← Chapters

အပိုင်း ၁၈၂

Vol. 13 Ch. 182

အပိုင်း ၁၈၂

Vol. 13 Ch. 182

မှတ်ချက်ကဏ္ဍတွင် ရူးသွပ်သွားတဲ့ မှတ်ချက်တွေ ရုတ်ချည်းပေါ်လာပြီး အဖွဲ့ချုပ်ရှိ အမျိုးသားနိုင်ငံသားတွေရဲ့ ပါးစပ်ကို မဲ့သွားစေသည်။

ဒီလိုလုပ်ဖို့ လိုလို့လား? ပြုံးရုံပဲ မဟုတ်ဘူးလား? ငါ့အပြုံးက သူ့ထက် အဆတစ်ရာ ပိုကြည့်ကောင်းသေးတယ်!

ရှိုးက ဆက်ပြနေခဲ့သည်။

အလင်းဖန်သားပြင်ပေါ်တွင် မော့ယန်သည် နွယ်ပင်များအား လက်ဖြင့် အဆက်မပြတ် ပွတ်နေသည်။ ခပ်မြန်မြန်နဲ့ နွယ်ပင်မှ အမျှင်များကို သူတစ်ခုပြီးတစ်ခု ဆွဲထုတ်လိုက်သည်။ ဒါကိုမြင်လိုက်ရတော့ မော့ချူး မနေနိုင်ဘဲ အရမ်းအံ့သြသွားရသည်။ အမျှင်တွေကိုပေါင်းကာ ရစ်ပတ်လိုက်သည့်အခါ အထည်ထူထူရလာသည်။ ထိုအရာအား ဆေးပတ်တီး၏ အရိုးရှင်းဆုံးဗားရှင်းဟုယူဆနိုင်သည်။

"အစ်ကို၊ အစ်ကိုက တကယ် အံ့သြစရာပဲ!" ဒီအခိုက်အတန့်တွင် မော့ချူးအနေဖြင့် သူမဟာ မှော်အပင်တွေအကြောင်း နားလည်ထားတယ်ဆိုတာ မလုံလောက်သေးကြောင်း သဘောပေါက်လိုက်သည်။ အဲ့ဒီထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိနေတုန်းပင်၊ နဲနဲချင်းစီ စူးစမ်းဖို့ လိုသည်။

“ဒါက ဘာမှမဟုတ်ပါဘူး" မော့ယန်က သူလုပ်ထားတဲ့ ပတ်တီးကို ချူးလေးအား ပေးလိုက်သည်။ “အရင် ခရိုင် ၁၂ ကိုသွားတုန်းက ကုသရေးကိရိယာတွေ မတတ်နိုင်ဘူးလေ။ အဲ့ဒါ ဒီနည်းလမ်းကို ရှာတွေ့ခဲ့တာ။ တခြားဟာတွေကိုမပြောနဲ့ဦး ဒီပတ်တီးက အရမ်းထိရောက်တာ"

မော့ချူးသည် သူမ၏ အထူးစွမ်းရည်ကို ပြန်လည်အသက်သွင်းကာ ရေဖြင့် အဲ့ဒီအထည်ပါးကို သန့်စင်လိုက်သည်။ဒီအခိုက်အတန့်တွင် နေရောင်က တဖြည်းဖြည်း တောက်ပလာကာ တစ်မိနစ်၊ နှစ်မိနစ်မပြည့်ခင်မှာဘဲ အထည်ပါးက ခြောက်သွားကာ ပိုးတွေသေ‌သွားသည်။ ထို့နောက် မော့ချူးသည် စုန့်ချင်းစုန့်၏ ဒဏ်ရာနေရာတွင် အထည်ပါးအား စည်းလိုက်သည်။

အကျိုးသက်ရောက်မှုက အရမ်းသိသာလှသည်။ အဲ့ဒါစည်းပြီးသွားတာနဲ့ သွေးထွက်တာလည်း ရပ်သွားတော့သည်။

“အိုး ဟုတ်သား" မော့ချူး ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး သူမရဲ့ ခလုတ်ခုံထဲရှိပစ္စည်းတွေကို ထုတ်ယူလိုက်သည်။ “ဒါတွေက စောစောက ကျွန်မစုဆောင်းရခဲ့တဲ့ အာဟာရဆေးတောင့်တွေနဲ့ စွမ်းအင်အရည်တွေ။ ရှင် မြန်မြန်စားလိုက်သင့်တယ်!"

"မင်းကရော?" စုန့်ချင်းစုန့်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီမိုက်မဲတဲ့ ကောင်မလေးက အကုန်လုံးပေးနေတာပဲ။ သူမ ဘာလုပ်နေတာလဲ?

မော့ယန်လည်း သူမကို စိုးရိမ်တကြီးကြည့်လိုက်သည်။

"ဒီမှာလေ!" မော့ချူးသည် ခလုတ်ခုံထဲမှ နို့အသန့်တစ်ဘူးအပြည့်ကို ထုတ်လိုက်ကာ လှုပ်ယမ်းပြလိုက်သည်။ "ကျွန်မ အရမ်းကံကောင်းတာ! ရောက်တာနဲ့ နို့အပင်တစ်အုပ်ကို တွေ့ခဲ့တယ်။ အစားအသောက်အတွက် စိတ်ပူစရာမလိုတော့ဘူး"

ဒါကိုကြားတော့ မော့ယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက စုန့်ချင်းစုန့်အား စွမ်းအင်အရည် နှစ်ပုလင်းနှင့် အာဟာရ ဆေးတောင့် တစ်တောင့်ပေးလိုက်သည်။ “ခင်ဗျားဒဏ်ရာ ရထားတာ၊ မြန်မြန်စားလိုက်ပါ!”

သူ့လက်ထဲ အတင်းဆွဲထည့်ထား‌ပေးတဲ့ ပစ္စည်းတွေကို ကြည့်ရင်း စုန့်ချင်းစုန့် ရဲ့ နှုတ်ခမ်းတွေက အနည်းငယ် တွန့်ကွေးသွားကာ ခပ်တိုးတိုးဆိုလိုက်သည်။ "ကျေးဇူးပါ!"

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးရဲ့ ရင်ထဲ နွေးထွေးလာသည်။ မျှော်လင့်ထားတဲ့အတိုင်း ရုပ်ရည်ချောမောတဲ့သူတွေနဲ့ အတူတူလျှောက်တဲ့အခါ မြင်ကွင်းက ထူးခြား ဆန်းသစ်ပြီး မျက်စိဖမ်းစားနိုင်သည်။

စုန့်ချင်းစုန့်နှင့် မော့ယန်တို့မှာ တစ်နေကုန် ဘာမှမစားရသေးပေ။ စွမ်းအင်အရည်တစ်ပုလင်းနှင့် အဟာရဆေးတောင့်တစ်တောင့်ကို သောက်ပြီးမှသာ သူတို့လည်း လန်းဆန်းမှုကို ခံစားလိုက်ရပြီး ရှေ့ဆက်ရမည့်နေရာကို ဆွေးနွေးကြသည်။

တစ်ချိန်တည်းမှာ မော့ချူးဆီက အပစ်ခံခဲ့ရတဲ့ ကျန်းရှောင်ချီမှာ တခြားနာမည်ကျော်အမျိုးသမီးနှစ်ဦးနှင့် မထင်မှတ်ဘဲ ဆုံခဲ့သည်။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် သဘောမကျကြပေမယ့် အခုအချိန်မှာတော့ မထင်မှတ်ဘဲ စည်းလုံးလာကြသည်။

ကိန်းဂဏန်းတွေမှာ ခွန်အားရှိတယ်လို့ ပြောတာဟာ လိမ်ညာတာမဟုတ်ပေ။ အမျိုးသမီး သုံးဦးဟာတိုက်ခိုက်ရေးတွင် သိပ်ပြီးအားကောင်းခြင်းမရှိသော်လည်း သူတို့တွင် အမျိုးသမီးများ၏ အထူးဂရုစိုက်ကာ စူးစမ်းနိုင်စွမ်းများရှိကြသည်။ များမကြာမီတွင်၊ စုစုပေါင်း အာဟာရဖျော်ရည် ခုနစ်ပုလင်း ပါဝင်သည့် အစားအစာ နှစ်မျိုးကို သူတို့တွေ့ရှိခဲ့ကြသည်။

အစောပိုင်း သူတို့အတူတူလက်တွဲလုပ်တုန်းကတော့ သဘောထား ကွဲလွဲမှုတွေ မရှိခဲ့ပေ။ ယခုမူကား မမျှတသည့် ခွဲဝေပေးမှုနှင့် ကြုံလာသည့်အခါ အားနည်းချက်တွေက ချက်ချင်း ပေါ်လာသည်။

သူတို့တွင်စုစုပေါင်း အာဟာရဖျော်ရည် ခုနစ်ပုလင်း ရှိသည်။ တစ်ယောက် နှစ်ပုလင်းရှိရရင်တောင် အပိုတစ်ပုလင်း ကျန်နေသေးသည်။

အရင်တုန်းကဆိုရင်တော့ ဒီအာဟာရဖျော်ရည်ပုလင်းကို သူတို့လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်တော့ သေရေးရှင်ရေးအချိန်ဖြစ်သည်။ အာဟာရဖျော်ရည်တစ်ပုလင်းဟာ သူတို့အား တစ်နေ့လောက် ခံနိုင်ရည်ရှိစေနိုင်သည်။ ဒါကိုဘယ်သူကများ လက်လွှတ်ပေးဖို့ ဆန္ဒရှိမှာတဲ့လဲ?

သဘောထားကွဲလွဲမှုတွေဟာ သဘာဝအလျောက် ပေါ်ပေါက်လာတော့သည်။

တစ်ယောက်က အဲဒီအထုပ်နှစ်ခုကို သူရှာတွေ့ခဲ့တာ လို့ ပြောသည်။ သဘာဝအလျောက် ဒီအာဟာရဖျော်ရည်အပိုတစ်ပုလင်းက သူ့အတွက် ဖြစ်သင့်သည်။

အခြားတစ်ယောက်ကတော့ သူ့ယူဆချက်အားပြောခဲ့သည်။ ဟုတ်တယ် ဒီအထုပ်နှစ်ထုပ်ကို နင်ရှာတွေ့ခဲ့တယ်၊ ဒါပေမယ့် ဒါတွေကို အောင်အောင်မြင်မြင်နဲ့ အောက်ကိုယူချပေးခဲ့တာက သူမ။ ဒီအာဟာရဖျော်ရည်ပုလင်းက သူမအတွက် ဖြစ်သင့်တာ!

All Chapters