← Chapters

အပိုင်း ၁၈၉

Vol. 13 Ch. 189

အပိုင်း ၁၈၉

Vol. 13 Ch. 189

"ဘယ်သူက ကြောင်တောင်တောင် ကောင်မလေးလဲ?" တံခါဖွင့်ပြီး လျှောက်ထွက်လာတဲ့ နျဉ်ယွိယွမ်က ဒီစကားကိုကြားသွားသည်။ သူ့မျက်နှာက မည်းမှောင်နေပြီး ကျောလင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ အခုတော့ သူက မော့ချူးကို သူ့အပိုင်လိုမျိုး ဆက်ဆံ‌နေကာ၊ သဘာဝအလျောက် သူသည် အခြားသူများအား သူမ မကောင်းကြောင်း ပြောခွင့်မပေးပေ။

ကျောလင်မှာ သူ့ဘော့စ်ရဲ့အကြည့်ကြောင့် ထိတ်လန့်သွားရသည်။ "မဟုတ်ဘူး... ဘော့စ် နားကြားမှားတာထင်တယ်။ ကျွန်တော်က 'ချစ်စရာလေး' လို့ပြောလိုက်တာ။ အမှန်ပဲ။ မော့ချူးလို ချစ်ဖို့ကောင်းတဲ့ကောင်မလေးလေ! ဒီလိုထူးခြားတဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး!”

ကျောလင် ခေါင်းငုံ့ကာ နဖူးမှ ချွေးအေးတွေကို သုတ်လိုက်သည်။ အရင်တုန်းက Single ဖြစ်ခဲ့တဲ့ ဘော့စ်က ကြောက်ဖို့ကောင်းသည်။ အခုကျ တစ်ဖက်သတ်အချစ်ဖြစ်လာတော့ ပိုလို့တောင်ကြောက်စရာကောင်းလာသည်။ သူက လုံးဝ ဒေါသကြီးပြီး မှန်းဆလို့မရပေ။

"အရမ်းတော်တယ်" ကျောလင်ရဲ့မျက်လုံးထဲက လှောင်ပြောင်ရိပ်တွေကို မမြင်သလိုနဲ့ နျဉ်ယွိယွမ်က ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့ သဘောထားကောင်းတွေကို တွေ့ရတော့ မော့ချူးကို ဆဲဆိုကြိမ်းမောင်းနေတဲ့ ပို့စ်တွေကို မင်းဆီမှာ အပ်ထားလိုက်တော့မယ်"

ဟင်း၊ ဒါက ဘာကို ဆိုလိုတာလဲ?

ကျောလင် ပါးစပ်အကျယ်ကြီး ဟသွားရသည်။ စကားအနည်းငယ်ပြောမိလိုက်ရုံနဲ့ ဒီလောက်ထိကြီးလေးတဲ့တာဝန်ကို ပေးခံရလိမ့်မယ်ဆိုတာကို သူ မယုံနိုင်ဘူး။

အမှန်ဘဲ။ ဒီကလေးမလေးမော့ချူး ဘယ်သူ့ဆီကနေအဆဲဆိုခံနေရလဲဆိုတာ သူ မသိပါချေ။ ချီးကျူးလေးစားကြတဲ့လှိုင်းတွေမှလွဲပြီး ယခုအချိန်တွင် anti ဖန်အုပ်စုကြီးဟာ သူမအား သိက္ခာချရန် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ရုတ်တရက် ပေါ်လာသည်။

တစ်ခဏမှာ မော့ချူးဟာ ကုမ္ပဏီသူဌေးကြီးနဲ့ ပတ်သက်နေတယ်လို့ သူတို့ ပြောကြသည်။ ဒီလိုမှမဟုတ်ရင်၊ သူမလို လူသစ်တစ်ယောက်က ဒီလိုကြီးမားတဲ့ reality show မှာ ဘယ်လိုပါဝင်နိုင်ပါ့မလဲ? နောက်တစ်ခဏတွင်တော့ သူမတွက် မျက်နှာနှစ်ခုရှိသည်ဟု ဆိုကြသည်။ စခရင်ပေါ်မှ သူမသည် ဖြူစင်ပြီး ရိုးရှင်းသည့်ပုံပေါက်သော်လည်း အမှောင်ထဲတွင် သူမသည် မရေမတွက်နိုင်တဲ့ လူတွေကို ဒုက္ခပေးသည်ဟုဆိုကြပြန်သည်။

သူမဟာ မော့ချူးလိုမျိုး ရိုးရှင်းတဲ့ကလေးမလေးကနေ မကောင်းဆိုးဝါး စုန်းမအဖြစ်သို့ လုံးဝပြောင်းလဲသွားတော့သည်။

ဒါတွေဟာ ရှင်းရှင်းလင်းလင်းကို မရှိခဲ့တဲ့အရာတွေဖြစ်ပေမယ့် spammer အုပ်စုကတော့ တရားနည်းလမ်းတကျကို ပြောဆိုနေဆဲဖြစ်သည်။ အင်တာနက်ပေါ်မှ အမှန်တရားကို မသိကြသည့် အင်တာနက်သုံးစွဲသူအများအပြားဟာလည်း ထိုကဲ့သို့ လှည့်စားခံခဲ့ရတော့သည်။ မော့ချူးရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို စတင်တူးဆွလာသူများပင် ရှိလာကြပြီး သူတို့၏ပြောဆိုချက်များကို သက်သေပြရန်အတွက် အညစ်အကြေးအချို့ကို ရှာဖွေကြတော့သည်။

တစ်ခဏလောက် အင်တာနက်တခွင် ဖရိုဖရဲဖြစ်သွားတော့သည်။

...

"အစ်မချီ၊ ဒီဟာ... ငါတို့ ဆက်လုပ်ရမှာလား?" အစပိုင်းမှာတော့ ဒီ reality showမှာ ပါဝင်ခြင်းက ကျန်းရှောင်ချီရဲ့ အာရုံစိုက်ခံရမှုကို ပိုတိုးလာစေမယ်လို့ ထင်ခဲ့တာဖြစ်သည်။ သို့သော် သူတို့မမျှော်လင့်ခဲ့တာက သူတို့က နာမည်ကောင်း မရနိုင်ခဲ့သည်သာမက antiဖန်တစ်စုကိုပါ ဆွဲဆောင်မိခဲ့သည်။

ချန်ရှောက် မျက်နှာပေါ်တွင် ခါးသီးသည့်အမူအရာရှိနေသည်။ ဤရှိုးသည် အပိုင်းနှစ်ပိုင်းသာထုတ်လွှင့်ရသေးပေမယ့် ကျန်းရှောင်ချီ နေရာတွင် အစားထိုးလိုသည့် ထောက်ခံထားသည့်သူအနည်းငယ်ရှိနေပြီဖြစ်သည်။ သူတို့ဟာ ထောက်ခံထားသည့် တခြားသူကို ရှာဖွေဖို့ ပြင်ဆင်နေကြသည်။

"ငါပြောသလိုလုပ်လို့၊ နင် ငါပြောတာ မကြားဘူးလား?" ကျန်းရှောင်ချီရဲ့ မျက်နှာသည် အေးစက်သွားသည်။ သူမ ဒီရှိုးမှာ ပါဝင်ခဲ့ကတည်းက သူမဟာ သူမရဲ့ စွမ်းဆောင်မှုကြောင့် အကြိမ်းမောင်းခံရနိုင်တယ်ဆိုတာ သူမ သိထားပြီးသားပင်။ သို့သော် အဓိကအချက်မှာ သူမသည် ဤမျှလောက်ဆိုးဆိုးရွားရွား ကြိမ်းမောင်းခံရလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပါချေ။ သူမက လူထောင်ပေါင်းများစွာဆီကနေ ဝေဖန်ခံနေရသလိုပင်။

ပုံမှန်အားဖြင့် နှေးကွေးတတ်သည့် ကျန်းရှောင်ချီ၏ ဖျော်ဖြေရေးကို စိတ်ဝင်စားမှုဟာ ယခုအခါတွင်တော့ အွန်လိုင်းပေါ်တွင် အရမ်းလျင်လျင်မြန်မြန် ရှိနေသည်။ ဒီအခြေအနေမှာ သူမနာမည်ကို ရှင်းဖို့ မလွယ်သေးပေ။ ဘာဖြစ်ဖြစ် ပရိသတ်တွေက မကန်းပေ၊ နည်းလမ်း တစ်ခုဘဲကျန်တော့သည် - သူမအနေနှင့် တခြားသူတွေကို သူမနှင့်အတူ ဆွဲချရလိမ့်မည်။

တခြားသော အမျိုးသမီးအနုပညာရှင်များ၏ စွမ်းဆောင်မှုဟာလည်း သူမနှင့် ဆင်တူသည်။ မော့ချူး၏ စွမ်းဆောင်မှုကသာ အပြောင်မြောက်ဆုံးဖြစ်နေသည်။ ထို့ကြောင့်၊ ကျန်းရှောင်ချီသည် ကဏ္ဍပေါင်းစုံမှ မော့ချူးအား သိက္ခာချရန်အတွက် အင်တာနက်ပေါ်မှ လူများစွာကို ငှားရမ်းခဲ့သည်။ ကမ္ဘာကြီးက ကျီးကန်းလို မည်းနေသရွေ့ လူတွေဟာလည်း သူမကိုသာ အာရုံစိုက်နေမှာ မဟုတ်ပါချေ။

ပြဿနာကို လမ်းကြောင်းလွှဲဖို့ ကျန်းရှောင်ချီရဲ့ လှုပ်ရှားမှုဟာ အတော်လေးကို ထူးချွန်တယ်လို့ ဆိုရမည်ပင်။ အကယ်၍ ဒါကအခြားသူတစ်ဦးဖြစ်ခဲ့ပါက၊ သူမအနေဖြင့် သူမ၏ပန်းတိုင်ကို အမှန်တကယ်ရောက်ရှိသွားပေလိမ့်မည်။ နျဉ်ယွိယွမ်က မော့ချူးရဲ့အနောက်ကနေ သူမကို ကျောထောက်နောက်ခံပြုနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာတဲ့လဲ? မော့ချူး အဆဲဆိုခံနေရတာကို သူကငြိမ်ငြိမ်လေး ရပ်ကြည့်နေနိုင်မတဲ့လား?

သူ့အနေဖြင့် ဒီကိစ္စကို ကျောလင်ဆီ လွှဲပေးကာ သူ့ရဲ့ ကျွမ်းကျင်မှုကို အသုံးပြုနိုင်သည်။

သူမငှားရမ်းထားသည့် အဆိုပါ အင်တာနက်မှင်စာများ၏ မှတ်တမ်းများသည် အများအားဖြင့် မသန့်ရှင်းကြပေ။ ကျောလင်အနေဖြင့် အနည်းငယ်သာ စုံစမ်းရန် လိုသည်။ 'ဟီးဟီး! မင်းတို့နဲ့ ကစားပေးပါရစေဦး!'

ထို့နောက်တွင်တော့ အင်တာနက်အသုံးပြုသူများသည် 'မျက်နှာကို ပါးဖြတ်ရိုက်ခြင်း' လို့ခေါ်တဲ့ ဇာတ်လမ်းလှိုင်းတစ်ခု ပေါ်ပေါက်လာတာကို မြင်လိုက်ရသည်။ တစ်နည်းဆိုရသော် သူတို့အား တရားမျှတမှုတစ်ပန်းကန်ကြီးကို ကျွေးလိုက်တာပင်။

All Chapters