← Chapters

အပိုင်း ၁၇၅

Vol. 12 Ch. 175

အပိုင်း ၁၇၅

Vol. 12 Ch. 175

ဒါကိုကြားတော့ မော့ချူးမနေနိုင်ဘဲ လေအေးတွေရှူလိုက်မိသည်။ သူမ ခေါင်းကို တိတ်တဆိတ် ခါလိုက်သည်။ မူရင်းပန်းချီကို ဒီစျေးနဲ့ဝယ်ချင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် အတုကိုဝယ်ချင်နေတာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ?

"ဒီပန်းချီကို အတုလို့ မင်းဘာလို့ထင်တာလဲ?" ရုတ်တရက် သူမဘေးနားရှိ လူတစ်ယောက်က မော့ချူးဘက်ကိုလှည့်ကာ ခပ်တိုးတိုးပြောလာသည်။

"သေချာပေါက် အဲဒါက အတုပဲ!" မော့ချူးက မတုံ့ပြန်ခင် အခိုင်အမာခေါင်းခါလိုက်သည်။

"အဲ့ဒီလိုလား?" သူမဘေးနားရှိလူက ရယ်လိုက်အခါ မော့ချူး လှည့်ကြည့်လိုက်က်သည်။ သေစမ်း! နောက်လူချောလေးတစ်ယောက်!

နျဉ်ယွိယွမ်၏ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည့်ပုံစံနှင့် ခြားနားစွာ ဒီလူကတော့ ဖော်မပြနိုင်တဲ့ နတ်ဆိုးဆန်မှုကို သယ်ဆောင်ထားသည်။ ဒီအရောင်အဝါက ရိုးရိုးရှင်းရှင်းကို သူ့အရိုးထဲက‌နေ ထွက်လာတာဖြစ်သည်။ အဲ့ဒါက သူ့ရဲ့အရောင်အဝါတစ်ခုလုံးနှင့် ပေါင်းစပ်လုနီးပါးဖြစ်ကာ လူတွေရဲ့ စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်သည်။

အရင်က မော့ချူးဖြင်ဖူးသည့် ချင်ရှန့်ဆိုလျှင် နတ်သူငယ်တစ်ပါးလို သန့်စင် ချောမောတာဖြစ်သည်။ သူမရှေ့ရှိ ဒီလူကတော့ အန္တရာယ်များကာ သွေးဆောင်ဖျားယောင်းတတ်သည့် စေတန်တစ်ယောက်ဖြစ်သည်။

"တိုက်ဆိုင်လိုက်တာ၊ ငါလည်း ဒီလိုပဲ ထင်တယ်" မော့ချူးဘေးတွင် ထိုင်‌နေတဲ့အာလန်ရဲ့ နှုတ်ခမ်းတွေက နည်းနည်းတွန့်ကွေးသွားသည်။ အဲ့ဒီလိုမှော်ဆန်လှတဲ့ အငွေ့အသက်ဟာ ပိုပိုပြီးပြင်းထန်လာကာ မော့ချူးမှာအသက်ရှူတောင်မဝတော့ပေ။

မိုက်ကယ်မိသားစုရှိ လက်ရှိမျိုးဆက်၏ အကြီးဆုံးသားဖြစ်သည့် အာလန်က ငယ်စဉ်ကတည်းက လေ့ကျင့်မှုအမျိုးမျိုးကို ခံယူခဲ့ရသည်။ ဒီလိုပန်းချီကားတစ်ချပ်ကို ခွဲခြားနိုင်တာက ပြဿနာမဟုတ်ပေ။

ဒီပန်းချီကား အတုယူလုပ်ထားတာက အရမ်းအောင်မြင်ကြောင်းကိုတော့ သူဝန်ခံရမည်။ စုတ်ချက်ဖြစ်ဖြစ် ဆွဲတဲ့ပုံစံဖြစ်ဖြစ်၊ ရှေးခေတ်စာအုပ်တွေမှာ ဖော်ပြထားတဲ့ ပုံစံနဲ့ အရမ်းဆင်တူသည်။ သို့သော် ပန်းချီဆွဲသည့် စာရွက်ပေါ်တွင် ချို့ယွင်းချက် ရှိနေသည်။ ရှေးခေတ်က ပန်းချီဆွဲသည့်စာရွက်တွေကို သစ်ပင်နဲ့လုပ်ထားတယ်ဆိုတာကိုတော့ သိထားရမည်ပင်။ အဖွဲ့ချုပ်တွင် သာမာန်အပင်များ ပျောက်ကွယ်သွားသည်မှာကြာမြင့်ပြီဖြစ်တာကြောင့် ပန်းချီရေးဆွဲထားသည့် စာရွက်ဟာ အပြစ်အနာအဆာတွေကို ထုတ်ဖော်ဖို့အတွက် အလွယ်ကူဆုံးဖြစ်သည်။

သို့ပေမယ့် သူတို့ရဲ့နံပါတ်ပြားတွေကို စိတ်အားထက်သန်စွာနဲ့ မြှောက်နေကြတဲ့ ငတုံးအုပ်စုကို ကြည့်ရင်း အာလန် ရယ်ချင်သည့်ပုံဖြင့် သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။ သူ့အကြည့်ထဲတွင်တော့ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ စောစောကသာ သူသိခဲ့ရင် ဒီငတုံးအုပ်စုနဲ့ မပေါင်းမိအောင် အပေါ်ထပ်က သီးသန့်ခန်းကိုဘဲ သူသွားခဲ့မိမှာ။ ဒါက သူ့စတိုင်ကိုနိမ့်ကျသွားစေသည်။

အာလန် ထထွက်သွားခါနီးမှာ သူ့ဘေးနားက ကလေးမလေးရဲ့ မျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုတဲ့ အကြည့်ကို ရုတ်တရက် မြင်လိုက်ရသည်။ ရုတ်တရက် သူစိတ်ဝင်စားလာကာ ခေါင်းကိုတစ်ဖက်စောင်းရင်း မေးလိုက်သည်။ ဒီကလေးမလေးက ‌အဖြေတိတိကျကျပေးလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။

မော့ချူးကို သေသေချာချာ အကဲဖြတ်ကြည့်ပြီးတဲ့နောက်မှာ အာလန်ရဲ့နှုတ်ခမ်းထောင့်ရှိ အပြုံးဟာ ပိုလို့တောင်နက်ရှိုင်းလာသည်။ ဒီကလေးမလေးက ကြောင်တောင်တောင်ပုံပေါက်ပေမယ့် သူ့အကြိုက်ကတော့မဆိုးဘူးပဲ!

နောက်ဆုံးတော့ ညစ်ညမ်းလှသည့်လေထုကို သည်းမခံနိုင်တော့တဲ့အတွက် အာလန် မတ်တပ်ထရပ်လိုက်သည်။ သူဟာ သီးသန့်ခန်းရဲ့ တိတ်ဆိတ်နေမှုကို ကျင့်သားရနေပြီဖြစ်ကာ ဒီလိုအသံတွေက သူ့ကိုခေါင်းကိုက်လာစေသည်။ သူက ရိုးရိုးရှင်းရှင်း လျှောက်ထွက်လာလိုက်ပြီး သူ့ဘေးနားက လက်ထောက်ကို ညွှန်ကြားလိုက်သည်။ "ခဏနေ ဝေ လေလံတင်မယ့် အချိန်ကျရင် ငါ့ကိုလာခေါ်လိုက်"

“ဟုတ်ကဲ့ပါ" လက်ထောက်က လေးလေးစားစားဖြင့် ခေါင်းညိတ်လိုက်သည်။

နောက်ဆက်တွဲလေလံဆွဲတာတွေက ပိုပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းလာသည်။ မော့ချူးမှာ ရိုးရိုရှင်းရှင်းကို အံ့ဩမင်သက်သွားရသည်။

“နောက်ထပ် ပစ္စည်းနှစ်မျိုးကတော့ " လေလံတင်သူ၏နှုတ်ခမ်းမှ အပြုံးဟာ ပိုနက်ရှိုင်းလာသည်။ “ မိုက်ကယ်မိသားစုက ဒုတိယသခင်လေး Mr.ဝေ ယူလာတာပဲ ဖြစ်ပါတယ်။ အားလုံးဘဲ သိချင်နေကြလိမ့်မယ်ဆိုတာ သေချာပါတယ်”

မိုက်ကယ်မိသားစုက အပြင်တွင်နာမည်ကြီးပေမယ့် သူတို့မိသားစုက အရမ်းသိုသိပ်ကာ လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ဒီတစ်ခေါက်တော့ သူတို့အနေနဲ့ ဒီလေလံပွဲတွင် မိုက်ကယ်မိသားစု၏ ဒုတိယသခင်လေးအား အမှန်တကယ် တွေ့ရတော့မည်ဖြစ်သည်။ ဒီဟာက အရမ်းထူးခြားတယ်လို့ ယူဆနိုင်သည်။ ထုံးစံအတိုင်း လူတိုင်း အံကြိတ်ကာ မျက်လုံးပြူးထားကြသည်။

"ပထမပစ္စည်းကတော့ လက်ကောက်ပါ" ဘာမှမရှိတဲ့အချက်အလက် အပိုင်းအစကိုကိုင်ကာ အတွေ့အကြုံရှိတဲ့ လေလံရောင်းချသူတောင် ဘာပြောရမှန်းမသိဖြစ်သွားရသည်။ သူ့အနေနဲ့အချက်အလက်ပေါ်က စကားလုံးတွေကို ရှုံ့မဲ့မဲ့နဲ့ ဖတ်ဖို့ဘဲတတ်နိုင်တော့သည်။ "ကြမ်းခင်းဈေးကတော့ ဖက်ဒရယ်ဒင်္ဂါး ၁ ပြားပါ။ လေလံတစ်ခုစီအတွက် စျေးနှုန်းက ဒင်္ဂါးပြား ၁၀ ပြား တိုးပါမယ်"

အယ်? တစ်ခုခုမှားနေတာများလား?

ဒီလေလံပွဲတွင် အနိမ့်ဆုံးကြမ်းခင်းဈေးဟာ အမြဲတမ်း ဖက်ဒရယ်ဒင်္ဂါး ၁၀ သန်း ကနေ စတာဖြစ်သည်။ ဒင်္ဂါးပြားတစ်ပြားတန်ဖိုးရှိတဲ့ လက်ကောက်လေးက အခုဘယ်လိုလုပ်ပေါ်လာတာလဲ? ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ?

ဒီလက်ကောက်နဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခုခု ရှိလို့များလား? လှည့်ကွက်တွေ ရှိလောက်မယ်လို့တွေးမိတဲ့ ဝယ်သူက ချက်ချင်း စင်မြင့်ပေါ်က လက်ကောက်ကို ဂရုတစိုက် လှည့်ကြည့်လိုက်သည်။

All Chapters