← Chapters

အပိုင်း ၁၈၇

Vol. 13 Ch. 187

အပိုင်း ၁၈၇

Vol. 13 Ch. 187

မော့ချူးလက်ကို ပျားတူငှက်တွေဆီ လှမ်းလိုက်တဲ့အချိန် ပျားတူငှက်တွေက စိတ်မရှည်တော့ပေ။ သူတို့ရဲ့ရှည်လျားတဲ့ ဦးမင်နှစ်ခုက သကြားဖြူပုံကြီးဆီတိုးဝင်လာတော့သည်။ သူတို့တွေက မူးယစ်ဆေးစွဲနေတဲ့သူတစ်ယောက်လို ကျေနပ်စွာဖြင့် ပျံထွက်သွားတော့သည်။

ပထမဆုံး ပျားတူငှက်ကို ဥပမာယူကာ အနောက်မှ ကျန်ပျားတူငှက်တွေဟာလည်း သဘာဝအလျောက် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာတော့သ‌ည်။ ကံကောင်းထောက်မစွာနဲ့ ဒီလို အုပ်စုလိုက်ကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ မော့ချူး၏ ခလုတ်ခုံထဲတွင် သကြားဖြူအလုံအလောက်ရှိသည်။

သို့သော် ကြည့်နေကြသည့်ပရိသတ်တွေရဲ့အမြင်မှာတော့ ဒီမြင်ကွင်းက မယုံနိုင်စရာပင်။

ဒီပျားတူငှက်တွေဟာ သံပုရွက်ဆိတ်တွေနဲ့ ယှဉ်နိုင်တယ်ဆိုတာ သိခဲ့ရသည်။သူတို့ဟာ 'စည်းလုံးခြင်းသည် အင်အား' ဆိုတဲ့ စကားလုံးကို အပြည့်အဝ ဖော်ပြနိုင်သည်။ ကျွမ်းကျင် ပညာရှင်တွေတောင် သူတို့ကို လျှော့မတွက်ရဲကြပေ။ သို့သော် မော့ချူး သူတို့နဲ့ကြုံရတဲ့အခါ ဒဏ်ရာရဖို့တောင်မပြောနဲ့ သူမရဲ့ ခန္ဓာကိုယ်ပေါ်တွင် အဖုအထစ်တစ်ခုမျှပင် မရှိခဲ့ပေ။

ဒုတိယအကျော့ စစ်တက္ကသိုလ်စာမေးပွဲတုန်းက မော့ချူးရဲ့လျှောက်လွှာဗီဒီယိုကို အွန်လိုင်းတွင် ပြန်တင်ကြသည့် လူတွေပင် ရှိသေးသည်။

နောက်ဆုံးတော့၊ အစောပိုင်းတုန်းက မော့ချူးရဲ့ 'ကံကောင်းတဲ့ကြယ်လေး' ဆိုတဲ့ နာမည်ပြောင်ကို မထီမဲ့မြင်ပြုကြတဲ့သူတွေမှာ မနေနိုင်ဘဲ သူတို့စိတ်ကိုတိတ်တဆိတ် ပြောင်းလိုက်ကြသည်။

ဗီဒီယိုထဲတွင် အဖွဲ့ချုပ်စစ်တက္ကသိုလ်ရဲ့ ဝင်ခွင့်စာမေးပွဲ ဒုတိယအကျော့ဖြစ်သည်။ မော့ချူးဟာ သူမထက်အဆင့်မြင့်တဲ့ မှော်သားရဲတစ်ကောင်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဆုံသည်။

သူမ ကျိန်းသေရှုံးလိမ့်မယ်လို့ မူလက ထင်ခဲ့ကြပေမယ့် သူမသည် တကယ်ကို အနိုင်ယူနိုင်ခဲ့ပြီး အဲ့ဒီအရာဟာလည်း အံ့သြစရာကောင်းတဲ့ အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။

အစပိုင်းတွင် အနှိုင်းအဆမဲ့အောင် ပြင်းထန်လှသည့် မှော်သားရဲဟာ မော့ချူးနှင့် နီးကပ်လာချိန်တွင် ချက်ချင်းပင် အမြီးကုပ်သွားတော့သည်။ ခိုင်ခံ့မာကျောတဲ့ သူ့ခန္ဓာကိုယ်ကြီးက ဇနီးငယ်လေးတစ်ယောက်လို တွန့်သွားကာ မော့ချူးကို ခေါင်းတောင်ထောင်မကြည့်ရဲပေ။

သွေးလည်းမထွက်၊ ရုန်းရင်းဆန်ခတ်ဖြစ်တာလည်းမရှိ၊ သတ်ဖြတ်တာတွေလည်း မရှိပေ.....သူ့ဘေးမှာ ရပ်နေတဲ့ သွယ်လျတဲ့ မိန်းကလေးဟာ လန်းလန်းဆန်းဆန်းနှင့်ကြော့ရှင်းနေသည်။ သူမ၏ အပြုံးဟာ ဂန္ဓမာပန်းလိုမျိုး နူးညံ့နေပေမယ့် သူမကို ဘယ်သူမှ မထီမဲ့မြင် မပြုရဲကြပေ။

ဒီဗီဒီယိုကို တင်လိုက်တာနဲ့ ချက်ချင်းဆိုသလို ရေပန်းစားလာတော့သည်။ hits နှင့် repost လုပ်ကြသည့် အရေအတွက်ဟာလည်း တစ်သန်းကျော်လာသည်။ ဒီထူးဆန်းတဲ့ မြင်ကွင်းကြောင့် အင်တာနက်အသုံးပြုသူတွေ အားလုံး အံ့အားသင့်ခဲ့ကြသည်

[ငါ ဒါကိုကြည့်ခဲ့တာကြာပြီ! ဒီလို ထူးဆန်းတာမျိုးကို ပထမဆုံးမြင်ဖူးတာဘဲ!]

[ငါတို့ရဲ့ ကံကောင်းတဲ့ကြယ်လေး ကောင်းချီးပေးခံရတာ ဘာကြောင့်လို့ရှိဦးမှာလဲ? ဒီမှော်သားရဲတွေက သူ့ကို နာကျင်အောင် မလုပ်နိုင်ဘူး!]

[အမှန်ပဲ၊ ငါတို့ကလေးက တန်ခိုးကြီးတယ်! မင်းကိုအားပေးနေမယ်!]

အွန်လိုင်းက မှတ်ချက်တွေကို ထပ်တွေ့ရတဲ့အခါ မော့ချူးမှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ အမှန်က...သူတို့ထင်သလိုမဟုတ်ပေ။

“အာဝူး–” မော့ချူးရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ ဝိုင်းဝိုင်းလည်း မနေနိုင်ဘဲ အလင်းဖန်သားပြင်ကို အော်ဟစ်လိုက်သည်။

ဘာလဲ၊ ချူးလေးက ငါ့ကြောင့် စစ်တက္ကသိုလ် ဒုတိယအကျော့ စာမေးပွဲကို လုံးဝအောင်သွားတာ။ ဟမ့်! မသိနားမလည်တဲ့ လူသားတွေ!

"မတော်တဆ...တကယ်လား?" ချင်ယွဲ့က 'ငါ့ကို လာလိမ်မနေနဲ့' ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

သို့သော်လည်း မော့ချူးရဲ့ ကြည်လင်နက်မှောင်တဲ့မျက်လုံးတစ်စုံနဲ့ ဆုံလိုက်ရတော့ သူမတတ်နိုင်ဘဲ မျက်နှာလွှဲလိုက်မိသည်။ "မေ့လိုက်တော့။ ကလေးမ မင်းက အရမ်းတဲ့တိုးဆန်တာပဲ။ ငါ့ကိုတောင် ဖုံးကွယ်ထားတာပေါ့လေ"

မော့ချူးလည်း ကူကယ်ရာမဲ့သွားသည်။ ဒီပျားတူငှက်တွေကို ဖယ်ရှားဖို့ သကြားတွေကို ယူသွားတာလို့ သူမ ပြောလို့မဖြစ်နိုင်ဘူး မဟုတ်လား? သူမပြောပြရင်တောင် ဘယ်သူမှယုံမှာမဟုတ်ပေ။

“ကောင်းပြီ" ချင်ယွဲ့က မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုယ်သူ အားပေးလိုက်သည်။ “မနက်ဖြန်ကျရင် ရိုက်ကူးမယ့် အစီအစဉ်ရဲ့ နောက်အပိုင်းကို တက်ရမှာ။ နောက်တစ်ခါကျ ရိုက်ကွက်များများရအောင် အိမ်ပြန်ပြီး အိမ်စာအရင်လုပ်ရမယ်!”

ချင်ယွဲ့ရဲ့လျင်မြန်လှတဲ့ ပုံရိပ်ကိုကြည့်ရင်း မော့ချူးခေါင်းမခါဘဲ မနေနိုင်တော့ပေ။ သူမ စခရင်ကို 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ဆီပြောင်းလိုက်သည်။

'နာကျင်မှုမရှိတဲ့ဘဝ' ဆိုတဲ့အင်တာနက်အသုံးပြုသူဟာ များစွာ တိုးတက်ကောင်းမွန်လာသည်။ သူ့အခြေအနေအလိုက် မော့ချူးသည် ပါဝင်သည့် ဆေးဖက်ဝင်အစားအစာများကို အချိန်မီ ပြုပြင်ပြောင်းလဲပေးသည်။ အစပိုင်းမှာတော့ ကြက်သားစွပ်ပြုတ်အပြင်၊ ပင်လယ်ရေမှော်ဆန်ပြုတ်နဲ့ ကြက်သွန်ဖြူပုဇွန်ကိုလည်း လုပ်ပေးသည်။ ဒါတွေအကုန်လုံးက ဖြတ်လတ်မှုနဲ့ ချီဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ အကောင်းဆုံးထုတ်ကုန်တွေပင်။ ဒါ့အပြင်၊ အဲ့ဒီအရာတွေသည် အိုင်အိုဒင်းကို တိုးပွားစေနိုင်သည့် အာနိသင်လည်းရှိသည်။

သူနောက်ဆုံးပေးပို့ထားတဲ့ ခန္ဓာကိုယ်ရီပို့ကိုကြည့်ရင် မော့ချူး မတတ်နိုင်ဘဲ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဒုက္ခအများဆုံး အပိုင်းကိုတော့ ဖြတ်ကျော်ပြီးသွားပြီဖြစ်သည်။ အခုတော့ သူကောင်းကောင်းအနားယူပြီး ဆေးဖက်ဝင်အစားအစာကို ဆက်စားသောက်ဖို့ပဲလိုတော့သည်။ ရောင်ရမ်းတာတွေ လုံးဝ သက်သာသွားရင်တော့ ကောင်းသွားမှာပင်။

All Chapters