← Chapters

အပိုင်း ၁၇၄

Vol. 12 Ch. 174

အပိုင်း ၁၇၄

Vol. 12 Ch. 174

ဒုတိယအဆင့်မှာ အလယ်ထပ်ရှိ သီးသန့်ခန်းဖြစ်သည်။ အပေါ်ဆုံးထပ်၏ သီးသန့်အခန်းရဲ့ တစ်ဝက်လောက်သာရှိကာ ဝန်ဆောင်မှုကလည်း ကိုယ်တိုင်လုပ်ရတာဖြစ်သည်။

အဆိုးဆုံးကတော့ အနိမ့်ဆုံးအဆင့်ပင်။ သီးသန့်အခန်းလို့တောင် ခေါ်လို့မရပေ။ လေလံဆွဲသည့်နေရာရှိ ထိုင်ခုံတန်းများသာဖြစ်သည်။ ဖုံးကာထားခြင်းလည်း လုံးဝမရှိပါချေ။ ဒါတောင်မှ၊ စျေးနှုန်းက ရယ်စရာကောင်းလောက်အောင် မြင့်နေသည့်အတွက် သာမန်လူတစ်ယောက်အနေဖြင့် သူတို့တစ်ဘဝလုံးရှုလျှင်တောင် အနိမ့်ဆုံးအဆင့်၏ လက်မှတ်ဖိုးကို မတတ်နိုင်လောက်ပေ။

"သခင်လေး၊ ထုံးစံအတိုင်း ပထမတန်းက သီးသန့်အခန်းကိုပဲ ဘွတ်ကင်လုပ်မှာလား?" လေလံခန်းမထဲ လျှောက်လာစဥ် အာလန်အနားရှိ သူ့လက်ထောက်က တတ်နိုင်သမျှ ပြင်ဆင်မှုတွေကို အဆင်သင့်လုပ်ရန်အတွက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

အာလန် ခန်းမကို တစ်ချက်ကြည့်ကာ မထင်မှတ်ထားစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မလိုဘူး။ ဒီနေ့ဒီမှာဘဲထိုင်မယ်"

"...ဟုတ်ကဲ့ပါ!" စက္ကန့်အနည်းငယ်လောက် ပဟေဠိဖြစ်သွားကာ လက်ထောက်က ချက်ချင်း သဘောတူလိုက်ကာ အာလန်အတွက် သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့သွားလိုက်သည်။

အာလန် ထိုင်လိုက်တဲ့အချိန် လေလံပွဲလည်း တရားဝင်စတင်လာသည်။

ပထမဆုံးပေါ်လာတာကတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ရှေးဟောင်းပန်းချီကားတစ်ချပ်ဖြစ်သည်။ လေလံတင်တဲ့သူက ဒီရှေးဟောင်းပန်းချီကားရဲ့ မူလအစကို လိုရင်းတိုရှင်း ရှင်းပြနေကာ သူ့ရဲ့လေသံထဲကနေစိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်မထားနိုင်ပေ။

“ဒီရှေးဟောင်းပန်းချီကားကို 'နွားထီးငါးကောင်ပန်းချီကား' လို့ခေါ်ပါတယ်။ ၂၀.၈ စင်တီမီတာ နဲ့ ၁၃၉.၈ စင်တီမီတာ ရှိပါတယ်။ ဒါက နှစ်ပေါင်း ၁၅၀၀ ကျော် သမိုင်းကြောင်းရှိပါတယ်!”

“နွားထီးဆိုတာ ရှေးခေတ်က တိရစ္ဆာန်တစ်မျိုးပါ။ သူတို့က နာခံပြီး အလုပ်ကြိုးစားကြတယ်"

“ပန်းချီကားထဲမှာ ဒီနွားထီးငါးကောင်က မတူညီတဲ့အမူအရာတွေ ရှိကြပါတယ်။ လမ်းလျှောက်‌နေတယ်၊ မတ်တပ်ရပ်‌နေတယ်၊ အရိုအသေပေးနေတယ် ပြီးတော့ ခေါင်းမော့ထားကြတယ်။ သူတို့တွေက လှုပ်ရှားမှုတွေ အပြည့်ဘဲ။ နွားတွေရဲ့ကောက်ကြောင်းက ရိုးရှင်းပေမယ့် ပန်းချီကားထဲက ကြွက်သားတွေ အရိုးတွေရဲ့ အကွေးအညွတ်တွေက အရမ်းတိကျပါတယ်။ စုတ်ချက်တွေဟာလည်း အရမ်းအနုစိတ်ကျတယ်။ သူတို့ရဲ့တောက်ပတဲ့ မျက်လုံးတွေက နွားတွေရဲ့ နာခံပြီး ခေါင်းမာတတ်တဲ့ စရိုက်ကို ထင်ဟပ်နေတယ်။ လူတွေကို လက်ခုပ်တီးပြီး လေးစားမိစေတဲ့အရာကတော့ သူ့ရဲ့တည်ကြည်ခိုင်မာမှုပါပဲ! ဒါကိုအခုအချိန်အထိ ဘယ်လိုမျိုးထိန်းသိမ်းထားသလဲဆိုတာ မယုံနိုင်စရာဘဲ!"

ဒီစကားတွေပြောပြီးတာနဲ့ အောက်ကလူအုပ်က ချက်ချင်းဆူပွက်လာကြသည်။

၂၁ ရာစုတွင် အနုပညာမြောက် လက်ရာတွေကိုစုဆောင်းတဲ့ ဝါသနာက ကိုယ်ပိုင်ဖက်ရှင်တစ်ခုသာဖြစ်ကာ၊ ယခု အဖွဲ့ချုပ်တွင်တော့ လုံးဝကိုအမျိုးသားရေးလှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့သည်။ ကာလကြာရှည်စွာ ယဉ်ကျေးမှုကင်းမဲ့မှုကြောင့် အဖွဲ့ချုပ်၏ နိုင်ငံသားများဟာ ဤလက်ရာများကို အလွန်အမင်း လေးစားစွဲလမ်းကြသည်။

ဒီလိုရှေးဟောင်းလက်ရာတွေကို ကြည့်မိတိုင်း၊ အတိတ်က ခြေရာ‌လက်ရာတွေကို မြင်နိုင်တာကြောင့်ဖြစ်သည်။ ဒါက သူမတို့ရဲ့ လက်ရှိကမ္ဘာနှင့် လုံးဝခြားနားသည်။ မှော်သားရဲနဲ့ မှော်အပင်တွေလည်း မရှိပေ။ လုံခြုံပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခုသာဖြစ်သည်။ အဲဒါက သူတို့လိုချင်နေတဲ့ကမ္ဘာမျိုးပင်!

"အတိုချုပ်ပြောရရင် ဒါက ပြောင်မြောက်တဲ့ အနုပညာလက်ရာပဲ!" သူ့ရဲ့စိတ်လှုပ်ရှားနေမှုကို ဖိနှိပ်ကာ စင်မြင့်ပေါ်ရှိ လေလံတင်သူက သက်ပြင်းချလိုက်သည်။ ငြိမ်သက်သွားကြပြီးတဲ့နောက် သုစားပွဲဝိုင်းကို ခေါက်လိုက်သည်။ “အခုကစပြီး လေလံဆွဲတာ စတင်ပါတော့မယ်။ ဒီပန်းချီကားရဲ့ ကြမ်းခင်းစျေးနှုန်းကတော့ ဖက်ဒရယ်ဒင်္ဂါး သန်း ၅၀ ပါ။ လေလံတစ်ခါကို တစ်သန်းစီတိုးပါမယ်”

.....

ထို့နောက်တွင်၊ လေလံဆွဲမှုဟာ ပိုပိုပြီးပြင်းထန်လာကာ မော့ချူးကိုတောင် ရင်ခုန်လာစေသည်။ ဒါက ပိုက်ဆံဟ ကောက်ရိုးမဟုတ်ဘူး။ ဒီလိုမျိုး သုံးဖို့မလိုဘူးလေ!

"နှမြောစရာကောင်းလိုက်တာ" မော့ယန်က မော့ချူးဘေးမှာထိုင်ကာ လက်သီးတွေကို ဆုပ်ထားသည်။ သူ့လေသံက နောင်တတွေနဲ့ ပြည့်နေသည်။ “အခု ငါ့မှာသာပိုက်ဆံရှိရင် ဒီပန်းချီကားကို ဝယ်လိုက်မှာ။ ကြည့်ပါဦး ဘယ်လောက်တောင်လှလိုက်သလဲ!"

မော့ချူးနှုတ်ခမ်းထောင့်မှာ ဆတ်ခနဲ လှုပ်ရှားသွားသည်။ လှတယ်...လှတယ်?

ဒါက ဘယ်နားကနေ ရောက်လာတာလဲ?

နွားထီးငါးကောင်ပန်းချီကား မူရင်းက ဘယ်လိုပုံစံလဲဆိုတာတော့ မော့ချူးမသိပေမယ့် သူမရှေ့မှာရှိတဲ့ ဒီတစ်ခုလိုမျိုး ထူးဆန်းတဲ့ဟာမျိုး မဟုတ်ဘူးဆိုတာတော့ သေချာသည်။ နဖူးမှာ ချိုချွန်ချွန်ကြီးနဲ့အဲ့ဒါက ဘာကြီးလဲလို့? အဲဒါ unicorn လား? ဒီလို ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်းနွားမျိုး ဘယ်မှာရှိလို့လဲ?

သူမရှေ့က ဒီနာမည်ကြီးပန်းချီကားက အတုကြီးမှန်းသိသာနေတာကို! ပြီးတော့ ဒီအတုလုပ်ထားတာက အရမ်းသတိလက်လွတ်ဖြစ်တာပဲ။ အနုပညာအငွေ့အသက်ကို မပြောနဲ့ဦး အနည်းဆုံး နွားပုံစံကိုတော့ မှန်မှန်ကန်ကန် ဆွဲထားသင့်တယ်လေ!

ကံကောင်းထောက်မစွာနဲ့ ဒီပန်းချီကားကို ဝေ လေလံတင်ထားတာ မဟုတ်လို့ပင်။ မဟုတ်ရင် မော့ချူးအနေနဲ့ ကိစ္စတွေကို ကိုင်တွယ်နိုင်တဲ့ သူ့အရည်အချင်းကို သံသယဖြစ်မိမှာ ဖြစ်သည်။

လေလံတွေ ဆက်ဆွဲနေကြကာ ဈေးမှာ ဖက်ဒရယ်ဒင်္ဂါးသန်း ၅၀ ကနေ သန်း ၁၀၀ အထိ တိုးလာခဲ့သည်။ ကြည့်ရတာအများကြီး ထပ်တိုးလောက်ဦးမည်ပင်။

All Chapters