အပိုင်း ၁၈၆
Vol. 13 Ch. 186
"အိုက်ယား၊ ဒါက ငါတို့ရဲ့ ကံကောင်းတဲ့ကြယ်လေး မဟုတ်ဘူးလား" မော့ချူးရဲ့ ဖြူစင်တဲ့မျက်နှာလေးကိုကြည့်ပြီး ချင်ယွဲ့က စသည်။ သူ့မျက်နှာပေါ်တွင် ရယ်ချင်နေတာအပြည့်ပင်။
ကြည့်ပါဦး၊ ဒီနာမည်ပြောင်က တကယ်မိုက်တာ!
အရင်တုန်းကတော့ မော့ချူးမှာ ဒီလောက်ကြီးတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ပါးစပ်သေးသေးလေးရှိမှန်း သူ မသိခဲ့ပေ။ သူမက ဘာဘီအရုပ်ရဲ့ တကယ့်ဘဝဗားရှင်းနဲ့တူသည်။ ချင်ယွဲ့ မော့ချူးကို ဂရုတစိုက်ကြည့်ကာ သူတို့နှစ်ယောက်ကို မသိစိတ်ကနေ နှိုင်းယှဉ်နေမိသည်။အမ်း…ဒါပေမယ့် မော့ချူးက နည်းနည်းပိန်တယ်။ သူမသာ နည်းနည်းပိုပြည့်လာရင် ခပ်ပြည့်ပြည့်အရုပ်မလေးနှင့် ပိုတူလောက်သည်။
"လုံလောက်ပြီ!" မော့ချူးရဲ့ နှုတ်ခမ်းတွေ လှုပ်ယမ်းသွားသည်။ ဘာကြောင့်လဲဆိုတာ သူမ မသိပေမယ့် reality show ရဲ့ ဒုတိယအပိုင်း ထုတ်လွှင့်ပြီးကတည်းက သူမရဲ့ နာမည်ပြောင်ဖြစ်တဲ့ 'ကံကောင်းတဲ့ကြယ်လေး' ဆိုတာက ချက်ချင်းဆိုသလို နာမည်ကြီးလာခဲ့သည်။ စစ်တက္ကသိုလ်မှာ မပြောနဲ့ ရံဖန်ရံခါ လမ်းပေါ်မှာ သူမလျှောက်သွားရင်တောင်မှ အမှတ်မိခံရပြီး ကံကောင်းတဲ့ကြယ်လေးလို့ အခေါ် ခံရလေ့ရှိသည်။
"ဘာဖြစ်လို့လဲ? ဒီနာမည်က နားထောင်လို့ကောင်းတယ်လို့ ငါတော့ထင်တယ်” မော့ယန်က ပုံမှန်အတိုင်း ဘေးကနေ ဝင်ပြောလာသည်။ ဒီညီမချစ်ရဲ့မျက်လုံးထဲမှာတော့၊ ချူးလေး ဆိုတာကသဘာဝအတိုင်း ကောင်းနေပြီးဖြစ်ကာ ကံကောင်းတဲ့ကြယ်လေး ဆိုတဲ့နာမည်ပြောင်ကလည်း သူမနဲ့ အတော်သင့်လျော်သည်။
နားထောင်လို့ကောင်းတယ်? မော့ချူး မတတ်နိုင်ဘဲ ငိုချင်သွားသည်။ ဒါပေမယ့် တွေးကြည့်ရင် ကံကောင်းတဲ့ကြယ်လေး ဆိုတဲ့ နာမည်က သိပ်မဆိုးပါပေ။
“ကောင်းပြီ၊ ငါ့ကို အဲ့ဒီအကြောင်းပြောပြ။ မင်းဘယ်လိုလုပ်လိုက်တာလဲ?" ချင်ယွဲ့က အခင်းဖြစ်ပွားရာနေရာတွင် ရှိမနေခဲ့ပေ။ အဲဒီအစား မနေ့က အစီအစဉ်တစ်ခုလုံးကို သူကြည့်ပြီးတဲ့နောက် အစပိုင်းမှာ အစီအစဉ်ထဲတွင် သူဆယ်မိနစ်လောက်သာ ပါလိုက်ရတာကို အရမ်းစိတ်ဆိုးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မော့ယန်နဲ့ တခြားသူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေက သူ့ကို လုံး၀ဆွဲဆောင်လိုက်သည်။ အရှေ့ပိုင်းက သူ့ဒေါသတွေလည်း ချက်ချင်း ပြေပျောက်သွားတော့သည်။ အကယ်၍ သူသာဆိုရင်လည်း မော့ယန်နဲ့ တခြားသူတွေကိုဘဲထုတ်လုပ်ဖို့ အာရုံစိုက်ထားမိမှာပင်။ ဒါက ရိုးရိုးရှင်းရှင်းကိုအံ့ဩဖို့ကောင်းသည်။
အဆုံးတွင် မော့ချူးရဲ့ စွမ်းဆောင်မှုက ပိုကောင်းတာတွေလာဖို့ရှိသေးတယ်ဆိုပြီး သူ့ကိုပြောနေသလိုပင်။
ဒီအပိုင်းအဆုံးနားတွင်၊ နောက်ဆုံးတော့ မော့ချူးက ဒီလိုအံ့ဖွယ်စရာကောင်းတဲ့ လှုပ်ရှားမှုကို ပြလိုက်တာက ချင်ယွဲ့ကို ချက်ချင်းထိတ်လန့်သွားစေသည်။ ထိတ်လန့်တာတွေပြီးသွားတော့ သူ့ရင်ထဲ သံသယတွေ ပြည့်နှက်သွားသည်။ သူ တစ်ညလုံး တွေးနေပေမယ့် အခုထိ အဖြေရှာမရပေ။ မနက်စောစောမှာ အဖြေရှာဖို့ မော့ချူးရဲ့နေရာဆီ အပြေးလာခဲ့တာဖြစ်သည်။
"ဒါက...တကယ်တော့ မတော်တဆမှုတစ်ခုဘဲ" ဒီအကြောင်းပြောတဲ့အချိန် အစောပိုင်းက သူမကြုံခဲ့ရတဲ့အန္တရာယ်ရှိတဲ့မြင်ကွင်းကို မော့ချူး မနေနိုင်ဘဲ ပြန်တွေးလိုက်မိသည်။
တကယ်တော့ အဲဒီအချိန်တုန်းက သူမအရမ်းကြောက်လန့်နေခဲ့တာဖြစ်သည်။ ပျားတူငှက် အုံလိုက်ကျင်းလိုက်ကို 'ကြောက်စရာကောင်းတယ်' ဆိုတဲ့ စကားလုံးဖြင့်သာ ဖော်ပြနိုင်သည်။ ကံကောင်းထောက်မစွာနဲ့ သူမတွင် ပိတ်လှောင်ခံရတာတွေကိုကြောက်တတ်သည့်ရောဂါမရှိလို့ပင်။ မဟုတ်ပါက သူမအနေနှင့် ကြောက်လွန်းလို့ မေ့လဲသွားလောက်မည်ပင်။ အဲ့ဒီမြင်ကွင်းက သေချာပေါက်ကို ရုပ်ဆိုးလောက်မှာပင်။
အစက သူမသာ မလွတ်တော့လို့ရှိရင် သူမအရှုံးပေးကာနောက်ဆုတ်လိုက်တော့မှာပင်။ သို့ပေမယ့် သူမမှာ အော်ပြောဖို့ အချိန်တောင် မရှိလောက်ဘူးလို့ မမျှော်လင့်ထားခဲ့ပါချေ။ သူမ ခေါင်းလှည့်လိုက်တာနဲ့ သူမမှာ ပျားတူငှက်လှိုင်းလုံးကြီးဖြင့် ဝန်းရံခံလိုက်ရကာ သူမ၏ အမြင်အာရုံဟာလည်း လုံးဝ မှောင်မိုက်သွားပြီး သူမရဲ့အသက်ရှုသံတွေတောင် တိုးသွားရသည်။
ပျားတူငှက်တွေ သူမကို တိုက်ခိုက်တော့မယ်ဆိုတာကို မြင်လိုက်ရတဲ့အခါ မော့ချူး ရုတ်တရက် အကြံတစ်ခုပေါ်လာသည်။ သူမသည် ခလုတ်ခုံထဲမှ သကြားလုံးကြီးတစ်ပိုင်းကို ထုတ်ကာ သူမလက်ထဲတွင် ထားလိုက်သည်။
ပျားတွေက ချိုချဉ်ကြိုက်သည်။ ဒါဟာ သူတို့ရဲ့အရိုးထဲကနေ စွဲနေတာဖြစ်သည်။
ပြောရလျှင် သူမရဲ့လက်တွေက အသိုက်ရှိ အချိုတွေစွန်းထင်းသွားတာကြောင့် ဒီပျားတူငှက်အဖွဲ့ဆီကနေတိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်သည်။
ဒီလိုအခြေအနေမျိုးတွင်၊ ဒီသကြားဖြူဟာ သူတို့စိတ်ကြိုက်ဖြစ်လောက်သည်။ သကြားဖြူကို ပျားတူငှက်တွေဆီ ပေးနေတုန်း မော့ချူး လက်တွေ နည်းနည်းတုန်ရီနေသည်။ သူမ ဒါကိုနောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုလိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ တခြားနည်းလမ်း မရှိချေ။
ဒီပျားတူငှက်တွေဟာ သေးငယ်သော်လည်း သူတို့ရဲ့ မျက်လုံးနှစ်လုံးဟာတော့ အရမ်းတောက်ပနေသည်။ အစတုန်းကတော့ သူတို့ဟာ မော့ချူးကို မုန်းတီးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တာဖြစ်သည်။ သူတို့ဟာ မော့ချူးကို အခုချက်ချင်းတုပ်ဖို့ကလွဲပြီး ဘာမှမလိုချင်ပေ!
သို့ပေမယ့် မော့ချူးခလုတ်ခုံထဲကနေ သကြားဖြူကို ထုတ်လိုက်တာနဲ့ တပြိုင်နက် ပျားတူငှက်တွေရဲ့ မျက်လုံးထဲက အမူအရာတွေ ပြောင်းလဲသွားတော့သည်။ ဆန်ကိုမြင်သွားတဲ့ ကြွက်လိုပင်။ သူ့တို့မျက်နှာမှာ သွားရည်တွေပြည့်နေပြီး မျက်လုံးတွေကလည်း တောက်ပနေသည်။