← Chapters

အပိုင်း ၁၈၅

Vol. 13 Ch. 185

အပိုင်း ၁၈၅

Vol. 13 Ch. 185

"ချူးလေး မင်းဘာလုပ်နေတာလဲ?" မော့ချူးရဲ့လုပ်ရပ်ကို မြင်လိုက်ရတော့ မော့ချူး နောက်ကိုလိုက်လာရင်း မော့ယန်ရဲ့ အမူအရာက ပိုလို့မည်းမှောင်သွားသည်။

ပြင်းထန်တဲ့ ဖိအားကြောင့်လား မသိပေမယ့် အခုအချိန်မှာ မော့ချူးရဲ့ ခွန်အားတွေဟာ လုံးလုံးလျားလျားကို ပွင့်ထွက်သွားသည်။ သူမဟာ မော့ယန်ထက်တောင် ပိုပြီးမြန်မြန် ပြေးနိုင်နေသည့်အပြင် အစကတည်းက ရှေ့ဆုံးနေရာကို သိမ်းပိုက်ထားသည်။ နောက်မှာ မော့ယန် သူမကို လိုက်မမီနိုင်တော့ပေ။ သူ့ရင်ထဲမှာ စိုးရိမ်ပူပန်နေသည်။

စုန့်ချင်းစုန့်ရဲ့ အမူအရာကလည်း သိပ်မကောင်းနေပေ။ သူ့ကိုကူညီရတာကြောင့်သာမဟုတ်ရင် မော့ချူးအနေနဲ့ ဒီလိုအခြေအနေမျိုး ဘယ်လိုကြုံရမှာတဲ့လဲ?

အလင်းဖန်သားပြင်အပြင်ဘက်ရှိ ပရိသတ်တွေမှာ ဒီမြင်ကွင်းကြောင့် ရူးသွပ်သွားကြတော့သည်။ မှတ်ချက်ကဏ္ဍရှိ မှတ်ချက်တွေမှာ တစ်ခုပြီးတစ်ခု မြင့်တက်လာသည်။ မှတ်ချက်ပေးသူ အများအပြားဟာ နောက်ထပ်တက်လာတဲ့ မှတ်ချက်တွေဆီကနေ အဖိနှိပ်ခံလိုက်ရတာကြောင့် သူတို့ရဲ့မျက်နှာတွေကိုတောင် မပြလိုက်ရပေ။

[ဒီဂိမ်းက နည်းနည်းတော့ မရက်စက်လွန်းဘူးလား? ဒါတွေက ပျားတူငှက်တွေပဲ! အဲ့ဒီအကောင်တွေက ထောင်ပေါင်းများစွာ ရှိတာ!]

[လင်ယဲ့ဟုန် ထွက်လာခဲ့၊ စကားကောင်းကောင်းပြောကြမယ်! အခန်းထဲမှာ ရာနဲ့ချီတဲ့ ပျားတူငှက်တွေမရှိစေရဘူးလို့ ကတိပေးတယ်]

[အား! မော့ချူးအတွက် ရင်တွေနာလိုက်တာ! ပျားတူငှက်‌တွေ အများကြီးဆီကနေ လိုက်ဖမ်းခံရတာ ဘယ်လောက်တောင် နာကျင်ရမလဲ!]

[ဒီအကြိမ်မှာ ထွက်သွားရမယ့်လူက မော့ချူးများဖြစ်နေမလား?]

သူတို့ဟာ လူတွေကို သည်းထိတ်ရင်ဖိုဖြစ်အောင် ထိန်းထားနိုင်လွန်းတာကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မည်... အရင်တစ်ခေါက်ကစပြီး ချင် Entertainment ဟာ အင်တာနက်သုံးစွဲသူအများစုရဲ့ ဒေါသကို နားလည်လာသည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ အကြောင်းအရာတွေကို ဆက်ထုတ်လွှင့်နေပြီး အင်တာနက်သုံးစွဲသူတွေကို တန်းလန်းမချန်ထားရဲတော့ပေ။

အနက်ရောင် ပျားတူငှက်အပြုံလိုက်က မော့ချူးဆီအစုလိုက်အပြုံလိုက် ပျံသန်းလာနေသည်။ ဒါကိုမြင်တော့ မော့ယန်နဲ့ ‌စုန့်ချင်းစုန့်တို့ မျက်နှာတွေ ဖြူဖျော့သွားတော့သည်။ ပျားတူငှက်တွေကို တားနိုင်ဖို့မျှော်လင့်ရင်း သူတို့ရဲ့ စွမ်းအားတွေကို အသဲအသန် ထုတ်လွှတ်လိုက်ကြသည်။

သို့သော် ပျားတူငှက်တွေတွင် အားသာချက်တစ်ခုရှိသည်။ သူတို့ဟာ ကောင်းကင်ပေါ်တွင် ပျံသန်းနေပါက သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ သွက်လက်မြန်ဆန်သည်။ အနည်းငယ် ရှောင်တိမ်းရုံဖြင့်၊ သူတို့ဟာ မော့ယန်နဲ့ စုန့်ချင်းစုန့်တို့ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်လိုက်သည်။ သူတို့ရဲ့ ပျံသန်းနေတဲ့ပုံစံကို ဖြိုခွဲနိုင်လိုက်တာကလွဲရင် ပျားတူငှက်တွေဟာ လုံးဝနှေးကွေးသွားခြင်းမရှိပေ။

ပျားတူငှက်တွေ မော့ချူးကို အလင်းလိုအလျင်နဲ့ ပိုးတုံးလုံးလို တစ်လွှာပြီးတစ်လွာ အုံလာတာကိုဘဲ သူတို့ကြည့်နေနိုင်တော့သည်။ တော်တော်ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပင်။

"ပြေး၊ ချူးလေး!" မော့ယန်က အော်ပြောလိုက်သည်။ သူက ဆက်ပြေးလာနေကာ သူမျက်လုံးတွေလည်း နီရဲနေသည်။

မော့ချူးက အရမ်းမြန်မြန် ပြေးနေတာကြောင့် သူမနောက်မှ ကင်မရာမင်းတွေလည်း သူမကို လိုက်မမီတော့ပေ။ ဒီမြင်ကွင်းကိုအဝေးကနေ ကင်မရာမှန်ဘီလူး zoom ချဲ့ပြီးသာ ရိုက်နိုင်တော့သည်။

"ချူးလေး!" အရမ်းမြန်မြန်ပြေးနေရင်း မော့ယန်ကို တစ်စုံတစ်ခုက ဖမ်းမိသွားကာ သူမြေပြင်ပေါ် လဲကျသွားသည်။ သူ့လက်နှစ်ဖက်စလုံး ခြစ်မိသွားပြီး သွေးတွေ ထွက်လာသည်။ သူက လုံးဝဂရုမစိုက်ဘဲ ချက်ချင်းထရပ်ကာ မော့ချူးဆီကိုသာ ပြေးသွားသည်။

အားလုံး စိုးရိမ်နေကြတဲ့အချိန်မှာဘဲ ပျားတူငှက်တွေအုံနေရာကနေ ပိုးအိမ်ထဲက ပိုးတွေကို ဆွဲထုတ်လိုက်သလိုမျိုး တဖြည်းဖြည်း ခွဲထွက်လာကြသည်။

ပျားတူငှက်တွေအားလုံး ဆုတ်သွားပြီးတဲ့နောက် မော့ချူးတစ်ယောက်သာ အလယ်တွင် ရပ်ကျန်ခဲ့သည်။ ဒဏ်ရာရဖို့မပြောနဲ့ ချောမောလှပတဲ့ မျက်နှာလေးမှာ ပျားတုပ်ခံရတာ တစ်ခုမှတောင်မတွေ့ပါချေ!

အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲ ထပ်ဖြစ်လာပြန်သည်။

[ ဒီရလဒ်ကို ငါအရမ်းသဘောကျပေမယ့် ဒါက သေချာပေါက်ကို အဓိပ္ပါယ်မရှိဘူး!]

[အမှန်ဘဲ၊ သူ့ကို ပျားတူငှက်တွေ အုပ်လိုက်အုံလာပေမယ့် ဘာမှမဖြစ်ဘူးပေါ့?]

[ဒါက ဒဏ္ဍာရီလာအရူးတစ်ယောက်ရဲ့ကံ များလား?]

အနီးနားက လူအုပ်တွေကို မပြောနဲ့ဦး မော့ယန်နဲ့ စုန့်ချင်းစုန့်တို့ရဲ့မျက်နှာမှာလည်း ဗလာကျင်းနေတဲ့ အကြည့်တွေ ရှိနေသည်။ သို့ပေမယ့် ဒီလိုဗလာအကြည့်တွေထဲတွင် ဝမ်းသာသည့်အရိပ်အယောင်တွေ ရှိနေသည်။ ဒီအမူအရာက အရမ်းမူမမှန်လွန်းလို့ ဖော်ပြဖို့တကယ်ခက်သည်!

အံ့အားသင့်ဆုံးမှာ မော့ချူးရဲ့ကင်မရာမင်းကလွဲပြီး မရှိပေ။ သူဟာ သူမကိုကံကောင်းစေတဲ့ ကြယ်တစ်ပွင့်လို ကြည့်နေသည်။

အမှန်ပဲ! အစကတည်းက သူ ဒီကောင်မလေးနဲ့အတူရှိနေကတည်းက မော့ချူးရဲ့ ကံကို သူသိခဲ့ရတာ။ ပထမအကြိမ်အနေနဲ့ ဒါတွေအားလုံးက ကံကောင်းတာလို့ သူကိုယ်တိုင်လက်ခံယုံကြည်လာနိုင်‌စေသည်။ သို့ပေမယ့် သူမဟာ ပျားတူငှက်တွေဆီကနေ အုံခံခဲ့ရပေမယ့် ဒဏ်ရာအနာတရရမည့်ဘေးကနေ လွတ်မြောက်ခဲ့သည်။ ဒါကတော့ ကံကြောင့် မဟုတ်တာသေချာတယ်!

"သေစမ်း၊ သူက သေချာပေါက် ကံကောင်းတဲ့ကြယ်တစ်ပွင့်ပဲ!" စနောက်သည့်သဘောဖြင့် စာတန်းထိုးအဖွဲ့ဟာ ကင်မရာမင်းရဲ့ စကားလုံးတွေကို စခရင်ထိပ်မှာ ထည့်ပေးခဲ့သည်။ အထူးသဖြင့် ကင်မရာမင်းရဲ့ အံ့ဩကာ စိတ်လှုပ်ရှားမှုတွေနဲ့ရောထွေးနေတဲ့ နားလည်သဘောပေါက်သွားတဲ့ ကင်မရာမင်းရဲ့ အမူအရာပင်။

အဲ့ဒါက သူ့ရဲ့စိတ်ထဲရှိ ရောထွေးနေတဲ့ စိတ်ခံစားချက်တွေကို လုံးလုံးလျားလျား ထုတ်ဖော်ပြသနေသည်။ အများအားဖြင့် စိတ်ဓာတ်ကျနေတတ်တဲ့ ကင်မရာသမားရဲ့ရင်တွင်းစိတ်ခံစားချက်တွေဟာ အမှန်တကယ်ကိုဘဲ ကြွယ်ဝလွန်းနေတယ်ဆိုတာ သူ မပြောနိုင်ပေ!

ဒါကြောင့် 'ကံကောင်းတဲ့ကြယ်' ဆိုတဲ့ စကားလုံးနှစ်လုံးဟာ အင်တာနက်အသုံးပြုသူတိုင်းပေးလိုက်ကြတဲ့ မော့ချူးရဲ့ နာမည်ပြောင်ဖြစ်လာတော့သည်။ ဒီကောင်မလေးက လုံးဝကို ကံကောင်းတဲ့ကြယ် ဖြစ်တယ်ဆိုတာကိုတော့ ဝန်ခံရမည်!

All Chapters