လိုက်သည်။ ဖွင့်ကြည့်လိုက်တော့ သူမ မတတ်နိုင်ဘဲ အံ့ဩသွားမိသည်။
သူမဘာတွေ့ခဲ့လဲဆိုတာ ခန့်မှန်းကြည့်ပါဦး!
ကဏန်းတွေ၊ ပင်လယ်ရေမှော်... ပြည်ကြီးငါးတောင် ပါသေးတယ်! မဆိုးဘူး မဆိုးဘူး!
မော့ချူးက မြေခွေးပျံလေးခေါင်းကို ပုတ်ကာ ခလုတ်ခုံထဲကနေ ပြောင်းဖူးချပါတီငါးခုကို ထုတ်ကာသူ့ကိုပေးလိုက်သည်။ "ဒီမှာ ဒီတစ်ခေါက် မင်းရဲ့ ကြိုးစားမှုအတွက်ဆု!"
မြေခွေးပျံလေးက အဲ့ဒါတွေကို ဝမ်းသာအားရ လက်ခံပေမယ့် ဝိုင်းဝိုင်းကတော့ မပျော်ပါချေ။ ငါ့ပြောင်းဖူးချပါတီလေးတွေ ဘယ်ရောက်သွားတာလဲ? ငါ့နောက်လိုက်ကိုတောင် ပေးလိုက်သေးတယ်၊ ဒီတော့ ငါ့ပြောင်းဖူးချပါတီတွေ ဘယ်ရောက်သွားတာလဲ?
"မြေခွေးပျံလေးက ပစ္စည်းပို့တဲ့နေရာမှာ ကူညီပေးလို့ ဆုရတာ " မော့ချူးက ဝိုင်းဝိုင်းရဲ့ ပါးဖောင်းဖောင်းကို ပုတ်လိုက်သည်။ "ပြောပါဦး၊ နင်က ဘာလုပ်ခဲ့လို့လဲ?
ဒါကိုကြားတော့ ဝိုင်းဝိုင်းက ပထမတော့ အံ့အားသင့်သွားပြီး နောက်တော့ အခိုင်အမာပြောလာသည် “အာဝူးး အာဝူးး–” ငါ့ကြောင့်သာမဟုတ်ရင် ဒီလူကို နင်တို့ရှာတွေ့ပါ့မလား?
ကောင်လေးက ခေါင်းမော့ကာ မျက်နှာမှာ စိတ်ကြီးဝင်တဲ့အကြည့်တွေနဲ့အတူ သူ့လက်တွေကို မော့ချူးအရှေ့မှာဖြန့်လိုက်သည်။ အစာတောင်းနေတဲ့ အဓိပ္ပါယ်ထက်ပိုပြီး မရှင်းတာမရှိတော့ပေ။
သို့ပေမယ့် ဝိုင်းဝိုင်းပြောတာက အဓိပ္ပါယ်မရှိတာတော့ မဟုတ်ပေ။ ဝိုင်းဝိုင်း ကြောင့်သာမဟုတ်ရင် သူမတို့တွေ ဝေ ကိုအချိန်မီ ဘယ်လိုလုပ်ရှာတွေ့နိုင်မှာတဲ့လဲ?
ဒါကိုတွေးမိတော့ မော့ချူး ခလုတ်ခုံထဲကနေ နောက်ထပ် ပြောင်းဖူးချပါတီငါးခုကို ယူလိုက်ပြီး ဝိုင်းဝိုင်းကိုပေးလိုက်သည်။ သူမက ပြုံးကာပြောလိုက်သည်။ "ကောင်းပြီ၊ ဒါက နင့်အတွက်ပဲ"
ကောင်လေးက တော်တော်ဉာဏ်ကောင်းသည်။ သူက မြေခွေးပျံလေးရဲ့ လက်ထဲမှာရှိတဲ့ ပြောင်းဖူးချပါတီနဲ့ယှဉ်ကြည့်သည်။ နှစ်ယောက်လုံး ပြောင်းဖူးချပါတီ ပမာဏတူတူရတာဆိုတာ သဘောပေါက်လိုက်သည်။ ဒါကြောင့် သူက စိတ်မ၀င်စားတော့ဘဲ စကိုက်စားတော့သည်။
မော့ချူး ပစ္စည်းတွေကို ထုပ်ပိုးပြီးသွားတော့ ခလုတ်ခုံကိုဖွင့်ကာ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ရဲ့အရှေ့စာမျက်နှာကို ဖွင့်လိုက်သည်။
အရှေ့စာမျက်နှာရှိ မှတ်ချက်တွေထဲတွင် စိတ်ဝိညာဉ်အစားအသောက်ကို စားပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ဝယ်ယူသူအနည်းငယ်က မျှဝေထားသည်။ ဒီလိုအံ့သြနေပြီး ကြွားဝါမှုနည်းနည်းပါတဲ့စကားလုံးတွေက သဘာဝအလျောက် အဆက်မပြတ်အော်ဟစ်နေတဲ့ လှိုင်းလုံးတွေကို ဖြစ်ပေါ်လာစေသည်။ အဲ့ဒါကိုလုနိုင်ခဲ့တဲ့သူက ဘာလို့ငါမဖြစ်ရတာလဲ? အဆင့်မြင့်သွားတဲ့သူက ဘာလို့ငါမဖြစ်ရတာလဲ?