← Chapters

အပိုင်း ၁၆၇

Vol. 12 Ch. 167

အပိုင်း ၁၆၇

Vol. 12 Ch. 167

မိသားစုကြီးသုံးခုဖြစ်တဲ့ နျဉ်၊ ချင်နဲ့ ချောင်တို့နဲ့ မတူဘဲ စုန့်မိသားစုကို အဖွဲ့ချုပ်တွင် ဒုတိယအဆင့် မိသားစုအဖြစ်သာ သတ်မှတ်နိုင်သည်။

မိသားစုကြီးသုံးခုရဲ့အင်အားကြောင့် သူတို့ဟာ ခေါင်းမထောင်နိုင်ဘဲ အဆက်မပြတ် ဖိနှိပ်ခံခဲ့ရသည်။ ကောင်းကင်ဘုံက သူတို့ကိုသနားသွားမယ်မှန်း ဘယ်သူသိမှာတဲ့လဲ၊ စုန့်ချင်းစုန့်က စုန့်မိသားစုထဲ မွေးဖွားလာခဲ့သည်။ သူ့ရဲ့ အထူးစွမ်းရည်ဖြစ်တဲ့ စိုက်ပျိုးမှုအရှိန်ဟာ အံ့မခန်း မြန်ဆန်ရုံသာမက mecha စွမ်းရည်မှာလည်း ပိုလို့ မျက်စိကျစရာကောင်းခဲ့သည်။ သူဟာ စုန့်မိသားစုရဲ့ ကျော်ကြားတဲ့ မျိုးဆက်ခေါင်းဆောင်နှင့်ပင် နှိုင်းယှဉ်ခံခဲ့ရသည်။

ဒီလိုရတနာမျိုးကို၊ စုန့်မိသားစုက ဘယ်လိုလုပ်မချီးကျူးဘဲ နေနိုင်ပါ့မလဲ? အရည်အသွေးမြင့် အရင်းအမြစ်တွေနဲ့ ဆေးပြားအမျိုးအစားအားလုံးကို တခြားမိသားစုဝင်တွေဆီ မဝေခင် စုန့်ချင်းစုန့်ကို ဦးစားပေးကာ အရင်ရွေးချယ်စေသည်။

ဒီလိုအခြေအနေမျိုးမှာ သာမန်လူတစ်ယောက်ဆိုလျှင် အလိုလိုက်ဖျက်စီးခံရကာ ကြီးပြင်းလာမှာပင်။ သို့သော်၊ စုန့်ချင်းစုန့်ကတော့ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူ့ရဲ့ ရှားပါးတဲ့ သဘာဝက တခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

သေချာပေါက်ပင်။ စုန့်မိသားစုရဲ့အမှတ်တံဆိပ်ဖြစ်လာခြင်းကြောင့် စုန့်ချင်းစုန့်ဟာ စုန့်မိသားစုအတွက် အဆုံးမဲ့တဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်ပေးခဲ့သည်။ ဒီလိုထင်ပေါ်ကျော်ကြားခဲ့သည့်ကာလတွင် တခြားသောမင်းမျိုးမင်းနွယ် မိသားစုတွေမှာ သူတို့ကိုစော်ကားရဲဖို့မပြောနဲ့ မျိုးနွယ်စုမိသားစုသုံးစုတောင်မှ သူတို့နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို တက်ကြွစွာထိန်းသိမ်းထားခဲ့ကြသည်။ တကယ်တော့ သူတို့နဲ့ မိတ်ဖွဲ့ဖို့တောင် ရည်ရွယ်ထားကြသည်။

အကယ်၍ စုန့်ချင်းစုန့်သာ ဒီလိုဆက်ပြီးနေရှိပါလျှင် စုန့်မိသားစုဟာ ချောင်မိသားစုပြီးလျှင် အဖွဲ့ချုပ်တွင် စတုတ္ထမြောက်မျိုးနွယ်စုမိသားစု ဖြစ်လာလိမ့်မည်ပင်။ သို့သော်၊ စုန့်ချင်းစုန့်၏ မျိုးရိုးဗီဇပြိုကျမှုရောဂါကြောင့် အခြေအနေတွေ ပြောင်းလဲသွားရသည်။

မျိုးရိုးဗီဇပြိုကျတဲ့ရောဂါက ဘာလဲဆိုတာ လူတိုင်းသိကြသည်။ လူတိုင်းရဲ့အာရုံစိုက်မှုကိုခံရတဲ့ ပါရမီရှင်တစ်ယောက် အောက်ကျသွားတာက အချိန်ကာလတစ်ခုမျှသာဖြစ်သည်။

အစပိုင်းတွင်၊ စုန့်မိသားစုက စုန့်ချင်းစုန့်လို ပါရမီရှင်တစ်ဦးကို လက်မလွှတ်ချင်ခဲ့ပေ။ သူတို့သည် အဖွဲ့ချုပ်တစ်ခုလုံးတွင် သူ့အတွက် နာမည်ကြီးဆရာဝန်မျိုးစုံကို ရှာဖွေရန် ကြိုးပမ်းအားထုတ်ကာ အဆက်အသွယ်များစွာကို သုံးစွဲခဲ့သည်။ နောက်ဆုံး ရလဒ်ကတော့ သူ့ကိုမကုသနိုင်ခဲ့ပေ။

အဆုံးတွင်၊ စုန့်ချင်းစုန့်ရဲ့ စွမ်းအားက တစ်ကြိမ်လျှင် အဆင့်တစ်ခု ကျဆင်းလာတာကို စုန့်မိသားစုမြင်တွေ့ခဲ့ရပြီး အခြေအနေကိုတားဖို့ သူတို့လုံးဝမလုပ်ဆောင်နိုင်ခဲ့ပါချေ။ ဒီတော့ သူတို့က သူ့ကိုဘေးဖယ်ကာ အသုံးမဝင်တဲ့ အမှိုက်တစ်ခုလို သဘောထားခဲ့ကြသည်။

စုန့်မိသားစုကနေ ကန်ထုတ်ခံလိုက်ရတဲ့အချိန် စုန့်ချင်းစုန့်မှာ ဖရယ်ဒင်္ဂါးတစ်ပြားတစ်ချပ်မှ မပါလာသလို နေစရာလည်းမရှိခဲ့တဲ့အတွက် သူ အရမ်းအရှက်ရခဲ့ရသည်။ လမ်းပေါ်မှာလျှောက်လာရင်း သူ့ဘေးနားကသွားလာနေကြတဲ့လူတွေကို သူကြည့်လိုက်သည်။ အဲ့ဒီအချိန်မှစကာ သူဟာ လမ်းပျောက်ကာ စိတ်ပျက်အားငယ်သလို ခံစားခဲ့ရသည်။ ကံကောင်းထောက်မစွာနဲ့ ဦးလေးဝမ်က သူ့ကို ရှာတွေ့ခဲ့သည်။

စုန့်ချင်းစုန့်ရဲ့မိဘတွေဟာ သူငယ်စဉ်ကတည်းက ဆုံးပါးသွားတာဖြစ်တာကြောင့် သူ့တွင် တခြား မိသားစုဝင်တွေ မရှိတော့ပေ။ သ‌ဘာဝအတိုင်း သူက ဆွေမျိုးမရှိတာနှင့် အဆုံးသတ်သွားတော့သည်။ ဘာပဲဖြစ်ဖြစ်၊ သူ့တွင်နောင်တတစ်စုံတစ်ရာမရှိဘဲ သူ့နောက်လိုက်လာခဲ့သည့် သစ္စာရှိကျေးကျွန်တစ်ဦးဖြစ်သည့် ဦးလေးဝမ်ကတော့ရှိနေဆဲပင်။

ဦးလေးဝမ်ရဲ့ ယုံကြည်အားကိုးတဲ့ အကြည့်ကို ကြည့်ရင်း၊ စုန့်ချင်းစုန့်ဟာ နောက်ဆုံးတွင် ခံနိုင်ရည်ရှိလာခဲ့သည်။ သူကိုယ်တိုင် ဖျော်ဖြေရေးလောကထဲ လှည့်ပတ်ဝင်ရောက်ခဲ့သည်။ သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေနဲ့ အလွန်ကျော်ကြားတဲ့ ကျော်ကြားမှုတွေကြောင့် အချိန်တိုလေးအတွင်း လျှင်မြန်စွာ နာမည်ကြီးလာခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ စူပါစတားတစ်ဦး ဖြစ်လာခဲ့သည်။

သူ့မှာ ပိုက်ဆံရှိတယ်။ ကျော်ကြားမှုလည်းရှိတယ်။

သူကျေနပ်ပြီလို့ထင်ရတဲ့ အချိန်တွေရှိခဲ့သည်။ သို့သော်၊ အဲ့ဒါက အဆင့် ၈ မှော်သားရဲကို တိုက်ခိုက်ရတဲ့ reality show မှာ သူ မပါရခင်အထိပင်။ တိုက်ပွဲအတွက် သွေးပူနေတတ်တဲ့ သူ့ ရင်တွင်းက မီးတောက်ဟာ ဘယ်သောအခါမျှ မငြိမ်းနိုင်တော့ကြောင်း သူသဘောပေါက်ခဲ့သည်။ အဲဒါက ဒီတိုင်း သူ မသိစိတ်ကနေ လျစ်လျူရှုထားတာကြောင့်ပင်။

စူန့်ချင်းစုန့် သူ့အတွေးထဲ နစ်မြုပ်နေခဲ့သည်။ သို့သော် ဒီလိုတုံ့ပြန်မှုမျိုးက စုန့်ချင်းယွမ်နဲ့ တခြားသူတွေရဲ့အမြင်မှာတော့ တိတ်တဆိတ်ရန်စနေသလိုပင်။ သူတို့မျက်နှာတွေ ရုတ်တရက်ပြောင်းသွားသည်။ "ဟမ့်! မင်းကိုယ်မင်း အဲဒီတုန်းကလိုမျိုး စုန့်ချင်းစုန့်လို့များ ထင်နေသေးတာလား? မင်းက မင်းရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုတောင် မထိန်းသိမ်းနိုင်တော့တဲ့ အမှိုက်သာသာပဲ၊ ဒါတောင် ငါတို့ရှေ့မှာ ဟန်ဆောင်ရဲသေးတယ်လား?"

အဲဒီတုန်းကလည်း သူတို့ဟာ စုန့်ချင်းစုန့်ကိုသဘောမကျကြပေ။ သူက ဒီတိုင်းနည်းနည်းလောက်လေး အရည်အချင်းရှိရုံပဲ မဟုတ်ဘူးလား? မိသားစုက တကယ်ကြီး သူတို့ရဲ့ အကောင်းဆုံး အရင်းအမြစ်တွေအားလုံးကို သူ့ဆီပေးကြကာ သူတို့မိဘတွေဟာလည်းစုန့်ချင်းစုန့် အကြောင်းကို ဆက်တိုက်ပြောနေကြပြီး သူ့ဆီကနေ သင်ယူဖို့ပြောကြသည်။

ချီးပဲ! သူက မိဘနှစ်ပါးစလုံး သေသွားတဲ့ မိဘမဲ့ကလေးသာသာပဲလေ၊ ပြီးတော့ သူတို့က သူ့ကိုအံ့သြစရာကောင်းတယ်လို့ တကယ်ထင်ခဲ့ကြတာပဲ။ အခုတော့၊ ပါရမီရှင်က အရှုံးသမားဖြစ်လာပြီးလေ။ အလှည့်အပြောင်းတွေက သူတို့အတွက်တော့ ပျော်စရာကောင်းတဲ့အရာပဲ!

အခု၊ သူတို့အနေနဲ့ အရင်က ပါရမီရှင်ကြီးဆီကို အလွယ်တကူ ခြေချနိုင်ကာ သူတို့စိတ်ထိခိုက်ခဲ့ရတာတွေအတွက် ပြန်လက်စားချေနိုင်ပြီ။ ဒီခံစားချက်က သူတို့ကို ကျေနပ်အားရမှု အပြည့်ပေးနေသည်။ ဒီခံစားချက်က ရိုးရိုးရှင်းရှင်းကို စွဲလန်းလာစေသည်။

All Chapters