← Chapters

အပိုင်း ၁၈၀

Vol. 12 Ch. 180

အပိုင်း ၁၈၀

Vol. 12 Ch. 180

'ဘယ်သူက အသန်မာဆုံးလဲ' ဆိုတဲ့အစီအစဉ်က အချိန်မီ စလာသည်။

ခဏတာအတွင်း အင်တာနက်သုံးစွဲသူအားလုံးသည် အလင်းဖန်သားပြင်ကိုဘဲ အာရုံစိုက်နေကြသည်။ ကလစ်လုပ်သည့်အ‌ရေအတွက်နှင့် အွန်လိုင်းပေါ်တွင်စံချိန်သစ်ကို ထပ်မံချိုးဖျက်လိုက်သည်။ ဒီတစ်ခုတည်းနဲ့တင် ချင်Entertainment အတွက် ငွေအများကြီးရှာဖို့ လုံလောက်သည်။

အလင်းဖန်သားပြင်ပေါ်တွင် စုန့်ချင်းစုန့် မှော်သားရဲဆီကနေ အတိုက်ခံနေရသည့်အချိန်ကို ပြန်ရောက်သွားသည်။ သန်မာပြီး လေးလံသည့်ကိုယ်ကြီးသည် သူ့အသက်ကိုစွ့န်ကာ နတ်ဘုရားစုန့်ဆီ ပြင်းပြင်းထန်ထန် ပြေးတိုက်တော့မယ့်ပုံပင်။

ဒီမြင်ကွင်းကို ကြည့်တာပထမဆုံးအကြိမ်မဟုတ်ပေမယ့် လူတော်တော်များများရဲ့ နှလုံးသားကို ဖမ်းစားထားဆဲပင်။

မှော်သားရဲသည် စုန့်ချင်းစုန့်နဲ့ တစ်မီတာလောက်သာဝေးတော့တဲ့အချိန် အဲ့ဒီသားရဲက ရုတ်တရက် ရပ်သွားသည်။ ဒီတစ်စက္ကန့်လေးကတင် စုန့်ချင်းစုန့် လွတ်မြောက်ဖို့ လုံလောက်သည်။

"မြန်မြန်! မြန်မြန်လာ!" ကြည်လင်ပြတ်သားတဲ့ အမျိုးသားသံတစ်သံထွက်လာသည်။ ကင်မရာကို Zoom ဆွဲလိုက်တော့ လူတိုင်းရဲ့ မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်လာသည်။ အဲ့ဒါက တကယ်ကို မော့ယန် ဖြစ်သည်!

သူ့လက်ထဲက လျှပ်စီးကြောင်းတွေက တဖျပ်ဖျပ်လက်နေကာ အလွှာပေါင်းများစွာပေါ်လာသည်။ စုန့်ချင်းစုန့်ကို ကာကွယ်ထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ ဒိုင်းတစ်ခုလိုပင်။ သူက မှော်သားရဲ ရှေ့ကိုမတိုးလာစေရန် အစွမ်းကုန်ကြိုးစားနေသည်။

မှော်သားရဲ ခဏရပ်သွားရသည့် အကြောင်းရင်းမှာ ဆံခြည်မျှင်လိုမျိုး ပါးလွှာတဲ့ လျှပ်စီးဒိုင်းက သူ့ခြေထောက်‌တွေကို ပိတ်ဆို့ထားကြောင်း အဲ့ဒီအချိန်မှာ အမြင်စူးရှတဲ့ ပရိတ်သတ်တွေ သဘောပေါက်သွားကြသည်။

ဒါကိုမြင်လိုက်ရတော့ စုန့်ချင်းစုန့်ရဲ့မျက်လုံးတွေက မနေနိုင်ဘဲ တောက်ပသွားသည်။ သူ့ရဲ့ဒဏ်ရာရပြီးသား ခြေထောက်ကို ဆွဲကာ အစွမ်းကုန် နောက်ပြန်ဆုတ်လိုက်သည်။

အဲ့ဒီအချိန် မော့ယန်က သူ့လက်ထဲရှိလျှပ်စီးတွေကို ဆက်လက် ပစ်လွှတ်နေရင်း ရှေ့ကိုဆက်လှမ်းသွားသည်။ ဒီအဆင့် ၈ မှော်သားရဲဟာ ကိုင်တွယ်ရန် မလွယ်ကူလှပေ။ ၎င်းသည် အစွမ်းထက်ရုံသာမက သူ့ရဲ့အသက်ကိုလည်း စွန့်ပစ်ဖို့ဝန်မလေးချေ။ ကံကောင်းထောက်မစွာနဲ့ အစောပိုင်းက စုန့်ချင်းစုန့် သူ့ရဲ့မျက်လုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာအောင် လုပ်ခဲ့မိလို့ပင်။ မဟုတ်ပါက ဒီမှော်သားရဲဟာ မော့ယန်အတွက် မာကြောတဲ့အရိုးဖြစ်နေမှာပင်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ အင်တာနက်သုံးစွဲသူတော်တော်များများ သက်ပြင်းချမိလိုက်ကြသည်။

[အရမ်းကောင်းတယ်! နတ်ဘုရားစုန့် ဘာမှဖြစ်မလောက်ဘူးဆိုတာ ငါသိသားဘဲ]

[ငါ့ idolကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ် မော့ယန်။ အနမ်းတစ်ပွင့်ပေးလိုက်မယ်!]

[အနမ်း ပေးစရာလိုလို့လား? ငါ့စခရင်မှာ ငါ့ကောင်မလေးရဲ့ အနမ်းတွေနဲ့တင် စိုနေပြီ။ ရွှက် ရွှက်... အဲဒါ ငါ့ကောင်မလေး!]

မှတ်ချက်ကဏ္ဍတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်။ နတ်ဘုရားစုန့်က အန္တရာယ်ကနေ လွတ်မြောက်လာခဲ့တာ‌ကြောင့် အနာဂတ်တွင် သူသေချာပေါက် ကံကောင်းလာတော့မှာလို့ သူတို့အားလုံးပြောနေကြသည်။ ဒီကနေ စုန့်ချင်းစုန့်ရဲ့ ကျော်ကြားမှုဟာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မြင်နိုင်သည်!

သို့သော်လည်း စိုးရိမ်နေကြတဲ့ အင်တာနက်အသုံးပြုသူတချို့လည်း ရှိသေးသည်။ [ဒီကလေး မော့ယန်၊ ဒီအဆင့် ၈ မှော်သားရဲကို ကိုင်တွယ်နိုင်ပါ့မလား?]

သူတို့ နှစ်ယောက်လုံးကို တစ်ချိန်တည်း သတ်လိုက်မယ်ဆိုရင်လည်း ဒါဟာ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်မှာပင်။

[ဒါက…ပြောဖို့ခက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီမှော်သားရဲက တကယ်ကို အစွမ်းထက်တာ!]

[ဘာ မဟုတ်တာ‌တွေပြောနေတာလဲ!] တခြားအင်တာနက်သုံးစွဲသူတစ်စုက ချက်ချင်း ပေါက်ကွဲလာတော့သည်။ [ငါတို့ မော့ယန်က အရမ်းအစွမ်းထက်တာ ဟုတ်ပြီလား?]

အမှန်တော့၊ မော့ယန်သည် ဒီအဆင့် ၈ မှော်သားရဲကို သူ့ဘာသာသူ တိုက်ခိုက်နိုင်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူလည်းတဖြည်းဖြည်း အားနည်းလာသည်။ အထူးသဖြင့် စွမ်းရည်အသုံးပြုသူတွေနှင့် ယှဉ်ပါက မှော်သားရဲများသည် မွေးရာပါ အားသာချက်တစ်ခုရှိသည်။ သူတို့မှာ ခံနိုင်ရည် အားကောင်းပြီး ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအင်တွေရှိသည်။

"အစ်ကို!" မော့ယန် ဒီမှော်သားရဲနဲ့ အပြင်းအထန်တိုက်ပွဲဝင်နေချိန် အံ့အားသင့်နေတဲ့အော်သံတစ်ခုက ရုတ်တရက် ထွက်လာသည်။ သူလှမ်းကြည့်လိုက်တော့ မော့ချူးကို သွားတွေ့သည်!

"ချူးလေး!" မော့ယန်လည်း တအံ့တသြအော်လိုက်သည်။ သူ့မျက်နှာပေါ်က အမူအရာကလည်း နည်းနည်း နူးညံ့သွားသည်။ သို့သော်၊ ပိုမိုပြင်းထန်လာနေသည့် မှော်သားရဲကို ပိုပြီးသတိထားဖို့ကလွဲပြီး သူ့တွင်ရွေးချယ်စရာမရှိပေ။ မှော်သားရဲ ဟာကွက်တွေကို တွေ့သွားမှာစိုးတာကြောင့် သူအမြန် ခေါင်းငုံ့လိုက်သည်။

"သတိထား!" မော့ချူးလည်း လက်ရှိအခြေအနေကို သဘောပေါက်သည်။ သူမ အကြည့်ပြောင်းသွားပြီး သူမရဲ့လက်ထဲရှိ ရေဘောလုံးကြီးသည် မှော်သားရဲရဲ့ခေါင်းဆီ ချက်ချင်းပစ်လွှတ်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရွှဲနစ်သွားစေသည်။

"ကောင်းတယ်!" မော့ယန်လည်း သူ့ညီမရဲ့ အတွေးကို အမြန်သဘောပေါက်လိုက်သည်။ မှော်သားရဲရဲ့တစ်ကိုယ်လုံး ရေတွေစိုရွဲသွားသည့်အခါ လက်မောင်းအရွယ်လောက်ထူတဲ့ လျှပ်စီးဟာ မှော်သားရဲရဲ့ကိုယ်ကို ပစ်ခတ်လာသည်။ ထို့နောက် ရုတ်တရက် ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်လာတော့သည်။

ရေဟာ လျှပ်ကူးနိုင်သည်။ မှော်သားရဲရဲ့ အရေပြား ဘယ်လောက် ကြမ်းတမ်းနေပါစေ၊ အဲ့ဒီလောက်ထိ ဒဏ်ကိုတော့ မခံနိုင်ပါချေ။ မှော်သားရဲရဲ့တစ်ကိုယ်လုံး ဓာတ်လိုက်မှုကြောင့်တုန်ခါနေသည်။ နှစ်မိနစ်သုံးမိနစ်ခန့်ကြာပြီးသည့်နောက်၊ စောစောလေးကတင် အားမာန်အပြည့်ရှိနေဆဲဖြစ်သည့် မှော်သားရဲကြီးဟာ တစ်ခဏလေးအတွင်းမှာ သေဆုံးသွားတော့သည်။

All Chapters