အပိုင်း ၁၈၄
Vol. 13 Ch. 184
"ကောင်းပြီ” သူ့ညီမလေးရဲ့ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ နောက်ဆုံး မော့ယန်ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို ဖျောက်ပစ်လိုက်သည်။ "သွား၊ ဒါပေမယ့် သတိတော့ထား"
“ကောင်းပါပြီ!” မော့ချူး လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး နောက်လှည့်ကာ သစ်ပင်ကြီးဆီပြေးသွားလိုက်သည်။ ကလေးမလေးက နူးညံ့ကာတည်ငြိမ်ပုံပေါ်ပေမယ့် သူမရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းလှသည်။ သူမသည် သစ်ကိုင်းတစ်ကိုင်းကို လက်ဖြင့်လှမ်းဆွဲကာ ကန်ချက်တစ်ခုနှင့်အတူ သူမခန္ဓာကိုယ်က အကြိမ်အနည်းငယ်လောက် ခုန်တက်သွားသည်။ သူမသည် မျောက်ကလေးလိုမျိုး ဉာဏ်ကောင်းလှပြီး မကြာခင်တွင် ငှက်သိုက်နံဘေးသို့တက်သွားသည်။
သူမ ဘေးကို လှမ်းကြည့်လိုက်သည်။ ငှက်သိုက်က တော်တော်ကြီးသလို၊ တော်တော်လည်းလက်ရာမြောက်သည်။ တခါတရံတွင် ပိုးကောင်ငယ်လေးတစ်ကောင် နှစ်ကောင်လောက် ပျံဝဲနေတတ်သည်။
မော့ချူး အထုပ်ကိုယူဖို့ လက်လှမ်းလိုက်တဲ့အချိန် အောက်ကနေ စုန့်ချင်းစုန့်အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။ "ခဏနေဦး၊ အဲဒါကို မထိနဲ့!"
အထုပ်ကိုထိတော့မယ့် မော့ချူးလက်လည်း ချက်ချင်းရပ်သွားသည်။ သူမ ခေါင်းကိုအသာလှည့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
တံတွေးမျိုချရင်း စုန့်ချင်းစုန့်ရဲ့ မျက်နှာက အေးခဲသွားသည်။ “ဒါက သာမန်ငှက်သားရဲအသိုက် မဟုတ်လောက်ဘူး၊ ပျားတူငှက် အသိုက်ဖြစ်မယ့်ပုံပဲ!”
ပျားတူငှက်?
အရင်ဆုံး အဲ့ဒီစကားကိုကြားတော့ မော့ချူး ထိတ်လန့်နေတာကနေ သတိပြန်မဝင်လာသေးပေ။ သို့ပေမယ့် အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက် သူမအမြန်တုံ့ပြန်လာသည်။ သူမ အမူအရာလည်း ရုတ်တရတ်ပြောင်းသွားသည်။ အဖွဲ့ချုပ်ရဲ့ ဒီပျားတူငှက်က ပျားလိုမျိုး မဟုတ်လား? ဒါ့အပြင်၊ သူတို့က ကြောက်စရာကောင်းသည့် သန္ဓေပြောင်းပျားတွေဖြစ်သည်။
မှော်သားရဲအကြောင်း အချက်အလက်တွေကို မော့ချူးယခင်က မြင်ဖူးသည်။ သူတို့ထဲက အများစုဟာ အုပ်စုလိုက် ပေါ်လာတတ်ပြီး သူတို့ရဲ့ သေခြင်းတရားဟာလည်း အံ့မခန်းပင်။ ထို့အပြင်၊ သူတို့ရဲ့အဆူးတွေ အားလုံးဟာလည်း အဆိပ်ရှိကြသည်။ သူတို့က သိပ်ပြီးအဆိပ်မရှိသော်လည်း အဆိပ်အမြောက်အမြားကိုတော့ မှုတ်ထုတ်နိုင်သည်။
ရာထောင်ချီတဲ့ ပျားတူငှက်တွေ တိုက်ခိုက်ကြပါက သူတို့သည် လူတွေကို အဖုတွေပေါက်ကာရောင်ရမ်းသည်အထိ တုပ်နိုင်ကြသည်။ ဒါကို သူတွေးလိုက်မိတော့ မော့ချူးမနေနိုင်ဘဲ လေအေးတွေကို ရှုထုတ်လိုက်မိသည်!
ပြောရရင်၊ သူမအခုပြန်ဆင်းရင် အရမ်းနောက်ကျသွားလောက်မလား?
...
ပတ်ပတ်လည်မှာ ပျံသန်းနေကြတဲ့ အနက်ရောင်ပိုးကောင်လေးတွေကို ကြည့်ရင်း မော့ချူး အသက်ရှုမဝလုနီးပါး ဖြစ်သွားသည်။
ဒီပိုးကောင်တွေကရော? ရှင်းရှင်းလင်းလင်းကို ဒါကအသိုက်ကိုစောင့်ဖို့ ချန်နေခဲ့တဲ့ ပျားတူငှက်တစ်ကောင်၊ နှစ်ကောင်ဖြစ်သည်။ တစ်ယောက်ယောက်က သူတို့ရဲ့အသိုက်ကို တိုက်ခိုက်လိုက်ကြောင်း သိရတဲ့အခါ သူတို့က ချက်ချင်း သတိပေးစာတစ်စောင် ပေးပို့ပြီးနောက်၊ အသိုက်တစ်ခုလုံးရှိ ပျားတူငှက်တွေဟာ သင့်အားကမ္ဘာမြေအဆုံးထိတိုင် လိုက်တော့မည်ဖြစ်သည်။ ကိုယ်မသေမချင်း သူတို့က ရပ်မှာမဟုတ်ပေ။
“အခု သတိထားတော့။ အသိုက်နှင့် ဆက်စပ်နေတဲ့ ဘာကိုမှ မထိမိစေနဲ့" အောက်မှာရှိနေတဲ့ စုန့်ချင်းစုန့်နဲ့ မော့ယန် တို့မှာ အရမ်းစိုးရိမ်နေသည်။ သူတို့က မော့ချူးကို အသံတိုးတိုးနဲ့ ညွှန်ကြားလိုက်သည်။
သူတို့နှစ်ယောက် တကယ် သတိလက်လွတ်ဖြစ်ခဲ့တာပင်။ သူတို့ဟာ အသိုက်ထဲက အထုပ်ကိုပဲမြင်ပြီး အသိုက်ကိုတော့ ဂရုတစိုက် မကြည့်ခဲ့မိကြပေ။ သို့ရာတွင်၊ ပျားတူငှက်သိုက်နဲ့ သာမန်ငှက်သိုက်ကြားတွင် များစွာကွာခြားမှု မရှိပေ။ ဂရုတစိုက် မစစ်ဆေးကြည့်ပါက လုံးဝသိနိုင်မှာ မဟုတ်ပေ။
"... နောက်ကျသွားပြီ" သူမရဲ့လက်မောင်းပေါ်က အဆီပြန်နေသည့်အဝါရောင် အရာတွေကိုကြည့်ရင်း မော့ချူးရဲ့အသံမှာ နည်းနည်းလှုပ်ခတ်သွားသည်။ "ညီမလေးထိမိပြီးသွားပြီထင်တယ်!"
မျှော်လင့်ထားတဲ့အတိုင်း တိတ်ဆိတ်နေတဲ့ လေထုထဲကနေ တိုးညှင်းသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ လေထဲမှာ တောင်ပံခတ်နေတဲ့အသံလိုပင်။ မော့ချူး အမြင့်မှာရှိနေတဲ့အတွက် ကောင်းကောင်းမြင်ရသည်။ ဟိုးအဝေးက ပျားတူငှက်အုပ်စုဟာ သူမဆီအရူးအမူး ပျံသန်းလာနေတာကို သူမမြင်လိုက်ရသည်။
"ပြီးသွားပြီ!" မော့ချူးက သနားစရာကောင်းတဲ့မျက်နှာနဲ့ပြောလာသည်။ “အဲ့ဒါတွေ ညီမတို့ဆီ ပျံလာနေတာကို မြင်နေရတယ်”
"ဘာ!" စုန့်ချင်းစုန့်နဲ့ မော့ယန်တို့ ချက်ချင်းလှည့်ကြည့်လိုက်တော့ ပျားတူငှက်အုပ်စုဟာ သူတို့ဆီပျံလာနေတာကို တွေ့လိုက်ရသည်။
"ချူးလေး မြန်မြန်ဆင်းလာတော့!" မော့ယန်ရဲ့ မျက်နှာမှာ ပြောင်းလဲသွားပြီး သစ်ပင်ဆီပြေးသွားလိုက်သည်။ သူက မော့ချူးဆီလက်ဆန့်ထုတ်ကာ စိုရိမ်တကြီးပြောလိုက်သည်။ "မြန်မြန်ဆင်းလာခဲ့၊ အစ်ကိုတို့ချက်ချင်း ပြေးရမယ်"
ဘာအတွက်ပြေးမှာလဲ? ငါတို့ လုံးဝ မပြေးနိုင်တော့ဘူးလေ!
မော့ချူး မတုံးပါချေ။ အခုချိန်မှာ ငှက်သိုက်ကို ကိုင်ထားတဲ့သူက သူမတစ်ယောက်ထဲသာ ဖြစ်သည်။ အခု သူမသာ ဆင်းသွားရင် တခြားသူတွေကိုပါ ပါသွားမိစေလိမ့်မည်ပင်။
မော့ချူး နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ သူမ မော့ယန်ကို ခေါင်းခါပြကာ သစ်ပင်တစ်ဖက်ကနေ ခုန်ချလိုက်သည်။ နောက်တော့ သူမသည် သူတို့ရဲ့ဆန့်ကျင်ဘက်ကို အလွန်လျင်မြန်သည့် အရှိန်ဖြင့် ပြေးသွားလိုက်သည်။ တစ်ယောက် ဆိုတာက နည်းတာလို့ဆိုလိုတာပဲလေ။ အဆိုးဆုံးကတော့ သူမအနေနဲ့နုတ်ထွက်ကြောင်း ကြေညာလိုက်ရုံပင်။ သုံးယောက်လုံး အတူတူ ရှုံးသွားတာထက် ပိုကောင်းသေးသည်။