← Chapters

အပိုင်း ၁၆၄

Vol. 11 Ch. 164

အပိုင်း ၁၆၄

Vol. 11 Ch. 164

သို့ပေမယ့် မက်ဆေ့ခ်ျတစ်ခုက မော့ချူးရဲ့အာရုံကို ဖမ်းစားလိုက်နိုင်သည် - [ဒီစိတ်ဝိညာဉ်အစားအသောက်ကို စားပြီးသွား‌တော့ ငါ အဆင့်မြင့် အဆင့် ၄ ကနေ အဆင့် ၅ ကို အောင်အောင်မြင်မြင်နဲ့ တိုးသွားတယ်။ ပြီးတော့၊ ငယ်ငယ်ကတည်းက ရှိနေတဲ့ငါ့ရဲ့ ခန္ဓာကိုယ်ချို့တဲ့တာလည်း ပြန်ကောင်းလာတယ်လို့ ခံစားမိတယ်။ ဒီစိတ်ဝိညာဉ်အစားအသောက်ရဲ့ အာနိသင်ကြောင့်လား မသိဘူး]

နောက်ဆုံးစာကြောင်းက မော့ချူးအာရုံကိုအဆွဲဆောင်နိုင်ဆုံးပင်။ လျှပ်စီးကြောင်းတစ်ခုက အမှောင်ထုကို ရုတ်တရက် ထိုးခွဲဖွင့်လိုက်သလိုမျိုး သူမကို ကမ္ဘာသစ်တစ်ခုဆီ တံခါးဖွင့်ပေးလိုက်သလိုပင်။

အရင်ကတော့ သူမလုပ်ထားတဲ့ အစားအစာတွေကို စိတ်စွမ်းအင်အတွက် ဖြည့်စွက်စာအဖြစ်သာ အသုံးပြုနိုင်တယ်လို့ အမြဲတွေးခဲ့မိသည်။ သို့ပေမယ့် သူမ ရောဂါတချို့ကိုလည်း ဖြေရှင်းပေးလိုက်နိုင်သည်။ ၂၁ ရာစုမှာတောင် 'ဆေးဖက်ဝင်ဟင်းလျာ' တွေ ရေပန်းစားတာရှိတယ်မဟုတ်လား?

သို့ပေမယ့် ဆေးဖက်ဝင်အစားအသောက်တွေရဲ့အခြေအနေက သာမန်ဝိညာဉ်အစားအသောက်တွေနဲ့ ကွဲပြားသည်။ ဆေးဖက်ဝင် အာနိသင်ရှိတဲ့အတွက် လူနာတွေဘဲ စားသုံးနိုင်ပပြီး လူတိုင်းမသုံးနိုင်ပေ။ ဒါ့အပြင်၊ ဒီဟာက ရေရှည် လက်တွေ့အသုံးဝင်မယ့်အကြောင်းအရင်းတွေလည်း လိုအပ်သည်။ တစ်စုံတစ်ယောက်က အစမ်းသပ်ခံ ပူးကောင်ဖြစ်ချင်မလားဆိုတာ ဘယ်သူသိမှာလဲ?

မကြာသေးခင်က မော့ချူး အဆင့်မြင့်စုန့်နှင့် အဆက်အသွယ် ရခဲ့တာကြောင့် သူမတချို့တလေနားလည်ခဲ့ရသည်။ အဖွဲ့ချုပ်ရှိ ပြည်သူတွေရဲ့ ဖွဲ့စည်းပုံက အရမ်းကောင်းပေမယ့် အကောင်းကြီးတော့မဟုတ်ပေ။ သူတို့တစ်ဉီးစီရဲ့ကိုယ်ထဲမှာ လျှို့ဝှက်ထားတဲ့ အန္တရာယ်တစ်ခုရှိသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဗီဇတွေက ဘယ်အချိန်မှာ ဘယ်အခြေအနေကို ရောက်သွားမလဲဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ? နောက်ဆက်တွဲပြဿနာတွေ ဆက်တိုက်ဖြစ်လာနိုင်သည်။

စုန့်ချင်းစုန့်ရဲ့ မျိုးရိုးဗီဇပြိုကျတဲ့ရောဂါဟာလည်း အဲဒီထဲက တစ်ခုပင်။

မော့ချူးတွင် ရဲတင်းတဲ့ အကြံတစ်ခုတော့ရှိသည်။ အဖွဲ့ချုပ်မှလူတွေဟာ အပြင်ပိုင်း အာဟာရဆိုင်ရာညွှန်ကိန်းများအားလုံးကို အပြည့်အဝ ဖြည့်တင်းထားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ပေမယ့် သူတို့ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှု တစ်ခုလုံးက ကျိုးပဲ့ထားသည်။ အကြောင်းကတော့ သူတို့ရဲ့ မျိုးရိုးဗီဇက မတည်မငြိမ်ဖြစ်ပြီး ကွဲအက်သွားတဲ့ လက္ခဏာတွေ ပြလာတာကြောင့်ပင်။

သို့ပေမယ့်၊ အဲ့ဒါကို လမ်းညွှန်ဖို့ စိတ်ဝိညာဉ်အစားအသောက်ကို အသုံးပြုနေသရွေ့၊ ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှုစနစ်ကို ပုံမှန်ဖြစ်အောင်ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤနည်းဖြင့် ရောဂါလက္ခဏာများဟာလည်း ဆေးဝါးမပါဘဲ သဘာဝအတိုင်း ပျောက်ကင်းသွားမည်ဖြစ်သည်။

သို့ပေမယ့် လူနာတစ်ဦးစီရဲ့ သီးခြားအခြေအနေက မတူညီတာကြောင့် သူတို့လိုအပ်တဲ့ စိတ်ဝိညာဉ်အစားအသောက်မှာလည်း ကွဲပြားလိမ့်မည်။

ခဏလောက် စဉ်းစားပြီးတဲ့နောက် နောက်ဆုံး မော့ချူးသူမစိတ်ကိုပြင်ဆင်လိုက်သည်။ သူမက ရှေ့စာမျက်နှာဒီဇိုင်းကို 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ကနေ 'စိတ်ဝိညာဉ်အစားအစာနှင့်‌‌ ဆေးဖက်ဝင်ဟင်းလျာဆိုင်' ဆိုပြီး နည်းနည်းပြောင်းလဲထပ်ထည့်လိုက်သည်။

'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ကို အာရုံစိုက်နေကြတဲ့ အင်တာနက်သုံးစွဲသူတွေဟာလည်း မကြာခင်မှာပဲ ဒီအကြောင်းကို သိလိုက်ရသည်။ သူတို့သည် ဒီဘာမှမရှိတဲ့နေရာအလွတ်ကို အရမ်းစိတ်ဝင်စားနေကြပြီး အောက်တွင် မှတ်ချက်တွေ ထားခဲ့ကြသည်။

['စိတ်ဝိညာဉ်အစားအစာနှင့်‌‌ဆေးဖက်ဝင်ဟင်းလျာဆိုင်' ဆိုတာက ဘာကိုဆိုလိုတာလဲ? ဖြေပေးပါဦး!]

[ဟင်းး၊ ငါ မင်းကို စာအုပ်တွေ များများဖတ်ဖို့ အမြဲတမ်းပြောနေပေမယ့် မင်းက ငါ့ကို မယုံဘူးလေ။ အခုတော့ မင်းဘာမှမသိဘူးဆိုတာ သိလိုက်ရပြီ။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ!]

[ဆေးဖက်ဝင်ဟင်းလျာဆိုတာကာ ရှေးယဉ်ကျေးမှုခေတ်က နာမ်ပဲ။ အစားအသောက်စားတာကနေ ခန္ဓာကိုယ် ကျန်းမာရေးကို မြှင့်တင်တာလို့ ဆိုလိုတာ]

[အမှန်ပဲ။ အပေါ်ထပ်ကလူက ဗဟုသုတရှိတယ်။ သုံးသပ်ချက်က ပြီးပြည့်စုံတယ်!]

[ဒါဆို 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က စိတ်ဝိညာဉ်အစားအသောက်ကိုသုံးပြီး နာမကျန်းတာတွေကို ကုသဖို့စီစဉ်နေတာလား?]

[ဟာဟား၊ ဒီလိုရယ်စရာကောင်းတဲ့ ဟာသမျိုး တစ်ခါမှ မကြားဖူးဘူး!]

[ဒါက သေချာပေါက် မမှန်ဘူး။ စိတ်ဝိညာဉ်အစားအစာ ပထမဆုံးပေါ်လာတုန်းက လူတိုင်းလှောင်ပြောင်ကြတာမဟုတ်ဘူးလား? အခုတော့ အဲ့ဒါ‌က ခေတ်စားနေတဲ့ဟာဘဲ။ ဘာပဲဖြစ်ဖြစ်၊ ငါကတော့ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ရဲ့ သစ္စာရှိပရိသတ်ပဲ။ မင်းဘာပဲလုပ်လုပ် ငါမင်းကိုထောက်ခံတယ်!]

မကြာမီ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'က 'စိတ်ဝိညာဉ်အစားအစာနှင့်‌‌ ဆေးဖက်ဝင်ဟင်းလျာဆိုင်' ကဏ္ဍအောက်တွင် မှတ်ချက်တစ်ခုပေးလိုက်သည်။

[ဒါက ကျွန်တော်တို့ဆိုင်ရဲ့ ကြိုးစားမှုအသစ်ပါ။ လောလောဆယ်မှာ သီအိုရီအဆင့်မှာဘဲ ရှိနေသေးပါတယ်။ စေတနာ့ဝန်ထမ်းကိုလည်း ခေါ်ချင်ပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ ရောဂါရှိတဲ့သူတိုင်း အခမဲ့ ကုသမှု ခံယူလို့ရပါမယ်။ ဒါပေမယ့် ကုသမှုကာလအတွင်းမှာ၊ ကျွန်တော်တို့ ဆိုင်ရဲ့အစီအစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ချိုးဖောက်မှုတစ်စုံတစ်ရာရှိပါက ကျွန်တော်တို့ ဆိုင်ဘက်ကနေ ချက်ချင်း အမည်ပျက်စာရင်းသွင်းမှာဖြစ်ပါတယ်]

ဒီလိုရေးပြီးတာနဲ့တစ်ပြိုင်နက် ဆိုင်ပိုင်ရှင်၊ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'က ဒီကဏ္ဍရဲ့လုပ်ဆောင်ချက်ကို စတင်အသက်သွင်းလိုက်သည်။ သို့ပေမယ့် အဲ့ဒါက ပြည့်နှက်နေတတ်တဲ့ ယခင်အခြေအနေနဲ့ မတူတော့ပေ။ ဒီကဏ္ဍမှာ အသံတိတ်နေကြပြီး အချိန်ကြာတဲ့အထိ ဘယ်သူမှ လာမလျှောက်ကြပါချေ။

တကယ်တော့ ဒီအကျိုးသက်ရောက်မှုကို အာမမခံနိုင်ဘူးလို့ ဆိုင်ပိုင်ရှင်က ပြောထားပြီးသားပင်။ ကိုယ့်ဘဝကို ဘယ်သူက အောက်ဆွဲချရဲမှာလဲ?

All Chapters