← Chapters

အပိုင်း ၁၈၁

Vol. 13 Ch. 181

အပိုင်း ၁၈၁

Vol. 13 Ch. 181

[Holy shit! သူဘယ်လိုလုပ်လိုက်တာလဲ? ဒီလှုပ်ရှားမှုက အရမ်းစွမ်းအားပြည့်လွန်းတယ်!]

ပတ်ပတ်လည်က အင်တာနက်သုံးစွဲသူ‌တွေမှာ မအံ့သြဘဲမနေနိုင်ကြပေ။ ထိုဖြစ်ပွါးရာနေရာရှိ ကင်မရာသမားများပင် မျက်လုံးပြူးသွားကြသည်။ ဒီလိုမျိုး ထူးခြားပြောင်မြောက်တဲ့ ရေနဲ့လျှပ်စီးကြောင်း ပေါင်းစပ်မှုကို သူတို့တစ်ခါမှ မမြင်ဖူးပေ။ ဒီလို လုံးဝအပ်စပ်ပုံမရတဲ့ ဒြပ်စင်နှစ်ခု ပေါင်းစပ်ထားတဲ့ စွမ်းအားက တကယ်ကို ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်တဲ့!

"စုန့်ချင်းစုန့်၊ အဆင်ပြေရဲ့လား?" ဒီမှော်သားရဲနဲ့ ရင်ဆိုင်ပြီးတဲ့နောက် မော့ယန်မှာ သူ့ရဲ့idolဖြစ်တဲ့ နတ်ဘုရားစုန့်ဆီ ချက်ချင်းသွားလိုက်သည်။ သူ့လက်တွေ ခြေထောက်တွေက ဒဏ်ရာတွေကို မြင်လိုက်ရတော့ သူ့အကြည့်တွေ အေးခဲသွားရသည်။ ဒီဒဏ်ရာတွေက လုံးဝမနည်းဘူး!

မော့ချူးလည်း မော့ယန်အနောက်ကနေ လှမ်းလာသည်။ သူမသည် အဆင့် ၈ မှော်သားရဲကို သူမရဲ့ကိုယ်ပိုင်ခလုတ်ခုံထဲ ထည့်လိုက်ပြီး သူတို့နှစ်ယောက်ဆီတည့်တည့်လျှောက်လာလိုက်သည်။ သူမ မျက်မှောင်အသာကြုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ? ဒဏ်ရာရထားတာလား?"

"အဆင်ပြေပါတယ်" စုန့်ချင်းစုန့်က ခေါင်းအသာခါလိုက်သည်။ “ဒါတွေက အပေါ်ယံဒဏ်ရာတွေချည်းဘဲ။ ကြီးကြီးမားမား မဟုတ်ဘူး"

မော့ယန် မျက်မှောင်ကြုတ်ကာ စုန့်ချင်းစုန့်ရဲ့ ဂရုမစိုက်တဲ့ အမူအရာကို ကြည့်လိုက်သည်။ “ဒီဒဏ်ရာကို အမြန်ဆုံး ကုဖို့ လိုမယ်ထင်တယ်” လို့ပြောရင်း သူ့အမူအရာက နည်းနည်း လေးနက်လာသည်။

"အမှန်ပဲ" မော့ချူးလည်း သူ့ကို သေသေချာချာ ကြည့်ကာ ပုံစံတူအတိုင်းပြောလိုက်သည်။ “ဒီဒဏ်ရာကနေ သွေးတွေ အများကြီးထွက်နေတယ်။ အချိန်မီ သွေးတိတ်အောင် မလုပ်နိုင်ဘူးဆိုရင် တခြားပြဿနာတွေ ရှိလာနိုင်တယ်”

သူမနောက်က ကင်မရာသမားတွေလည်း ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ စုန့်ချင်းစုန့်ဟာ မှော်သားရဲတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့ပြီး သူ့လက်နဲ့ ခြေထောက်တွေမှာလည်း ဒဏ်ရာတွေရထားသည်။ သူ့အဝတ်အစားတွေမှာလည်း သွေးတွေစွန်းနေသည်။ သူ့အဝတ်အစားပေါ်က ဖုန်မှုန့်တွေနဲ့ အစွန်းအထင်းတွေကိုမပြောနဲ့ဦး အခုလေးတင် သူငြင်းလိုက်တဲ့ပုံက အရမ်းသနားဖို့ကောင်းနေသည်။ ဒါက နားမလည်နိုင်လောက်အောင် လူတွေကို နာကျင်ခံစားရစေသည်။

"ရှင့်ရဲ့ဒဏ်ရာတွေကို ကျွန်မအရင်သန့်ရှင်းပေးမယ်" မော့ချူး ခေါင်းမော့လိုက်ပြီး စုန့်ချင်းစုန့်ရဲ့ လက်နဲ့ခြေထောက်တွေက ဒဏ်ရာတွေမှ သွေးစီးကြောင်းတွေကို အသာလေး သန့်ရှင်းပေးလိုက်သည်။ သွေးတွေကို နည်းနည်းချင်းသန့်စင်ပြီးသွားတော့ ဆိုးရွားလှတဲ့ ဒဏ်ရာ နှစ်ခုကို တွေ့လိုက်ရသည်။

"ဒီဒဏ်ရာနဲ့ဆို ကုသရေးကိရိယာလိုမယ်" မော့ယန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီဒဏ်ရာတွေက ကြောက်စရာမကောင်းပေမယ့် အကာအကွယ်မဲ့ လေနဲ့ထိနေတာဖြစ်သည်။ သူအစိုးရိမ်ဆုံးကတော့ ရောဂါပိုးကူးစက်သွားမှာဖြစ်သည်။ တကယ်တော့ စုန့်ချင်းစုန့် ကုသရေးကိရိယာကို အချိန်မီသုံးပြီး နာရီဝက်လောက် နေနေလိုက်ပါက ဒီဒဏ်ရာနှစ်ခုဟာ မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာလိမ့်မည်ဖြစ်သည်။

“မလိုပါဘူး" စုန့်ချင်းစုန့် အသာပြုံးလိုက်ကာသူ့လေသံထဲတွင် ကိုယ်ကိုယ်ကို လှောင်ပြောင်သယောင် အရိပ်အယောင်တွေပါ‌နေသည်။ “ဒီလို ဒဏ်ရာအသေးစားအတွက် ကုသရေးကိရိယာ မလိုပါဘူး။ ဒီပရိုဂရမ်က အခုမှစတာကို ငါ ဒီလို အရည်အချင်းမပြည့်မီသလိုမျိုး မဖြစ်ချင်ဘူး"

စုန့်ချင်းစုန့်ရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ အမူအရာကို ကြည့်ရင်း မော့ယန် ခဏလောက်တန့်သွားသည်။ "ကောင်းပါပြီ ဒါဆို ကျွန်တော့်ကို ဒီမှာ ခဏစောင့်ပေး"

မော့ယန်က မော့ချူးကိုကြည့်လိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကို၊ ညီမလေး ကောင်းကောင်း ဂရုစိုက်ထားပါ့မယ်" မော့ချူးက တက်တက်ကြွကြွ ခေါင်းညိတ်ပြလိုက်သည်။ မောင်နှမနှစ်ယောက်ရဲ့ သတိထားနေတဲ့အမူအရာတွေက စုန့်ချင်းစုန့်ကို ရယ်မိသွားစေသည်။

ဒီတိုင်းဒဏ်ရာသေးသေးလေးပဲ မဟုတ်ဘူးလား? မော့ချူးလို ၁၆/ ၁၇နှစ်အရွယ်ကောင်မလေးကို တကယ်ဘဲ သူ့ကို စောင့်ခိုင်းထားတယ်လား?

စုန့်ချင်းစုန့်ရဲ့နှုတ်ခမ်းထောင့်တွေ အနည်းငယ်တွန့်ကွေးသွားကာ မတတ်နိုင်ဘဲ သူ့ရင်ထဲ နွေးထွေးမှုကိုတစ်ဟုန်ထိုး ခံစားလိုက်ရသည်။

သူသည် ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ခုနစ်နှစ်၊ ရှစ်နှစ်နီးပါးကျင်လည်နေခဲ့သည်ဖြစ်ရာ သဘာဝအလျောက် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။ ဘယ်သူက ရိုးသားတယ် ဘယ်သူက အတုအယာင်လဲဆိုတာ သူပြောနိုင်တုန်းပဲလို့ ယုံကြည်သည်။ ပြီးတော့ သူ့ရှေ့က ဒီမောင်နှမနှစ်ယောက်ဟာ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ရဲ့စိတ်နှလုံးမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်သည်။ သူတို့နှစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့စိတ်တစ်ခုလုံး သန့်စင်သွားသလို ခံစားရသည်။

မကြာခင်မှာ မော့ယန် ပြန်ရောက်လာခဲ့သည်။ သူ့ရဲ့နဂိုက ချောမောတဲ့ မျက်နှာက သွေးထွက်‌နေသည့် ဒဏ်ရာခပ်တိမ်တိမ်ရှိနေပေမယ့် သူ့လက်ထဲတွင်တော့ နွယ်ပင်တချို့ကို ကိုင်ထားသည်။

"အစ်ကို၊ အဲ့ဒါကို ဘာလို့ပြန်ယူလာတာလဲ?" မော့ချူး နည်းနည်း အံ့ဩသွားသည်။

“ခဏနေကျရင် သိလိမ့်မယ်” မော့ယန်က သူမကို ပြုံးပြလိုက်သည်။ ပုံမှန်အားဖြင့် သူ့ရဲ့ချောမောတဲ့မျက်နှာပေါ်တွင် နွေးထွေးမှုတွေသန်းနေသည်။ ရေခဲအက်ကွဲကြောင်းမှ ရေတစ်စက်စီ ကျနေသည့်အတိုင်းပင်။ ဒါက ဖန်သားပြင်အပြင်ဘက်ရှိ ပရိတ်သတ်တွေကို အချင်းချင်း အော်ဟစ်မိစေသည်။

[ဝိုးး သူက အရမ်းချောတာပဲ! အဲဒီအပြုံးအတွက် သူ့ကို ၁၀၁ မှတ်ပေးမယ်။ တစ်မှတ်ပိုပေးတယ်။ မင်းဂုဏ်ယူနေမှာကို ငါမကြောက်ဘူး!]

[သူပြုံးပြနေတဲ့လူက ငါဖြစ်မယ်လို့ တကယ်မျှော်လင့်တယ်!]

All Chapters