← Chapters

အပိုင်း ၁၇၇

Vol. 12 Ch. 177

အပိုင်း ၁၇၇

Vol. 12 Ch. 177

"ငါက မင်း ကောင်းကောင်းကန်းကန်းတစ်ခုခုများ ထုတ်လာမယ်လို့ ထင်ထားတာ" အာလန်က ဝေ ကို အေးစက်စွာပြုံးပြလိုက်သည်။ အာလန်၏ လေသံထဲတွင် အခိုင်အမာကို ရှုံ့ချချင်စိတ်တွေ ပါနေသည်။ “ဒီလိုမှန်းသိရင် အိမ်မှာပဲ အိပ်နေတော့မှာပေါ့။ ငါ့ရဲ့ အဖိုးတန်အချိန်တွေကို ဘယ်လိုတောင်ဖြုန်းတီးပစ်လိုက်သလဲ!"

“စိတ်မပူပါနဲ့” ဝေရဲ့ အမူအရာက ရုတ်တရက်တင်းမာလာကာ သူ့အကြည့်တွေက အနည်းငယ် အေးစက်သွားသည်။ "လေလံပွဲမှာ နောက်ထွက်လာမယ့်ပစ္စည်းက မင်းလာရတန်လိမ့်မယ်လို့ ငါယုံတယ်"

“ထင်တာပါပဲ" အာလန်က အေးစက်စွာဖြင့်ပြန်ပြောလိုက်သည်။

ဒီအချိန်မှာ ဝေရဲ့ ဒုတိယမြောက် ပစ္စည်းကို စင်ပေါ်သို့ယူလာသည်။

အမြဲတမ်းအတွေ့အကြုံရှိခဲ့တဲ့ လေလံတင်သူဟာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ ပထမပစ္စည်းကတော့ တကယ်ကို မထင်မှတ်ထားတာပင်။ ဒါက မိုက်ခ်မိသားစုရဲ့ စတိုင်လုံးဝ မဟုတ်ပေ။ သူ့ဘာသာသူ တွေးလိုက်မိသည် .... နောက်လာမယ့် ပစ္စည်းက ဘာများဖြစ်မလဲ ?

ပစ္စည်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို သေချာစေရန်အတွက် လေလံတင်သူက နောက်ဆုံးအခိုက်အတန့်တွင်မှ ပစ္စည်းနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်ကို ရရှိမည်ဖြစ်သည်။ ဒီအချိန်မှာ သူကစာရွက်ပါးပါးလေးတစ်ရွက်ကို ကိုင်ထားသည်။ စင်မြင့်ပေါ်မှ လေလံတင်သူဟာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူ့အကြည့်တွေက အကြောင်းအရာကစကားလုံးတွေအပေါ် ဖြတ်ပြေးသွားသည်။ လေလံတင်သူဟာ စောစောကလို မစိုးရိမ်နေတော့ပေ။ သူ့တွင် တုန်လှုပ်ချောက်ချားမှုတွေဖြင့် ပြည့်နှက်သွားတော့သည်။ အတော်ကြာတဲ့အထိ သူအံ့ဩထိတ်လန့်ရလွန်းလို့ စကားတောင်မပြောနိုင်တော့ပေ။

အောက်မှဝယ်သူတွေလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားကြသည်။ သူတို့က ဒီလိုမျိုးကို စောင့်မျှော်နေတာဖြစ်သည်။ သို့သော်လည်း လက်ကောက် အဖြစ်အပျက်ပြီးတဲ့နောက် သူတို့ရဲ့ မျှော်လင့်နေမှုများဟာလည်း တော်တော်လေးလျော့ကျသွားပြီဖြစ်သည်။ သို့သော်လည်း လေလံတင်သူ၏ အံ့သြ‌ နေတဲ့အကြည့်ကို မြင်လိုက်ရတဲ့အခါ သူတို့ရဲ့ စူးစမ်းလိုစိတ်က ထပ်ပြီး ပေါ်ထွက်လာပြန်သည်။ အိုက်ယား ? ဒီလေလံပစ္စည်းက ရှားပါးရတနာများလား?

"အဟမ်း!" အောက်က ဝန်ထမ်းတွေက နှစ်ကြိမ်လောက်ချောင်းဟန့်လိုက်ကာ စင်ပေါ်ရှိ လေလံတင်သူကိုအကြည့်တစ်ချက်ပေးလိုက်သည်။ ဒီလိုအမှားမျိုး မပေါ်လာသင့်ဘူး။ ဒါပေမယ့် အောက်က မိတ်ဆက်အကြောင်းအရာကို ကြားလိုက်ရတဲ့အခါ လေလံတင်သူအံ့အားသင့်သွားရတဲ့ အကြောင်းရင်းကို သူတို့ချက်ခြင်း သဘောပေါက်သွားကြသည်။

“ဒီတစ်ခါတော့ Mr. ဝေ ကျွန်တော်တို့ဆီကို ယူလာတဲ့ပစ္စည်းကတော့…” လေလံဆွဲသူက အသံရှည်ဆွဲလိုက်သည်။ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။ သူ့လေသံက အရင်ကထက်တောင် အများကြီးပိုမြင့်နေသည်။ "ဒီတစ်လော စတားနက်မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ စိတ်ဝိညာဉ်ဟင်းလျာသုံးမျိုး ဖြစ်ပါတယ်!"

လေလံတင်သူ ပြောပြီးသွားတာနဲ့ လေလံပွဲခန်းမတစ်ခုလုံး စကားပြောသံတွေနှင့်အတူ ပေါက်ကွဲသွားတော့သည်။

စိတ်ဝိညာဉ်ဟင်းလျာ? စိတ်ဝိညာဉ်အစားအသောက်ဆိုင်က စိတ်ဝိညာဉ်ဟင်းလျာ တကယ်ကြီးလား?

သေစမ်း! မိုက်ခ်မိသားစုရဲ့ ဒုတိယသခင်လေးက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ဒီလိုအရာထိတောင် သူလက်လှမ်းနိုင်တာဘဲ! သူက အဲ့ဒါတွေကို ရလာတာတင်မကဘူး လေလံတင်ရောင်းချဖို့တောင် ဆန္ဒရှိသေးတယ်။ သူရူးနေတာများလား?

အခုချိန်မှာ ဒီစိတ်ဝိညာဉ်အစားအသောက်တွေကို ရရှိဖို့ဆိုတာ အရမ်းခက်ခဲသည်။ အဆင့်မြင့်သိုက်ရှန့်က ကတိပေးစာရဲ့ အကျိုးသက်ရောက်မှုဟာ သဘာဝအလျောက် သံသယဝင်စရာမရှိပေ။ သို့ပေမယ့် အဓိကအချက်မှာ အဲ့ဒါကို ဝယ်လို့မရတာဖြစ်သည်။ မရေမတွက်နိုင်တဲ့လူတွေဟာ ဒီစိတ်ဝိညာဉ်အစားအသောက်ဆိုင် ပိုင်ရှင်ကို စိတ်ထဲတွင် ကျိန်ဆဲနေခဲ့ကြသည်။ သူက တစ်လလျှင် စိတ်ဝိညာဉ်အစားအသောက်တွေကိုငါးပွဲသာ ရောင်းချသည်။ အဲ့ဒါက အသက်ရှူကျပ်ချင်စရာ မဟုတ်ဘူးလား?

ဒီလိုသာ တကယ်ဖြစ်ခဲ့ရင် ကောင်းမှာပင်။ သို့သော် ဆိုင်ပိုင်ရှင်က တားမြစ်မိန့် ထုတ်ထားသေးသည်။ တစ်ကြိမ်ဝယ်ပြီးတဲ့သူဟာ နောက်တစ်ခေါက်ထပ်ဝယ်လို့မရတော့ပေ။ သူတို့ ဘယ်လိုလုပ်လိုလားနိုင်မှာလဲ? ဒါပေမယ့် ဒီဆိုင်ပိုင်ရှင်က အရမ်းဉာဏ်နီဉာဏ်နက်များသည်။ ကျွမ်းကျင်သူ အများအပြားက ရှာဖွေခဲ့ကြပေမယ့် သူ့အချက်အလက်ကို ရှာတွေ့ဖို့နေနေသာသာ သူ့ရဲ့တည်နေရာကိုတောင် ရှာမတွေ့ပါချေ။

ဒီနေ့ လေလံပွဲမှာဒီလိုမျိုး ရုတ်တရက်ကြီးပေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ? ဒါက အရမ်းအံ့သြဖို့ကောင်းလွန်းသည်။

“ကြမ်းခင်းဈေးကတော့ ဟင်းလျာတစ်ပွဲကို ဖက်ဒရယ်ဒင်္ဂါးပြား ၅၀၀,၀၀၀ ပါ” ဒီစျေးနှုန်းဟာ စတားနက်ကစျေးနှုန်းထက် ဆယ်ဆပိုမိုစျေးကြီးပေမယ့် ဒီငွေနည်းနည်းလောက်က သူတို့မျက်စိထဲတွင်တော့ ထုတ်ပြောဖို့တောင်မတန်ပေ။

စျေးနှုန်းသည်လျင်မြန်စွာ မြင့်တက်လာပြီး တစ်မိနစ်အတွင်းတွင် ဟင်းလျာတစ်ပွဲကို ဖက်ဒရယ်ဒင်္ဂါးပြား ၁၀ သန်းအထိ တိုးလာသည်။

သူမဘေးနားက လူတွေကြောင့်သာမဟုတ်ရင် မော့ချူးရဲ့ နှုတ်ခမ်း‌ထောင့်တွေက ဒီအချိန်မှာ အပြုံးပန်းတွေ ပွင့်နေမှာပင်။

၁၀ သန်းတဲ့လေ! ဟင်းသုံးပွဲဆို သန်း ၃၀ ပဲ! လေလံပွဲကိုယူလာမယ့် ဒီစိတ်ဝိညာဉ် အစားအသောက်တွေရဲ့စျေးနှုန်း မြင့်တက်လာမှာကို သူမ သိပေမယ့် ဒီလောက်ထိတ်လန့်စရာကောင်းတဲ့အဆင့်အထိ တိုးလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါ‌ချေ။ မော့ချူးက ရိုးရိုးရှင်းရှင်းကို လုံးဝချမ်းသာတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲသွားတော့သည်။

"...စိတ်ဝိညာဉ်ဟင်းလျာ?" လေလံအိမ်ရှိ စိတ်အားထက်သန်နေကြသည့်လေထုကို ကြည့်ရင်း အာလန်ရဲ့ နှုတ်ခမ်းထောင့်တွေက မနေနိုင်ဘဲ အနည်းငယ် ကွေးညွှတ်သွားသည်။ "မဆိုးပါဘူး၊ နောက်ဆုံးတော့ မင်းမှာ အရည်အချင်းအစစ်အမှန်တွေ ရှိသားပဲ?"

တကယ်တော့ သူ့အပြုံးထဲတွင် သတ်ဖြတ်လိုတဲ့အရိပ်အယောင်တွေ ပါနေသည်။ "ဒီလိုဆိုတော့လည်း မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းပြည့်မှီသားပဲ။ ငါ့ရဲ့တော်လိုက်တဲ့ညီလေးရေ!"

All Chapters