အပိုင်း ၁၇၃
Vol. 12 Ch. 173
မိုက်ကယ်မိသားစုတွင်၊ ငြိမ့်ညောင်းသည့်ဂီတသံစဉ်တစ်ခုကို ရှေးကျကာ ထည်ဝါလှသည့်အိမ်ကြီးထဲတွင် တီးခတ်နေသည်။ တခါတရံ အနည်းငယ်ကြမ်းသလို တခါတရံ ရေစီးဆင်းနေသလို တည်ငြိမ်လှသည်။ တကယ့်ကို စွဲဆောင်မှု ရှိလှတယ်။ သို့သော် ဘေးနားတွင် ငြိမ်သက်စွာရပ်နေတဲ့ လူကတော့ မည်သည့်ခံစားချက်မှ မပြပေ။
အချိန်အတော်ကြာပြီးသည့်နောက် ဂီတသံရပ်သွားတဲ့အခါသူ့ဘေးနားရှိ လက်ထောက်က ခြေလှမ်းအနည်းငယ်သာ ရှေ့တိုးလိုက်သည်။ သူက အနည်းငယ်ဦးညွှတ်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့်လူအား ရိုသေစွာ ပြောလိုက်သည်။
“အကြီးဆုံးသခင်လေး၊ ဒုတိယသခင်လေးက သူလေလံပွဲ တစ်ခု ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဒါက သခင်လေးဆီ အထူးတလည်ပို့လိုက်တဲ့ ဖိတ်စာပါ" သူ့လက်ထဲတွင် လှလှပပဒီဇိုင်းဆွဲထားသည့် ဖိတ်စာကတ်တစ်ခုကို ကိုင်ထားသည်။
"အိုး?" ဒါကိုကြားတော့ မျက်စိစုံမှိတ်ထားသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေတဲ့အမျိုးသားက ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားကာ အေးစက်စက်စကားလုံးတွေ နောင်တတွေ ကြမ်းတမ်းမှုတွေဖြင့် ပြည့်နှက်နေသည်။ "ငါက သူသေသွားပြီလို့ထင်နေတာ။ ဒီလိုဆိုတော့လည်း .... သူက အသက်ရှင်နေသေးတာပဲ။ ဟား! သူ တကယ်ကံကောင်းတာပဲ!”
သူ့ဘေးနားရှိ လက်ထောက်ကတော့ ဦးညွှတ်နေဆဲပင်။ သူက ဘာမှမကြားရသလိုမျိုး မလှုပ်မရပ်ပင်။
"လေလံပွဲ...?" အာလန်က မျက်လုံးတွေကျဉ်းမြောင်းကာ ထထိုင်လိုက်သည်။ သူဟာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုမျိုး အမဲလိုက်ရန် အသင့်ဖြစ်နေသည်။ သူလှုပ်ရှားလိုက်တာနဲ့ သားကောင်ကို ချက်ချင်းသတ်ပစ်လိုက်မှာပင်!
"ဘာလဲ? ပြန်လှည့်လာနိုင်ဦးမယ်လို့ ထင်နေတာလား?" လှောင်ပြောင်သံနှင့်အတူ အာလန်က သူ့ဘေးနားရှိအလှလေးကို ရုတ်တရက် လှမ်းဖက်လိုက်သည်။ သူ့ရဲ့လက်တစ်ဖက်က သူမရဲ့ခြေထောက်တစ်ဖက်ပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေပြီး နောက်ဆုံးမှာတော့ သူမရဲ့ နူးအိတဲ့တင်ပါးတွေဆီ လျှောကျလာကာ ခပ်ကြမ်းကြမ်းညှစ်လိုက်သည်။
ဒါဟာ ညစ်ညမ်းပြီးညစ်ပတ်တဲ့ လုပ်ရပ်တစ်ခုမှန်း ထင်ရှားနေပေမယ့် နည်းနည်းနတ်ဆိုးဆန်တဲ့ အာလန်ရဲ့ချောမောတဲ့ မျက်နှာနဲ့ ယှဉ်တွဲလိုက်တဲ့အခါမှာတော့ အနည်းငယ် ပိုပြီးအထိန်းအချုပ်မဲ့သွားသည်။
"အာ၊ ရှင် ကျွန်မကိုလန့်အောင်လုပ်လိုက်တာဘဲ!" အာလန်၏ နှုတ်ခမ်းပေါ်မှ သရော်သည့်အပြုံးကို မြင်လိုက်ရတော့ သူ့ပေါင်ပေါ်တွင်ထိုင်နေသည့် အလှလေးမှာ ခပ်တိုးတိုးနှာမှုတ်လိုက်သည်။ သူမ လက်ကိုအသာမြှောက်ကာ အဲ့ဒီယောက်ျားရဲ့ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထို့နောက် မျက်နှာကိုမော့ကာ သူမ၏လှပသည့် နှုတ်ခမ်းနီနီလေးဖြင့် သူ့ကိုနမ်းဖို့ အစပြုလိုက်သည်။
မထင်မှတ်ထားစွာနဲ့ ပန်းတစ်ပွင့်လို ပြုံးနေတဲ့လူဟာ ချက်ချင်း မျက်နှာထားပြောင်းသွားသည်။ သူ့ရဲ့ လှပသည့် မျက်ခုံးတန်းတွေက တွန့်သွားကာ သူမကိုခပ်ကြမ်းကြမ်း ပါးရိုက်ပစ်လိုက်သည်။ "ခွေးမ! မင်းကိုဘယ်သူက ထိခွင့်ပေးလို့လဲ!"
အာလန်က သူ့ရဲ့ခွန်အားကို လုံးဝ မထိန်းထားခဲ့ပေ။ ရိုက်ချက်တစ်ခုဖြင့် သူဟာ ချောမောလှပတဲ့အမျိုးသမီးကို ကြမ်းပြင်ပေါ်သို့ ရိုက်ချပစ်လိုက်သည်။ ခဏအကြာ သူမရဲ့ မျက်နှာတစ်ဝက်လောက်ဟာ ရောင်ရမ်းလာပြီး နှုတ်ခမ်းထောင့်ကနေလည်း သွေးတွေထွက်လာသည်။ ဒီလိုသနားစရာကောင်းတဲ့ပုံစံက ခုနကနဲ့ လုံးဝမတူတော့ပေ။
"သခင်လေးအာလန်၊ ...?" ကြမ်းပြင်ပေါ်ကို လဲကျသွားတဲ့ အမျိုးသမီးက ခေါင်းအသာမော့ကာ ခုနတုန်းကတင် အချစ်တွေပြည့်နေတဲ့ ယောက်ျားကို မယုံနိုင်စွာဖြင့်ကြည့်လိုက်သည်။
"သူ့ကို ဆွဲထုတ်သွားကြစမ်း!" အာလန်က သူမကို မကြည့်ဘဲ အိတ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်ကာ လက်ချောင်းတစ်ချောင်းချင်းစီကို သေသေချာချာ သုတ်လိုက်သည်။ ထို့နောက် လက်ကိုင်ပုဝါကို ရွံရှာစွာ လွှင့်ပစ်လိုက်သည်။
ကောင်းကောင်းလေ့ကျင့်ခံထားရတဲ့ အစေခံက အဲ့ဒီအမျိုးသမီးရဲ့ ဖြူဖျော့ဖျော့မျက်နှာကို ကြည့်တောင်မကြည့်ပေ။ ကြမ်းပြင်ပေါ်ပစ်ချထားတဲ့ လက်ကိုင်ပုဝါကိုပါ သူနဲ့အတူ ယူထုတ်သွားလိုက်သည်။
အာလန်က လက်ဖြန့်ကာ နေရောင်ခြည်အောက်တွင် သေချာစစ်ဆေးလိုက်သည်။ အချိန်အတော်ကြာသွားပြီးတဲ့နောက် သူကသက်ပြင်းချကာ သူ့ဘေးနားရှိ လက်ထောက်ဆီ လက်ဆန့်လိုက်သည်။ “ငါ့ကိုပေး။ ငါလည်း ပျင်းနေတာ။ ငါ့ချစ်ညီလေး ဘာလုပ်ဖို့ ပြင်ဆင်နေလဲဆိုတာကို သွားကြည့်ရတာပေါ့"
“ဟုတ်ကဲ့ပါ” လက်ထောက်က လေးလေးစားစား ဦးညွှတ်ကာ ဖိတ်စာကို အာလန်ဆီ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
ဖိတ်စာကိုဖွင့်လိုက်ပြီး အာလန်တစ်ချက်ကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်တွေက ယုတ်မာတဲ့ အပြုံးနဲ့အတူကွေးတက်သွားသည်။ အင်းး..... မဆိုးဘူး! ကြည့်ရတာဒီနေ့လည်ခင်းတော့ မပျင်းရတော့ဘူးထင်တယ်!
ခရိုင် ၃ရှိလေလံအိမ်တွင်
ဒီတစ်ကြိမ်မှာတော့ ဖိတ်စာလက်ခံရတဲ့သူ အများအပြားပင်။ မိုက်ကယ်မိသားစုရဲ့ ဒုတိယသခင်လေးတွင် လေလံတင်မည့်ပစ္စည်းတွေရှိနေတာကို မြင်လိုက်ရသည့်အတွက် အများစုမှာ ကောင်းကောင်းမွန်မွန်ဝတ်စားကာ ရောက်လာကြသည်။ သူတို့က ဝိုင်ခွက်ချင်းတိုက်ကာဖလှယ်နေကြပြီး အရမ်းဇိမ်ကျကျဖြင့် ကိုယ့်ကိုယ်ကို အားရကျေနပ်နေကြသည်။
ဘယ်နေရာဖြစ်ဖြစ် ရာထူးဂုဏ်သိမ်တွေဆိုတာ အမြဲရှိသည်။
ဒီလေလံအိမ်ဟာလည်း သဘာဝအလျောက် ခြွင်းချက်မဟုတ်ပေ။ မတူညီတဲ့စျေးနှုန်းတွေကြောင့် လေလံအိမ်တွင် အဆင့်သုံးဆင့်ခွဲထားသည်။
အမြင့်ဆုံးအဆင့်မှာ ထိပ်ဆုံးရှိအဝိုင်းပုံစံ သီးသန့်အခန်းဖြစ်သည်။ ထိုနေရာသည် တိတ်ဆိတ်ငြိမ်သက်ကာ သက်တောင့်သက်သာရှိပြီး မြင်ကွင်းလည်းကောင်းသည်။ အောက်ရှိအရာအားလုံးကို မြင်နိုင်ရန်အတွက် တစ်ချက်သာကြည့်ရန်လိုသည်။ ရရှိနိုင်သည့် ဝန်ဆောင်မှုကလည်း ထိပ်တန်းဖြစ်သည်။