အပိုင်း ၁၇၁
Vol. 12 Ch. 171
နောက်တော့ ကြက်သားကို မီးအေးအေးဖြင့် တစ်နာရီခန့် ပြုတ်ထားလိုက်သည်။ ကြက်သား အနည်းငယ် ပျော့သွားသည့်အခါ လှီးထားသည့် ပင်လယ်ရေမှော်များကို ထည့်ကာ ပြုတ်လိုက်သည်။
နောက်ထပ်တစ်နာရီကြာလောက် ကြက်သားနူးသွားသည်အထိ ပြုတ်လိုက်သည်။ ပင်လယ်ရေမှော်တွေက သူ့တို့ရဲ့ ရနံ့ကို ဆက်ထိန်းသိမ်းထားသည်။ နောက်ဆုံးတွင် ဆားအနည်းငယ်ထည့်ကာ မွှေပေးရသည်။
မော့ချူး မြည်းကြည့်လိုက်သည်။ ကြက်စွပ်ပြုတ်ရဲ့ ပြင်းထန်ပြီး ထူးခြားတဲ့ရနံ့က သေသေချာချာပြုတ်ထားကြောင်းပြနေသည်။ ခုန်ပျံသားရဲတွေ ဘာစားလေ့ရှိလဲဆိုတာကို သူမ မသိပါချေ။ အသားက နူးညံ့နေပြီး ပါးစပ်ထဲ အရည်ပျော်သွားသလိုပင်။ ပင်လယ်ရေမှော်၏ လတ်ဆတ်တဲ့အရသာပါ ထည့်ပေါင်းလိုက်တော့ မယုံနိုင်လောက်အောင်ပင်!
ဘေးနားက လူတစ်ယောက်နဲ့ သားရဲနှစ်ကောင်မှာ သွားရည် တများများဖြင့် ငေးကြည့်နေကြသည်။ သူတို့ရဲ့ဝေစုတွေကို စားသောက်ပြီးတဲ့နောက် မြေခွေးပျံလေးမှာ သူ့ရဲ့ပစ္စည်းပို့အလုပ်ကို ပြန်စသည်။ သူကကျန်နေတဲ့ကြက်စွပ်ပြုတ်ပန်းကန်လုံးကို 'နာကျင်မှုမရှိတဲ့ဘဝ' ဆိုတဲ့သူရဲ့အိမ်ဆီပို့ပေးသည်။
တစ်ပတ်လုံးလုံး၊ အင်တာနက် အသုံးပြုသူတွေအားလုံးမှာ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ရဲ့ အသစ်ဖန်တီးထားတဲ အပိုင်းဖြစ်တဲ့ 'စိတ်ဝိညာဉ်အစားအစာနှင့်ဆေးဖက်ဝင်ဟင်းလျာ' ကို အာရုံစိုက်ထားကြသည်။
နောက်တော့ သူတို့ကိုယ်တိုင်မျက်လုံးနဲ့ အံ့ဩစရာကောင်းတာကို မြင်တွေ့ခဲ့ရသည်။
ဆိုင်ပိုင်ရှင် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဟာ အဲ့ဒီလူနာကို ဘယ်လိုဆေးအမျိုးအစားပေးခဲ့လဲသူတို့ မသိပေ။ သူ နေ့တိုင်းတင်ပေးတဲ့ ဓာတ်ပုံတွေထဲတွင် အပြောင်းအလဲတွေကို သူတို့ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။ ကြောက်စရာကောင်းတဲ့ အဖုက အမှန်တကယ်ကိုဘဲ တဖြည်းဖြည်းချင်း ကျုံ့သွားသည်။ အဆုံးတွင်၊ အဖုက မူလအရွယ်အစားရဲ့တစ်ဝက်လောက်သာရှိတော့သည်။
'နာကျင်မှုမရှိတဲ့ဘဝ' ဆိုတဲ့လူဟာလည်း 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ရဲ့အမာခံပရိတ်သတ်ဖြစ်လာသည်။ သူရဲ့ စကားလုံးတွေက ဆိုင်ပိုင်ရှင်အပေါ်ကျေးဇူးတင်ကာ ရိုသေလေးစားမှုတွေဖြင့် ပြည့်နှက်နေသည်။ တစ်ခုသိထားရမှာက 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ကြောင့်သာ မဟုတ်ရင် သူဟာဝမ်းနည်းစရာကောင်းတဲ့သေခြင်းမျိုးနဲ့ သေဆုံးသွားနိုင်သည်။
"ဒါက အတုများလား?" သူတို့ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပေမယ့် ဒီကုသနည်းက မယုံနိုင်စရာပင်။ မယုံတဲ့သူတွေလည်း အများအပြားရှိသည်။ "ဒီပုံမှာ တစ်ခုခုမှားနေတာများလား?"
မကြာမီတွင် အမှန်တရားကို စွဲလမ်းသည့် အင်တာနက်သုံးစွဲသူတစ်ဦးက ရှုထောင့်အမျိုးမျိုးကနေ ဒီပုံကိုစစ်ဆေးကြည့်ခဲ့သည်။ နောက်ဆုံးတွင် ဒီပုံက အတုမဟုတ်ကြောင်း ကောက်ချက်ချခဲ့သည်။ တစ်နည်းဆိုရသော် ဒီဆေးဖက်ဝင်ဟင်းလျာ၏ အကျိုးသက်ရောက်မှုက အစစ်အမှန် ဖြစ်သည်။
[ဘုရားရေ၊ ဒါက ကြောက်စရာကောင်းလိုက်တာ!] အင်တာနက်သုံးစွဲသူတွေက တစ်ယောက်ပြီး တစ်ယောက်အော်ဟစ်လာကြသည်။ အခုလေးတင် ထွက်ပေါ်လာခဲ့တဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'က အဖွဲ့ချုပ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ဖူးသည်။
အခုတော့၊ ဒီ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ဟာ ဆေးဖက်ဝင်ဟင်းလျာဖြင့် အမှန်တကယ်ထွက်ပေါ်လာခဲ့သည်။ အဲ့ဒါက ခက်ခဲရှုပ်ထွေးသည့် အထွေထွေရောဂါကိုပင် အထူးတလည် ကုသပေးခဲ့သည်။ ဒါက အဖွဲ့ချုပ်တစ်ခုလုံးကို ဇောက်ထိုးလုပ်ဖို့ ပြင်ဆင်နေတဲ့လူတစ်ယောက်ရဲ့ လှုပ်ရှားမှုများလား?
[ဝိုး!]
'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တာဖြစ်သည်။ ဒီအချိန်မှာ သူပြန်ပေါ်လာသည်။ [ဒီလိုပေါက်ကွဲနေတဲ့သတင်းကိုမြင်လိုက်ရတော့ သူက ငါ့ရဲ့ idol ဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ ဒီထက်ပိုကောင်းတာဘာမှမရှိတော့ဘူး!]
[အမှန်ဘဲ၊ ဒီနေ့ကစပြီး 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ကို ငါ့ရဲ့ idol စာရင်းထဲ ထည့်လိုက်ပြီလို့ တရားဝင်ကြေငြာတယ်!]
[ဒါပေါ့၊ ပြောဖို့ လိုသေးလို့လား?]
သာမန်အင်တာနက်သုံးစွဲသူတွေကို မပြောနဲ့ဦး၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေတောင် သတင်းကြားပြီးတာနဲ့ ထွက်လာကြသည်။ သူတို့အားလုံးက 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' ဆီကနေ အကြံဉာဏ်တွေယူဖို့ အဆင်သင့်ပြင်နေကြသည်။
ဒီ 'လည်ပင်းကြီးရောဂါ' ဖြစ်ပွားမှုနှုန်းက မမြင့်မားပေမယ့် ဒီရောဂါကြောင့် နှစ်စဉ်သေဆုံးတဲ့ လူနာအရေအတွက်ကလည်း အများအပြားရှိနေဆဲဆိုတာ သိထားရမည်ပင်။ ပြန်လည်ကောင်းမွန်လာသည့် လူနာအရေအတွက်ကို လက်ချိုးရေတွက်လို့တောင်ရသည်။ အဆုံးတွင်၊ သူတို့၏မျက်စိရှေ့၌ အမှန်တကယ်အောင်မြင်သွားတဲ့ ကိစ္စတစ်ခု ရှိလာပြီဖြစ်တာကြောင့် ဆေးပညာကို စွဲလမ်းကြတဲ့ ဆေးပညာရှင်တွေဟာလည်း သူတို့ရဲ့ယခင်က သံသတွေကို စွန့်ပစ်လိုက်ပြီး အောက်မှာမှတ်ချက်တွေကို ချန်ထားခဲ့ကြသည်။
သူတို့ထဲက တချို့ဆို 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'ရဲ့ သီးသန့်မက်ဆေ့ချ်မှာတောင် အရူးအမူး မက်ဆေ့ချ်တွေပို့ကာ အကြံဉာဏ်နဲ့ သူတို့ကိုဆက်သွယ်လာဖို့ကို တောင်းဆိုကြသည်။
သူမ ခလုတ်ခုံမှာ မရပ်မနား အသံမြည်နေသည်။ မော့ချူးမှာ ကူကယ်ရာမဲ့သွားရသည်။ နောက်ဆုံးမှာ၊ သူမသည် သူငယ်ချင်းဖြစ်ခွင့်တောင်းခံသည့် သီးသန့်မက်ဆေ့ချ်လုပ်ဆောင်ချက်ကို တိတ်တဆိတ်ပိတ်ထားလိုက်သည်။ သူမ နိုးနေပြီဖြစ်တဲ့ ဝေ ကို လှည့်ကြည့်လိုက်သည်။
ယခင်က ပေါ့ပေါ့ပါးပါးနှင့်ကြည့်ကောင်းသည့် အမျိုးသားမှာ ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားသလိုပင်။ အဲ့ဒီအစား ဝမ်းနည်းပူဆွေးမှု တစ်ပုံတစ်ပင်ဖြင့် အစားထိုးခံလိုက်ရသည်။
“ဟေး! တစ်ခုခုပြောဦးလေ!" မော့ယန်က သူ့ပခုံးကို ပြင်းပြင်းထန်ထန် ထုရိုက်ရင်း သူ့မျက်လုံးတွေမှာလည်း ဝမ်းနည်းမှုတွေဖြင့် ပြည့်နှက်နေသည်။ သူ ဝေ ကိုဒီလိုပုံစံမျိုးနဲ့ တစ်ခါမှ မမြင်ဖူးပေ။ "ဒီလိုသစ်သားပိုင်းကို ကယ်တင်ဖို့ ငါအသက်စွန့်ခဲ့မိတာများလား?"