← Chapters

အပိုင်း ၁၇၉

Vol. 12 Ch. 179

အပိုင်း ၁၇၉

Vol. 12 Ch. 179

ဝေ နဲ့ တွေ့ချင်သူတွေ အားလုံးကအတူတူပင်။ သူတို့အားလုံးက သူ့ဆီကနေ စိတ်ဝိညာဉ်အစားအစာရဲ့ အရင်းအမြစ်ကို ရယူချင်နေကြတာမဟုတ်လား?

ဝေ အနေနဲ့ သူတို့တွေနဲ့ တစ်ယောက်ပြီးတစ်ယောက်တွေ့ဖို့ အားမရှိပါချေ။ သူက ရိုးရိုးရှင်းရှင်းဘဲ သူတို့တွေကိုစုလိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “စိတ်ဝိညာဉ်အစားအစာရဲ့ အရင်းအမြစ်နဲ့ပတ်သတ်ပြီး ကျွန်တော် ကတိပေးထားပါတယ်။ ကျွန်တော်သေရင်တောင် အချက်အလက်တွေ ပေါက်ကြားလာမှာမဟုတ်ပါဘူး!"

ဝေရဲ့ မျက်နှာပေါ်က ပြတ်သားတဲ့အကြည့်ကိုမြင်လိုက်ရတော့ သူနဲ့တွေ့ရန်တောင်းဆိုနေကြတဲ့သူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒီစိတ်ကူးကို စွန့်လွှတ်လိုက်ရတော့မယ့်ပုံပင်။

“ဒါပေမယ့်…” ဝေက အသာပြုံးကာ အကြောင်းအရာကို ပြောင်းလိုက်သည်။ “ ကျွန်တော် တခြားသူတွေနဲ့ သဘောတူညီမှု ရထားပြီးသားပါ။ အခုကနေစပြီး ကျွန်တော်က စိတ်ဝိညာဉ်အစားအစာကို လေလံတင်ပေးမယ့် ကိုယ်စားလှယ် ဖြစ်သွားပါပြီ။ အနာဂတ်မှာ အားလုံးက ကျွန်တော့်ကို အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဝေ ဒီလိုပြောပြီးမှဘဲ အားလုံးက နောက်ဆုံးမှာ ပြုံးလာကြသည်။ ကောင်းတယ်၊ ကောင်းတယ်! စိတ်ဝိညာဉ်အစားအစာက ဘယ်ကလာလဲဆိုတာကို မေ့ထားလိုက်ဦး အဲ့ဒါကို အဆက်မပြတ် ထုတ်လုပ်ပေးနေနိုင်သရွေ့ ဒါကသတင်းကောင်းပဲ!

“ဒါပေါ့၊ ကျွန်တော်တို့တွေ အနာဂတ်မှာ တစ်ယောက်ကို တစ်ယောက် ကူညီကြတာ‌ပေါ့” လူအနည်းစုက မျက်လုံးလှိမ့်လိုက်ကာ ချက်ချင်း အပြုံးတစ်ပွင့်တပ်လိုက်ကြသည်။ မိုက်ကယ်မိသားစုရဲ့ ဒုတိယသခင်လေးကို အခုချိန်မှာ သူတို့အားပေးရမယ့်ပုံဘဲ!

အရင်တုန်းကတော့ ဒုတိယသခင်လေးက သေခါနီးပြီလို့ ပြောကြတယ်။ အခုကျတော့ သူက တက်တက်ကြွကြွဘဲ။ သူက မသေရုံတင်မကဘူး ဒီစိတ်ဝိညာဉ်အစားအသောက်ဆိုင်ပိုင်ရှင်နဲ့တောင် ပူးပေါင်းလိုက်သေးတယ်။ သူတကယ် ကံကောင်းတာပဲ!

ဒီစိတ်ဝိညာဉ်ဟင်းလျာသုံးပွဲကို အဖွဲ့ချုပ်ရဲ့မိသားစုကြီးတွေက ဝယ်ယူခဲ့ကြသည်။ အခြေခံအားဖြင့် အားလုံးကို မိသားစုရှိ သက်ကြီးရွယ်အိုတွေကို ပေးကြသည်။

"ဒါပဲလား?" ချင်သာ့ဖုန်ဟာ ချင်မိသားစုတွင် အမြင့်ဆုံး ကျင့်ကြံသူဖြစ်သည်။ အများအားဖြင့်၊ သူဟာ အိုမင်းတဲ့ကောင်ဆိုးလေးလိုမျိုး ဖော်ရွေကာ စိတ်ဝင်စားစရာကောင်းလှသည်။ သူ့ရဲ့သားမြေးတွေက ဒီစိတ်ဝိညာဉ်အစားအစာကိုဝယ်ပြီးသွားတာနဲ့ တပြိုင်နက် သူ့ဆီချက်ချင်း ပို့ကြသည်။ “ဟုတ်တယ်၊ ငါ မင်းကိုပြောနေတာ၊ ဒီ စိတ်ဝိညာဉ်အစားအစာက အခုအင်တာနက်မှာ အရမ်းရေပန်းစားနေတာ။ မင်းမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး!"

“အင်း ကျွန်တော့်အတွက် ဝေစုရဖို့တောင် မလွယ်ဘူး” ချင်ယွဲ့က သူ့နှုတ်ခမ်းတွေကို လျက်ကာ ပြုံးလိုက်သည်။ တကယ်တော့ ဒီပိုက်ဆံတွေကို ချင်ရှန့် ပေးခဲ့တာဖြစ်သည်။ သူက အခုမှပြေးထွက်လာတာဖြစ်သည်။ “ကျွန်တော် ချက်ချင်း အဖိုးဆီလာပို့ပေးတာ၊ မြည်းကြည့်ကြည့်!"

"ဒီဟာက စားလို့ရတာလား?" ချင်သာ့ဖုန် နှာခေါင်းကို အစားအစာနားကပ်ကာ အနံ့ခံလိုက်သည်။ “အနံ့ကတော့ တော်တော်ကောင်းတယ်၊ ဒါပေမယ့် ပုံစံက အရမ်းရုပ်ဆိုးတာဘဲ။ မည်းနေတာဘဲ၊ ကြည့်လို့မကောင်းဘူး!"

ချင်ယွဲ့ ဝယ်ခဲ့တဲ့ စိတ်ဝိညာဉ်ဟင်းလျာက ငွေပုန်းငါးကင်ဖြစ်သည်။ ပုံပန်းသဏ္ဍာန်အားဖြင့်တော့ မကောင်းပေမယ့် အရသာကတော့ ကောင်းသည်။

လူအိုကြီး ငါးတစ်ဖဲ့စားလိုက်တော့ သူ့မျက်နှာပေါ်က မထီမဲ့မြင်ပြုနေတဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ "ဒီ....ဒီအရသာက အရမ်းကောင်းတာဘဲ!"

ဘယ်သူမှ သူနဲ့လုမစားနေဘူးဆိုတာ သိသာပေမယ့် သူရဲ့လက်လှုပ်ရှားမှုတွေကတော့ မြန်သထက်မြန်လာသည်။ “လူအိုကြီးတစ်ယောက်အနေနဲ့ ငါ အနှစ် ၂၀၀ နီးပါးနေလာခဲ့ပေမယ့် ဒီလိုအရသာမျိုး မြည်းကြည့်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ မဆိုးဘူး ကလေး!”

ဒီလိုပြောပြီး ချင်သာ့ဖုန်က ချင်ယွဲ့ရဲ့ပခုံးကို ပုတ်လိုက်တော့၊ အဲ့ဒီခွန်အားက ချင်ယွဲ့ကိုပါ တုန်ခါသွားစေသည်။ ဒီလုပ်ရပ်က.....မျိုးရိုးလိုက်တဲ့ပုံပဲ!

"အရသာရှိလား?" ချင်ယွဲ့က တစ်ခါစားလျှင်ပါးစပ်အပြည့်စားကာ အရိုးတွေကိုသာ ထွေးထုတ်နေတဲ့ သူ့အဘိုးကို ကြည့်နေသည်။ ကျန်တဲ့ငါးအသားတွေကိုတော့ စားလိုက်တာပြောင်သွားပြီ! အဲ့ဒါက သူ့ကိုလည်း ဗိုက်ဆာလာစေသည်။ "အင်း၊ ကျွန်တော်ရော နည်းနည်းမြည်းကြည့်လို့ရမလား?"

ဒါကိုကြားတော့ အစောလေးကတင် သဘောတကျဖြစ်နေတဲ့ အဘိုးအိုက အမူအရာ ပြောင်းသွားသည်။ သူက ငါးကင်ပန်းကန်ပြားကို သူ့ရင်ခွင်ထဲ အမြန်ထည့်လိုက်ပြီး ချင်ယွဲ့ကို စိုက်ကြည့်လိုက်သည်။ "မင်း သစ္စာမရှိတဲ့မြေး၊ ငါ့လို လူအိုကြီးဆီကနေတောင် ခိုးချင်သေးတယ်။ ယုံချင်ယုံ မယုံချင်နေ ငါ မင်းကိုသေအောင် သတ်မယ်!"

ဒီလိုပြောပြီးတာနဲ့ ငါးကင်ကို သူ့ပါးစပ်ထဲထည့်လိုက်သည်။

ချင်ယွဲ့မှာ ငိုချင်ပေမယ့် မျက်ရည်မထွက်လာပေ။ "အဖိုးကို ဒီငါးကင်ပေးခဲ့တာ ကျွန်တော်လေ! နည်းနည်းလေးတောင်စားလို့မရဘူးလား?"

"စိတ်မဝင်စားဘူး!" ချင်သာ့ဖုန်က သူ့လက်ကိုအရှက်မရှိ ဝှေ့ယမ်းလိုက်သည်။ "ဒါတွေအားလုံးက ငါ့ဥစ္စာပဲ၊ အလစ်သုတ်ဖို့စဉ်းတောင် မစဉ်းစားနဲ့!"

မိနစ်ဝက်မပြည့်ခင်မှာဘဲ ဒီငါးကင်တစ်ပန်းကန်က ပျောက်သွားကာ ငါးအရိုးတွေနဲ့ပြည့်နေတဲ့ ပန်းကန်ပြားတစ်ခုသာ ကျန်ရစ်တော့သည်။

ကျေနပ်စွာနဲ့ လေတက်ပြီးတဲ့နောက်၊ ချင်သာ့ဖုန်သည် ပန်းကန်ပြားကို ချင်ယွဲ့ဆီရက်ရက်ရောရော တွန်းပေးလိုက်သည်။ "မစားချင်ဘူးလား? ဒီမှာ ဒါကမင်းအတွက်ပဲ!"

'ဒီတော့ ငါက ငါးအရိုးတွေပဲ စားချင်နေလို့လား?' ချင်ယွဲ့က ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။ 'မေ့လိုက်တော့!'

“ဘိုးဘေးအိုကြီး၊ ဒါဆို ကျွန်တော် သွားတော့မယ်” ငါးအရိုးတွေကို ကိုင်ထားရင်း ချင်ယွဲ့ လှည့်ထွက်သွားတော့မလို့ပြင်လိုက်ပေမယ့် ချင်သာ့ဖုန်ဆီကနေ အတားခံလိုက်ရသည်။ ပုံမှန်ဆိုရင် အရေထူတတ်တဲ့ အဘိုးအိုက တကယ် ရှက်တတ်သေးကာ သူကစကားတစ်ခွန်းကို ဖျစ်ညှစ်ပြောလာသည်။ “ဒီအရသာက မဆိုးဘူး။ တ...တကယ်လို့ နောင်ကျမင်းမှာ ထပ်ရှိသေးရင် ငါ့ဆီထပ်ယူလာပေး! ငါ ပြောတာကြားလား?" စကားအဆုံးမှာ သူကချက်ချင်းဘဲ ယုံကြည်မှုရှိလာသည်။

ဘိုးဘေးအိုကြီးရဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို ကြည့်ပြီး ချင်ယွဲ့ မနေနိုင်ဘဲပြုံးလိုက်သည်။ သူကအသံခပ်ကြမ်းကြမ်းနဲ့ သဘောတူလိုက်သည်။ "ဒါပေါ့၊ ကိစ္စမရှိပါဘူး!"

ဒါက ကျေးဇူးတင်စကားတစ်ခွန်းသာဖြစ်ပေမယ့် ရှေးဘိုးဘေးအိုကြီးကတော့ အဲ့ဒီလိုပြောဖို့ အခက်အခဲများစွာကို ဖြတ်သန်းလိုက်ရသေးသည်။ တကယ် ချစ်ဖို့ကောင်းတာဘဲ!

"ကောင်းပြီ၊ ကောင်းပြီ၊ မြန်မြန်သွားတော့!" ချင်သာ့ဖုန် သူ့လက်ကို ချင်ယွဲ့အား အထင်အမြင်သေးစွာဖြင့် ဝှေ့ယမ်းပြလိုက်သည်။ "ကလေး၊ မင်းက ငါ့ရဲ့ချင်မိသားစုဝင်တွေလိုမျိုး ဘာလို့ စိတ်ကျေနပ်ရာမကောင်းရတာလဲ?

သို့ပေမယ့် ချင်မိသားစုရဲ့ဘိုးဘေးချင်သာ့ဖုန်ရဲ့ အချစ်ဆုံးမြေးမှာ ချင်ယွဲ့ ဖြစ်ကြောင်း လူတိုင်းသိကြသည်။ တခြားသူသာဆိုရင် ချင်သာ့ဖုန်က သူတို့ကို စကားပြောဖို့မပြောနဲ့ ပြုံးတောင်မပြုံးပြပေ။

“ကောင်းပါပြီ" ဒီစကားကိုကြားတော့ ချင်ယွဲ့ ဒေါသမထွက်သွားပေ။ သူက သူ့ကိုယ်သူ မျိုးရိုးဗီဇပြောင်းနေတဲ့သူလို့ သဘောထားတာလည်း ဖြစ်နိုင်သည်! "ဒါဆို ကျွန်တော်ပြန်တော့မယ်။ နှစ်ရက်နေရင် အဖိုးကိုထပ်ပြီးလာတွေ့မယ်!"

သူ့စကားမဆုံးခင် ချင်သာ့ဖုန်က ရုတ်တရက် နှာမှုတ်ကာ အသာငိုက်ကျသွားသည်။ ချင်ယွဲ့မှာ လန့်သွားကာ သူ့လက်ထဲက ပန်းကန်ပြားကို ချက်ချင်း လွှင့်ပစ်လိုက်သည်။ ဘာဖြစ်တာလဲ? သူအရမ်းစားမိသွားလို့များလား?

"ကောင်စုတ်လေး၊ စိတ်မပူနဲ့!" ချင်ယွဲ့က ကိုယ်ပိုင်ခလုတ်ခုံကိုဖွင့်ကာ ချင်ရှန့်ကို အကြောင်းကြားဖို့လုပ်နေတုန်းမှာဘဲ ချင်သာ့ဖုန်က ရုတ်တရက် တားလိုက်သည်။ “ငါဘာမှမဖြစ်ဘူး။ ငါအဆင့်တက်တော့မှာမို့လို့!"

ဒီစကားတွေကိုကြားလိုက်ရတဲ့အခါ ချင်ယွဲ့ လုံးဝအံ့အားသင့်သွားသည်။ ချင်မိသားစုရဲ့ အကြီးအကဲဟာ အဆင့် ၁၁ရဲ့ အဆင့် ၅ တွင် နှစ် ၃၀ တိုင်အောင်ရပ်နေခဲ့ကာ အဆင့်တက်မှု လုံးဝမရှိခဲ့ပေ။

သူကိုယ်တိုင်လည်း အဲ့ဒါကိုဂရုမစိုက်ခဲ့ပေ။ သူ့ရဲ့ ကျင့်ကြံဆင့်တွင် အင့်တစ်ခုကိုတက်နိုင်ရန် လိုအပ်သည့် အရင်းအမြစ်ပမာဏဟာ အရမ်းများသည်။ အဲ့ဒီအရင်အမြစ်တွေဟာ မိသားစုရှိအလားအလာရှိတဲ့ ကလေးအနည်းငယ်ကို ပြုစုပျိုးထောင်ဖို့အတွက် လုံလောက်သည်။ ဒါကြောင့် သူသည် အဲ့ဒီဆေးလုံးတွေနဲ့ အရင်းအမြစ်တွေကို ဂရုမစိုက်ခဲ့ပေ။

သို့သော်၊ ငါးကင်လေးတစ်ပန်းကန်က ဆယ်စုနှစ်များစွာ ရပ်တန့်နေတဲ့ သူ့ရဲ့ကျင့်ကြံအဆင့် ၁၁ ရဲ့ အဆင့် ၁ ကနေ အဆင့် ၂ ကို တက်သွားစေလိမ့်မယ်လို့ သူမထင်ထားပါချေ။

အခုတော့ ချင်မိသားစုတစ်ခုလုံးကို ထိတ်လန့်သွားစေရုံသာမက အဖွဲ့ချုပ်ရဲ့ထိပ်တန်းစစ်သည်တော်များ အသိုင်းအဝိုင်းတစ်ခုလုံးကပါ အဲ့ဒီအကြောင်းကို ကြားသိလိုက်ရသည်။ စိတ်ဝိညာဉ်အစားအစာက သူတို့လို လူအိုကြီးတွေ စားလိုက်တာနဲ့ အဆင့်တက်လာနိုင်လောက်အောင် စွမ်းအားရှိလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါချေ။

ခဏလောက်ကြာတော့ ထိပ်တန်းစစ်သည်တော်များ အသိုင်းအဝိုင်း တစ်ခုလုံးက စိတ်ဝိညာဉ်အစားအစာအကြောင်း စပြောလာကြသည်။ သို့သော် ဘယ်သူကမှ မတုံးအပါချေ။ အဲ့ဒီလိုကောင်းတဲ့အရာအတွက် အဲ့ဒါကိုသူတို့မစားရရင်တောင် သူတို့အိမ်က အကြီးတွေကိုပေးလို့ရသည်။ သူတို့က အဲ့ဒါကို ဘယ်လိုလုပ် အလကားရောင်းပါ့မလဲ?

သေချာပေါက်၊ အဖွဲ့ချုပ်ရဲ့ သာမန်ပြည်သူတွေကတော့ ဒါတွေအားလုံးကို မသိကြပေ။ လက်ရှိမှာတော့ သူတို့ဟာ ချင် Entertainment ကို အနီးကပ် စောင့်ကြည့်နေကြသည်။ သူတို့က 'ဘယ်သူက အသန်မာဆုံးလဲ' ဆိုတာရဲ့အပိုင်းသစ်ကို ကြည့်ဖို့စောင့်နေကြတာဖြစ်သည်!

အိုး... ငါတို့ရဲ့ နတ်ဘုရားစုန့် ဘယ်လိုဖြစ်နေပြီလဲဆိုတာ သိချင်နေပြီ

ဒီဟာကြောင့် နတ်ဘုရားစုန့်သာ အထုတ်ခံလိုက်ရရင် သူတို့ပရိသတ်တွေ အားလုံးစုပြီး ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ လင်ယဲ့ဟုန် ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဖို့ သူတို့တွေ ဆွေးနွေးထားပြီးသားပင်!

All Chapters