အပိုင်း ၁၈၃
Vol. 13 Ch. 183
ကျန်းရှောင်ချီကလည်း အကျောမခံပေ။ ဘာလို့လဲ? လမ်းတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ မှော်အပင်တွေနဲ့ မှော်သားရဲအများစုကို သူမပဲ ကိုင်တွယ်ဖြေရှင်းခဲ့ရတာ။ အခု နင်တို့က သူမကိုဖယ်ထုတ်ချင်နေတာလား? ငါပြောမယ်၊ မဖြစ်နိုင်ဘူး!
ပြောဆိုကြရင်း အမျိုးသမီး သုံးယောက်မှာ စကားများ ရန်ဖြစ်ကြတော့သည်။ ပတ်ဝန်းကျင်က ကင်မရာတွေကိုလည်း သူတို့ ဂရုမစိုက်အားတော့ပေ။ ဒေါသတွေထွက်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်တွေကို တိုက်ခိုက်ရာကနေ ပုဂ္ဂိုလ်ရေးတွေပါ တဖြည်းဖြည်းတိုက်ခိုက်လာကြသည်။
အကောင်ကြီးနဲ့ အိပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ! လေဆာခွဲစိတ်မှုလုပ်တာကရော ဘာကိုဆိုလိုတာလဲ? ... အချက်အလက်တွေက ပိုပိုပြီးပေါက်ကွဲပေါ်ထွက်လာကာ အပြင်ဘက်ရှိ ပရိသတ်တွေကို ပိုပြီးစိတ်လှုပ်ရှားစေလာသည်။
[အိုး၊ ငါအရင်က နတ်ဘုရားမလို့ ထင်ခဲ့တာတွေက အခုတော့ ဒီလိုမျိုး ပျက်စီးသွားပြီ... လင်ယဲ့ဟုန် ငါ့ကို လျော်ကြေးပေးရမယ်!]
[မဟုတ်ဘူး၊ ဒီနတ်ဘုရားမတွေရဲ့ မျက်နှာအစစ်ကို ထုတ်ဖော်ပြသပေးတဲ့ ဒါရိုက်တာလင်းကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် သူ့ရဲ့ အသွင်အပြင်ကြောင့်နဲ့ နင်တို့တွေ လှည့်စားခံရမှာ! ဒါပေမယ့် နင့်ရဲ့နတ်ဘုရားမက... ဘယ်သူလဲ?]
ရှေ့မျက်နှာစာတွင် ဆွေးနွေးမှုတွေက ပိုပိုပြီးပြင်းထန်လာသည်။ ရွေးချယ်စရာမရှိပါချေ။ ဒီလိုပေါက်ကွဲစေတတ်တဲ့သတင်းက နှစ်စဉ်ပြနေကြဒရာမာတစ်ခုနှင့် ယှဉ်လို့ရသည်။
အဆုံးမှာတော့ ဒီနာမည်ကြီးအမျိုးသမီးသုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ငယ်လေးရဲ့ မြင်ကွင်းကို ထုတ်လွှင့်တာပြီးဆုံးသွားသည်။ ဒါကို မေ့လိုက်တော့၊ အဓိကက ပစ္စည်းတွေကို မညီမမျှခွဲဝေတဲ့ အခြေအနေအောက်မှာ ဒီနာမည်ကြီး အမျိုးသမီးသုံးယောက်က အချင်းချင်း ရန်ဖြစ်လုနီးပါးဖြစ်ခဲ့တာကြောင့်ပင်။ ထိုသို့ပြင်းထန်သည့် အသွင်အပြင်များဟာ ပုံမှန်လိုအေးစက်ပြီး ခပ်ခွာခွာနေတတ်သည့် နတ်ဘုရားမပုံရိပ်နှင့် လုံးဝမတူပါချေ။
မော့ချူးကို ပြန်ကြည့်လျှင်၊ သူမသည် ငယ်ရွယ်သော်လည်း၊ သူမ၏ အကျင့်စရိုက်က အနည်းငယ် ရက်ရောသည်။ အာဟာရဖျော်ရည်သုံးပုလင်းနှင့် အာဟာရဆေးတောင့်လေးတောင့်ကို သူမ ထုတ်ပေးလိုက်သည်မှာ သူတို့နှင့်သိသိသာသာကို ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
နတ်ဘုရားစုန့်၏ ဒဏ်ရာသည် သွေးမတိတ်သွားသော်လည်း သူ့ ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်အနည်းငယ်တော့ ယူရသေးသည်။ မော့ချူးနဲ့ မော့ယန်က သူ့ကို နားခိုင်းထားဖို့ ဆုံးဖြတ်လိုက်သည်။ စားစရာရှာသည့် ကိစ္စနှင့်ပတ်သက်ပြီးသူတို့ နှစ်ယောက်က ပြေလည်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။
ဒါကိုမြင်တော့ မှတ်ချက်ကဏ္ဍတွင် လူတော်တော်များများက စိတ်မကောင်းဖြစ်သွားကြသည်။ သူတို့ထဲက တစ်ယောက်က ချဉ်တူးစွာဖြင့်ပြောလာသည်။ “ဒါက ပြိုင်ပွဲအစီအစဉ်မဟုတ်ဘူးလား? နတ်ဘုရားစုန့်က တခြားသူတွေရဲ့ လုပ်အားက ရတဲ့အသီးအပွင့်တွေကို ဒီတိုင်းထိုင်ပြီး ခံစားနေမှာလား?"
တကယ်တော့ သူပြောခဲ့တာတွေက အဓိပ္ပာယ်ရှိပေမယ့် နတ်ဘုရားစုန့်ဟာ အရမ်းနာမည်ကြီးတယ်ဆိုတဲ့အချက်ကို သူမေ့သွားတာဖြစ်သည်။ အဲ့ဒီနောက်မှာတော့ ဒီမိုက်မဲတဲ့ အင်တာနက်အသုံးပြုသူဟာ ချက်ချင်း လူတိုင်းဆီကနေ ဝန်းရံတိုက်ခိုက်တာကို ခံလိုက်ရသည်။ သူတို့က သူ့ကို ခွေးတစ်ကောင်လို ကြိမ်းမောင်းကြတော့သည်!
[ ငါတို့ရဲ့ နတ်ဘုရားစုန့်က ဒဏ်ရာရနေတာကို မင်း မမြင်ဘူးလား? မင်းက သူ့ကို မှော်သားရဲနဲ့ ထပ်တိုက်ခိုင်းနေသေးတာလား? ဟမ့်! နှလုံးသားကိုမရှိဘူး!]
[နတ်ဘုရားစုန့်ရဲ့ချောမောတဲ့မျက်နှာကို မင်းမနာလိုဖြစ်နေတာ ဖြစ်ရမယ်။ ပြောလိုက်၊ ဟုတ်တယ်မဟုတ်လား?]
[ မော့ယန်က နတ်ဘုရားစုန့်ရဲ့ ဖန်ပဲ။ သူ့ရဲ့ idol က ဒဏ်ရာတွေနဲ့ ဆက်သွားနေမှာကို သူကြည့်နေနိုင်ပါ့မလား? ပြီးတော့ မော့ယန်နဲ့ မော့ချူးတို့က သူတို့ဘာသာ လုပ်ပေးကြတာ။ ငါတို့နတ်ဘုရားစုန့်က အရမ်းဆွဲဆောင်မှုရှိနေတာကို မင်း အပြစ်လာတင်လို့ ရမလား?]
စောစောက အရွဲ့တိုက်ခဲ့တဲ့ အင်တာနက်သုံးစွဲသူဟာ ခေါင်းမထောင်နိုင်လောက်အောင် ပြင်းထန်စွာ ကြိမ်းမောင်းခံလိုက်ရတော့သည်။ သူလည်း ပြန်မချေပရဲတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားတော့သည်။
"အဆင်ပြေပါတယ် ငါ မင်းတို့နဲ့ လိုက်ခဲ့မယ်" စုန့်ချင်းစုန့်အနေဖြင့် တခြားသူတွေရဲ့ စေတနာကို အလွယ်တကူ လက်မခံလိုပါချေ။ ဒါ့အပြင် သူက ခြေထောက်ကျိုးသွားတာမဟုတ်ပေ။ ဒဏ်ရာရသွားရုံ ဖြစ်သည်။ “ငါ အခုလှုပ်ရှားတာ သိပ်ပြီးမမြန်လောက်တော့ပေမယ့် အများကြီး ကြုံဖူးပါတယ်"
ဒီစကားလုံးတွေကို အောက်ပါလုပ်ဆောင်ချက်များဖြင့် လျင်မြန်စွာ အတည်ပြုနိုင်လိုက်သည်။
စုန့်ချင်းစုန့်ရဲ့ ခြေထောက်ဒဏ်ရာကြောင့် သူတို့အဝေးကြီးကို မသွားတော့ပေ။ အနားပတ်ဝန်းကျင်ကိုသာ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကြသည်။ အစကတော့ သူတို့ဘာမှ မရနိုင်လောက်ဘူးလို့ ထင်ခဲ့ကြပေမယ့် အမြင်စူးရှတဲ့ မော့ချူးတစ်ယောက် မကြာခင်မှာဘဲ ငှက်သိုက်ထဲမှာ ထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ရှာတွေ့လိုက်သည်။
"ဟိုမှာ!" မော့ချူးရဲ့ မျက်လုံးတွေ တောက်ပလာသည်။ သူမက မော့ယန် အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။ "ခဏနေဦး ညီမသွားယူလိုက်မယ်"
"အစ်ကိုသွားမယ်!" မော့ယန် မျက်မှောင်ကြုတ်ကာ သူ့ညီမကို ဆွဲလိုက်သည်။ “အဲဒီနေရာက တော်တော်မြင့်တယ်။ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?”
“ရပါတယ် အစ်ကိုရဲ့။ ညီမကိုလျှော့မတွက်ပါနဲ့!" မော့ချူး ခေါင်းခါကာ မော့ယန်ကို ဆူပုတ်ပုတ်လှမ်းကြည့်လိုက်သည်။ ငှက်သိုက်က သစ်ပင်ပင်စည်အထက် ငါးမီတာအမြင့် လောက်တွင်ရှိသည်။ မြင့်သလို ထင်ရပေမယ့် သစ်ပင်ကိုတက်ရတာက လွယ်သည်။ သူမတက်သွားပါက အထုပ်ကို မကြာခင် ရနိုင်မှာပင်။