← Chapters

အပိုင်း ၁၆၅

Vol. 11 Ch. 165

အပိုင်း ၁၆၅

Vol. 11 Ch. 165

မော့ချူး အဲ့ဒါကိုကြည့်ကာ နည်းနည်း စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ သို့ပေမယ့် ဒုတိယအတွေးမှာ‌တော့၊ ဒါကလည်း ပုံမှန်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမဘက်က အချက်အလက်တွေက လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ တခြားသူတွေ မယုံဘူးဆိုတာ အကျိုးအကြောင်း မသင့်တာတော့မဟုတ်ပေ။

ဒီလုပ်ဆောင်ချက်ကို ဆက်မလုပ်ခင် အချိန်အနည်းငယ်လောက်လိုမယ့်ပုံပင်။ မော့ချူး သက်ပြင်းချလိုက်ပြီး ရှေ့စာမျက်နှာကို ပိတ်ခါနီးမှာဘဲ ရုတ်တရက် 'ဒင်းဒေါင်' ဆိုတဲ့အသံတစ်ခု ထွက်လာသည်။ ဘုတ်ပေါ်တွင် ပြောင်းလဲနေတဲ့ အပ်ဒိတ်တစ်ခု ရှိနေသည်။

မော့ချူး မျက်လုံးတွေ မနေနိုင်ဘဲ တောက်ပလာသည်။ သူမ ချက်ခြင်းဖွင့်ကာ စစ်ဆေးလိုက်သည်။ 'နာကျင်မှုမရှိတဲ့ဘဝ' လို့ခေါ်တဲ့ အင်တာနက် အသုံးပြုသူတစ်ဦးဖြစ်သည်။ သူက သူ့အခြေအနေအကြောင်းကို သိပ်ရှင်းပြမနေပေ။ သူ့မျက်နှာအောက်ပိုင်းသာပါတဲ့ မေးရိုးအနည်းငယ်ချွန်ကာ ဖြူဖျော့နေတဲ့ ဓါတ်ပုံတစ်ပုံကိုတင်လာသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ သိနိုင်သည်။ သို့ပေမယ့် ပိုပြီးကြောက်စရာကောင်းတာက သူ့လည်ပင်းပင်။ သူ့လည်ပင်းပေါ်က လက်သီးလောက်ကြီးတဲ့အဖုကြီးကတကယ်ကြောက်စရာကောင်းသည်။

[ဒါက ဘယ်လိုရောဂါမျိုးလဲ? ဘာလို့ဒီလောက်ကြောက်စရာကောင်းနေရတာလဲ?]

[အို ဘုရားရေ၊ ကြည့်ရုံနဲ့တင် နာလာပြီ။ စကားမစပ်၊ အဲဒါကို ဖယ်ရှားဖို့ လေဆာနဲ့ခွဲစိတ်တာလုပ်လို့မရဘူးလား?]

[အိုက်ယားး ငါကြည့်ရတာ ဘာလို့ဒီလောက်ရင်းနှီးနေတာလဲလို့ သိချင်နေတာ! အရင်က ငါ့အိမ်နီးချင်းမှာလည်း ဒီရောဂါရှိဖူးတယ်။ နေရာတိုင်းမှာ သူလိုက်ပြပေမယ့် အသုံးမဝင်ဘူး။ နောက်ဆုံးတော့ သူ ဒီဝေဒနာနဲ့ ဆုံးသွားတော့တယ်!]

ဒီစကားတွေပြောပြီးတာနဲ့ အင်တာနက်သုံးစွဲသူတွေက ချက်ချင်း သက်ပြင်းချလိုက်မိကြသည်။ ဒီရောဂါက ရှင်းပြရအခက်ဆုံးပင်။ တစ်နေ့နေ့မှာ ကိုယ့်ဆီရောက်လာမလားဆိုတာ ဘယ်သူသိမှာလဲ။

[ကောင်းပြီ ဒီရောဂါရဲ့ အခြေအနေကို အရင်ဆုပြောပြပေးနိုင်မလား?] 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ကမှတ်ချက်တွေကို မမြင်ဟန်ဆောင်ကာ ပုံအောက်တွင် မေးခွန်းတစ်ခုသာ မေးလိုက်သည်။

[ဒီရောဂါက နှစ်အတော်ကြာနေပြီ] 'နာကျင်မှုမရှိတဲ့ဘဝ' ဆိုတဲ့လူမှာ ရောဂါကြောင့်သည်းမခံနိုင်လောက်အောင် တကယ်နှိပ်စက်ခံနေရသည်။ သူ့စကားတွေက နာကျင်မှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နှက်နေသည်။

[တကယ်တော့ အစတုန်းကတော့ ဒါကအဖုသေးသေးလေးတစ်ခုပဲ။ ငါလည်း အဲဒါကို သိပ်ဂရုမစိုက်မိလိုက်ဘူး။ နောက်ပိုင်းမှာ အဖုက ပိုကြီးလာတယ်။ ဒီဟာ ကြီးကြီးလာတာကိုရပ်အောင်လုပ်ဖို့ ငါ့မှာဘာနည်းလမ်းမှမရှိဘူး။ နောက်ဆုံးတော့ ငါ့လည်ပင်းတစ်ခုလုံး နဂိုအရွယ်အစားထက် နှစ်ဆနီးပါး ဖောင်းလာတော့တယ်!]

[တစ်ကမ္ဘာလုံးက ဆေးကုသရေးဌာနတွေကို ငါရောက်ဖူးတယ်။ ဆေးတွေ၊ ကုသနည်းတွေနဲ့ တခြားနည်းလမ်းတွေ အားလုံးကို စမ်းကြည့်ဖူးပေမယ့် အားလုံးအသုံးမဝင်ဘူး]

[ငါ ဒါကို ဓားနဲ့ဖြတ်လိုက်ချင်ပေမယ့် အဖုက ငါ့လည်ပင်းမှာရှိတဲ့ သွေးကြောတွေ အာရုံကြောတွေနဲ့ ချိတ်ဆက်နေတာ။ ဒါကိုဖယ်လိုက်တာနဲ့ အသက်အန္တရာယ်ရှိနိုင်တယ်]

[ဒါ့အပြင် ဆရာဝန်ရဲ့ အဆိုအရတော့ အန္တရာယ်ဖြစ်နိုင်ခြေက ၈၀% အထိ မြင့်တယ်တဲ့။ ဒီဟာကို ငါတကယ်မလုပ်ရဲပေမယ့် ရိုးရိုးသားသားပြောရရင် ဒီရောဂါက တကယ့်ကို နှိပ်စက်လွန်းတယ်။ လောလောဆယ် ငါ့မှာ စားသောက်ဖို့ မပြောနဲ့ အိပ်လို့တောင် မရဘူး။ ငါတကယ် ရူးတော့မယ်!]

ရင်ဖွင့်လိုတဲ့ အရိပ်အယောင်နဲ့အတူ 'နာကျင်မှုမရှိတဲ့ဘဝ' ဆိုတဲ့သူက အရာအားလုံးကို အစကနေ ပြောပြသည်။

သို့ပေမယ့် ဒီဖော်ပြချက်တွေကနေတစ်ဆင့် ဒီပြဿနာကို မော့ချူး အကြမ်းဖျင်းနားလည်လိုက်သည်။ ခဏလောက်စဉ်းစားပြီးသွားတော့ သူမအောက်ကနေ စာပြန်လိုက်သည်။ [ငါ မင်းကိုအမှန်အတိုင်းဘဲပြောမယ်။ မင်းရဲ့ ဒီရောဂါကို ကုသပေးဖို့ ငါ့မှာအခွင့်အလမ်းက ၅၀ %ဘဲရှိတယ်၊ ဒါပေမယ့် ဘယ်လောက်ပဲ ဆိုးနေပါစေ အခုလက်ရှိ မင်းခံ‌နေရတာထက်တော့ ပိုမဆိုးလောက်ဘူး]

ဆိုင်ရှင်ရဲ့ စကားကိုကြားတော့'နာကျင်မှုမရှိတဲ့ဘဝ'ဆိုတဲ့သူက သူမ ချဲ့ကားပြောနေတာလား မဟုတ်ဘူးလားဆိုတာကို ဂရုမစိုက်ပေ။ ဘဝရဲ့ နောက်ဆုံး‌သောကြိုးမျှင်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသလိုပင်။ သူကချက်ချင်း ပြန်ပြောလာသည်။ [ငါလုပ်မယ်၊ ငါလုပ်မယ်!]

[ကောင်းပြီလေ] မော့ချူး ခေါင်းညိတ်လိုက်ပြီး ခလုတ်ခုံကို ဆက်ရိုက်နှိပ်လိုက်သည်။ [ဆေးဖက်ဝင်ဟင်းလျာကိုစားပြီးရင် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ မင်းရဲ့ခန္ဓာကိုယ်က ခံစားရတဲ့ အသေးစိတ်ဖော်ပြချက်တွေကို ငါ့ဆီပို့ပေးဖို့တော့လိုမယ်]

[ပြဿနာမရှိပါဘူး။ ကုသမှုက ဘယ်တော့စမှာလဲ?] ဆိုင်ပိုင်ရှင်ရဲ့ ပြတ်သားတဲ့စကားတွေကို မြင်လိုက်ရတော့ 'နာကျင်မှုမရှိတဲ့ဘဝ' ဆိုတဲ့သူက ပိုပြီး ယုံကြည်မှု ရှိလာကာ မျှော်လင့်တကြီး မေးလိုက်သည်။

[မနက်ဖြန်ကနေ စကြတာပေါ့] 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'က အပြုံးမျက်နှာပုံကို ပို့လိုက်သည်။ [မင်းရဲ့လက်ရှိရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုရလဒ်ကို အရင်ပို့ပေး၊ ပြီးရင် မင်းရဲ့လိပ်စာအသေးစိတ်ကို ချန်ခဲ့ပါ။ ဆေးဖက်ဝင်ဟင်းလျာကိုရတဲ့အခါ မင်းတိုက်ရိုက်ယူလို့ရတယ်]

[ကောင်းပြီ၊ ကောင်းပြီ!] 'နာကျင်မှုမရှိတဲ့ဘဝ' က ကမန်းကတန်း သဘောတူလိုက်သည်။

အောက်မှာကြည့်နေတဲ့ အင်တာနက်သုံးစွဲသူတွေလည်း အံသြသွားကြသည်။ ဒီလို ကြောက်စရာကောင်းတဲ့ရောဂါကို ဒီ'စိတ်ဝိညာဉ်အစားအစာနှင့်‌‌ ဆေးဖက်ဝင်ဟင်းလျာဆိုင်'က 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က တကယ် ပျောက်အောင်ကုပေးနိုင်မှာလား? လူတိုင်း ရင်ထဲ question mark အကြီးကြီးပေါ်လာခဲ့သည်!

All Chapters