အပိုင်း ၁၇၆
Vol. 12 Ch. 176
ထိုဟာက အရမ်းရိုးရိုးရှင်းရှင်း အလှဆင်ထားတဲ့လက်ကောက်ဖြစ်သည်။ အဲ့ဒီ သာမန်ဒီဇိုင်းဟာအဖွဲ့ချုပ်တစ်ခုလုံးတွင် ရှိသည်။ သူ့ရဲ့ လက်ရာဟာ အရမ်းကြမ်းထည်ဆန်ကာ တန်ဖိုးလုံးဝ မရှိပေ။
အစမှာ ဝယ်သူတွေလည်း စိတ်ရှုပ်သွားကြသည်။ လေလံတင်တဲ့သူတောင် ဘာပြောရမှန်းမသိဖြစ်နေတာသိသာလှသည်။ သူ့မှာလေလံပွဲကို ကတိုက်ကရိုက်အဆုံးသတ်ချင်တာဘဲသိသည်။ "စျေးနှုန်းကတော့ ဖက်ဒရယ်ဒင်္ဂါးပြား ၁ပြားပါ။ ဈေးပိုပေးမယ့်သူရှိပါသလား?"
"သခင်လေး?" လေလံပွဲ စင်မြင့်ပေါ်တွင်ငြိမ်သက်စွာ ရှိနေသည့် လက်ကောက်ကို ကြည့်ရင်း အာလန့်လက်ထောက်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ “အဲ့ဒီလက်ကောက်က…”
"ဟုတ်တယ်... ငါလည်း အဲ့ဒီလိုဘဲထင်တယ်!" အာလန် ခေါင်းစောင်းလိုက်ကာ သူ့လေသံကရေခဲလိုမျိုး အေးစက်နေသည်။ “ ဝေ မွေးနေ့တုန်း မှတ်မိသေးတယ်။ သူက ငါ့ဆီက မွေးနေ့လက်ဆောင် တောင်းတာ။ အဲဒီတုန်းက ငါကိုယ်တိုင် သူ့အတွက် လက်ကောက်တစ်ခု လုပ်ပေးခဲ့တာ။ အဲ့ဒီကျေးဇူးကန်းတဲ့ကောင်က အဲ့ဒါကို မိန်းကလေးတွေပဲ သုံးတာလို့ မထီမဲ့မြင်ပြုခဲ့သေးတယ်"
"ဒါဆို ဒီလက်ကောက်ကို.....ကျွန်တော်တို့ လေလံဆွဲဦးမလား?" လက်ထောက်က အာလန်ကို မော့မကြည့်ရဲတဲ့အတွက် ခေါင်းငုံ့ပြီးသာမေးလိုက်သည်။
"လေလံဆွဲဖို့? ဒါက ဘယ်နားမှာလေလံဆွဲချင်စရာရှိလို့လဲ?" အာလန်က ပြုံးလိုက်သည်။ “ဒါက ဒီတိုင်းအမှိုက်ဘဲ။ ငါတော့ ဒါက ဖက်ဒရယ်ဒင်္ဂါး ၁ပြားဖြုန်းတီးတာဘဲလို့ ထင်တယ်!"
လက်ထောက်ဟာ အာလန်အနောက်ကို ဆယ်နှစ်နီးပါးလောက် လိုက်ခဲ့ပေမယ့် သူ့အတွေးတွေကိုတော့ သူနားမလည်နိုင်သေးဘူးလို့ ခံစားမိသည်။ သူက အသံခပ်တိုးတိုးနဲ့သာ ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့!”
တစ်ချိန်တည်းမှာဘဲ စင်ပေါ်ကနေ အားတက်စရာအသံတစ်သံ ထွက်လာသည်။ "ကောင်းပြီ၊ တစ်ယောက်ယောက်က ဈေးတိုးပေးလိုက်ပါပြီ!"
နောက်ဆုံးတော့ one-man ရှိုးမဖြစ်နေတော့ပေ။ လေလံတင်သူလည်း စိတ်သက်သာရာရစွာဖြင့်သက်ပြင်းတစ်ချက် ချလိုက်မိသည်။
အာလန် ခေါင်းအသာမော့ကာ နံပတ်ပြားကိုင်ထားတဲ့ မိန်းကလေးကို ကြည့်လိုက်သည်။ အဲ့ဒီကောင်မလေးကို စောစောတုန်းကတင် သူ စိတ်ဝင်စားမိလိုက်သေးသည်။ သူ့မျက်လုံးတွေ မနေနိုင်ဘဲ အနည်းငယ် လှုပ်ခါသွားသည်။
"ကောင်းပါပြီ၊ အခုဆိုရင်တော့ ဒီလက်ကောက်ရဲ့စျေးနှုန်းဟာ ဖက်ဒရယ်ဒင်္ဂါးပြား ၁၁ ပြားဖြစ်သွားပါပြီ" နဖူးပေါ်က ချွေးတွေကို သုတ်ရင်း ဒီအလုပ်ကို ကိုင်တွယ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ သူ့ကိုယ်သူအမြဲခံစားခဲ့ရတဲ့ လေလံတင်သူမှာ သူ့နှလုံးသားလေးကို ပွတ်သပ်လိုက်သည်။ အခြေအနေက အရမ်းကိုးရိုးကားရားနိုင်တယ်လို့ သူခံစားရတာ ပထမဆုံးအကြိမ်ပင်။ "ဈေးတက်ချင်တဲ့သူရှိပါသလား"
ပရိတ်သတ်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သုံးစက္ကန့်ကြာ တိတ်ဆိတ်သွားပြီးနောက် စင်မြင့်ပေါ်ရှိ လေလံတင်သူက အဝိုင်းပြားလေးကို တစ်ကြိမ် ထပ်မံခေါက်လိုက်သည်။ ပြောလာတဲ့ သူ့လေသံထဲက စိတ်အေးလက်အေး ဖြစ်သွားသည်။ “ကောင်းပါပြီ! ဒီလက်ကောက်ကို ဒီအမျိုးသမီးလေးက ပိုင်သွားပါပြီ။ ဂုဏ်ပြုပါတယ်!”
သူ့ညီမလေးက ဒီလက်ကောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဝတ်နေတာကို မြင်တော့ မော့ယန်မှာ နည်းနည်း ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ “ဒါကအရမ်းအကြမ်းထည်ဆန်တယ်။ ညီမလေး တကယ်ကြိုက်ရင် နောက်တစ်ခါကျရင် အစ်ကို ဒီထက်ပိုကြည့်ကောင်းတာ ဝယ်ပေးမယ်"
“မလိုပါဘူး” မော့ချူးက ခေါင်းခါလိုက်ပြီး “ဒီလက်ကောက်ကို ညီမလေးတော်တော်ကြိုက်တယ်။ ဒါကအစစ်ဘဲ!"
အဝေးတစ်နေရာက ကလေးမလေးရဲ့ပြုံးနေတဲ့ မျက်နှာကို ငေးစိုက်ကြည့်ရင်း အာလန်မနေနိုင်ဘဲပြုံးလိုက်သည်။ “ငါ့ကိုအဲ့ဒါ ကူပြီးစစ်ပေး…”
သူ့စကားမဆုံးခင်မှာဘဲ ဝေ သူ့ဆီလျှောက်လာတာကို အာလန် ရုတ်တရက်မြင်လိုက်ရပြီး သူ့မျက်လုံးတွေ နည်းနည်းအလေးအနက်ဖြစ်သွားသည်။
"အာလန်၊ မင်းက ဒီမှာပဲ" သူတို့နှစ်ဦးဟာ လူတွေမမြင်ရသည့်ထောင့်နားတွင်ရပ်နေကြတာဖြစ်သည်။ ဒီထောင့်ဘက်ကိုသာ လှည့်မကြည့်ရင် တခြားလူအနေနဲ့သူတို့တွေကို မြင်နိုင်မှာ မဟုတ်ပေ။ သူတို့ရဲ့နေရာက အရမ်းပုန်းလျှိုးကွယ်လျှိုးဖြစ်နေသည်။
"ဘာလဲ မင်းက ငါ့ကို အစ်ကိုကြီးလို့တောင် မခေါ်တော့ဘူးလား?" အာလန် ခေါင်းလှန်လိုက်ကာ သူ့မျက်လုံးတွေထဲမှာတော့ လှောင်ပြောင်ချင်တဲ့ အရိပ်အယောင်တွေရှိနေသည်။
"ငါ့ကိုသတ်မယ့် အကိုကြီးလား?" ဟာသတစ်ခုကြားလိုက်ရသလိုမျိုး ဝေရဲ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ ခါးသီးတဲ့အရိပ်အယောင်တွေရှိနေသည်။
"ကျွတ်စ် ကျွတ်စ်" အာလန်ရဲ့မျက်နှာပေါ်ရှိအပြုံးဟာ ပျောက်ကွယ်သွားပြီး သူ့မျက်လုံးတွေက အနည်းငယ် ဖြတ်ခနဲလက်သွားသည်။ "ဒါဆို? အခု မင်း ငါ့ကို သတ်တော့မှာလား?"
"ဟားဟား!" ဝေရဲ့ အဖြေကို မစောင့်ဘဲ၊ အာလန်က သူ့ဘာသာ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကာ သူ့လေသံက စိတ်ကြီးဝင်ကာ စိတ်မပါဟန်ဖြင့်ပြောလာသည်။ "မင်းကိုယ်တိုင်နဲ့လား?"
“မင်းက ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ လက်ကောက်တစ်ခုကို လေလံတင်ရောင်းဖို့တောင် ထုတ်လာလိုက်သေတယ်။ ငါတို့ မိုက်ခ်မိသားစုကို အရှက်ရစေရုံနဲ့ မလုံလောက်သေးဘူးလို့ မင်းထင်နေတာလား?"
“ဟောင်းနွမ်းစုတ်ပြတ်နေတဲ့နေတဲ့လက်ကောက်…” ဝေ ကသူ့မျက်နှာကို သုတ်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ “မှန်တယ်၊ ဒါက ဟောင်းနွမ်းစုတ်ပြတ်နေတဲ့လက်ကောက်ပဲ။ ငါကန်းနေခဲ့လို့ အဲ့ဒါကိုဆယ်နှစ်ကျော်လောက် အမြတ်တနိုးတန်ဖိုးထားခဲ့မိတာဘဲ!"
တစ်ဖက်မှာရှိတဲ့ လက်ထောက်က ဒါကိုမြင်တော့ တစ်ဖက်ကို ရွှေ့လိုက်သည်။ သူ့ကိုဦးတည်ပြောတာမဟုတ်တဲ့ စကားလုံးတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ သူသိသင့်သည်။