← Chapters

အပိုင်း ၁၆၉

Vol. 12 Ch. 169

အပိုင်း ၁၆၉

Vol. 12 Ch. 169

သူ့ဘေးမှာရပ်နေတဲ့ အနက်ရောင်ပုံရိပ်ကိုကြည့်လိုက်တော့ သူတို့အားလုံး သူ့ကိုမယှဉ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။ သူတို့က စုန့်ချင်းစုန့်ကို စကားလုံးကြမ်းကြမ်းတွေနဲ့ပစ်ပေါက်ကာ စိတ်မချမ်းသာစွာနဲ့ထွက်ပြေးသွားကြသည်။

သူတို့ရဲ့ အားနည်းလှတဲ့ အသွင်အပြင်ကို ကြည့်ရင်း စုန့်ချင်းစုန့် ရုတ်တရက် ရယ်မောလိုက်သည်။ အင်အားပဲ... အင်အားသာမရှိရင်၊ ဒီကောင်တွေ သူ့ကို သေအောင်အရှက်ခွဲကြမှာ!

စုန့်ချင်းစုန့် လှည့်လိုက်ကာ ဦး‌လေးဝမ်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ "အဆင်ပြေရဲ့လားဦးလေး? ဒဏ်ရာရသွားသေးလား?"

"အဆင်ပြေပါတယ်" ဦးလေးဝမ်က စုန့်ချင်းစုန့်လက်ကိုကိုင်ထားကာ သူ့မျက်လုံးများတွင် ရိုးသားမှုအပြည့်ရှိနေသည်။ "သခင်လေး၊ ဦးလေးကို တကယ်ဂရုစိုက်ရင် နောက်တစ်ခါကျရင် ဦးလေးစကားကိုနားထောင်ပါ"

“စိတ်ဝိညာဉ်အစားအသောက်ဆိုင်က လူနာသာ တကယ်သက်သာလာတယ်ဆိုရင် ဦးလေးတို့ သွားစမ်းကြည့်ကြတာပေါ့၊ ဟုတ်ပြီလား?"

စုန့်ချင်းစုန့်က စကားတစ်ခွန်းမှ မပြောပေမယ့် ဦးလေးဝမ်က သူ့ဘေးမှာ အမြဲတမ်းရှိနေပေးသည်။ ဒီကာလအတွင်းမှာ သူဝေဒနာခံစားနေရတာကို သူဘယ်လိုလုပ်မသိဘဲနေမှာလဲ? မျှော်လင့်စောင့်စားမှုကနေ စိတ်ပျက်ခြင်းဆီသို့၊ နောက်ဆုံးတွင် စိတ်ပျက်အားငယ်ခြင်းအထိပင်။ ဒါတွေအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မကြုံဖူးသူတွေအနေနဲ့ နားလည်နိုင်မှာ မဟုတ်ပါပေ။

သို့ပေမယ့်၊ သူ့သခင်လေးတစ်ယောက် ဒီလိုစိတ်ဓာတ်ကျနေတာတွေထဲ နစ်မြုပ်သွားမှာကို သူ့အနေနဲ့ ဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲ? အခွင့်ရေးတစ်ခုသာရှိခဲ့ရင်တောင် စမ်းကြည့်ဖို့လိုတယ်!

ဦးလေးဝမ်ရဲ့မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေကို မြင်လိုက်ရတော့ စုန့်ချင်းစုန့် ခဏလောက်တန့်သွားပေမယ့် နောက်ဆုံးမှာ ခေါင်းညိတ်သဘောတူလိုက်သည်။

“ကောင်းပြီလေ"

ဒီအချိန် ဦးလေးဝမ်ဆီကနေ မျှော်လင့်ချက်ကြီးကြီးမားမား အထားခံထားရတဲ့ မော့ချူးမှာ သူမရဲ့အစားအသောက်စာရင်းကို ပြင်းပြင်းထန်ထန် တွေးတော‌နေသည်။

အင်တာနက်အသုံးပြုသူရဲ့နာမည်မက 'နာကျင်မှုမရှိတဲ့ဘဝ' ဖြစ်သည်။ တကယ်တော့ သူဟာ 'လည်ပင်းကြီးရောဂါ' လို့ အများအားဖြင့် သိကြတဲ့ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်သည်။ ဒီလိုရောဂါမျိုးက ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် ချို့တဲ့တာကြောင့်ဖြစ်ကာ synthetic thyroxine ကို လျော့နည်းလာစေပြီး လည်ပင်းကိုရောင်ရမ်းလာစေသည်။

သီးသန့်စကားပြောခန်းတွင် မော့ချူးတစ်ယောက် ဒီအင်တာနက်အသုံးပြုသူတွင် သဘောကျသည့်အစားအသောက်တစ်ခုရှိကြောင်း ရှာတွေ့လိုက်သည်။ ဒါဟာလည်း လည်ပင်းကြီးတဲ့ရောဂါကို ခံစားရစေတဲ့အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

၂၁ ရာစုတွင် အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးခြင်းကြောင့် ဤရောဂါမျိုးဟာ အလွန်ရှားပါးသည်။ မော့ချူးမှာ အဖွဲ့ချုပ်တွင်လည်း ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ အဖွဲ့ချုပ်ရဲ့အစားအသောက်တွေမှာလည်း အားနည်းချက်တချို့ ရှိနေတဲ့ပုံပင်။

အဖြေအတွက်ကတော့....မော့ချူး ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ အခုလေးတင်သူမရထားတဲ့ ပင်လယ်စာတွေကို လှည့်ကြည့်လိုက်သည်။

ပင်လယ်ရေမှော်ဟာ အိုင်အိုဒင်းကြွယ်ဝပြီး ပင်လယ်ရေမှော်များကို အိုင်အိုဒင်းဖြည့်စွက်ရန်အတွက်လည်း အသုံးပြုနိုင်သည်။

သို့သော် အိုင်အိုဒင်းကို အလွန်အကျွံထည့်မိပါက အိုင်အိုဒင်းအဆိပ် သင့်စေနိုင်သည်။ ဒါကြောင့် မော့ချူးသည် လူနာ၏ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စောင့်ကြည့်ကာ အစားအသောက် အပြောင်းအလဲတွေ ပြုလုပ်ဖို့လိုအပ်သည်။

ပင်လယ်ရေမှော်အကြောင်း ပြောရလျင်၊ မော့ချူး စိတ်ထဲပေါ်လာတဲ့ ပထမဆုံးဟင်းကတော့ ပင်လယ်ရေမှော်ကြက်စွတ်ပြုတ် ဖြစ်သည်။ 'နာကျင်မှုမရှိတဲ့ဘဝ' ရဲ့ဖော်ပြချက်အရ၊ အခုသူက ပိုပြီးစိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က အားနည်းနေပြီး လည်ချောင်းတွေလည်း ရောင်ရမ်းကာ နာကျင်နေတာကြောင့် အစာကြေညက်အောင် မစားနိုင်တဲ့အတွက် ကြက်စွတ်ပြုတ်ကတော့ သူ့ရဲ့အခြေအနေကို ပြေလည်စေနိုင်သည်။

တစ်ဖက်တွင်မူ ကြက်စွတ်ပြုတ်ဟာ အရည်ဖြစ်တာကြောင့် စားသုံးရန် စိတ်ပူစရာမလိုပေ။ အခြားတစ်ဖက်တွင်မူ ကြက်စွပ်ပြုတ်ဟာ အိုင်အိုဒင်းဓာတ်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲ အောင်မြင်စွာ ဝင်ရောက်နိုင်စေရန်အတွက် အာဟာရအချို့ကိုလည်း ပေးစွမ်းနိုင်သည်။

ကြက်သားအတွက်ကတော့ အဖွဲ့ချုပ်ရဲ့ ခုန်ပျံသားရဲဖြစ်သည့် ကြက်ကိုဖမ်းဖို့အတွက် မှော်ဒေသကိုကိုယ်တိုင်သွားရမည်ဖြစ်သည်။

ဝေရဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးနောက် မော့ယန်မှာ မော့ချူးရဲ့စကားကိုကြားပြီး ချက်ချင်း စိတ်အားတက်ကြွလာသည်။ ချူးလေးရဲ့အစားအသောက်ကသာ ဒီရောဂါကို အမှန်တကယ်ဖြေရှင်းပေးနိုင်ခဲ့လျှင် နတ်ဘုရားစုန့်ရဲ့မျိုးရိုးဗီဇပြိုကျမှုရောဂါကိုလည်း သူမဖြေရှင်းနိုင်ပေမည်။

"အစ်ကိုခုန်ပျံသားရဲကို ညီမလေးအတွက် ချက်ချင်းသွားဖမ်းလိုက်မယ်" မော့ယန်က ချက်ချင်း အကြံပြုလိုက်သည်။

ခုန်ပျံသားရဲ အဆင့်က မမြင့်ပေ။ အဆင့် ၃ မှော်သားရဲတစ်ကောင်သာဖြစ်သည်။ သို့သော် အရေးကြုံတဲ့အချိန်တွေမှာတော့ သူတို့ဟာ အဆိပ်ဓာတ်ငွေ့တွေကို ချက်ချင်း ထုတ်ကာ လူတွေကို သတိလစ်သွားအောင်လုပ်နိုင်သည်။ ဒါ့အပြင် သူတို့ခန္ဓာကိုယ်မှာ စွမ်းအင်သိပ်မရှိတာကြောင့် လူအနည်းငယ်ကသာ သူတို့ကိုဖမ်းလေ့ရှိသည်။ ဆုံးရှုံးရတာနဲ့ မတန်တာကြောင့်ပင်။ ဒါကြောင့်၊ မှော်ဒေသများတွင် ခုန်ပျံသားရဲ အများအပြားရှိသည်။

"ညီမလေးလည်း လိုက်ခဲ့မယ်!" မော့ချူးမှာ သူမလည်းဘဲ မှော်ဒေသမှာ လေ့ကျင့်ဖို့မသွားရတာ အချိန်အတော်ကြာပြီလို့ ခံစားရသည်။ ဒါကိုအခွင့်ကောင်းယူပြီး သူမရဲ့လေ့ကျင့်မှုကို အရှိန်မြင့်ရမည်။

All Chapters