အပိုင်း ၁၆၈
Vol. 12 Ch. 168
တခါတရံ စိတ်အခြေအနေ မကောင်းတဲ့အခါဆို သူတို့တွေက စုန့်ချင်းစုန့်ဆီ လာတတ်ကြသည်။ ဘယ်လိုဘဲဆိုဆို အခုတော့ သူဟာ ဒုက္ခိတနီးနီးဖြစ်နေတာမို့ သူတို့ကို သူခုခံနိုင်မယ်တဲ့လား?
"ထွက်သွားစမ်း!" မမျှော်လင့်ဘဲ၊ ဒီတစ်ခေါက် စုန့်ချင်းစုန့်ရဲ့ သဘောထားဟာ အမှန်တကယ်ကို ခိုင်မာနေသည်။ သူက မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးတွေကနေအေးစက်စက် အရောင်တွေ ထုတ်လွှတ်နေသည်။ " မင်းတို့အားလုံး ထွက်သွားကြလို့ ငါပြောနေတယ်လေ!"
စုန့်ချင်းယွမ်နဲ့ တခြားသူတွေမှာ မတတ်နိုင်ဘဲ အံ့အားသင့်သွားကြသည်။ တစ်ခဏလောက်၊ စုန့်ချင်းစုန့်ရဲ့ ကြောက်စရာကောင်းတဲ့အကြည့်ကြောင့် သူတို့ထိတ်လန့်သွားကြသည်။ ထိတ်လန့်နေရာကနေ ပြန်သတိဝင်လာတော့ မနေနိုင်ဘဲ သူတို့ကိုယ်ကိုကျိန်ဆဲလိုက်ကြသည်။ သူက ဒီတိုင်း အဆင့် ၅ ကနဦးအဆင့်ရှိတဲ့ အမှိုက်တစ်စဘဲလေ။ ဘာကိုကြောက်နေရမှာလဲ?!
အမှန်ပင်။ တခြားသူများ၏ အမြင်တွင် အဆင့် ၅ ကို ကျွမ်းကျင်သူ အတိုင်းအတာအဖြစ် သတ်မှတ်နိုင်သည်။ သို့ရာတွင် ဒီမင်းမျိုးမင်းနွယ်များ၏ အမြင်တွင်တော့၊ ဒီအဆင့်ဟာ ကျင့်ကြံမှုအဆင့်၏ ကနဦးအဆင့်ဖြစ်သည်။ နောက်ဆုံးအနေနဲ့၊ သူတို့ဆန္ဒရှိသရွေ့ အဆင့် ၅ ကျွမ်းကျင်သူတွေကို တစ်ယောက်ပြီးတစ်ယောက် စုစည်းဖို့ ဆေးဖက်ဝင်ဆေးပြားတွေကို အသုံးပြုနိုင်သည်။
အဆင့် ၇ သို့တက်လှမ်းနိုင်မှသာ ကျွမ်းကျင်သူများအဆင့်သို့ ဝင်ရောက်လာသည်ဟု ယူဆနိုင်သည်။ အဆင့် ၉ ဆိုရင်တော့ ဖီးနစ်အမွေးတွေနဲ့ ချီလင် ဦးချိုလိုမျိုး ရှားပါးလှသည်။
အဆင့် ၅ နဲ့အဆင့် ၇ ကြားက ခြားနားချက်ကို မကြည့်နဲ့ဦး။ အဆင့် ၇ နဲ့အဆင့် ၉ ကြားမှာအဆင့်နှစ်ဆင့်သာ ကွာခြားသည်။ သို့ပေမယ့် အဆင့်တစ်ခုစီအတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏဟာ အဆင့်တစ်ခုစီအတွက် နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းတစ်ခုဖြစ်သည်။ ပြင်ပအရာဝတ္ထုတွေရဲ့ အကူအညီကလွဲပြီး အရေးကြီးဆုံးမှာ ကျင့်ကြံသူကိုယ်တိုင်ရဲ့ အရည်အချင်းဖြစ်သည်။
ထို့အတွက်ကြောင့်လည်း ဒီမင်းမျိုးမင်းနွယ်မိသားစုများဟာ အရည်အချင်း မြင့်မားတဲ့ကလေးတွေကို ပံ့ပိုးကူညီရန် ပိုမိုဆန္ဒရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရေရှည်တွင် မိသားစုတစ်ခုလုံး၏ အနာဂတ်ဟာ သူတို့အပေါ် မှီခိုရမှာကြောင့်ဖြစ်သည်။
"ဟေး၊ ငါတို့ မတွေ့ရတာ ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ မင်းမှာ သတ္တိ တွေရှိနေပြီပေါ့!" စုန့်ချင်းစုန့်ဆီကနေ အော်ထုတ် ခံရပြီးနောက်မှာ စုန့်ချင်းယွမ်နဲ့ တခြားသူတွေမှာ မျက်နှာပျက်သွားသလို ခံစားလိုက်ရသည်။ သူတို့တွေက အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ သူ့ကိုသင်ခန်းစာတစ်ခုပေးဖို့ အသင့်ပြင်လိုက်ကြသည်။ "ဘာလဲ၊ မင်းတစ်ယောက်ထဲနဲ့ ငါတို့ကို မောင်းထုတ်မလို့လား?"
“ဟားဟား၊ အစ်ကိုကြီးကတော့၊ နောက်မနေပါနဲ့! စုန့်ချင်းစုန့်ရဲ့ ကျင့်ကြံရေး အဆင့်ငါး ကနဦးအဆင့်က ကျွန်တော်တို့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ?" ဒါကိုကြားတော့ သူတို့ထဲက တစ်ယောက်က စုန့်ချင်းစုန့်ကို မထီမဲ့မြင်ပြုတဲ့လေသံနဲ့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူတို့က သိပ်ပြီးအရည်အချင်း မရှိကြပေမယ့် နှစ်တွေတစ်လျှောက် မိသားစုထဲတွင်အရင်းအမြစ်ကောင်းများစွာကို ရခဲ့ကြသည်။ သူတို့အများစုဟာ အလယ်အလတ်အဆင့်နဲ့ အဆင့် ၅ အဆင့်မြင့်အဆင့်ရှိကြကာ စုန့်ချင်းယွမ်ကတော့ အဆင့်၆ ဖြစ်သည်။ သူတို့အဆင့်က မမြင့်ပေမယ့် စုန့်ချင်းစုန့်ကို အနိုင်ကျင့်ဖို့ကတော့ အလွယ်လေးပင်။
ဒါကိုကြားတော့ စုန့်ချင်းစုန့်က သူတို့ကို အေးစက်စွာကြည့်လိုက်သည်။ "အဲ့ဒီလိုလား?" ထို့နောက် သူက ခလုတ်ခုံပေါ်တွင် သူ့လက်နဲ့ဖိလိုက်ရာ အနီရောင်မီးလေးတစ်ခု ရုတ်တရက် လင်းလာသည်။
"ဘာတွေအချိန်ဆွဲဖို့ ကြိုးစားနေတာလဲ?" စုန့်ချင်းယွမ်က နှာမှုတ်လိုက်သည်။ သူက ရုတ်တရက် မြေလုံးကြီးတစ်လုံးကို စုန့်ချင်းစုန့်ဆီ ပစ်လွှတ်လိုက်သည်။ "လာဟန်ဆောင်နေတာလား!?"
"သခင်လေး၊ သတိထား!" ဒါကိုမြင်တော့ ဦးလေးဝမ်ရဲ့ အမူအရာက ပြောင်းသွားသည်။ သူ့ရဲ့ပုံမှန်ဆို ကုန်းနေတတ်တဲ့ ခန္ဓာကိုယ်က ရုတ်တရက်အဆုံးမရှိတဲ့ စွမ်းအင်တွေ ပေါက်ကွဲထွက်လာသည်။ သူက ရှေ့နှစ်လှမ်းတိုးကာ စုန့်ချင်းစုန့်ကို သူ့နောက်တွင်ထားကာ ကာလိုက်သည်။ မြေလုံးကြီးက ဦးလေးဝမ်ကို ထိခါနီးမှာဘဲအနက်ရောင် အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။ နောက်တော့မြေလုံးကို ကာဖို့ လေကာဒိုင်းတန်းတွေ အချိန်ကိုက်ပေါ်လာသည်။
ထို့နောက် လက်ဖဝါးကို ဆတ်ခနဲလှုပ်ရှားလိုက်ကာ လေကာဒိုင်းက မြေလုံးကို ရှေ့ပြန်တွန်းပို့လိုက်သည်။ နောက်ထပ်တွန်းချက်နဲ့အတူ၊ မြေလုံးက စုန့်ချင်းယွမ်ရဲ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
ဘုန်း!
စုန့်ချင်းယွမ် ဗိုက်ကို ထိသွားသည်။ သူ နာကျင်စွာနဲ့ ထိုင်ချလိုက်သည်။ သူ့မျက်လုံးတွေက နီရဲနေကာ စုန့်ချင်းစုန့်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ သူက ဒေါသတကြီး ပြောလာသည်။ “ကောင်းတယ်၊ သတ္တိရှိသားပဲ။ မင်းကို ကာကွယ်ဖို့ ဆရာကြီးတစ်ယောက်တောင် ငှားထားသေးတယ်။ ဘယ်လိုလုပ် မင်းကိုယ်မင်း စုန့်မိသားစုဝင်လို့ ပြောရဲသေးတာလဲ?"
စုန့်ချင်စုန့်က သူ့ကို အေးစက်စက်စိုက်ကြည့်ကာဘာမှ ပြန်မပြောပေ။
သူတို့တွေ အခွင့်ကောင်းယူကာ ဦးလေးဝမ်ကို ထိခိုက်အောင်လုပ်မှာစိုးတာကြောင့် ဒီတစ်ခေါက် သူသည်းခံလိုက်တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူခိုးကို ရက်ပေါင်းတစ်ထောင်ကြာအောင် ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက် ချင်ရှန့်ရဲ့ လုပ်ရပ်က သူ့ကိုအမြင်ဖွင့်ပေးလိုက်တာပင်။ သူ့ကျင့်ကြံမှုတွေ ကျဆင်းသွားတာအမှန်ပင်၊ ဒါပေမယ့် သူ့မှာပိုက်ဆံရှိတယ်၊ သူ့အနေနဲ့လူတွေကို ငှားနိုင်သလို တခြားသူတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိသည်။ သူ့ကိုကာကွယ်ဖို့ ကျွမ်းကျင်သူကို ငှားလိုက်တာက သူ့အနေနဲ့ အားနည်းသူအဖြစ် သတ်မှတ်ခံလိုက်ရမလားဆိုတာကို စုန့်ချင်းစုန့် ဂရုမစိုက်တော့ပေ။
“ငါ့ကို နောက်တစ်ခေါက် ထပ်ပြောရအောင် မလုပ်နဲ့။ ဒီကနေ အခုချက်ချင်းထွက်သွားကြ!" စုန့်ချင်းစုန့်က ခေါင်းအသာမော့ကာ သူ့မျက်လုံးတွေက အနည်းငယ် အေးစက်နေသည်။ "မဟုတ်လို့ရှိရင်လည်း ငါ့မှာ မင်းတို့တွေကို လိုက်ပို့ပေးမယ့်သူရှိတယ်!"