အပိုင်း ၁၉၀
Vol. 13 Ch. 190
အင်တာနက်သုံးစွဲသူအများအပြားသည် မော့ချူးကို အကြောင်းပြချက်မရှိ ဝေဖန်နေကြချိန် ကျန်းရှောင်ချီနှင့်အလားတူ အမျိုးသမီးအနုပညာရှင်တို့၏ ပရိသတ်တချို့သည် သူတို့နတ်ဘုရားမတို့ရဲ့ သိက္ခာကိုဆယ်ရန် အခွင့်အရေး ချက်ချင်းယူကြသည်။ နောက်ဆုံးတော့၊ မော့ချူးက အပြစ်ရှိသူဖြစ်ကာ သူတို့ရဲ့idol က လုံးဝသန့်ရှင်းစင်ကြယ်သည်။
ပရိုဂရမ်ရဲ့ပေါက်သွားစေနိုင်တဲ့ အချက်များ တိုးမြင့်လာစေရန်အတွက် သူတို့မြင်ခဲ့တဲ့ပုံတွေအားလုံးကို ထုတ်လုပ်ရေး နောက်ကွယ်တွင် တည်းဖြတ်ထားတာဖြစ်သည်။ တကယ်တော့ ဒါက လုံးဝမဖြစ်ခဲ့ပါချေ။
အင်တာနက်သုံးစွဲသူအများအပြား သံသယဝင်နေကြတုန်းမှာ မျက်နှာကိုဖြတ်ရိုက်သည့် လုပ်ဆောင်ချက်က ချက်ချင်းစတင်လာသည်။
အရင်ဆုံး၊ ဗီဒီယိုလှိုင်းလုံးတွေဟာ အင်တာနက်တစ်ခွင် ပျံ့နှံ့သွားသည်။ မော့ချူးကို ချနင်းဖို့ အခွင့်အရေးယူခဲ့တဲ့ အမျိုးသမီး အနုပညာရှင်တွေရဲ့ ပုံတွေပင်။ သူတို့ရဲ့ဖြူစင်တဲ့ ခန္ဓာကိုယ်တွေက အမျိုးသား တစ်ယောက်ပြီး တစ်ယောက်နှင့် ရောယှက်နေသည်။ ဗီဒီယိုရဲ့ အရည်အသွေးက လုံးဝကိုသဘာဝကျပြီး သူတို့ရဲ့ နည်းနည်းကွဲကွာသွားတဲ့ နှုတ်ခမ်းတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူတို့ရဲ့ နတ်ဘုရားမတွေကို တက်တက်ကြွကြွ ခုခံကာကွယ်ပေးနေတဲ့ ပရိသတ်တွေမှာ ချက်ချင်း ပါးစပ်ပိတ်သွားကြတော့သည်။ ရွေးချယ်စရာမရှိပါချေ။ ဒီဗီဒီယိုက လုံးဝငြင်းမရတဲ့ သက်သေဖြစ်သည်။ လူတိုင်းရင်ကွဲရတော့သည်။ အရင်က အရမ်းတသီးတခြားနေပြီး မာနကြီးတတ်တဲ့ နတ်ဘုရားမက အခုတော့အိပ်ရာပေါ်မှာ လုံးဝကိုခြားနားတဲ့ လူတစ်ယောက်လိုပင်။ သူတို့မှာ တုန်လှုပ်သွားရကာ သူတို့မျက်စိတွေ ကန်းသွားပါစေလို့တောင် အော်ဟစ်နေရသည်။
အင်တာနက်သုံးစွဲသူတွေ ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်မကောင်းလာမီ မျက်နှာဖြတ်ရိုက်မှု ဒုတိယလှိုင်းက အွန်လိုင်းပေါ်တွင် အလျင်အမြန် ပျံ့နှံ့လာပြန်သည်။
မော့ချူးကို အပုပ်ချဖို့ကျိန်ဆိုထားတဲ့ အင်တာနက်သုံးစွဲသူတွေဟာ တခြားတစ်ယောက်ယောက်က သူတို့ကိုငှားရမ်းထားတာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလာကြသည်။ သူတို့နှစ်ယောက်စလုံးရဲ့ ငွေပေးငွေယူ မှတ်တမ်းတွေကိုတောင် အင်တာနက်ပေါ်တွင် တင်ခဲ့ကြပြီး အလုပ်ရှင်အမည်နေရာတွင် 'ချန်းရှောက်' ဟူသော စကားလုံးရှိနေသည်။
အင်တာနက်အသုံးပြုသူအချို့ဟာ ဒီလူအကြောင်းနဲ့ပတ်သတ်ပြီး မရှင်းမလင်းဖြစ်နေသေးသည်။ သူ့အကြောင်းကို သိကြတဲ့ တခြားအင်တာနက်သုံးစွဲသူတွေကြောင့် ကိစ္စက လျင်မြန်စွာ ရေပန်းစားလာသည်။ 'ဒီ 'ချန်ရှောက်' က ကျန်းရှောင်ချီရဲ့ လက်ပါးစေမဟုတ်ဘူးလား?'
ဒီတစ်ခါတော့ ပျားအုံကို တုတ်နဲ့ထိုးလိုက်သလိုပင်။
ယခင်က ကျန်းရှောင်ချီသည် ဆိုးဆိုးရွားရွား ကြိမ်းမောင်း ခံခဲ့ရသော်လည်း အနည်းဆုံးတော့ သူမတွင် သေနတ်တွေကိုင်ထားကြတဲ့ အမာခံပရိသတ်တွေ ရှိနေသေးသည်။ အခု သူမ ဒီလိုလုပ်လိုက်တော့ သူမဟာ အဖွဲ့ချုပ်ရဲ့ မကောင်းတဲ့လူတွေကို ကိုယ်စားပြုတဲ့သူ ဖြစ်လာသည်။ သူမအတွက် ဘယ်သူကများ ထွက်ပြောရဲတော့မှာလဲ?
တစ်ခဏလောက် ကျန်းရှောင်ချီစိတ်ထဲမှာ ဆဲမိလုနီးပါးပင်!
....
ကောင်းပြီ!
အင်တာနက်ပေါ်မှ ကောင်းမွန်တဲ့တိုးတက်မှုကို ကြည့်ရင်း ကျောလင်မနေနိုင်ဘဲ အသာလက်ခုပ်တီးလိုက်ကာ သူ့ဘော့စ်ကို မျက်နှာလိုမျက်နှာရလုပ်သလို ကြည့်လိုက်သည်။ "ဘယ်လိုနေလဲ?"
“မဆိုးပါဘူး” နျဉ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်က အသာကွေးသွားကာ ကျောလင်ကို သဘောကျတဲ့အကြည့်တစ်ချက် ပေးလိုက်သည်။ "အခုကစပြီး လေ့ကျင့်ရေးလုပ်ရင် နည်းနည်းလျော့ပေါ့ပေးမယ်"
ဒါကိုကြားတော့ ကျောလင်ရဲ့မျက်လုံးတွေ ပိုတောက်ပလာပြီး "ဘော့စ် စိတ်မပူပါနဲ့။ နောင်ကျ ကျွန်တော့်မရီးကို ဆူပူကြိမ်းမောင်းရဲတဲ့သူရှိရင်၊ သူတို့ကို ကျွန်တော်သေချာပေါက်သတ်ပစ်မယ်!”
'မရီး' ဆိုတဲ့ စကားလုံးသုံးလုံးက နျဉ်ယွိယွမ်အား ပိုပြီးသဘောကျသွားစေသည်။ သူ့အမူအရာက ပိုပိုပြီး ညင်သာလာကာ ထပြီးလမ်းလျှောက်သွားတာတောင် ပိုပြီးညင်သာနေသည်။
"ငဖား!" ကျုံးဝမ်က ကျောလင်ကို မျက်စောင်းထိုးလိုက်သည်။ သိသိသာသာကို သူက ကျောလင်ရဲ့ ဒီအကျင့်ကို မကြိုက်ပေ။
"လာလေ၊ မင်း!" ကျောလင်က ပြောင်ချော်ချော်မျက်နှာထားလုပ်လိုက်သည်။ “မင်း မနာလိုဖြစ်တယ်ဆိုရင်လည်း ပြောလိုက်စမ်းပါ။ ကွေ့ဝိုက်မနေနဲ့။ ဒါပေမယ့် ငါနားလည်ပါတယ်"
"မင်း..." ကျုံးဝမ်မှာ ဒီအရေထူတဲ့ကောင်ကြောင့် ဒေါသထွက်မိလုနီးပါးပင်!
အဲ့ဒီအချိန် မော့ချူးရဲ့ မျက်နှာမှာတော့ အံ့ဩမှုတွေအပြည့်ပင်။ သူမ မတုံးပါချေ။ သူမကို ကူညီတဲ့သူတစ်ယောက်ကြောင့်သာမဟုတ်ရင် သူမကို ဆဲဆိုကြိမ်းမောင်းနေတဲ့ အင်တာနက်မှင်စာတွေက လွယ်လွယ်နဲ့ အရှုံးပေးပြီး ကျန်းရှောင်ချီကို ဘယ်လိုလုပ်ပြန်ကိုက်မှာတဲ့လဲ?
"အစ်ကို၊ ဒါကို ဘယ်သူလုပ်တာလို့ အစ်ကိုထင်လဲ?"
သူမလည်း မခန့်မှန်းကြည့်ခဲ့တာတော့မဟုတ်ပေ။ အဆုံးမှာတော့ နှစ်ခုရှိနေသည်။ တစ်ခုမှာ ချင် Entertainment လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးဌာနဖြစ်ပြီး နောက်တစ်ခုကတော့ နျဉ်ယွိယွမ် ဖြစ်သည်။ ယှဥ်ကြည့်ပါက အနောက်ကတစ်ခုက ပိုဖြစ်နိုင်ချေရှိသည်။
"ဟမ့် ဟမ့်!" ဒါပေါ့၊ မော့ယန်လည်း မော့ချူးနဲ့အတွေးတူသည်။ သူက ချက်ချင်းဘဲ သူမရဲ့ အတွေးတွေကို ကြားဖြတ်ပစ်လိုက်သည်။ အဲဒီ့အမြီးကြီးဝံပုလွေနဲ့ ပတ်သတ်ပြီး ဘာစဉ်းစားစရာရှိလို့လဲ?
“ဒီတစ်ခေါက် အစီအစဉ်ရဲ့ ရိုက်ကူးရမယ့်အချိန်ကို ကြည့်–” မော့ယန် စကားမဆုံးခင်မှာဘဲ ဝိုင်းဝိုင်း ဆီကနေကြားဖြတ်ခံလိုက်ရသည်။
“အာဝူး!” ငါ့ကိုပါ ခေါ်သွား၊ ငါလည်းသွားချင်တယ်!