အပိုင်း ၁၇၀
Vol. 12 Ch. 170
“ကောင်းပြီ” မော့ယန် သဘောတူကြောင်း ခေါင်းမညိတ်ခင် တစ်ခဏလောက် စဉ်းစားလိုက်သည်။ ဝိုင်းဝိုင်နဲ့ မြေခွေးပျံလေးတို့ကတော့ ပုံမှန်အတိုင်း အိမ်စောင့်ရမည်။
ခရိုင်၃ ရှိ မှော်ဒေသများသည် ယေဘုယျအားဖြင့် နည်းပါးပြီး အန္တရာယ်ရှိမှုမှာလည်း အလွန်နည်းပါးသည်။
မော့ယန်သည် အဆင့် (၇) တွင် ရှိနေပြီဖြစ်ကာ ပထမအဆင့် ကျွမ်းကျင်သူဟုလည်း ယူဆနိုင်သည်။ မော့ချူးသည် သူ့ထက် အဆင့်နိမ့်သော်လည်း သူမ၏တိုက်ခိုက်ရေးစွမ်းရည်မှာလည်း မညံ့ပါချေ။
ထို့ကြောင့်၊ သနားစရာကောင်းသည့် ခုန်ပျံသားရဲများမှာ သည် ဒီနှစ်ယောက်နဲ့ ကြုံရတဲ့အခါ၊ လုံးဝကိုအဖျက်သဘောဆောင်သည့် အနှောင့်အယှက်တစ်ခုဖြစ်သွားသည်။
မှော်ဒေသထဲကို ဝင်လိုက်တာနဲ့ မော့ချူးနဲ့မော့ယန်တို့ဟာ သူတို့ရဲ့ သွေးအေးတဲ့မုဒ်ကို စတင်လိုက်ကြသည်။ သူတို့က ခုန်ပျံသားရဲတွေကို တွေ့တိုင်း စကားတစ်ခွန်းမှမပြောဘဲ တန်းပြီးတိုက်ခိုက်သည်။ သူတို့၏ လှုပ်ရှားမှုများသည် လျင်မြန်ကာ ပြင်းထန်သည့် ထိုးနှက်ချက်ဖြင့် အားလုံးကို သတ်ပစ်လိုက်သည်။
တစ်ခဏအတွင်း မှော်ဒေသတစ်ခုလုံး ပရမ်းပတာတွေဖြစ်သွားရသည်။ အများအားဖြင့် အလိုလိုက်ခံထားရသည့် ခုန်ပျံသားရဲတွေက သူတို့နှစ်ယောက်ကို မြင်တဲ့အခါ ကြီးကျယ်တဲ့သေမင်းနတ်ဘုရားကိုတွေ့လိုက်ရသလိုမျိုး ချက်ချင်း အဝေးကို ခုန်ပျံကာထွက်ပြေးဖို့ကြိုးစားတော့သည်။
ဒါပေါ့၊ ခုန်ပျံသားရဲတွေကို ဖမ်းတာကလွဲပြီး မော့ချူးဟာ သူမရဲ့မကြာသေးမီကဘလေ့ကျင့်ရေးတိုးတက်မှုရှိမရှိ ကြည့်ဖို့ပြင်ဆင်ထားသည်။ အဲ့ဒီအချိန်တွင် မော့ယန်က ဝင်မပါတော့ပေ။ သူ့မျက်လုံးတွေထဲတွင် အနည်းငယ်ဂုဏ်ယူနေသည့် အကြည့်ဖြင့် ဘေးမှနေငြိမ်ငြိမ်လေးသာ ကြည့်နေလိုက်သည်။
မဆိုးဘူး! သူမ မလှုပ်ရှားရတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပေမယ့် ချူးလေးက နည်းနည်းလေးမှကို နောက်ကောက်ကျမကျန်ခဲ့ပေ။ ဒါတင်မကဘူး သူမကိုယ်တိုင်လည်း တိုးတက်လာသည်။ သူမ စီစစ်တာဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတာဖြစ်ဖြစ်၊ သူမရဲ့ လှုပ်ရှားမှုအရှိန်အဟုန်တွေ ဖြစ်ဖြစ်အားလုံးက ယခင်ကထက် ပိုမိုမြန်ဆန်လာပြီး ဒါဟာလည်း မှော်ဒေသရဲ့ အတိမ်းအစောင်းမခံသည့်အချက်ဖြစ်သည်။
ဒါကို သူ မပြောချင်ပေမယ့် မော့ယန်အနေနဲ့ နျဉ်ယွိယွမ်ကို ကျေးဇူးတင်ရမည်ပင်။ မော့ချူးကို သူ့ရဲ့ သံမဏိသွေးနည်းနဲ့ လေ့ကျင့်ပေးထားတာကြောင့်သာမဟုတ်ရင် သူမရဲ့သက်ရောက်မှုဟာ သိပ်ပြီးကောင်းမှာ မဟုတ်ပေ။
ဒီအချိန်မှာ မော့ချူးသည် အဆင့် ၆ မှော်သားရဲနှင့် ရင်ဆိုင်နေရသည်။ ဒီသားရဲဟာ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူသိများသည်။ သို့သော် မော့ချူးနဲ့ဆန့်ကျင်ပြီး၊ အမျိုးသမီးနဲ့ သားရဲဟာ တန်းတူဖြစ်နေသည်။
မော့ချူးရဲ့ ဦးနှောက် အရမ်းမြန်မြန်တုံ့ပြန်နိုင်တာက သူမရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုဖြစ်သည်။ သူမဟာ တစ်ကြိမ်တည်းနဲ့ ခြေလှမ်းဆယ်လှမ်းကြိုမြင်နေသလိုပင်။ ပုံမှန်အားဖြင့်ဆို သူမက မှော်သားရဲရဲ့အားနည်းချက်ကို ရှာပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုစဖို့ဆိုတာ အချိန်သိပ်ကြာကြာမယူရပေ။
၁၀ မိနစ်ခန့် တိုက်ခိုက်ပြီးတဲ့နောက် မော့ချူးရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ ဒီလိုလှုပ်ရှားမှုသေးသေးလေးက သူမ မှော်သားရဲရဲ့အားနည်းချက်ကို ရှာတွေ့သွားပြီဖြစ်ကြောင်း ပြနေတာပင်။ မျှော်လင့်ထားတဲ့အတိုင်း သူမရဲ့လက်တွေက ရေဓါးသွားတွေကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်ပြီး အားလုံးက မှော်သားရဲရဲ့ဦးခေါင်းထောင့်ဘက်ဆီ ထိုးဖောက်ဝင်ရောက်သွားကြသည်။ စောစောက စိတ်အေးလက်အေးဖြစ်နေသည့် မှော်သားရဲဟာ ယခုအခါမှာတော့ ရေဓါးသွားအနည်းငယ်ဖြင့် နက်ရှိုင်းစွာ ထိုးဖောက်ခံလိုက်ရသည်။ ရုတ်တရက် သွေးစိမ်းတွေထွက်လာသည်။
မှော်သားရဲသည် အလိုအလျောက် အကြိမ်အနည်းငယ်လောက် ရုန်းကန်လိုက်သည်။ နောက်ဆုံးတော့ သွေးတွေထွက်ကာ မောပန်းစွာဖြင့် မြေပြင်ပေါ် လဲကျသွားသည်။ မှော်သားရဲက ခပ်မြန်မြန် အသက်ရှုရပ်သွားတော့သည်။
မော့ချူးရဲ့ 'ပစ္စည်းတွေကိုကောက်ယူ' သည့်အကျင့်က မသိလိုက်ဘာသာနဲ့ပေါ်လာသည်။ သူမသတ်ခဲ့တဲ့ မှော်အပင်တွေနဲ့ မှော်သားရဲတွေအားလုံးကို အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ကိုယ်ပိုင်ခလုတ်ခုံထဲ အမြဲတမ်းထည့်လေ့ရှိသည်။
ကံကောင်းထောက်မစွာနဲ့ သူမအတွက် မော့ယန်ပြင်ဆင်ထားတဲ့ ခလုတ်ခုံက လုံလုံလောက်လောက်ကြီးနေလို့ပင်။ မဟုတ်လို့ရှိရင် အရင်ကတည်းက ပြည့်နေမှာ။
ဒီမှော်ဒေသကိုထွက်လာတဲ့ခရီးက တစ်နေကုန်သွားသည်။ ခုန်ပျံသားရဲ အများအပြားကို ပြန်ယူလာနိုင်တဲ့အပြင် သူတို့နှစ်ဦးဟာ မှော်အပင်တွေနဲ့ မှော်သားရဲမျိုးစိတ်သစ်များစွာကိုလည်း ပြန်သယ်လာနိုင်ခဲ့သည်။
သို့ပေမယ့် မော့ချူးမှာ အဲ့ဒါတွေကို ဂရုစိုက်ဖို့အချိန်မရှိသေးပေ။ သူမက အဲ့ဒါတွေကို ဘေးဖယ်ထားလိုက်ပြီးပင်လယ်ရေမှော်ကြက်သားစွတ်ပြုတ်ကို အရင်လုပ်ဖို့ ပြင်ဆင်လိုက်သည်။
မော့ချူးသည် ခရိုင် ၉ မှပေးပို့လာတဲ့ ပင်လယ်ရေမှော်တွေကို အရင်လုပ်သည်။ စားလို့မရတဲ့ အစိတ်အပိုင်းတွေကို ဖယ်လိုက်သည်။ ထို့နောက် ကျန်ခဲ့တဲ့ပင်လယ်ရေမှော်တွေကို စိန်တုံးပုံစံအဖြစ် လှီးလိုက်သည်။
ခုန်ပျံသားရဲရဲ့ အမွှေးနဲ့အသားတွေကို ဖယ်ရှားဖို့တာဝန်နဲ့ ပတ်သတ်ပြီး မော့ယန်ကို လွှဲထားလိုက်သည်။ ဒါကပထမဆုံးအကြိမ် လုပ်တာဆိုပေမယ့် မော့ယန်ရဲ့လှုပ်ရှားမှုတွေက အရမ်းသွက်လက်လှသည်။ အနည်းဆုံးတော့ သူပထမဆုံးဟင်းချက်တာထက်တော့ အကျိုးသက်ရောက်မှုက ပိုကောင်းသည်။
သူမက မော့ယန်ပြင်ဆင်ထားတဲ့ ကြက်သားကို အပိုင်းပိုင်းလုပ်ကာ ရေနွေးနဲ့ဆေးလိုက်သည်။ ထို့နောက် ကြက်သားနဲ့ ပင်လယ်ရေမှော်များကို အပိုင်းလိုက်လှီးလိုက်သည်။
အရင်ဆုံး မော့ချူးက အိုးထဲကို ရေထည့်လိုက်သည်။ ကြက်သားကို အပိုင်းပိုင်းလှီးပြီးသွားတော့ သူမ မီးအရှိန်မြှင့်ကာ ပြုတ်ထားလိုက်သည်။ နောက်တော့ မျက်နှာပြင်ပေါ်က အမြုပ်တွေကို ခပ်ထုတ်လိုက်သည်။
ထို့နောက် အိုးထဲရှိ ကြက်ဆီတွေကို ခပ်လိုက်သည်။ ပြီးသွားတော့ ပြုတ်ထားတဲ့ ကြက်သားတုံးတွေအပေါ် လောင်းထည့်ကာ မွှေကြော်လိုက်သည်။ ငရုတ်ကောင်း၊ ဆားနဲ့ ရေပေါင်းပင်တို့ကိုထည့်ကာ ဆက်ပြီးမွှေကြော်လိုက်သည်။ ထို့နောက် ရေထပ်ထည့်ကာ ၁၀ မိနစ်လောက် ပြုတ်ထားလိုက်သည်။