အပိုင်း ၁၇၂
Vol. 12 Ch. 172
"အစ်ကို” မော့ချူးက သူ့ကို ခေါင်းခါပြလိုက်သည်။ ဝေ ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက သက်သာသွားပေမယ့် သူ့နှလုံးအောက်ခြေက ဒဏ်ရာတွေကတော့ ဖြည်းဖြည်းချင်း သက်သာလာဖို့ အချိန်ယူရမည်။ သို့သော် သူ့ရဲ့လက်ရှိအခြေအနေမှာ စိုးရိမ်စရာဖြစ်နေသည်။
သူမ မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။ "ရှင်ဘာလို့ ခရိုင် ၃ ကို ရုတ်တရက် ရောက်လာတာလဲ? ရှင့်မိသားစုရော ဒီမှာလား?"
မထင်မှတ်ပဲ၊ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့တဲ့ ဝေ ဟာ အဲ့ဒီစကားကိုကြားတဲ့အခါ ရုတ်တရက် တုန်ရီလာသည်။ သူ့မျက်လုံးတွေထဲတွင်လည်း နာကျင်သည့်အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။
ဒါကိုမြင်တော့ မော့ယန်နဲ့ မော့ချူးတို့ အကြည့်ချင်းဆုံသွားကြသည်။ သဲလွန်စတစ်ခုခုတော့ရှိလိမ့်မယ်!
“ဝေ၊ မင်းဘာမှ မပြောရင် ငါတို့တွေ မင်းကို ဘယ်လိုလုပ်ကူညီလို့ရမှာလဲ" မော့ယန်က ခေါင်းငုံ့ကာ ခါးသက်စွာဖြင့် ရယ်လိုက်သည်။ “ငါက အဲ့ဒီလောက်ထိ အသုံးမဝင်ဘူးလို့ မင်းထင်နေတာလား? ဟုတ်တယ်၊ မော့ချူးနဲ့ငါက နှစ်ယောက်တည်းပဲ ရှိတယ်။ ငါတို့က အရေအတွက်နည်းတယ်။ ဒါက မင်းငါတို့ကိုအထင်သေးနေတဲ့အရာဘဲ .…”
ခရိုင် 12 မှာတုန်းက ဝေဟာ သာမန်မိသားစုထဲက လူတစ်ယောက်မဟုတ်ဘူးဆိုတာ မော့ယန် သေချာပေါက် သဘောပေါက်ပြီးသားပင်။ သူဟာ ဒီလိုမျိုး အဖိုးတန်တဲ့ ခရမ်းရောင် သမင်လက်ကောက်ကို ပေးခဲ့ပြီး သူ့ရဲ့ပုံမှန်အရှိန်အဝါဟာလည်း တခြားသူတွေနဲ့ အရမ်းကွဲပြားသည်။ ဒါပေမယ့် အဲ့ဒါကိုသူ့ရဲ့အပြုံးမျက်နှာဖြင့်ဖုံးကွယ်ထားခဲ့သည်။
ဒါကိုကြားတော့ ဝေ ဆီကနေ နောက်ဆုံးတော့ တုံ့ပြန်မှုတစ်ခုရလိုက်သည်။ သူက မော့ယန်ကို အမြန်လှည့်ကြည့်လိုက်ပြီး အတော်ကြာတိတ်နေခဲ့တဲ့ သူ့အသံကလည်း နည်းနည်းဩရှနေသည်။ "မဟုတ်ဘူး၊ အဲ့ဒီလို မဟုတ်ဘူး... ငါ၊ ငါမင်းကို အထင်မသေးပါဘူး....."
"မင်း ငါ့ကိုအထင်သေးတာမဟုတ်ဘူးဆိုရင် ငါတို့က ညီအကိုတွေ ဖြစ်နေတုန်းပဲ!" မော့ယန်က အမြန်အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်သည်။ “ဖြစ်ကြောင်းကုန်စဉ်ပြောပြပေး။ တစ်ခုခုဆိုရင် ငါတို့ အတူတူဖြေရှင်းလို့ရတယ်"
မော့ချူးနဲ့ မော့ယန်တို့ရဲ့ ရိုးသားတဲ့မျက်လုံးတွေကို မြင်လိုက်ရပြီး အတန်ကြာ အံ့အားသင့်နေပြီးတဲ့နောက်တွက် ဝေက ခါးသက်စွာဖြင့် ရယ်မောလိုက်သည်။ သူ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကာ သူ့လက်ချောင်းတွေကြားကနေ စကားလုံးတွေထွက်လာသည်။ “ငါ… ဘာလို့ဒဏ်ရာရထားတာလဲဆိုတော့ ငါ့အစ်ကို ကိုယ်တိုင်လုပ်ခဲ့လို့ပဲ!"
ဘာ?!
မော့ယန်နဲ့ မော့ချူးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ယောက်သား ရင်ထဲကထိတ်လန့်မှုတွေကိုဖုံးကာ ပြောလိုက်သည်။ “မင်းအစ်ကိုလား? မင်းအစ်ကိုက ဘာလို့ဒီလိုလုပ်တာလဲ?"
'ဒဏ်ရာရတယ်' ဆိုတဲ့ စကားလုံးက ပေါ့ပေါ့ပါးပါးရှိသည်ဟု ယူဆနိုင်သည်။ အကယ်၍ သူတို့သာအချိန်မီ မတွေ့ခဲ့ရပါက ဝေဟာ အလောင်းအဖြစ်ပြောင်းနေလိမ့်မည်ပင်။
"ငါက မိုက်ကယ်မိသားစုရဲ့ မျိုးဆက်တွေထဲက တစ်ယောက်ဘဲ" ဝေ ကမျက်နှာကို သုတ်ကာ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြခဲ့သည်။ “မိသားစုအမွေဆက်ခံပိုင်ခွင့်ရဖို့ ငါ့အစ်ကိုက ငါ့ကို သတ်ဖို့လုပ်နေတာ။ ငါ့အဖေရဲ့ အမိန့်နဲ့ သူက ငါ့ကိုခရိုင် ၁၂ ကနေ ခရိုင် ၃ ဆီ ပြန်ခေါ်လာတာ။ ငါမပြင်ဆင်ရသေးခင်မှာ သူက ငါ့ကိုသတ်ဖို့အဆင်သင့်ဖြစ်နေပြီ!"
ဒီစကားလုံးအနည်းငယ်ကတင် မော့ချူးရဲ့ရင်ကို တုန်လှုပ်သွားစေသည်။ သူမနှင့် မော့ယန်တို့သည်လည်း အရမ်းရင်းနှီးသည့် မွေးချင်းများဖြစ်သည်။ သူမအနေနှင့် ဒီလိုဟာမျိုးကို စိတ်ကူးကြည့်လို့တောင်မရပေ။
တစ်ဖက်မှာတော့ မော့ယန်က တစ်ခုခုကိုနားလည်သွားသလို အမူအရာမျိုးပြလာသည်။ သူ့လက်ညှိုးနဲ့ စားပွဲကိုတောက်နေရင်းပြောလာသည်။ "ဒါဆို မင်းက မိုက်ကယ်မိသားစုရဲ့ မျိုးဆက်ပေါ့။ အံ့ဩစရာကိုမရှိဘူး"
အဖွဲ့ချုပ်တွင်၊ မိုက်ကယ်မိသားစုသည် အလွန်ထူးခြားသည့်အနေအထားတွင်ရှိသည်။ သူတို့မိသားစုထဲရှိ လူအများစုဟာ အထူးအရည်အချင်းဖြစ်သည့် ကျင့်ကြံရေး အရည်အချင်းတွေ မပိုင်ဆိုင်ကြပေ။ သို့သော်၊ သူတို့သည် စီးပွားရေးလောကတွင်တော့ အရမ်းသြဇာကြီးသည်။ မိုက်ကယ်မိသားစုဟာ အဖွဲ့ချုပ်၏ စုစုပေါင်းပိုင်ဆိုင်မှု သုံးပုံနှစ်ပုံနီးပါးကို သိမ်းပိုက်ထားသည်ဟုဆိုသည်။
သို့ရာတွင်၊ မိုက်ကယ်မိသားစုသည် ၎င်းတို့၏ အမွေကို မျိုးဆက်တစ်ခုမှတစ်ခုသို့ အမွေဆက်ခံခွင့်ပေးရန်အတွက် သူတို့၏အမွေလွှဲပေးမှုဟာလည်း အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ အထူးချွန်ဆုံးသောအရည်အချင်းရှိသူသာလျှင် နောင်လာနောက်သားများ၏ မိသားစုခေါင်းဆောင် ဖြစ်လာနိုင်မည်ဖြစ်သည်။
"အထူးချွန်ဆုံး အရည်အချင်းရှိတဲ့သူ?" မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက အကဲဖြတ်ဖို့ မလွယ်ဘူး မဟုတ်လား?”
"အကဲဖြတ်ဖို့ ဘာများ ခက်လို့လဲ?" မော့ယန်ရဲ့ မျက်နှာမဦ အနည်းငယ် အေးစက်သွားသည်။ “အဲ့ဒါက အစာအတွက် တိုက်ခိုက်နေကြတဲ့ သားရဲတသိုက်နဲ့ တူတယ်။ တခြားညီအစ်ကိုတွေကို အောင်အောင်မြင်မြင်နဲ့နင်းနိုင်သရွေ့ ကျန်ခဲ့တဲ့တစ်ယောက်ကတော့ သဘာဝအလျောက် အသန်မာဆုံးဖြစ်လာမှာပဲ"
“ဒါပေမယ့် ဝေ ရဲ့အစ်ကိုက တကယ့်ကို သွေးအေးပြီး နှလုံးသားမဲ့လွန်းတယ်။ ဒါက အရင်တုန်းက မျိုးဆက်တွေသာဆိုရင် သူတို့တွေ အများစုတော့ အကြီးအကျယ်ထိခိုက်ပျက်စီးကြမှာ။ ဒါပေမယ့် သူကတကယ်ဘဲ ပြဿနာရဲ့ အရင်းမြစ်ကို ဖယ်ရှားပြီး ဝေကို တိုက်ရိုက်သတ်ပစ်လိုက်တာ! ဒီနည်းလမ်းက တကယ်ကို ရက်စက်ပြီး အကြင်နာမဲ့လွန်းတယ်”
ဝေ နိုးလာပေမယ့် သူ့ခန္ဓာကိုယ်ကတော့ လုံးဝပြန်ကောင်းမလာသေးပါချေ။ သူက အနားယူဖို့ သူ့အခန်းကို ထွက်သွားပြီဖြစ်သည်။ ဒီတော့မှ မော့ယန်နဲ့မော့ချူးတို့မှာ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲကြသည်။
“ဒီတော့ ဒါကြောင့်ပေါ့" မော့ချူးက ခေါင်းညိတ်လိုက်ပြီး အမြန်တုံ့ပြန်လာသည်။ “တစ်နည်းပြောရရင် ဝေနဲ့ ကျန်တဲ့ အကြီးအကဲတွေက ဒီကိစ္စကို ကောင်းကောင်းသဘောပေါက်တယ်။ ဒါပေမယ့် သူတို့က ဘေးကနေဒီတိုင်း အေးတိအေးစက်နဲ့ကြည့်နေကြမှာဘဲ။ တကယ်လို့ ဝေသာ လက်တုံ့မပြန်နိုင်လို့၊ သူ့အစ်ကိုဆီကနေ အသတ်ခံလိုက်ရရင်တောင် သူတို့က ဒီတိုင်းမတုန်လှုပ်ဘဲ ရှိနေမှာလား?
"အမှန်ပဲ!" မော့ယန် ခေါင်းညိတ်လိုက်ပြီး ခေါင်းငုံ့ကာသက်ပြင်းချလိုက်သည်။ ဒီမတိုင်ခင် ဝေ တစ်ယောက်သူ့မှာအသက်ရှင်စရာ ဘာမှမကျန်တော့ဘူးလို့ ခံစားမိမှာပင်။ ဒီမင်းမျိုးမင်းနွယ်မိသားစုဆိုတာက တခြားသူတွေထက် နားထောင်ရတာ ပိုကောင်းပေမယ့် သူတို့ဟာတခြားသူတွေထက် ပိုရက်စက်ကြမ်းကြုတ်ကြသည်။
တကယ်တော့ ဝေ တွင် သူ့အစ်ကိုနဲ့ ရန်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ပါချေ။ မဟုတ်ပါက သူ့အနေဖြင့် ခရိုင် ၃ ရှိ အာဏာဗဟိုချက်မှ ထွက်သွားမည်မဟုတ်ပေ။ အဲ့ဒီအစား သူဟာဝေးလံခေါင်ဖျားဒေသဖြစ်သည့် အနောက်ဘက် ခရိုင် ၁၂ ဆီသွားကာ ဆိုင်အသေးလေးဖွင့်ရင်း နေထိုင်ခဲ့သည်။ ဒါတောင် သူ့အစ်ကိုကြီးက သူ့ကို လွှတ်ပေးဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ဒီလိုအခြေအနေမျိုး ဒီလိုမိသားစုမျိုးက သူ့ရင်ကိုခွဲလိုက်တာပင်!
“အစ်ကို ညီမလေးမှာအကြံတစ်ခုရှိတယ်။ ဒီဘေးဆိုးကြီးကို ကျော်လွှားဖို့ ဝေကို ညီမလေးကူညီနိုင်တယ်" မော့ချူးရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမရဲ့နှုတ်ခမ်းထောင့်ဟာလည်း တွန့်ကွေးသွားသည်။
"ဘာအကြံလဲ?" မော့ယန်လည်း သူ့ညီမကို လျှော့မတွက်ရဲတဲ့အတွက် အသံတိုးတိုးဖြင့် ကမန်းကတန်း မေးလိုက်သည်။
“ညီမလေးတို့လည်း စိတ်ဝိညာဉ်အစားအသောက်ကို လေလံအိမ်ဆီ ပို့ပေးလို့ရတယ်။ ဒီကိစ္စတွေကို ဝေ ကိုင်တွယ်ဖြေရှင်းဖို့ လုံးလုံးလျားလျား ကျန်ခဲ့မှာဘဲ!"
မော့ချူးသည် ယခင်က စတားနက်တွင် အထက်တန်းစားများကို အရှက်တကွဲ အမျက်ဒေါသထွက်စေခဲ့သည့် ကန့်သတ်မှုမျိုး ထုတ်ပြန်ခဲ့ဖူးသည်။ သူတို့ဟာ အမဲလိုက်ရတာကို အသားကျနေပြီမို့ သူတို့ပါးစပ်နားကနေအစာလွတ်သွားတာကို ဘယ်လိုလုပ်ကြည့်နေနိုင်မှာတဲ့လဲ?
ဒီအတောတွင်း သူတို့သည် မော့ချူး၏ ကွန်ရက်ကို အကြိမ်အနည်းငယ်လောက် ဖြတ်ကျော်ရန် ပြင်ဆင်ထားခဲ့ပေမယ့် သူမကတော့ သူတို့ကို ရှောင်ရှားရန်အတွက် ကွန်ရက်စက်တစ်ခုပြီးတစ်ခု လိမ္မာပါးနပ်စွာဖြင့် ပြောင်းလဲခဲ့သည်။ သို့သော်လည်း ဒီကိစ္စသာဒီလိုမျိုးဆက်ဖြစ်နေပါက၊ ပြဿနာကိုလည်း ဘယ်တော့မှဖြေရှင်းနိုင်မည် မဟုတ်ပေ။ သူတို့သာ စိတ်ဝိညာဉ်အစားအသောက်ကို လူထုအရှေ့ဆီ တခြားရှုထောင့်ကနေ မဆွဲထုတ်နိုင်လျှင် အမြင့်ဆုံးအဆင့် လေလံအိမ်ဆီ ပို့လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ဒါ့အပြင် ဝေရဲ့ အကျပ်အတည်းကိုလည်း ချောချောမွေ့မွေ့ ဖြေရှင်းနိုင်မည်ဖြစ်သည်။ စိတ်ဝိညာဉ်အစားအစာ၏ ရေပန်းစားမှုကြောင့် သူတို့အနေနှင့် ဝေ အား ချောဆွဲရန် အချိန်မရှိလောက်ပေ။ ဒါကြောင့်သူတို့အနေနဲ့ သူသေတာကို ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်တော့မှာတဲ့လဲ?
ဒီစကားတွေကို ကြားလိုက်ရတဲ့အခါ မော့ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်! အမှန်ပဲ!
မော့ချူးက ဝေရဲ့ စွမ်းရည်ကိုယုံကြည်နေဆဲဖြစ်သည်။ ဒါ့အပြင် မော့ယန်ဟာ သူနှင့်အတူ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တာကြောင့် သူ့အကျင့်ကိုသိသည်။ “ဒါပေမယ့်….. ဒီကိစ္စကို သူ့မိသားစုရဲ့ အတွင်းပိုင်းလူတွေကို သူပြောပြလိုက်မလားဆိုတာတော့ နည်းနည်း စိတ်ပူမိတယ်။ ဒီလိုသာဆိုရင် ညီမတို့တွေ သူတို့ပြုသမျှနုခံရမယ့်အနေအထား ရောက်သွားလိမ့်မယ်..…”
"သူ မလုပ်လောက်ဘူး!" ဒါကိုကြားတော့ မော့ယန်က အခိုင်အမာ ခေါင်းခါလိုက်သည်။ “ဝေရဲ့အကျင့်ကို အစ်ကိုသိတယ်။ အစ်ကိုတို့ သူ့ကိုကူညီရင် သူသစ္စာမဖောက်ဘူးဆိုတာ သေချာတယ်”
မော့ယန်က ဒီလိုပြောလာတော့ သဘာဝအတိုင်း မော့ချူးလည်း သူ့ကို သံသယမဝင်မိတော့ပေ။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ထရပ်လိုက်ပြီး ဝေရဲ့ အခန်းဆီသွားလိုက်ကြသည်။ သူတို့ဆုံးဖြတ်ထားပြီးပြီမို့ သံပူနေတဲ့အချိန်မှာ ပုံသွင်းရမည်။
အခန်းထဲတွင် မိန်းမောစွာ လဲလျောင်းနေသည့် ဝေမှာ သူ့ဘဝတွင် အကြီးမားဆုံး အလှည့်အပြောင်းဖြစ်လာတော့မှာကို မသိပေ။ တံခါးဖွင့်လိုက်တာနဲ့ သူ့ဘဝရဲ့ ကဏ္ဍသစ်တစ်ခု စတင်တော့မှာဖြစ်သည်.....