← Chapters

အပိုင်း ၁၈၈

Vol. 13 Ch. 188

အပိုင်း ၁၈၈

Vol. 13 Ch. 188

"ကောင်းပြီ ငါသိပြီ" 'နာကျင်မှုမရှိတဲ့ဘဝ'က မော့ချူးရဲ့သတင်းစကားကို ချက်ချင်းပြန်ဖြေလိုက်သည်။ "ငါအများကြီး ပိုကောင်းလာတယ်လို့ ခံစားရတယ်"

နောက်တော့ တခြားဓာတ်ပုံတစ်ပုံ ရိုက်ကာ အင်တာနက်ပေါ် တင်လိုက်သည်။ ရက်အနည်းငယ်ကြာ ကုသမှုခံယူပြီးတဲ့နောက် လည်ပင်းရှိ ရောင်ရမ်းမှုသည်လက်သီးဆုပ်အရွယ်အစား၏ သုံးပုံတစ်ပုံ မျှသာရှိတော့သည်။ အဲ့ဒါကနည်းနည်း နေရာတကျရှိမနေသေးသော်လည်း ယခင်ကကဲ့သို့ ကြောက်စရာကောင်းမနေတော့သည့်အတွက် အပြောင်းအလဲမှာ သိသာထင်ရှားလှသည်။

ရုပ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်နေသည့် တခြား အင်တာနက်အသုံးပြုသူတွေက ၎င်းကိုမြင်ရတဲ့အခါ နောင်တရသလို ခံစားလိုက်ရကြသည်။

အချိန်တိုဆယ်ရက်လေးအတွင်းမှာ ဒီရောဂါကို 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က လုံးဝပျောက်ကင်းအောင်ကုနိုင်ခဲ့သည်။ ဒါကိုမြင်တော့ သူတို့တွေ အဲဒီတုန်းက စာရင်းမသွင်းမိခဲ့ရတာကို မကျေမနပ်ဖြစ်မိသည်။ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးကို ထိုကဲ့သို့ အလဟသ ဖြုန်းတီးခဲ့မိသည်။ သူတို့ဘယ်လိုလုပ် နောင်တမရဘဲနေမှာလဲ?

အကယ်၍ 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း'သာ 'စိတ်ဝိညာဉ်အစားအစာနှင့်‌‌ ဆေးဖက်ဝင်ဟင်းလျာ' ကဏ္ဍအတွက် အပလီကေးရှင်းဘားကို ခဏပိတ်ထားတာ‌ကြောင့်သာ မဟုတ်ပါက၊ အခြားသော အင်တာနက်အသုံးပြုသူတွေအနေနှင့် ယခုအချိန်တွင် စုမိကြမှာပင်။

" သခင်လေး၊ ကြည့်ပါဦး!" ဦးလေးဝမ့်သည် စိတ်ဝိညာဉ်အစားအသောက်ဆိုင်ကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့တာဖြစ်သည်။ အဲ့ဒါက သူ့ကို တကယ်အံ့အားသင့်စေလိမ့်မယ်မှန်း သူ မမျှော်လင့်ထားပါချေ။

ဤလည်ပင်းကြီးရောဂါသည် အဖွဲ့ချုပ်တွင် ဖြစ်ပွားမှုနှုန်းနည်းကာ သေဆုံးမှုနှုန်းမြင့်မားသည့် ရောဂါအဖြစ် သတ်မှတ်ခံထားရတာဖြစ်သည်။ သို့သော်၊ ဤ'စိတ်ဝိညာဉ်အစားအစာနှင့်‌‌ ဆေးဖက်ဝင်ဟင်းလျာ' ကအမှန်တကယ်ကို အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါချေ။ ထိုအရာဟာ ဒီရောဂါကို ထိထိရောက်ရောက် ကုသပေးနိုင်ခဲ့သည်။ တစ်နည်းဆိုရရင် သူ့သခင်လေးရဲ့ မျိုးရိုးပြိုကျမှုရောဂါအတွက် မျှော်လင့်ချက်များရှိလာမလား?

"ဘာဖြစ်လို့လဲ?" စုန့်ချင်းစုန့်သည် ရုပ်ရှင်နယ်ပယ်တွင် အဆင့်အတန်း အလွန်မြင့်မားသော်လည်း ကိုယ့်ကိုယ်ကို အားကိုးရသည့်ဘဝကို အသားကျနေပြီဖြစ်သည်။ အခုချိန်တွင် သူသည် ခရီးဆောင်အိတ်များကို ကိုယ်တိုင်ထုပ်ပိုးပြီး reality show ဒုတိယအကျော့တွင် ပါဝင်ရန် ပြင်ဆင်နေသည်။

“ကြည့်ပါဦး၊ သူ သက်သာလာပြီ။ တကယ်သက်သာသွားတာ!" ဦးလေးဝမ့်ရဲ့ မျက်လုံးတွေက ခလုတ်ခုံပေါ်ရှိအကြောင်းအရာတွေကိုပြ‌နေရင်း အနည်းငယ်နီရဲလာသည်။

စုန့်ချင်းစုန့် အဲဒါကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အေးခဲသွားသည်။ ယခင်က ဦးလေးဝမ့်ကို သူကတိပေးခဲ့ဖူးပေမယ့် သူ့စိတ်ထဲတွင် မျှော်လင့်ချက်တွေ သိပ်မရှိပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရောဂါကို 'ရောဂါကျွမ်းနေပြီ' လို့ခေါ်ရမည်ပင်။ သူ ဘယ်လိုလုပ် ပျောက်နိုင်ပါ့မလဲ? ထို့ကြောင့် အင်တာနက်ပေါ်ရှိ နာမည်ကြီး 'စိတ်ဝိညာဉ်အစားအစာနှင့်‌‌ ဆေးဖက်ဝင်ဟင်းလျာ' များအား သူအာရုံစိုက်ခြင်း မရှိခဲ့ပေ။

အခု သူသေချာကြည့်လိုက်မှ သူ့ခန္ဓာကိုယ်မှာ မနေနိုင်ဘဲနည်းနည်းလှုပ်ခါသွားသည်။ တကယ်လို့....အပေါ်က အခြေအနေတွေသာ မှန်ခဲ့ပါက၊ သူ့ရောဂါအတွက် မျှော်လင့်ချက်ခပ်ဖျော့ဖျော့ ရှိနေပေလိမ့်မည်။

“သခင်လေး…” ဦးလေးဝမ်၏ အကြည့်တွေက နည်းနည်းအသနားခံနေကာ မျှော်လင့်ချက်တွေဖြင့် ပြည့်နေသည်။ “ဒီတစ်ခေါက် အစီအစဉ်မှာ ပါပြီးလို့ပြန်လာတဲ့အခါကျရင် အွန်လိုင်းမှာ စာရင်းသွင်းလိုက်ကြရအောင်! မကြိုးစားဘဲနဲ့ နောက်ဆုံးရလဒ်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ?"

“…အင်း!” အတန်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက်၊ စုန့်ချင်းစုန့်သည် နောက်ဆုံးတော့ အပြုံးဖြင့် သဘောတူလိုက်သည်။ သို့သော် သူ့မျက်လုံးရဲ့အနက်ရှိုင်းဆုံးအပိုင်းတွင်တော့ ဗလာဖြစ်နေကာ မီးပွားတွေကြိုကြားကြိုကြားတောက်နေသည်။ 'ဒီတစ်ခါတော့ သူစိတ်မပျက်ရလောက်ဘူးထင်တယ်.....'

......

"အိုး? မော့ချူးမှာ ဒီလိုလှည့်ကွက်တွေ ‌ရှိနေတာပဲ!" မာရှယ် ရုံးခန်းတွင် ကျောလင်သည် မော့ချူးဆီမှာဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရသွားပြီး သူက အွန်လိုင်းပေါ်မှ မှတ်ချက်တွေကို ဆွဲချကာကြည့်နေသည်။ အံ့သြစွာနဲ့ သူ ကျွတ်စ်သပ်လိုက်သည်။ "အရင်က ဒီလိုမတွေ့ဖူးဘူး!"

"ဒါက တကယ်ကံကောင်းတာ‌ကြောင့်များလား?" ကျောလင်လည်း တခြားအကြောင်းပြချက်ကို မစဉ်းစားနိုင်တော့ပေ။ သူ မတတ်နိုင်ဘဲ ခေါင်းကုတ်လိုက်သည်။ ဒီလိုသာ တကယ်ဆိုရင် မော့ချူးက အရမ်းကံကောင်းတာဘဲ!

“ဒါက.... လှည့်စားထားတာများ ဖြစ်နေမလား” ကျုံးဝမ်ဟာ နည်းပညာတွေကို စိတ်ဝင်စားသူတစ်ဦးဖြစ်ကာ သူ့ရဲ့ထင်မြင်ချက်ကို စဖော်ပြလာသည်။ အင်တာနက်မှာ ဖော်ပြထားတဲ့ 'ကံ' ကို သူ မယုံပေ။ ယင်းအစား၊ ၎င်းဟာ လျှို့ဝှက်နည်းပညာတစ်ခု ဖြစ်နိုင်သည်ဟု သူထင်သည်။

"ဘာကိုဆိုလိုတာလဲ?" ကျောလင်က စိတ်ဝင်တစားနဲ့ ဆက်ပြောပါတယ်။

"မော့ချူးမှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာများလား?" အမြဲတမ်း သတိကပ်ထားတဲ့ သူတစ်ယောက်ဟာ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေ အရမ်းကြီးလာရင်တော့ အဲဒါကို တားနိုင်တော့မှာမဟုတ်ဘူးလို့ ပြောရမည်။ " မှော်သားရဲက မော့ချူးကို သူတို့မျိုးနွယ်ထဲက တစ်ကောင်လို့ တစ်ခဏလောက် ထင်သွားအောင် လုပ်လိုက်တာများလား? ဒါမှ မှော်သားရဲတိုက်ခိုက်တာကို ရှောင်နိုင်မှာလေ"

“ဟမ်…” ကျုံးဝမ်ရဲ့အတွေးကြောင့် ထိတ်လန့်သွားတဲ့ ကျောလင်မှာ တစ်ခဏလောက် တွေးကြည့်လိုက်ပြီး စခရင်ပေါ်က မော့ချူးကို သံသယဝင်စွာ ဂရုတစိုက်ကြည့်လိုက်သည်။ "အဲဒါက မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား? ဒီကြောင်တောင်တောင် ကောင်မလေးက ထူးထူးခြားခြား အရည်အချင်းရှိတဲ့ လူတစ်ယောက်နဲ့မတူဘူး!”

All Chapters